Showing posts with label ရေကြောင်းအင်ဂျင်နီယာဆိုင်ရာဆောင်းပါးများ. Show all posts
Showing posts with label ရေကြောင်းအင်ဂျင်နီယာဆိုင်ရာဆောင်းပါးများ. Show all posts

Tuesday, November 26, 2013

BE ဘာကြောင့် ..အရင်လို..အချို့..Subject တွေမှာ..Exemption မရတော့တာလဲ..


BE ဘာကြောင့် ..အရင်လို..အချို့..Subject တွေမှာ..Exemption မရတော့တာလဲ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဟိုးအရင်..BE ဘွဲ့ရတွေ..ရေကြောင်းအင်ဂျင်နီယာ Professional ကို..၀င်လာပြီး..၊ ရေကြောင်းအင်ဂျင်နီယာ စာမေးပွဲတွေ..ဖြေဆိုတဲ့..အခါ..
ဥပမာ..Heat Engine , Applied Mechanic တို့လို..ဘာသာရပ်တွေကို..သက်ဆိုင်ရာ တက္ကသိုလ်များမှာ..သင်ကြားပြီးဖြစ်လို့..ဖြေဆိုရန်ကင်းလွတ်ခွင့်ပြုပါတယ်..။
။။။။။။။။။။။
ယခု.IMO International Convention ဖြစ်တဲ့.STCW ကလည်း..ခွင့်ပြုပါတယ်..။
ဒါပေမဲ့..Exemption ရယူလိုတဲ့..ကျောင်းသားများရဲ့..ကျောင်းက. တက္ကသိုလ်က. သူတို့ရဲ့..Syllabus ကို..သက်ဆိုင်ရာနိုင်ငံရဲ့..Marine Administration ကို..တင်ပြထားရပါ့မယ်..။ သက်ဆိုင်ရာ Marine Administration က.IMO Model Course ပါ..Subject Topic တွေနဲ့.. တက္ကသိုလ်မှာ..သင်ကြားတဲ့..Subject Topic တွေ..သင်ရိုးတွေ..ကိုက်ညီမှု..ရှိမရှိ. Exemption ပေးနိုင်မပေးနိုင်.. စစ်ဆေးရပါမယ်..။
။။။။။။။။။။။။။
နောက်တစ်ခါ.အခါအားလျော်စွာ.ဆိုသလို...အဆိုပါ..Exemption ရရန်လျှောက်ထားသော..ကျောင်းမှာ..သင်ကြားနေတဲ့..အခြေအနေကိုလည်း..
သွားရောက်..လေ့လာခြင်း Monitor လုပ်သွားရမှာ.Audit လုပ်ရမှာ..ဖြစ်ပါတယ်..။
အခုဖော်ပြတဲ့..အကြောင်းအရာ..တွေ..အားလုံးဟာ.. တရားဝင်..စာရွက်စာတန်းတွေ..မှတ်တမ်းတွေ..ရှိနေရမှာ..ဖြစ်ပြီး.
သက်ဆိုင်ရာ..Administration အနေနဲ့..International Maritime Organization နဲ့.. IMO Member States တွေက..လာတဲ့..Audit Team တွေလာတဲ့..အခါ.. တင်ပြနိုင်ရမှာ..ဖြစ်ပါတယ်..။
။။။။။။။။။။။
မြန်မာနိုင်ငံအနေနဲ့..စဉ်းစားတဲ့..အခါမှာ..
DMA ဟာ..ပို့ဆောင်ရေးဝန်ကြီးဌာန..အောက်ကဖြစ်ပါတယ်..။
နည်းပညာတက္ကသိုလ်များဟာ..သိပ္ပံနှင့်နည်းပညာဝန်ကြီး..ဌာနအောက်က.ဖြစ်ပါတယ်..။
သက်ဆိုင်ရာ..တက္ကသိုလ်..ပါချုပ်များကလည်း..သူ့ကျောင်းသားတိုင်းဟာ..သဘောင်္လိုက်မှာ..မဟုတ်လို့..၊ အခုလို..Exemption ရဘို့..DMA ကို..တင်ပြမှာ..မဟုတ်ပါဘူး.။ လာရောက်စစ်ဆေး..အကဲဖြတ်တဲ့..Monitoring လုပ်တာကိုလည်း..ခံယူလိမ့်မယ်..ဆိုတာ..မသေချာပါဘူး..။
