Sunday, May 12, 2013

သင်္ဘောသားရင်ဖွင့်သံ (၇)... Seamen's Voice-7



သဘောင်္သားလောက၊ သဘောင်္သားဘ၀နှင့် သဘောင်္သားသမဂ္ဂများ။
လူတိုင်းသိပြီးသား အကြောင်းအရာတွေထဲကမှ အားမလို၊အားမရ ဖြစ်ရတာလေးတွေကို နည်းနည်းဆွေးနွေးကြည့်မိတာပါ။

၁။သဘောင်္သားလောက
ဝဋ်ကြွေးတစ်ခုကို အိမ်ပေါင်၊လယ်ပေါင်၊ ရှိတာပေါင်၊ ပေါင်စရာမရှိရင် အတိုးကြီးကြီးနဲ့ ချေးငှားပြီး၊ ကြွေးတင် ကျွန်ဖြစ်ခံပြီး၊ အသက်နဲ့ ဘ၀ကိုရင်းပြီး ၀ယ်ယူပိုင်ဆိုင်ထားတာကို ဒီသဘောင်္သားလောကမှာပဲရှိပါလိမ့်မယ်။
Hamster ကောင် စက်ဝိုင်းထဲမှာ လမ်းလျှောက်နေသလို DMA,Rep,Ship owner,Management company နဲ့ သဘောင်္သားတွေရဲ့အကြား လုံးလည်ချာလည်လိုက်နေတဲ့ ဒီလောကအကြောင်းကို ထွေထွေထူးထူး ဘာမှထပ်မပြောသေးတာပဲ ကောင်းပါတယ်။

၂။ သေဘာၤသားဘ၀
ပထမဆုံး On board တွေအကြောင်း ဆွေးနွေးလိုပါတယ်။
ဘယ်ရာထူး၊ဘယ်အသက်အရွယ်၊ ဘယ်ပညာအရည်အချင်းနဲ့ပဲတက်တက်၊ On board ဖြစ်သွားတဲ့အခါမှာ အောက်ပါ Deficiency သုံးမျိုးနဲ့ မဖြစ်မနေ ရင်ဆိုင်ကြုံတွေ့ရပါတယ်။

1. Social Deficiency
တစ်စီးလုံးက တစ်ခိုင်လုံးရွှေဖြစ်နေတယ်ဆိုရင်တောင်မှ လူအမျိုးမျိုး စိတ်အထွေထွေရှိတဲ့ မ,တစ်ရာ သားသမီးတွေဆိုတော့ ဆက်ဆံရေးတွေ ညီညွတ်ပြေပြစ် Harmony ဖြစ်ဖို့ဆိုတာက သိပ်မလွယ်လှပါဘူး။ အစ်ကိုကြီးရဲ့၊ညီလေးရဲ့ ဆိုပြီး ချစ်ကြ၊ခင်ကြချင်တယ်ဆိုရင်တောင်မှ မတူညီတဲ့ Duty Shift တွေကြောင့် အဲဒီလောက် အခြေအနေမပေးပါဘူး။ဒါတောင် တစ်ခိုင်လုံးရွှေဖြစ်နေဦးမှနော်။ တစ်ခြားလူမျိုးခြားတွေနဲ့သာ ရောပြီး တစ်စီးထဲစီးရရင်တော့ ပိုပြီးတော့ဆိုးပါတယ်။ဒီကြားထဲကမှ ရွှေတစ်ယောက်ယောက်က ဖောက်ပြီး အလိုတော်ရိစိတ်မွေးပြီး လူမျိုးခြားကို သူ့ရဲ့ own interest တစ်ခုအတွက်ပဲ ကြည့်ပြီး ပထွေးတော်ပြီး အဖေခေါ်တဲ့အခါမှာ ကျန်တဲ့ရွှေတွေရဲ့ လူမှုဆက်ဆံရေးတွေ အကုန် ကမောက်ကမ ပိုဖြစ်ရပါတယ်။
Society နဲ့ဝေးရာရောက်နေပြီး ဒီ သဘောင်္ဆိုတဲ့နေရာကွက်ကွက်လေးမှာ တစ်ကျွန်းအကျခံနေရတဲ့ On board men တွေရဲ့ Sociel Deficiency အတွက် ဖြေဆေးမရှိဘူးလို့ပဲ ဆိုရမလားပဲ။

2. Emotional Deficiency
လူတွေနဲ့ဝေးရာ၊ အိမ်နဲ့ဝေးရာ၊ မိသားစုနဲ့ဝေးရာ၊ လောကနဲ့ဝေးရာ တစ်ကျွန်းကျခံနေရတဲ့ ဘ၀မှာ Nature of duty, nature of dutyshift တွေအရ အိပ်ချိန်၊နားချိန်၊စားချိန် ကမောက်ကမတွေနဲ့ ကြာလာတော့ ခံစားချက်တွေက ထုံလာ၊ဟုန်လာကြပါလေရော။ အမြဲတမ်း မရိုးနိုင်အောင်ကြားရတဲ့ Complaint စကားတစ်ခုကတော့ ကိုယ့်ကိုကိုယ် လူပါလားဆိုတာကို မေ့တောင်မေ့တယ်။ တရိစ္ဆာန်တစ်ကောင်လိုပဲခံစားရတယ်ဆိုတဲ့စကားပါ။ဒီစကားကို အထူးသဖြင့် Facility မစုံလင်တဲ့ သဘောင်္ပေါ်ကလူတွေ ပိုပြီး အပြောများပါတယ်။
ဒီ Emotional deficiency ဟာ On board man အချင်းချင်းနဲ့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုနဲ့ကြားက Relationshipကို အနည်းနဲ့ အများဆိုသလို သက်ရောက်ထိခိုက်စေပါတယ်။

