"WWNWS" ဆိုတာကတော့ ကမ္ဘာတဝှမ်းမှာဖြစ်ပေါါနေတဲ့ မိုးလေဝသနဲ့ ဇလဗေဒ 
တနည်းအားဖြင့် ရာသီဥတုဆိုင်ရာ အရေးကြီး သတင်းအချက်အလက်တွေကို၊ promulgation 
of navigational warnings လို့ခေါါတဲ့ ရေကြောင်းသွားလာရေး ဆိုင်ရာ 
သတိပေးချက်တွေအဖြစ်၊ အသိပေးထုတ်ပြန်ခြင်းဖြစ်ပါတယ်။ 
IHO လို့ခေါါတဲ့ 
အပြည်ပြည်ဆိုင်ရာ ဇလဗေဒ တိုင်းတာရေးအဖွဲ့အစည်း International Hydrographic 
Organization နဲ့ IMO လို့ခေါါတဲ့ 
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်းတို့ဟာ၊ joint efforts အနေနဲ့ 
ပူးပေါင်းဆောင်ရွက်ပြီး၊ maritime safety information တွေကို၊ 
သဘော်မှာ တတ်ဆင်ထားတဲ့ "NAVTEX" နဲ့ "SafetyNET" တို့မှတဆင့်၊ အရေးကြီး 
navigational warnings သတင်း အချက်အလက်တွေအဖြစ်၊ ပေးပို့ခြင်းလည်း ဖြစ်ပါတယ်။  
maritime safety information လို့ခေါါတဲ့ MSI တွေမှာ navigational warnings
 ဆိုတဲ့ ရေကြောင်း သွားလာရေးဆိုင်ရာ သတိပေးချက်တွေ၊ meteorological 
information ဆိုတဲ့ မိုးလေဝသဆိုင်ရာ ကြိုတင်ခန့်မှန်းမှု forecasts တွေ၊ 
သတိပေးချက် warnings ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ distress alerts ဆိုတဲ့ 
အရေးပေါါအကူအညီ တောင်းခံမှုတွေ ပါဝင်ပါတယ်။ 
MSI ဟာ GMDSS လို့ခေါါတဲ့ 
global maritme distress and safety system ရဲ့ အစိတ်အပိုင်းတခု ဖြစ်ပြီး၊ 
maritime safety information သတင်းအချက်အလက်တွေကို ထုတ်လွှင့်ခြင်း 
transmitting နဲ့ လက်ခံရယူခြင်း receiving တို့ကို၊ အခကြေးငွေမယူပဲ free of
 charge အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ MSI သတင်း အချက်အလက်တွေကို၊ 
ထုတ်လွှင့်ရာမှာ မြေပြင်မှ terrestrial radio-communications 
အနေဖြင့် ထုတ်လွှင့်ခြင်းနဲ့ ကောင်းကင်ဂြိုလ်တု satellite 
radio-communications အနေဖြင့် ထုတ်လွှင့်ခြင်း ဆိုပြီးဆောင်ရွက်ပါတယ်။ 
သဘော်မှာ တတ်ဆင်ထားတဲ့ GMDSS စနစ်ဟာ terrestrial နဲ့ satellite radio-communications (၂) 
မျိုးစလုံးကို၊ လက်ခံရယူနိုင်ပါတယ်။
 
 
Fig. NAVAREA 
WWNWS လို့ခေါါတဲ့ ရေကြောင်းသွားလာရေးဆိုင်ရာ သတိပေးချက် navigational 
warnings တွေကို၊ NAVAREA warnings ဆိုတဲ့ ပင်လယ်သမုဒ္ဒရာပိုင်း 
ရာသီဥတုဆိုင်ရာ အရေးပေါါ သတိပေးချက်၊ Coastal warnings ဆိုတဲ့ 
ကမ်းခြေအနီးတဝိုက်ရဲ့ ရာသီဥတုဆိုင်ရာ အရေးပေါါသတိပေးချက်နဲ့ Local warnings
 ဆိုတဲ့ သက်ဆိုင်ရာတိုင်းပြည် သို့မဟုတ် ဆိပ်ကမ်းရဲ့ 
ရာသီဥတုဆိုင်ရာ အရေးပေါါသတိပေးချက်ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ NAVAREAs 
ဆိုတာကတော့ သမုဒ္ဒရာကြီးတွေကို၊ အစိတ်အပိုင်း ဧရိယာ (၁၆) ပိုင်းအဖြစ်၊ 
ခွဲခြား သတ်မှတ်ထားတာဖြစ်ပြီး၊ roman numerals ဆိုတဲ့ 