DMA အနေနဲ့...လုပ်နေရတာတွေက..International Standard နဲ့လုပ်နေရတာဖြစ်ပါတယ်..။
အဲဒီ..Practice က..၀န်ကြီးဌာနတိုင်းမှာ..မရှိပါဘူး..၊ နားမလည်..နိုင်ပါဘူး..။
။။။။။။။။။။။
အခုနက..တင်ပြခဲ့တဲ့..Exemption ရဘို. တက္ကသိုလ်ဘက်က...Application တင်တာ..၊ DMA ဘက်..Subject ကို..Gap Analysis လုပ်ထားတာ..၊ ခွင့်ပြုမိန်ထုတ်ပြန်ထားတာ၊ Monitoring သွားရောက်..စစ်ဆေးထား..တာတွေ..အားလုံးဟာ..၊ တရားဝင်..အမိန့်စာတွေ..၊ မှတ်တမ်းတွေနဲ့..ရှိနေရပါ့မယ်..
တစ်ခြား..နိုင်ငံတွေ.မှာ...သူတို့..လုပ်ထုံးလုပ်နည်းအရ .ဖြစ်နိုင်သလို..လုပ်တဲ့..အလေ့အထ..လည်း...ရှိပေမဲ့..
ကျွန်တော်တို့..ဆီမှာ.၊ ဖြစ်နိုင်..၊ .မဖြစ်နိုင်ဘူးဆိုတာ.. စာဖတ်သူများ.ဝေဖန်ပိုင်းခြားနိုင်မှာပါ..။
။။။။။။။။။။။။
တရားဝင်..၊ IMO မှထုတ်ပြန်ထားတဲ့..စည်းကမ်း၊ နည်းလမ်းတွေနဲ့. .ဆောင်ရွက်ထားခြင်း.. မရှိဘဲ.ဘွဲလက်မှတ်ပြတာနဲ့..Exemption ပေးခွင့်.. ဘယ်နိုင်ငံရဲ့..Marine Administration မှာမှ..မရှိပါဘူး..။
ဒါကြောင့်
မြန်မာနိုင်ငံ DMA ကလည်း..IMO ရဲ့ ဥပဒေများ..ကို..လိုက်နာရမဲ့..တာဝန်ရှိတာကြောင့်
တရာဝင်..စနစ်တကျ..ဆောင်ရွက်ခြင်းမရှိတဲ့..တက္ကသိုလ်မှ..ဘွဲများအတွက်.
ရေကြောင်းဘက်ဆိုင်ရာ..စာမေးပွဲများဖြေဆိုတဲ့..အခါ..၊ လုပ်ထုံးလုပ်နည်းနဲ့အညီ..ဆောင်ရွက်ထားခြင်းမရှိရင်...Exemption ပေးခွင့်မရှိပါ..။
။။။။။။။။။။။
မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ တို့က..၀န်ကြီးဌာန..တူသလို..၊ သူတို့.Syllabus တွေကို..DMA ကို..တင်ပြရပါတယ်..။ DMA ကလည်း..IMO ကို..တင်ပြရပါတယ်..။
နောက်ပြီး..နိုင်ငံတော်..အစိုးရကိုယ်စား ..DMA ..ကထုတ်ပြန်တဲ့..ရေကြောင်းပညာရေးဆိုင်ရာ..Notification မှာလည်း..တရားဝင်..ထုတ်ပြန်ထားရပါတယ်..။ အဆိုပါ..Notification များကို..လည်း..IMO ကို..တင်ပြ..အကြောင်းကြားထားရပါတယ်..။
။။။။။။။။။။။။။။။။။
အဆိုပါ..Notification များဟာ..၊ ဌာနက..ထုတ်ပြန်တာ..ဖြစ်ပေမဲ့..၊ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အစိုးရအဖွဲ့၊ ရှေ့နေချုပ်ရုံးများကို..တင်ပြထား..ပြီး၊ အတည်ပြုချက်ရယူထားရတာ..ဖြစ်ပါတယ်..။ ရေကြောင်းဘက်ဆိုင်ရာ..အသုံးအနှုန်း၊ ဥပဒေရေးရာ..အသုံးအနှုန်းများကို..သက်ဆိုင်ရာ..ပညာရှင်များက..စိစစ်..စစ်ဆေးထားရတာ..ဖြစ်ပါတယ်..
