သင်္ဘောသားရင်ဖွင့်သံ (၆)... Seamen's Voice-6
သင်္ဘော သားလဲ လူပါပဲ .. ခံစားတတ်ပါတယ်
=========================
ဟိုတရက် က သင်္ဘောတစီး ထဲ တူတူ
စီးခဲ့ တဲ ညီလေး တယောက် ရဲ့ status ကို ဖတ်မိလို့  ဒီ post ကို
တင်တာပါ။အိမ် နဲ့ ဖုန်းပြော ပြီး မှိုင် နေ တဲ့ လူ တွေ၊ အလုပ်ထဲမှာ စိတ်
လွတ်နေတဲ့ လူ တွေ၊ ကျိတ် ငိုနေတဲ့ လူ တွေ မြင်ရ တာ များလာ လို့ ခံစားချက်
တူနိုင် မယ် လို့  လဲထင် လို့  ပါ၊ ကျွန်တော် တို့ သင်္ဘော သားတွေ ရဲ့  ၈၀%
လောက် ဟာ အခွင့် အရေး ရ ရင် သူ့  မိသားစု ၊ သူ ချစ်တဲ့ လူ တွေ နဲ့ စကား
ပြော ချင် ကြ ပါတယ်။ ကျွန်တော် ကိုယ် တိုင် လဲ ဒီ အတိုင်းပါ ပဲ။
အခုခေတ်
နည်းပညာ တွေ တိုး တက် လာ လို့  24 hour Internet သုံး ခွင့် ရ တဲ့
ကံကောင်း သူ သင်္ဘော သား တချို့  က လွဲ လို့  ကျန် သင်္ဘော သား တော်တော်
များများ မှာ ဖုန်းဆက် ခွင့် ရ ဖို့  ခက် ခဲ နေ တုန်းပါ။ ကမ်း ရောက် မှ
signal မိ လောက် အောင် ကမ်း နဲ့  နီးမှခေါ် ခွင့် ရ ကျ တာပါ။ ကျွန်တော်
ကိုယ် တိုင် ကမ်းရောက် တော့ မယ် ဒါမှ မဟုတ် ကိုယ့်ဆီ မှာ ရှိတဲ့ SIM CARD
ရဲ့ နိုင် ငံ နားက ဖြတ် တော့ မယ် ဆို ရင် Duty ပြီးတာ နဲ့  Bridge ပေါ် တက်
ပြီး ဖုန်း လိုင်း ကြည့် ရတာ အမော ပါ၊ ကျွန်တော် လို ပဲ ဖုန်းလေး တ ကိုင်
ကိုင် နဲ့ တခြား လူ တွေ လဲ ရှိ ပါ တယ်။ လူ ငယ် သ င်္ဘော သားတော်တော် များများ
ဒီလို ပဲ ထင် ပါတယ်။
ဖုန်း လိုင်း လေး မိ လို့  ၀မ်းသာ အား ရ ခေါ် တဲ့ အခါ
ဖုန်း မကိုင် ရင် ပဲ ဖြစ်ဖြစ်၊ တ ဖက် နဲ့  စကားပြော အဆင် မပြေ ရင် ပဲ
ဖြစ်ဖြစ် ခံစား ရ တဲ့ ခံစား မှု က တော် တော် ဆိုး ပါ တယ် ။ ခံစား နေ လို့ 
ဒေါ သ ဖြစ် နေ လို့  ဘာ မှ မတတ် နိုင် ပါ လား ဆို တဲ့ အတွေး နဲ့ 
ကိုယ့်စိတ် ကိုယ် ဖြေရ ပါ တယ်၊ တခြား သင်္ဘော သားတွေ ကို လဲ ကိုယ့်စိတ် ကိုယ်
လျော့ ဖို့  အကြံ ပေးခြင်ပါတယ်။
သင်္ဘော သားတွေ ရဲ့
မိသားစု တွေ ။ နှစ်ဦး သဘေ တူ ကြိုက် နေ ကြ တဲံ့ ရည်းစားတွေ ကို လဲ
နည်းနည်း တော့ ပြောချင် ပါတယ် ။ ကျွန်တော် တို့  သင်္ဘော သားတွေဟာ မိသားစု