ရောမဂဏန်းသက်ေတများဖြင့် ကိုယ်စားပြုဖော်ပြပါတယ်။ NAVAREAs တွေကို၊ IMO 
လို့ခေါါတဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်း အဖွဲ့အစည်းမှ Resolution A. 706 
(17) ဖြင့်၊ (၁၉၉၁) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှာ၊ 
သတ်မှတ် ပြဌာန်းခဲ့ပါတယ်။
ရေကြောင်းသွားလာရေးဆိုင်ရာ သတိပေးချက် navigational warnings တွေ 
တနည်းအားဖြင့် maritime safety information လို့ခေါါတဲ့ MSI တွေကို၊ MF 
terrestrial radio-communications အနေနဲ့ ပေးပို့ရာမှာ၊ ကမ်းခြေအနီးတဝိုက် 
coastal areas မှာ သွားလာ ခုတ်မောင်းနေတဲ့၊ သဘော်ရဲ့ "NAVTEX" မှတဆင့် 
လက်ခံရယူနိုင်ပါတယ်။ "SafetyNET" ကတော့ EGC လို့ခေါါတဲ့ Inmarsat - 'C' 
Enhanced Group Call အနေနဲ့ maritime safety information တွေကို၊ 
သက်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာ ocean region အလိုက်၊ Inmarsat ဂြိုလ်တုမှတဆင့် 
လက်ခံရယူခြင်းဖြစ်ပြီး၊ ကမ်းခြေအနီးတဝိုက် coastal areas မှ ရာသီဥတုဆိုင်ရာ
 အရေးပေါါသတိပေးချက်တွေကိုလည်း၊ လက်ခံရယူနိုင်ပါတယ်။  

Fig. NT 900 NAVTEX receiver
NAVTEX အတွက် telex transmissions 
စနစ်ဖြင့်ထုတ်လွှင့်ပေးပြီး၊ maritime safety information လို့ခေါါတဲ့ MSI 
တွေကို၊ သဘော်မှာသီးခြားတတ်ဆင်ထားတဲ့ dedicated receiver မှလက်ခံရယူပါတယ်။ 
receiver တွေမှာ printer ပါဝင်သလို အချို့ receiver တွေမှာတော့ 
လက်ခံရရှိတဲ့ သတင်းအချက်အလက် massage တွေကို၊ local memory 
အဖြစ် သိမ်းဆည်းကာ၊ ဖန်သားပြင် screen မှာ display အနေနဲ့ ဖော်ပြပါတယ်။  
"NAVTEX" ကို၊ ကမ္ဘာတဝှမ်းလုံး worldwide အနေနဲ့ 518 kHz MF band 
ဖြင့်ထုတ်လွှင့်ပြီး၊ အဂ်လိပ် ဘာသာစကား အသုံးပြုပါတယ်။ ဒါ့အပြင် local 
warnings ဆိုတဲ့ သက်ဆိုင်ရာ တိုင်းပြည် သို့မဟုတ် ဆိပ်ကမ်းရဲ့ 
ရာသီဥတုဆိုင်ရာ အရေးပေါါသတိပေးချက်တွေကိုလည်း၊ သက်ဆိုင်ရာတိုင်းပြည်ရဲ့ 
ဘာသာစကားကို အသုံးပြုထုတ်လွှင့်တာ၊ တွေ့ရပါတယ်။ 490 kHz MF band 
ကို အသုံးပြု၊ ထုတ်လွှင့်လေ့ ရှိသလို အပူပိုင်းဒေသ tropical regions 
တွေမှာတော့ 4209.5 kHz MF band ကို အသုံးပြုကာ၊ ထုတ်လွှင့်ပါတယ်။ မြေပြင်မှ
 terrestrial radio-communications အနေဖြင့် ထုတ်လွှင့်ခြင်းဖြစ်တဲ့အတွက်၊ 
ကမ်းခြေမှရေမိုင် (၂၀၀) မှ မိုင် (၃၀၀) အကွာအဝေး၊အတွင်းမှာသာ၊ လက်ခံရရှိနိုင်ပါတယ်။ 
MF band လို့ခေါါတဲ့ 'လှိုင်းလတ် - medium frequency' ဆိုတာကတော့ 
လှိုင်းကြိမ်နှုံးအနေနဲ့ 300 kHz to 3 MHz ပမာဏ အတွင်းမှာရှိတဲ့ radio 
frequency တွေဖြစ်ပြီး၊ ရေဒီယိုအသံလှိုင်းထုတ်လွှင့်ခြင်း radio 
broadcasting တွေမှာ၊ amplitude modulation လှိုင်းအဖြစ် အသုံးပြုကြပါတယ်။ 
MF band တွေကို၊ hectometer band သို့မဟုတ် hectometer wave လို့လည်း၊ 