။။။။။။။။။။။။။
IMO ဆိုတာ..International Maritime Organization ပါ..အဖွဲ့ဝင်..နိုင်ငံ (၁၇၀) ပါဝင်တဲ့..ကုလသမဂ္ဂ..အေဂျင်စီတစ်ခုပါ..။
သူ့ရဲ့..ရေကြောင်းပညာရေးဆိုင်ရာ..ကွန်ဗင်းရှင်းဖြစ်တဲ့..STCW ကို..အဖွဲ့ဝင်နိုင်ငံတိုင်းက..လိုက်နာ..ကျင့်သုံးရပါတယ်..။
ကျင့်သုံးခြင်းရှိမရှိကို..IMO က..စစ်ဆေးသလို..၊ Member States အချင်းချင်းလည်း..အပြန်အလှန်စစ်ဆေးခွင့်ပေးထား..ပါတယ်..။
။။။။။။။။။။။။။။
နိုင်ငံတနိုင်ရဲ့..ရေကြောင်းပညာရေးစနစ်ဟာ..သက်ဆိုင်ရာ..STCW International Convention ပါ..Standard နဲ့..ကိုက်ညီရင်..White List ထဲမှာပါပါတယ်..။
White List ထဲမှာ..ပါနေတဲ့..နိုင်ငံက..ထုတ်ပေးတဲ့..ရေကြောင်းဆိုင်ရာ.. လက်မှတ်များကို. (CoC) ကို...အဖွဲ့ဝင်နိုင်ငံအားလုံးက.. အဆင့်အတန်းတူ..လက်မှတ်.(CoE) ထုတ်ပေးရပါတယ်..။ အဖွဲ့ဝင်နိုင်ငံတွေ.ပိုင်ဆိုင်တဲ့..ဘယ်သဘောင်္မှာမဆိုတာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်.။
White List သက်တန်းက..(၅) နှစ်ဘဲရှိပါတယ်..။
။။။။။။။။။။။။။။။
(၅) နှစ်တိုင်းမှာ..IMO ရဲ့..စစ်ဆေးမှုကို..အနည်းဆုံးတစ်ကြိမ်..ခံရမှာပါ..။ ကျန်..Member States တွေကလည်း..ဘယ်နှစ်နိုင်ငံလာမယ်ဆိုတာ..မသိနိုင်ပါ..။
ပြီးခဲ့တဲ့..နှစ်ကတော့..IMO နဲ့..EU က..လာစစ်သွားပါတယ်..။
အခု.မကြာခင်...Malaysia က..လာမယ်လို..သတင်းကြားနေရပါတယ်..။
Member State တွေက..လာစစ်ပြီးရင်လည်း..သူတို့..Report ကို..IMO ကိုတင်ပြပါတယ်..။ NC ..များနေခဲ့ရင်..IMO ..က..ဆင်းလာနိုင်ပါတယ်..။
။။။။။။။။။။။။။။
White List ထဲ..မပါရင်..White List က..ပြုတ်သွားရင်တော့..
မြန်မာနိုင်ငံ..အလံ..လွှင်ထူထားတဲ့..သင်္ဘောပေါ်မှာဘဲ..မြန်မာနိုင်ငံသား..ရေကြောင်းပညာရှင်များ..ရေကြောင်းလုပ်သားများ..အလုပ်လုပ်ခွင့်..လိုက်ခွင့်ရှိပါတယ်..။
။။။။။။။။။။။။။။
ဒါကြောင့်..White List ထိမှာကို..ပညာရှင်တွေ..တာဝန်ရှိသူတွေက..စိုးရိမ်ကြတာပါ..။
ကိုယ့်နိုင်ငံထဲမှာ..ဘဲ..ဟာ..၊ အချင်းချင်း..ကြည့်ကျက်..လုပ်ကြတာပေါ့..ဆိုပြီး..၊ လုပ်လို့..မရကြောင်း..နဲ့..
ဟိုတုန်းက..ရတာဘဲ..အခုဘာလို့..မရတာလဲ..၊ မေးမြန်းလာသူ..များအား..
သိသမျှ..ပြန်ကြားအပ်ပါတယ်..။
။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ

