Tuesday, May 14, 2013

သင်တန်းကျောင်းများ..သူဌေး..ဖြစ်နေပြီ..(၁)


မပြောချင်ပါဘူး..၊ မပြောဖြစ်အောင်လည်း..ထိန်းခဲ့ပါတယ်..။

ဒါပေမဲ့..ကလေးတစ်ချို့..ကော..လူကြီးတစ်ချို့..ပါ..၊ လုပ်ငန်းတစ်ခုရဲ့..သဘော..သဘာဝကို..တစ်ဘက်သတ်..အမြင်နဲ့..ပြောနေတာတွေ....လုပ်ဘို့..ပြင်နေတာတွေ..ကို..မခံစားနိုင်တော့..လို့..ဒီစာကို..ရေးဖြစ်ပါတယ်..။

ဖတ်ပြီးရင်..ကြိုက်သလို..ဝေဖန်ကြပါ..။ ဆဲလိုသူများလည်း..ဆဲပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်..DMA ကအလုပ်ထွက်ပြီးနောက်..သဘောင်္လိုက်ပါတယ်..။

အားလုံး..Tanker တွေ မှာ..ပါ..။ ကြယ်ငါးပွင့်မှာတုန်းက..ပြည်..သဘောင်္လေးမှာ..အင်ဒိုနီးရှားက..စားအုန်းဆီတွေ..သယ်ရင်း..Tanker Service ရခဲ့ဘူးတဲ့..အတွက်ပါ..။

ဘာလို့..ဒါကို..ပြောရတာလဲ..ဆိုတော့..စာဖတ်သူ..အနေနဲ့..Tanker , Chief Engineer တစ်ယောက်ရဲ့..လစာနဲ့..ကျောင်းဆရာ.. ၀င်ငွေကို.နိုင်းဆပြီး..တွေးနိုင်အောင်..လို့ပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၂၀၀၇-၂၀၁၀ အတွင်းမှာ..သဘောင်္..၄ကြိမ်လိုက်ပါတယ်..။ အများဆုံးက..၇လနဲ့..အနည်းဆုံးက..၁လခွဲပါ..။ ပြန်လာတိုင်း.. ၆-၇ လ..နားပါတယ်..။ ရေကြောင်းကောလိပ်မှာ..အချိန်ပိုင်းကထိက..အနေနဲ့..စာသင်ပါတယ်..။ ကုမဏီက.ပြန်မခေါ်လို့..၊ ကျန်းမာရေး..မကောင်းလို့..၊ အလုပ်ထဲမှာ..အဆင်မပြေလို့..၊ စာသင်တာ..မဟုတ်ပါဘူး..။

သင်ချင်လို့..ကို..သင်တာပါ..။ သင်ချင်လို့..သင်ပေမဲ့..စာသင်ခက..စားမလောက်လို့..အိမ်မှာ..ကျူရှင်..ထပ်သင်..ရ.ပါတယ်..။

ငွေကြေး..မတတ်နိုင်သူများကို..အခမဲ့..သင်ပေးပါတယ်..။ ဈေးနှုန်းတစ်ခု..သတ်မှတ်ထားပေမဲ့..ပေးသလောက်ကို..ယူပါတယ်..။ ဘယ်တော့မှ..ကျောင်းသားပေးတဲ့..ပိုက်ဆံကို..မရေပါဘူး..။ လိုနေသူ..ကို...လှူလိုက်တယ်လို့..သဘောထားပါတယ်..။ ကျောင်းသားများကိုလည်း..ငွေကြေး..အခက်အခဲရှိရင်..အားမနာဘို့..၊ ပြောပြပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း..အထက်တန်းကျောင်းသားဘ၀က..ရူပ-ဓါတု..နှစ်ဘာသာ..ကို..တစ်လ.တစ်ဆယ့်ငါးကျပ်ပေးရတာကို.. မတတ်နိုင်လို့..ကျူရှင်ဆရာကို..သွားတွေ့ပြီး..ကျူရှင်တက်ချင်ကြောင်း..နွမ်းပါးကြောင်း..သွားပြီး..ပြောပြ..အကူအညီတောင်းခဲ့ဘူးကြောင်း..ရှင်းပြ..ပါတယ်..။

ဆရာ့နံမည်က..ဆရာဦးစိန်လှိုင်ပါ..မန္တလေး..ဆေးရုံးကြီးနားမှာ..နေပါတယ်..။ ဆရာက..တက်ခွင့်ပေးမယ်..။ ဒါပေမဲ့..အနည်းဆုံး..တစ်ဘာသာတော့..ဂုဏ်ထူးထွက်အောင်လုပ်ပါ..။ အဲဒါ..မင်း..ငါ့ကို.ကျေးဇူးဆပ်တာဘဲ..ကျူရှင်လခ..ပေးတာဘဲ..လို့..ပြောပါတယ်..။

ကျွန်တော်.ဘ၀.ကို..အမှန်အတိုင်း...ပြောပြရတဲ့.အကြောင်းရင်းက..သူတို့..အားမနာအောင်လို့ပါ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာသင်ရာမှာ...