ခေါါကြပါတယ်။
"NAVTEX" မှထုတ်လွှင့်တဲ့ သတင်းအချက်အလက် massage တွေကို၊ classes 
တွေ ခွဲခြားထားပြီး၊ identification အနေနဲ့ သတ်မှတ်ဖော်ပြပါတယ်။ (A*) ဟာ 
ရေကြောင်းသွားလာရေး ဆိုင်ရာ သတိပေးချက် navigational warnings တွေဖြစ်ပြီး၊
 (B*) ကတော့ မိုးလေဝသဆိုင်ရာ သတိပေးချက် meteorological warnings 
တွေဖြစ်ပါတယ်။ (C) ဟာ ရေခဲတောင်တွေနဲ့ ပက်သက်တဲ့ ရွှေ့လျှားမှု၊ 
ရေခဲဖုံးလွှမ်းမှု အစရှိတဲ့ ice conditions တွေဖြစ်ပြီး၊ ice reports 
အနေနဲ့ သတ်မှတ်ဖော်ပြပါတယ်။ 
(D*) ကတော့ search and rescue information and 
piracy warnings လို့ခေါါတဲ့ ရှာဖွေ ကယ်ဆယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ 
ဓါးပြတိုက် လုယက်မှုဆိုင်ရာ သတိပေးချက်တွေ ဖြစ်ပါတယ်။ (E) ဟာ ရာသီဥတုဆိုင်ရာ
 ကြိုတင်ခန့်မှန်းချက် weather forecasts တွေဖြစ်ပြီး၊ (F) ကတော့ 
ရေကြောင်းလမ်းပြ pilot service messages ဆိုင်ရာ၊ သတင်းအချက်အလက်တွေ 
ဖြစ်ပါတယ်။ 
 
 
Fig. Decca receiver from the 1980s 
(G) ဟာ DECCA messages လို့ခေါါတဲ့ Decca Navigator System အနေနဲ့ သဘော်ရဲ့
ရောက်ရှိတည်နေရာ position ကို၊ သတင်းအချက်အလက်အဖြစ် ပေးပို့ဖော်ပြခြင်း  ဖြစ်ပါတယ်။ Decca
 Navigator System ဟာ  hyperbolic radio navigation system ဖြစ်ပြီး၊ (70 ~
 129) kHz ရှိတဲ့ low frequencies တွေကို အသုံးပြုပါတယ်။ Decca Navigator 
System ကို ဒုတိယကမ္ဘာစစ် အတွင်း ဗြိတိသျှရေတပ်မတော် 'Royal Navy' မှ စတင် 
အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သဘော်ရဲ့ position ကို၊ 
ဂြိုလ်တုမှတဆင့် သတင်း အချက်အလက်အဖြစ် ပေးပို့ဖော်ပြတဲ့ GPS နဲ့ GALILEO 
positioning system တွေ ပေါါပေါက်လာတဲ့အတွက်၊ (၂၀၀၀) ခုနှစ်မှ စတင်ပြီး၊ 
ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ပါတယ်။   

 Fig. LORAN - C receiver
(H) ကတော့ LORAN messages ဆိုတဲ့ long range navigation massage ဖြစ်ပြီး၊ 
DECCA messages ကဲ့သို့ သဘော်ရဲ့တည်နေရာ position နဲ့ အမြန်နှုံး speed တို့ကို၊ 
သတင်းအချက်အလက် အဖြစ် ပေးပို့ဖော်ပြခြင်း၊ ဖြစ်ပါတယ်။ GPS နဲ့ GALILEO 
positioning system တွေ၊ စတင်ပေါါစဉ်က LORAN messages receiver တွေ တတ်ဆင် 
အသုံးပြုမှု၊ ရပ်ဆိုင်းသွားပါတယ်။ ဒါပေမယ့် ကမ်းခြေအနီးတဝိုက် coastal area
 ဒေသတွေမှာ၊ သွားလာခုတ်မောင်းမယ့် သဘော်တွေဟာ၊ ဂြိုတ်တုအသုံးပြု satellite 
navigation systems ရဲ့ အရံ backup စနစ်အဖြစ်၊ ပြန်လည်တတ်ဆင် 
အသုံးပြုကြတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ LORAN - C ဆိုပြီး၊ long range 
navigation massage အနေနဲ့ (90 ~ 110 kHz) radio spectrum လို့ခါါတဲ့ low 