Monday, November 25, 2013

ENGINEERING DRAWING



ဒီအကြောင်း..ရှေ့နှစ်တွေက..ရေးခဲ့ပါတယ်..။
အခုက..ပညာရေးမူဝါဒ ပိုင်းမှာပါ..အမှားတွေ..ပါလာနိုင်ဘွယ်ရှိလို့..၊
နောက်လာမဲ့..Engineer Younger Generation ရဲ့..အရည်အသွေးကို..ကျစေနိုင်လို့..မြင်တာလေး...တင်ပြတာပါ..။
။။။။။။။။။။။။
Marine Engineering Drawing ဟာ Mechanical Drawing တစ်မျိုးပါဘဲ..။
။။။။။။။။။။။။
လူငယ်တွေနဲ့..လူကြီး..အချို့..ပြောကြတာက..
၁။ သဘောင်္ပေါ်မှာ..Drawing ဆွဲရတဲ့..အလုပ်လည်း..ရှိတာမှ..မဟုတ်တာ..
၂။ သက်သက်..စာမေးပွဲတွေမှာ..မလိုအပ်ဘဲ..ထည့်ထားတာ..ရှေးက.မူဝါဒကြီး..
၃။ AutoCAD တောင်..ပေါ်နေတဲ့..ခေတ်ကြီးမှာ..လက်နဲ့ဆွဲခိုင်းနေတာ..ရူးနေလို့..
။။။။။။။။။။။။။
ရေကြောင်းအင်ဂျင်နီယာများဟာ..မိမိလုပ်သက်အတွင်းမှာ..မတူညီတဲ့..သဘောင်္မျိုးစုံကို..တက်ရ..အလုပ်လုပ်ရပါတယ်..။
သဘောင်္တောင်..မတူတာ..အပေါ်မှာ..တပ်ဆင်ထားတဲ့..စက်တွေလည်း..ဘယ်တူမှာတုန်း..။
အင်ဂျင်နီယာ..ပေါက်စ..တစ်ယောက်ယူရမဲ့..စက်ယန္တာရားတွေထဲက..အချို့...
1. Pumps (Gear Pump, Centrifugal Pump, Reciprocating Pump, Variable
Stroke Delivery Pump)
(Numbers of pumps is 30 to 100 depend on Ship Size and Types)
2. Separator ( Heavy Oil Separator, Lub Oil Separator, Diesel Oil
Separator)
(Numbers of separators is 1 to 6)
3. Air Compressor ( Main Air Compressor, Emergency Air Compressor,
Working Air Compressor)
(Numbers of air compressor is 2 to 8 depend on ship size and types)
အဲဒီစက်တွေကို..မောင်းရပါတယ်..ပြင်ရပါတယ်..။ သတ်မှတ်နာရီပြည့်ရင် အိုဗာဟော..လုပ်ရပါတယ်..။
။။။။။။။။။။။။။။
လုပ်ငန်းသဘာဝအရ..ရေကြောင်းအင်ဂျင်နီယာများဟာ..ကိုယ်တာဝန်ယူတဲ့..စက်..ကိုယ်ပြင်ရပါတယ်..။ ၀ပ်ရှော့အပ်မယ်တို့..သဘောင်္ကျင်းအပ်မယ်..တို့..မဟုတ်ပါဘူး..။
တစ်ခါမှ..မမြင်ဘူးတဲ့..စက်ကို.မကြာခဏ..ဖြုတ်ရ...ပြင်ရပါတယ်..
အဲဒီလို..ပြင်တဲ့အခါ..ဖြုတ်တဲ့..အခါမှာ..Drawing ဖတ်တတ်ရပါတယ်..။
Drawing ဖတ်တတ်ဘို့..ဆိုတာက..ကာတွန်းဖတ်သလိုမဟုတ်ပါဘူး..။ ခက်ပါတယ်..။