3. Deficiency of information
ဒါတောင်နည်းပညာထွန်းကားတိုးတက်တဲ့ ဒီခေတ်ကြီးမှာမို့လို့သာ Deficiency of information လို့သာ သုံးနှုံးလိုက်ရတာပါ။ အရင်ခေတ်တုန်းကလိုဆိုလို့ကတော့ Lack of information လို့ပဲသုံးနှုန်းရမှာပါ။ ကုန်းပေါ်ကလူတစ်ယောက်တောင် Internet နဲ့ Telephone မရှိတဲ့ တောခြုံအုံကြားထဲမှာ သုံးရက်လောက်သွားနေကြည့်ပါလား။ ဆာတာတာ၊ ဟာတာတာနဲ့ သတင်းငတ်တဲ့ ဝေဒနာ ဘယ်လောက်ဆိုးလဲဆိုတာကို ကြုံဖူးမှ သိတာပါ။
On board က လူတွေအတွက်ကတော့ ဖုန်းနဲ့အင်တာနက်ကို သုံးလို့ရတဲ့ကမ်းလည်းကပ်ဦးမှ၊ Connection ကလည်းကောင်းဦးမှ၊ ပြောဖို့ သုံးဖို့ အချိန်ကလည်းရှိဦးမှ သတင်းအချက်အလက်တွေနဲ့ ထိတွေ့ခွင့်ရတာပါ။ မဟုတ်ရင်တော့ ကျောက်ခေတ်လူသားနဲ့ ဘာမှမခြားနားပါဘူး။
သတင်းတွေနဲ့ ပုံမှန်ထိတွေ့ခွင့်မရတော့ ဘာဖြစ်လဲ။ ခေတ်ပြောင်းလိုက်တာ မသိ။ စနစ်ပြောင်းလိုက်တာမသိနဲ့ ကုန်းပေါ်ပြန်ရောက်တော့မှ သူများတွေ နောက်ကနေ အူယားဖားယား ပြေးလိုက်ရတာပါ။
တစ်ခြား Safty တွေ၊ Working condition တွေနဲ့ သာမန်လူတွေထက်ပိုပြီး သေဘေးနီးတဲ့အကြောင်းတွေကိုတော့ အထူးအဆန်းလုပ်ပြီး မပြောတော့ပါဘူး။

၃။ သေဘာၤသားသမဂၢမ်ား

သဘောင်္သားလောကမှာ သင်္ဘောသားငဘတွေနဲ့ ပါတ်သက်ဆက်နွယ်ပြီး လုပ်ကိုင်စီးပွားဖြစ်နေတဲ့ ဌာနတွေ၊ လုပ်ငန်းတွေရှိကြပါတယ်။ ၀မ်းနည်းစရာကောင်းတာကောင်းတာတစ်ခုက ဒီ Both private sector and public sector က ထိပ်ပိုင်းက Power Rangers တော်တော်များများက မိမိတို့ရဲ့ လက်ထဲမှာ သဘောင်္သားလောကနဲ့ သဘောင်္သားတွေရဲ့ ဘ၀ တိုးတက်မြင့်မားဖို့အတွက် လုပ်ပိုင်ခွင့်တွေနဲ့ လုပ်နိုင်ခွင့်တွေ ရှိနေကြပါရဲ့နဲ့၊ မိမိတို့ဟာလည်း တစ်ချိန်တုန်းက သဘောင်္သားဖြစ်ခဲ့ကြပါတယ်ဆိုတာကို မေ့ပစ်လိုက်ကြပြီး တူဖြစ်တုန်း နှံလိုက်မယ်ဆိုတဲ့၊ စေတနာမပါတဲ့အာဏာတွေနဲ့ ဝေဒနာတွေထပ်ပေးပါတယ်။ 
အမျိုးသားရေးစိတ်ဓာတ်ဆိုတာကလည်း ဒီလူတွေဆီမှာပဲ ခန်းခြောက်နေတာပါ။ ခေတ်ပြောင်း၊စနစ်ပြောင်းပြီဆိုပေမယ့် ဒီလူတွေရဲ့ Mindset မပြောင်းသေးတဲ့အတွက် ဒီသဘောင်္သားလောကကြီးလည်း ဘာမှထူးပြီးမပြောင်းလဲသေးပါဘူး။ Potential တွေ အများကြီးရှိတဲ့ အရွယ်ကောင်း မြန်မာယောကျာ်းသားတွေဟာ စနစ်တစ်ခုကြောင့် အခုချိန်ထိ Human resource တွေဖြစ်မလာသေးဘဲ Human တွေအဆင့်မှာပဲ ရှိနေကြသေးတုန်းပါ။အခုချိန်ထိ ITF Pay ကို အိပ်မက်မက်လို့မရနိုင်သေးပါဘူး။သဘောင်္တက်ခါနီးတိုင်းလည်း ကိုယ့်လက်ဝယ်မှာကိုင်ထားခွင့်မရှိတဲ့၊လူကြားထဲကို ချပြလို့မရတဲ့ စာချုပ်တွေကို အဓိပ္ပာယ်မရှိ လက်မှတ်ထိုးပေးနေရတုန်းပါ။ သဘောင်္ပေါ်မှာ ITF Pay အကြောင်းမေးခွင့်မရှိဘူးလို့ အခုချိန်ထိ ခြိမ်းခြောက်ခံနေရတုန်းပါ။