frequencies တွေကို၊ အသုံးပြုကာ ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။ 
 
(I) ဟာ OMEGA messages လို့ခေါါတဲ့ DECCA messages ကဲ့သို့ သဘော်ရဲ့ 
position ကို၊ သတင်း အချက်အလက်အဖြစ် ပေးပို့ဖော်ပြခြင်း၊ ဖြစ်ပါတယ်။ VLF 
လို့ခေါါတဲ့ very low frequency radio signals လှိုင်းတွေကို၊ 
အသုံးပြုထုတ်လွှင့်ပြီး၊ (၁၉၇၁) မှစတင် ထုတ်လွှင့်ခဲ့တဲ့ omega navigation 
system ကို၊ (၁၉၉၇) ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ (J) ကတော့  satellite 
radio-communications အနေနဲ့ ကောင်းကင် ဂြိုလ်တုမှပေးပို့သော 
ရေကြောင်းသွားလာရေးဆိုင်ရာ သတင်းအချက်အလက် satellite navigation messages 
တွေ ဖြစ်ပါတယ်။ 
(K) ဟာ အခြားသော ရေကြောင်းသွားလာရေးဆိုင်ရာ သတင်းအချက်အလက် 
other navigational messages တွေကို၊ ဖော်ပြပြီး၊ (L*) ကတော့ rig movements
 ဆိုတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ တွင်းတူးစင်တွေရဲ့ 
နေရာရွှေ့ပြောင်းမှုဆိုင်ရာ၊ သတင်း အချက်အလက်တွေကို၊ ဖော်ပြပါတယ်။ (V) 
ဆိုတဲ့ identification ကတော့  ရေကြောင်းသွားလာရေးဆိုင်ရာ သတိပေးချက် 
navigational warnings (A) ကို၊ အကျယ်ချဲ့ကာဖော်ပြခြင်း amplification of 
NAV WARNINGS in A ဖြစ်ပြီး၊ (Z) မည်သည့် သတင်း အချက်အလက်တွေကိုမှ၊ 
ပေးပို့စရာမရှိခြင်း no message on hand ကိုဖော်ပြတာ ဖြစ်ပါတယ်။ 
A*, B*, C, D*, E, F, G, H, I, J, K, L*, V နဲ့ Z ဆိုပြီး၊ classes တွေခွဲခြားကာ၊ identification အနေနဲ့ သတ်မှတ်ဖော်ပြရာမှာ (*) အမှတ်အသား ပြထားတဲ့ ရေကြောင်းသွားလာရေး ဆိုင်ရာ သတိပေးချက် navigational warnings တွေ၊ မိုးလေဝသဆိုင်ရာသတိပေးချက် meteorological warnings တွေ၊ search and rescue information and piracy warnings လို့ခေါါတဲ့ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ဓါးပြတိုက် လုယက်မှုဆိုင်ရာ သတိပေးချက်တွေနဲ့ rig movements ဆိုတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ တွင်းတူးစင်တွေရဲ့ နေရာရွှေ့ပြောင်းမှုဆိုင်ရာ၊ သတင်း အချက်အလက်တွေဟာ၊ receiver မှာ အမြဲလက်ခံရရှိနေမယ့် သတင်း အချက်အလက်တွေဖြစ်သလို၊ အရေးကြီးတဲ့ သတင်း အချက်အလက်တွေလည်း ဖြစ်ပါတယ်။
NAVTEX messages သတင်းအချက်အလက်ကို၊ 4 - character group အနေနဲ့ ကဏ္ဍအပိုင်း 
(၄) ပိုင်းခွဲခြားပေးပို့ပါတယ်။ ပထမပိုင်း first denotes ဟာ၊ ပေးပို့ရာ 
ကမ်းခြေ အဖွဲ့အစည်း transmitting station ကိုကိုယ်စားပြုပြီး၊ ဒုတိယပိုင်း 
second denotes ကတော့ သတင်းအချက်အလက် အကြောင်းအရာ message category အား၊ 
ကိုယ်စားပြု ဖော်ပြပါတယ်။ တတိယနဲ့ စတုထ္ထပိုင်း third and fourth denotes 
ကတော့၊ သတင်းအချက်အလက်ရဲ့ အမှတ်စဉ် serial number ကို 
ကိုယ်စားပြုဖော်ပြပါတယ်။ အကယ်၍ အမှတ်စဉ် serial number အနေနဲ့ (00) 