ဒါကြောင့်..Drawing ဆွဲခိုင်းတာပါ.လေ့ကျင့်ခိုင်းတာပါ...။ Drawing ကို..သေချာဆွဲမှ..လေ့ကျင့်မှ..Drawing Concept ကိုနားလည်ပြီး.. သူမျာဆွဲထားတာကို..ဖတ်နိုင်ပါတယ်..။
။။။။။။။။။။။။။။။
Drawing ကောင်းကောင်း..မဖတ်တတ်သူ.မြန်မာ.ရေကြောင်းအင်ဂျင်နီယာအရေအတွက်.. ဟာ..ညှာညှာ..တာတာ..ပြောရရင်..၇၀% လောက်ရှိပါမယ်..။
အဲဒီတော့..စက်တွေ..ဖြုတ်တိုင်း..ပြင်တိုင်း..၊ ထင်ရာလျှောက်လုပ်လို့..၊ အပျက်အစီးတွေများပါတယ်..။
အကျိုးဆက်..က..အလုပ်အကိုင်အခွင့်အလန်းနည်းစေပါတယ်..။
။။။။။။။။။။။။။။
သေဘာၤေပၚမွာ..Drawing မဆြဲရပါဘူး..။ ဒါပေမဲ့..Drawing ကောင်းကောင်းဖတ်တတ်ဘို့..လိုပါတယ်..။ ဖတ်တတ်ဘို့..ဆိုတာက..အသိနဲ့..ဆွဲခဲ့..လေ့ကျင့်ခဲ့ဘို့..လိုပါတယ်..။ ပုံတူအောင်..ကူးချဘူးယုံနဲ့..မရပါဘူး..။
အသိနဲ့လေ့ကျင့်ခဲ့သူများက..အင်ဂျင်နီယာကောင်းများ..ဖြစ်လာပါတယ်..။
ဝတ်ကြေတန်းကြေ..လုပ်ခဲ့သူများက..ခပ်ညံ့ညံ့အင်ဂျင်နီယာများ..ဖြစ်လာပါတယ်..။
။။။။။။။။။။။။။။
သဘောင်္ပေါ်မှာ..စက်အစိတ်အပိုင်းတွေ..ပျက်စီးတဲ့..အခါ..Spare မှာရပါတယ်..။ Original ပေးတဲ့..ကုမ္ပဏီဆိုရင်တော့..သူ့နံပါတ်နဲ့မှာယုံပါဘဲ..။
ဒါပေမဲ့...ဒီနေ့ခေတ်မှာ..Original Spare မှာပေးတဲ့..ကုမ္ပဏီက..၁၀% လောက်ဘဲရှိပါတော့တယ်..။
ဒီတော့..လိုချင်တဲ့..ပစ္စည်းပုံကို..ပုံဆွဲပြီး..ပို့ရပါတယ်..။ လိုအပ်တဲ့..အတိုင်းအထွာတွေ..ရေးပေးရပါတယ်..။
အဲဒီမှာ..မြန်မာ့..ဇ..ပြတဲ့..အင်ဂျင်နီယာများစွာ..တွေ့ခဲ့ရဘူးပါတယ်..။
ဒါကြောင့်..ရေကြောင်း..အင်ဂျင်နီယာမှာ..Engineering Drawing ကိုအလေးအနက်ထား..သင်ကြားသင့်ပါတယ်..။
။။။။။။။။။။။။
Auto CAD ဆိုတာ..လာမပြောပါနဲ့..။ လက်တွေ့..မဆန်ပါဘူး..။
သဘောင်္သေးလေးတွေမှာ..ကွန်ပျူတာ..မရှိပါဘူး..။
သဘောင်္ကွန်ပျူတာတိုင်းမှာ..Auto CAD ဆော့ဖ်ဝဲလ်..တင်မထားပါဘူး..။
တင်ထားသည်..ထားဦး..အင်ဂျင်နီယာ..ဆယ်ယောက်မှာ..တစ်ယောက်..AutoCAD မတတ်ပါဘူး..။
။။။။။။။။။။။။
လူကြီးများကော..လူငယ်များပါ..
Drawing ကို..အလေးအနက်ထားဘို့..
တောင်းပန်အပ်ပါတယ်..။
။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..