ငွေနဲ့ပါတ်သက်ရင်..စကားမပြောပေမဲ့..။ စည်းကမ်းနဲ့ပါတ်သက်ရင်.ကြပ်မတ်ပါတယ်..။

ကျူရှင်သင်ပေမဲ့..ကျွန်တော့်စာသင်ခန်းကို..လာရင်..T-Shirt , Short Pan, မ၀တ်ရပါဘူး..။ ကော်လံကတုံးဝတ်စရာမလိုပေမဲ့..။ စပို့ရှပ်..အနည်းဆုံး..၀တ်ဖို့..လိုပါတယ်..။

ပိုက်ဆံပေးထားတာဘဲ..ဆိုတဲ့..အပေါက်နဲ့..ပီကေ..ကွမ်းဝါးနေတာကို..ခွင့်မပြုပါဘူး..။

စာသင်နေချိန်မှာ..လက်ကိုင်ဖုန်း..တကိုင်ကိုင်လုပ်နေရင်..မျက်ထောက်နီနဲ့..အရင်ကြည့်ပါတယ်..။

ဂရုမစိုက်ဘူး..ဆက်လုပ်နေတယ်ဆိုရင်..၊ စာသင်ခန်းထဲက..မောင်းထုတ်ပါတယ်..။

နာ..လောက်အောင်..၊ မခံ..ချင်လောက်အောင်..၊ အမုန်းခံပြီး..ပြောဆို..ဆုံးမပါတယ်..။

ကိုယ့် Professional တိုးတက်ရာ..တိုးတက်ကြောင်း..သင်ပေးနေတဲ့..နေရာကိုမှ..လေးစားရကောင်းမှန်း..မသိတဲ့..

မိ..မဆုံးမ..ဘ..မဆုံးမ..များကို..၊ ယဉ်ကျေးမှု..နားမလည်တဲ့..လူငယ်များကို..သည်းခံလေ့..မရှိပါဘူး..

မင်းတို့..မိဘ..တွေက..အလိုလိုက်..မဆုံးမတော့..ငါ့မှာ..တာဝန်ပိုလာတယ်..။ ပိုပြောဘို့..လိုတယ်လို့..ပြောလည်းပြော..လုပ်လည်းလုပ်ပါတယ်..။

တတ်လို့..သင်တာ..၊ ငတ်လို..သင်တာ..မဟုတ်ဘူး..။

ပိုက်ဆံလိုရင်..သဘောင်္ပြန်တက်မယ်..၊ ကျောင်းသား..ကို..ဖားပြီး..အလိုလိုက်ပြီး..စာသင်မဲ့..ကောင်..မဟုတ်ဘူး..။

အဲဒီလိုလည်း..အတန်းထဲမှာ..ပြောလေ့ရှိပါတယ်..။

ယဉ်ကျေးဖွယ်ရာ.နူးညံ့စွာနဲ့...သားတို့ကို..ဆရာ..ပြောပြမယ်..နော်လို့...Customer ကို.အလေးထားနေရတဲ့..Marketing Manager ..လို..ပြောလေ့မရှိပါဘူး..။

မှန်တဲ့..စကားပြောလို့..အစိုးရ..အောင်ဘာလေ..သိန်း၁၅၀၀ကြီး..ပေါက်ရပါစေ..ရဲ့..။ ကိုယ့်.အသက်မွေးဝမ်းကျောင်းကို..တန်ဘိုးထား..လေးစားတဲ့..၊ တာဝန်သိ..တာဝန်ယူတတ်တဲ့..၊ မိ..ဘ.ဆုံးမခြင်းကို..ခံယူထားရတဲ့..အမျိုးကောင်းသား..ကျောင်းသားများနဲ့..ဘ၀ဆက်တိုင်း..ဆုံရ..စာသင်ရပါ..စေရဲ့..လို့..ကျိန်..ရဲပါတယ်.။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာသင်တဲ့အခါ..ကျောင်းသား..အကြိုက်..ခွံ့မကြွေးပါဘူး..။

စဉ်းစားတတ်အောင်..၊ စက်တွေရဲ့..အခြေခံသဘောတရားကို..နားလည်အောင်..သင်ပါတယ်..။

အလုပ်လုပ်ပုံ..သဘောတရားကို..နားလည်မှ..။ Normal Operation ကိုနားလည်မှ..Abnormal ဖြစ်ရင်..နှိုင်းချင့်စဉ်းစားပြီး..ပြဿနာရဲ့..အဖြေကို..ရှာနိုင်မှာပေါ့..။