ဆိုပြီး၊ ဖော်ပြပါရှိခဲ့လျှင် အရေးကြီး သတင်းအချက်အလက် urgent traffic 
အနေနဲ့ ပေးပို့ခြင်းအဖြစ်၊ သတ်မှတ်နိုင်ပါတယ်။ 
NAVTEX messages သတင်းအချက်အလက်တွေကို MF band တွေ အသုံးပြုပြီး၊ 
ပေးပို့ရာမှာ ရေဒီယိုလှိုင်းကို သယ်ဆောင်သွားမယ့် carrier signal 
တနည်းအားဖြင့် modulating signal အဖြစ်၊ frequency-shift keying ဆိုတဲ့ FSK
 modulation ကို၊ အသုံးပြုပါတယ်။ frequency shift အနေနဲ့ 170 Hz မှာ 100 
bits/ s နှုံးဖြင့် modulation ကို ဆောင်ရွက်ပေးပါတယ်။ FSK modulation ကို 
binary frequency-shift keying modulation (BFSK) လို့လည်း၊ ခေါါပါတယ်။ 
transmit binary (0s and 1s) information အနေနဲ့ "1" မှာ frequency 
ကိုဖြစ်ပေါါစေပြီး၊ "0" မှာတော့ space frequency အနေနဲ့ ငြိမ်သွားစေပါတယ်။ 
တနည်းအားဖြင့်  discrete frequency changes အနေနဲ့ modulating 
ကိုဆောင်ရွက်ခြင်း၊ ဖြစ်ပါတယ်။
သဘော်ဟာ၊ ကမ်းခြေမှရေမိုင် (၃၀၀) ထက်ကွာဝေးသွားတဲ့အခါ၊ sail beyond the 
coverage အနေနဲ့ MF terrestrial radio-communications အဖြစ်၊ 
ကမ်းခြေမှပေးပို့တဲ့ ရေကြောင်း သွားလာရေးဆိုင်ရာ သတိပေးချက် navigational 
warnings တွေ တနည်းအားဖြင့် maritime safety information တွေကို၊ 
လက်ခံရယူနိုင်ခြင်း မရှိတော့တာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအခါ  
ကောင်းကင်ဂြိုလ်တု satellite radio-communications 
အနေဖြင့်ထုတ်လွှင့်ပေးတဲ့ maritime safety information တွေကို၊ Inmarsat C 
SafetyNET service မှတဆင့်၊ လက်ခံရယူနိုင်ပါတယ်။ SafetyNET ဟာ GMDSS 
လို့ခေါါတဲ့ global maritme distress and safety system ရဲ့ 
အစိတ်အပိုင်းတခု integral role ဖြစ်သလို၊ အပြည်ပြည်ဆိုင်ရာသွား 
ကုန်သွယ်ရေကြောင်း သဘော်တွေမှာ၊ SOLAS Convention အရ၊ မရှိမဖြစ် 
အသုံးပြုရမယ့် စနစ်လည်းဖြစ်ပါတယ်။
Reference and image credit to : Telecom ABC, http://www.iho.int/, Hyperbolic Radio-navigation Systems, Compiled by Jerry Proc VE3FAB, 2007., www.swift.com.sg,
 "GPS back - up 'needs more research' ". bbc.co.uk, 20 June 2008, 
Retrieved October 5, 2010., Kennedy, G.; Davis, B. (1992). Electronic 
Communication Systems (4th ed.). McGraw-Hill International. ISBN 
0-07-112672-4., p 509.
Remark : All publications and 
images herein this website are for use of educational purpose only. The 
owner of this web site is not responsible for the consequences in case 
of violation to copyright, trademark, patent or other intellectual 
property rights of any third party.
 
 
No comments:
Post a Comment