သား..အရင်..သဘောင်္က..ကွန်ပရက်ဆာက..ဒါမျိုးမဟုတ်ဘူး..။ ဒါကြီးကို..မမြင်ဘူးဘူး..ဒါကြောင့်..သား..မဖြုတ်တတ်ဘူး..ဆိုတာမျိုး..
လုပ်လို့..မသင့်ပါဘူး..။ 3E လက်မှတ်ကြီးပြပြီး..3E လစာစားပြီးရင်..။ 3E နဲ့ဆိုင်တဲ့..အလုပ်ကို..လုပ်ရမှာ.ကိုယ့်တာဝန်ပါ..။ Professional အလုပ်ပါ..။

Marine Boilers Questions & Answers

Marine Boilers Questions & Answers
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်တွင်းလွှတ်တော်..ဘဏ္ဍာရေးဆိုင်ရာ..အသုံးစားရိတ်များ..ကော်မတီက..ခွင့်ပြုချက်..ကြပြီဖြစ်တဲ့..အတွက်..။
မနေ့က..အတွင်းစာသားများကို..စာစစ်ပါတယ်..။ ပြင်ပါတယ်..။
ဒီနေ့..ဒီဇိုင်းနာက..ဖလက်တွဲပြီး..မနက်ဖြန်..ပုံနှိပ်တိုက်..ပို့ပါ့မယ်..။
အဖုံး..ဒီဇိုင်းလည်း..စဆွဲ..နေပါပြီ..။
ဒီလကုန်..သို့မဟုတ်..နောက်လဆန်းမှာ..စာအုပ်ထွက်ပါ့မယ်..
ကျွန်တော့်ရဲ့..ရေကြောင်းအင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ..စာအုပ် (၅) အုပ်မြောက်ပါ..။
။။။။။။။။။။။။။
ရေယာဉ်တည်ဆောက်ခြင်း..လုပ်ငန်းနဲ့..ပါတ်သက်တဲ့..စာအုပ်လေးတစ်အုပ်..ရေးလက်စ. .ရှိပါတယ်..။ အဓိက..ကတော့..သူများဆီမှာ..စာသွားသင်ခဲ့တုန်းက..သိခဲ့ရတာလေးတွေကိ..အခြေခံပြီး.. သူများတွေ..ဘယ်လို..သဘောင်္ဆောက်တယ်...၊ဘယ်လို..စည်းစနစ်တွေရှိတယ်..၊ ဆိုတာ..ကို..လူငယ်တွေ..ကို..သိစေချင်လို့..ရေးထားတာပါ..။ ဒါပေမဲ့..ချောဘို့..လိုနေတာရယ်..။
။။။။။။။။။။။။။။။။။
စာအုပ်တွေ..ထုတ်တိုင်း..အိမ်တွင်းဘတ်ဂျက်ရေးရာ..၀န်ကြီးဌာန..နဲ့. အဆိုပြုခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ..၊ လုပ်ရမှာဖြစ်တဲ့အတွက်ရယ်..။
ကျောင်းဆရာလုပ်ခြင်း၊ သင်တန်းကျောင်းထောင်ခြင်းများရဲ့..အကျိုးဆက်အနေနဲ့..
အိမ်တွင်း လွှတ်တော်မှာ..ဘဏ္ဍာရေးဆိုင်ရာ..အသုံးစားရိတ်များ..ပြင်ဆင်ခြင်း၊ ပြဌာန်းခြင်း၊ ဖြတ်တောက်ခြင်း များရှိနေတဲ့..အတွက်ရယ်..။
၂၀၁၄ သို့မဟုတ်..၂၀၁၅ ဘတ်ဂျက်..ကြမှာဘဲ..ထုတ်ဝေ..ဖြစ်မယ်ထင်ပါတယ်..။
။။။။။။။။။။။။။။။
Face Book ပေါ်မှာ..ရေးထားတဲ့..ပေါက်တတ်ကရလေးဆယ်..၊ ဟိုတွေး..ဒီတွေး.. ဖောက်ထွက်အတွေး..၊ ကန့်လန့်..အတွေးများကို..စုပြီး..စာအုပ်ထုတ်မယ်လို့..စိတ်ကူးပါတယ်..။
ထောက်ခံအားပေးပြီး..စာအုပ်ဝယ်မည့်သူများ.(မှတ်ချက်။မေတ္တာလက်ဆောင်တောင်းမည့်သူများ..မပါ) ။
Like လုပ်ပေးကြပါ..။
Like 1000 ပြည့်ရင်..စာအုပ်ထုတ်ပါ့မယ်..။
မပြည့်ရင်လည်း..ကိုယ့်ဘာသာ..Profile အတု..၉၉၉ ခုဖွင့်ပြီး..Like..လုပ်လိုက်ပါ့မယ်..။
။။။။။။။။။။။။။။။။။
ထောက်ခံသူ..မည်မျှပင်..ရှိစေကာမူ..
ဘဏ္ဍာရေးဆိုင်ရာ..အသုံးစားရိတ်..ပြင်ပ..ချေးငွေ..ရရှိမှု..အနေအထားများနဲ့..ဆက်စပ်စဉ်းစား တဲ့..အခါမှာ..သူ့ထက်ပိုအရေးကြီးနေတဲ့..အိမ်တွင်းဆိုင်ရာ..ဦးစားပေးစီမံကိန်းများ..ရှိနေတဲ့.. အတွက်..လှိုင်သာယာမှာ..၀ယ်ထားတဲ့..မြေကွက်လေး..ရောင်းချရမှု..အပေါ်မှာ..မူတည်ပြီး.. စီမံကိန်းများကို..ဆက်လက်..အကောင်အထည်..ဖော်သွားမှာ..ဖြစ်ပါတယ်..။
။။။။။။။။။။။။။။။။။
အခု..ဖော်ပြပါ..စီမံကိန်း..အဆိုပြုချက်များကို..ကိုယ့်ဘာသာ..တင်မြှောက်ထားတဲ့.. အိမ်တွင်းစီမံကိန်းဝန်ကြီးက..တင်ပြ..ပြီး..၊ သူ့ဘာသာ..ဘဲ..ထောက်ခံပါတယ်..။
ဒါပေမဲ့..အိမ်တွင်း..ဘတ်ဂျက်ရေးရာ..၀န်ကြီးဌာန.ရဲ့..၀န်ကြီး.က..ကန့်ကွက်တဲ့..အတွက်..။
အိမ်တွင်းလွှတ်တော်မှာ..တစ်မဲ..တစ်မဲ့..နဲ့..စီမံကိန်းများ..ရပ်ဆိုင်းနေပါတယ်..ခင်ဗျား..။
။။။။။။။။။။။။။။။။
တိန် !!!
။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..