အတွက် သူ တို့ ချစ် တဲ့ လူ တွေ နဲ့ ဝေး ရာ မှာ အပင်ပန်း ခံ ပြီး အလုပ် လုပ်
နေ ကျ တာပါ။ သက်စွန့်  ဆံဖျား လို့  တော့ မပြော လို ပါ ဘူး ။ ဒါပေ မယ့်
တခြား အသက်မွေးဝမ်းကြောင်း တွေ ထက်တော့ အန္တ ရာယ် များပါတယ်။ သင်္ဘော သား
အလုပ် မှာ တချက်မှ သတိလွတ်လို့  မရပါ ဘူး ။ သတိလွတ် တာနဲ့  အန္တရယ် ကြုံ
နိုငါ ပါတယ်။ ခင်ဗျား တို့ြေ့ပာ လိုက် တဲ့ စကား တခွန်း က သူ တို့  ကို
သတိ လွတ်သွား စေနိုင် တယ်။ အန္တရာယ် ကြုံ စေ နိုင် ပါ တယ်။
သူ တို့ ရဲ့ 
နားချိန် အိပ် ချိန် ထဲ က ဖဲ့ပီး ခင် ဗျား တို့  ဆီ ဖုန်းဆက် တာ ပါ ။ နေ့ 
တိုင်း လဲ မဆက် နိုင် ကျ ပါ ဘူး ။ အကြာ ကြီး ပြော ဖို့  လဲ ဖုန်း ခ မတတ်
နိုင် ပါ ဘူး ။ ခု နည်းပညာ တွေ တိုး တက် လာ လို့ သာ viber , skype တို့  က
နေ အချိန် ကြာ ကြာ လေး ပြော ခွင့် ရတာပါ ။ စကား ပြော ခွင့်  ရ တဲ့
အချိန်လေး မှာ တဖက် က လူ ရဲ့  စိတ်ကို နည်း နည်း လောက် ကိုယ် ချင်းစာ ပေး
ကြပါ။ ခင်ဗျား တို့  ကို အလေး ထား သ လောက် ပြန် မပေး နိုင် ရင် တောင်
ဖုန်းပြော ရတဲ့  အချိန်လေး မှာ အဆင်ပြေ ပြေ လေး ပြော ပေး စေ ချင် ပါတယ်။
ကျွန်တော် မြင်ဘူး တဲ့ လူ ငယ် သင်္ဘော သား တော် တော် များများ ဟာ ဘယ် နေ့ 
လောက် ဘယ် ဆိပ် ကမ်း ကို ရောက် မယ်။ ဘယ် နေ့  လောက် ဖုန်း ဆက် နိုင် မယ်
ဆို တာ ကြို ပြော ထား တတ်ပါတယ်။ အဲ့ ဒီ နေ့  လေး တွေ မှာ နည်းနည်းလောက်
သတိထား ပေး လိုက် ရင် ဖုန်း မကိုင် ဖြစ် တဲ့ ကိစ္စ မဖြစ် တော့ ပါ ဘူး။
ကျွန်တော် တို့  သင်္ဘော သားတွေ လဲ လူပါ ပဲ။ နှလုံးသား ရှိပါတယ် ။
ခံစားတတ်ပါတယ်။ အများ ကြီး မလို ချင် ပါ ဘူး ။ ဂရု စိုက်မှူ ၊အလေးထား မှူ
လေး ပါ ပဲ၊ ခင်ဗျား တို့  အတွက် အပန်းမကြီး တဲ့ ဂရု စိုကါမှု လေး ဟာ သင်္ဘော
သားတွေ အတွက် အလုပ် လုပ် ဖို့  အားဆေးပါ။
ကြုံ ဆုံ ခံစားမိသမျှ တင်ပြ ခြင်းပါ။ အမြင် မတူ သူ အပေါင်း လွတ်လပ်စွာ ဝေဖန်နိုင် ဆဲ နိုင် ပါ တယ်။
ရေးသားသူ : phyoe zin oo ( CD29-CE- 27)
No comments:
Post a Comment