ကျောင်းသား..သင်တန်းသားအများစုက..မကြိုက်ပါဘူး..။

ကဗျာတွေ..သံပေါက်တွေနဲ့..မသင်လို့တဲ့..။

ကိုယ့်ဖာသာ..စဉ်းစားခိုင်းလို့တဲ့..၊

ဖတ်ရမဲ့..စာအုပ်တွေ..ညွှန်းလို့တဲ့..။

စီးပွားရေး..အရလည်း..မကိုက်ပါဘူး..။ စားလောက်ရုံတော့..ရပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျောင်းနဲ့..ကျူရှင်..နှစ်ခုပေါင်းတာတောင်..လောက်တဲ့.လ..လည်းရှိရဲ့..မလောက်တဲ့..လ..လည်းရှိရဲ့..။ ငှါးထားတဲ့..တိုက်ခန်း..လခလေး..ပါ..ပေါင်းထည့်မှ..အိမ်စားစရိတ်နဲ့..ကလေးတွေ..ကျောင်းစားရိတ်ကို..မတိမ်းတယိမ်းလေး..ရပါတယ်..။

သဘောင်္လစာရဲ့..ငါးပုံ..တစ်ပုံ..မရပါဘူး..။

တစ်နေ့ကို..ဆယ်နာရီနဲ့..ဆယ့်လေးနာရီ..ကြား..အလုပ်လုပ်..ရ..ပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လုပ်ချင်တဲ့.အလုပ်ကို..လုပ်သင့်တယ်လည်း..ထင်လို့..လုပ်တာပါ..။

ဘာဘွဲ့မှ..မပေးမှန်းလည်း..သိပါတယ်..။

ကျောင်းဆရာက.လူရာဝင်.တဲ့...စာရင်းထဲ..မပါသလို..သဘောင်္သားကို..မြောင်းထဲကလို့..သတ်မှတ်တဲ့..မြန်မာနိုင်ငံမှာ..၊ ရေကြောင်းကျောင်းဆရာရဲ့..အခန်းကဏ္ဍဟာ..နောက်ဘိတ်ဆုံးက..ဆိုတာကို..သူများမပြောဘဲနဲ့..ကိုယ့်ဘာသာ..သိပါတယ်..။

ဘယ်သူမှလည်း..အထင်မကြီးသလို..သနားမဲ့သူ..မရှိ..မှန်းလည်းသိပါတယ်..။

ဇတ်ရှူးများလိုဘဲ..ဆိုင်းသံ..ကြားရင်..က..ချင်ချင်..ဖြစ်လို့..စာသင်တာပါ..။

ယား..လို့..စာသင်တာပါ..။

အဲ..ကျပ်တော့..ပြည့်ပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြော..ပြ..ချင်တာက..

ကျောင်းဆရာ..လုပ်ရဲ..တယ်ဆိုတာ..နည်းတဲ့..သတ္တိ..ရှိသူ..မဟုတ်ပါ..ဘူး..။

အနည်းဆုံး..မိန်းမကို..မကြောက်..ရ..သူများသာ..ကျောင်းဆရာ..လုပ်ဝံ့ကြပါတယ်..။

ရတဲ့..၀င်ငွေနဲ့..လောက်ငအောင်..မိမိသာမက..မိမိဇနီး..သားသမီးများ..ကိုပါ..ခြိုးခြံချွေတာပြီး..နေနိုင်အောင်..စီမံနိုင်ရတာ..ဖြစ်ပါတယ်..။

ကိုယ်ကိုယ်တိုင်..အပွန်းအပါး..ခံပြီး..မှ..သူများကို..ချွန်မြအောင်..သွေးပေးရတဲ့..အလုပ်မျိုးပါ..။

ရေကြောင်း..ကျောင်းဆရာလည်း..ရွှေကျောင်းပြောင်..၀မ်းခေါင်ခေါင်..နေခဲ့ရတဲ့..ကာလတွေ..ရှိပါတယ်..

ကားလေး..စီးနေပေမဲ့..တာယာ..မလဲနိုင်လို့..၊ ဆံပင်ညှပ်ဆိုင်ရှေ့မှာ..ကားမရပ်ရဲလို့..နေရာကြည့်ရွေးပြီး..ကားရပ်ရတာတွေ..။ ကားရပ်ထားပြီး..ရံဖန်ရံခါ..ဘတ်စကား..တိုး..စီးရတာတွေ..၊ အငှါးကား.က..ရှေ့နားလာရပ်တာကို..မသိချင်ယောင်..ဆောင်ရတဲ့..ကာလတွေ.လည်း...ရှိပါတယ်..။

ကျန်းမာရေးကောင်းအောင်..လမ်းမကြာ..ခဏလျှောက်ပါ..တယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဝင်းအောင်

ရေကြောင်း..ကျောင်းဆရာ..

No comments:

Post a Comment