Thursday, June 13, 2013

SLOW STEAMING အတွက်...



SLOW STEAMING အတွက် ယူနီဗင်လိုင်း..က..ထုတ်ပြန်တဲ့..Technical Circular..ပါ..။

B&W Technical advice အရ ညွှန်ကြားထားတာပါ..။

စာမေးပွဲဖြေမဲ့သူတွေ..သဘောင်္ပေါ်မှာ.လက်တွေ့..လုပ်ရမဲ့သူတွေအတွက်..အသုံးဝင်မှာပါ..။

ဒီမှာ ဒေါင်းပါ။

Credit to ဆရာဦးဝင်းအောင်...

Wednesday, June 5, 2013

"Hull, Bottom & Tank Corrosion Protection"

 

Fig. Type of corrosion  

Corrosion တွေကို၊ Uniform corrosion, Concentration cell corrosion, Inter-granular corrosion ဆိုတဲ့ Exfoliation corrosion, Atmospheric corrosion, Erosion corrosion, Fretting corrosion, De-alloying corrosion, Formicary corrosion ဆိုတဲ့ Ant-net corrosion, MIC ဆိုတဲ့ Microbiological corrosion, Galvanic corrosion သို့မဟုတ် Bimetallic corrosion, Crevice corrosion ဆိုတဲ့ Pitting corrosion , Cracking ဆိုတဲ့ Stress corrosion, Cavitation corrosion, Hydrogen embitterment corrosion, Immunity corrosion နဲ့ Corrosion fatigue ဆိုပြီး သတ်မှတ်ထားကြပါတယ်။

ပင်လယ်ရေ sea water နဲ့ ဆားဓါတ်ပါတဲ့ ရေခိုးရေငွေ့ sea moisture တွေကို၊ အမြဲထိတွေ့နေရတဲ့ သဘော်အတွက်တော့၊ corrosion ဖြစ်ပေါါမှုဟာ၊ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စဖြစ်ပြီး၊ လျှော့ချဖို့ကိုသာ၊ အတတ်နိုင်ဆုံးကြိုးစားရပါတယ်။ ပင်လယ်ရေနဲ့ ရေခိုးရေငွေ့တွေကို၊ အမြဲထိတွေ့နေရတဲ့ material တွေရဲ့ corrosion ဖြစ်ပေါါမှု process reaction ကို 'chemical reaction process' နဲ့ 'electrochemical reaction process' ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။   

'Chemical reactions process' - သဘော်တွေရဲ့ သံသားမျက်နှာပြင် iron steel surface နဲ့ လေထုထဲမှ atmospheric oxygen တို့ထိတွေ့ရာမှ၊ iron တွေပြိုကွဲကာ chemical reaction process အနေနဲ့ iron oxide ဖြစ်ပေါါလာပါတယ်။ iron oxide ဟာ ရေနဲ့ ရေခိုးရေငွေ့တို့ဖြင့်၊ ထပ်မံထိတွေ့ခြင်းကြောင့်၊ iron hydroxide သို့မဟုတ် rust လို့ခေါါတဲ့ သံချေးတွေပေါါပေါက်လာပါတယ်။ rust ဟာ oxygen နဲ့ ဆက်တိုက်ထိတွေ့ခြင်းဖြင့် သံချေးတက် ဧရိယာပမာဏ၊ ပွားများလာပါတယ်။ oxygen ပါဝင်မှုနည်းတဲ့ stainless steel material ရဲ့ ပထမအလွှာမှ oxide layer မှာတော့ chemical reactions  မဖြစ်ပေါါနိုင်ကိုလည်း၊ တွေ့ရပါတယ်။

'Electrochemical reactions process' - အချို့သောသတ္တု metal တွေရဲ့ acid, bases နဲ့ ဓါတ်ငွေ့ဖွဲ့စည်းမှု gas compound တွေအတွင်း၊ iron ပြိုကွဲမှုကြောင့်၊ electrochemical reaction process ဖြစ်ပေါါလာပါတယ်။ metal compound တွေထဲမှ ပြိုကွဲထွက်လာတဲ့ iron တွေရဲ့ ရွှေ့လျှားမှုကြောင့် လျှပ်စီးမှု current flow ဖြစ်ပေါါပြီး၊ 'galvanic current flow' လို့ခေါါပါတယ်။ iron ပြိုကွဲမှုကြောင့် ရေနဲ့ ထိတွေနေတဲ့ သဘော်ကိုယ်ထည် သံပြားတွေမှာ negative iron ဖြစ်ပေါါလာပြီး၊ ရေမှာတော့ positive iron ဖြစ်ပေါါပါတယ်။