ဒီအခြေအနေ၊ ဒီအနေအထားကို လက်ပိုက်မကြည့်ချင်တော့တဲ့ လူတွေက သဘောင်္သားလောကတိုးတက်ဖွံ့ဖြိုးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သမဂ္ဂတွေ ထူထောင်လာကြပါပြီ။ဒါပေမယ့်လည်း အားမနာတမ်း၊ မျက်နှာမထောက်တမ်းပြောရရင် ရင်ဘတ်ကြီးနဲ့ရှေ့ကာပြီး ကျောနဲ့ထမ်းပြီး သဘောင်္သားတွေအကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်မယ်ဆိုတဲ့၊ လောက်လောက်လားလား အားကိုးအားထားပြုရမယ့် သမဂ္ဂတော့ အခုထက်ထိမတွေ့သေးပါဘူး။ MSF ဆိုတာကလည်း အခုမှ ထိုင်ခုံဦးတမ်း ဆော့လို့ကောင်းတုန်း။ ပင်လယ်ထဲမှာ ဘယ်နှနှစ် ပျော်ခဲ့မှန်းမသိရတဲ့ ပင်လယ်ပျော်များ သမဂ္ဂဆိုတာကလည်း…။

လက်ရှိလုပ်နေတဲ့လူတွေနဲ့ နောင်မှာလုပ်ဦးမယ့်လူတွေကိုစိတ်ကုန်စိတ်ပျက်အောင် ဘေးထိုင်ဘုပြောပေးနေတာမဟုတ်ပါဘူး။တကယ့်ကို ရည်ရွယ်ချက်မှန်၊ လုပ်ရပ်မှန်ပြီး၊ မူရော လူရော လေးစားလက်ခံလို့ရလောက်တဲ့ လူတွေထွက်ပေါ်လာစေချင်တဲ့ စေတနာနဲ့ပါ။တကယ်တမ်းက သမဂ္ဂဆိုတာက EC Member တွေနဲ့ပဲ ဖွဲ့လို့ရတာမှမဟုတ်တာ။ ၀မ်းနည်းစရာကောင်းတာတစ်ခုက အခုချိန်ထိ သဘောင်္သားလောကအတွက် ခေါင်းဆောင်ကောင်းက ပေါ်ထွက်မလာသေးပါဘူး။ နောက်ကလိုက်မယ့်လူတွေအများကြီး အဆင်သင့်ရှိနေပေမယ့်လည်း ဘယ်ခေါင်းဆောင်နောက်ကို လိုက်ရမလဲဆိုတာ မသိရှာကြပါဘူး။
ဒီတော့ လက်ရှိရော၊ နောက်လာမယ့်အဖွဲ့တွေပါ ဒီမေးခွန်းလေးတွေကို ဖြေပေးနိုင်ရင် သိပ်ကောင်းမှာပဲ။

သမဂ္ဂတစ်ခုကို
၁-ဘယ်သူတွေက ဦးဆောင်မှာလဲ။
၂-ဘာတွေလုပ်ပေးမှာလဲ။
၃-ဘယ်လိုလုပ်ပေးမှာလဲ။
၎-ဘယ်လောက်အတိုင်းအတာထိ လုပ်ပေးမှာလဲ။
၅-ဘယ်အချိန်ထိလုပ်ကြမှာလဲ။

မြေသိမ်း၊ယာသိမ်းခံရရင်တောင် စုပေါင်းလက်မှတ်ထိုးပြီး သမ္မတဆီတိုင်လို့ရနေတဲ့ခေတ်ကြီးမှာ သဘောင်္သားတွေစုပေါင်းလက်မှတ်ထိုးပြီး တစ်ခုခုကို တောင်းဆိုတယ်တာကို အခုချိန်ထိ မကြုံဖူး၊မကြားဖူးသေးတော့ သဘောင်္သားတွေရဲ့ Unity အားကို တွက်ဆလို့ရပါပြီ။ ဒီ Unity ကို အားပြုပြီး Unionတွေဖွဲ့ရမှာဆိုတော့လည်း……။

ရေးသားသူ - Moe Sat Aye Seint

0 comments:

Post a Comment