ရှောင်လွှဲလို့မရတဲ့ corrosion ကိုလျှော့ချနိုင်ရန် တစ်နည်းအားဖြင့် electrochemical reactions process ကို အဓိကထားကာ၊ လျှော့ချနိုင်ရန်၊ သဘော်တွေမှာ 'ဆေးသုတ်ခြင်း' ဆိုတဲ့  by painting the metal surface that is continuously exposed to water or moisture,  'sacrificial anode များတတ်ဆင်ခြင်း' ဆိုတဲ့ by reversing the current using sacrificial anode နဲ့ 'ICPP' ဆိုတဲ့ 'impressed current cathodic protection system တတ်ဆင်ခြင်း' စတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ သဘော်တွေအတွက် corrosion protection အနေနဲ့၊ corrosion ကိုလျှော့ချရာမှာ  ဆေးသုတ်ခြင်းဆိုတဲ့ painting ကို၊ primary protection အဖြစ်သတ်မှတ်နိုင်ပြီး၊ sacrificial anode တတ်ဆင်ခြင်းနဲ့ impressed current cathodic protection system တတ်ဆင်ခြင်း တို့ကိုတော့ secondary protection အဖြစ် သတ်မှတ်နိုင်ပါတယ်။ အရည်အသွေးညံ့တဲ့ သုတ်ဆေး paint ကို အသုံးပြုထားပြီး၊ သုတ်ဆေးအလွှာ paint coating လည်း၊ 'ပါး' ခဲ့လျှင် sacrificial anode တွေရဲ့ သက်တမ်း၊ တိုတောင်းသွားနိုင်ပါတယ်။

 

Fig. galvanic current flow
 
ရေထဲမှ အမျိုးအစားမတူတဲ့ သတ္တုအလွှာ (၂) ခုကြားမှာ၊ အိုင်းယွန်းတွေရဲ့ ရွှေ့လျှားမှုကြောင့် 'လျှပ်စီး' ဆိုတဲ့ current flow ဟာ higher potential သတ္တုမှ၊ lower potential သတ္တုသို့ စီးဆင်းပါတယ်။ lower potential သတ္တုမှ iron တွေဟာ galvanic current flow ကြောင့် တဖြည်းဖြည်းနဲ့ ရေထဲသို့ စီးဆင်းသွားသလို၊ အချိန်အတိုင်းအတာ တခုသို့ ရောက်သွားတဲ့အခါမှာတော့ lower potential သတ္တုမှာ iron လုံးဝမကျန်တော့တဲ့ အခြေအနေဖြစ်ပေါါလာပြီး၊ 'anodic reaction' လို့ခေါါပါတယ်။ 
 
 
 
Fig. (A) - Corrosion in tank, (B) - Anodes on Rudder blade 
 
သဘော်သံပြားတွေမှာ၊ lower potential သတ္တု အမျိုးအစားကို၊ တတ်ဆင်ပြီး၊ 'anode' လို့အမည်ပေးကာ၊ higher potential သတ္တုဖြစ်တဲ့ သဘော်သံပြားကိုတော့ 'cathode' လို့ အမည်ပေးပါတယ်။ hull plate ဆိုတဲ့၊ သဘော်ကိုယ်ထည် သံပြားတွေမှာမက၊ propeller နဲ့အနီးတဝိုက် ဧရိယာတွေ၊ pipeline တွေနဲ့ heat exchanger တွေမှာလည်း၊ lower potential သတ္တု အမျိုးအစားဖြစ်တဲ့ zinc နဲ့ aluminum တို့ကို၊ anode အဖြစ် တတ်ဆင်ပြီး၊ secondary corrosion protection အား၊ ဆောင်ရွက်ကြပါတယ်။  
 
တနည်းအားဖြင့် oxidation လို့ခေါါတဲ့ corrosion ဟာ၊ anodic zone မှာသာ ဖြစ်ပေါါပြီး၊ cathodic zone မှာ မဖြစ်ပေါါနိုင်တဲ့အတွက်၊ corrosion မပေါါပေါက်စေချင်တဲ့ metal surface ကို၊ cathodic zone အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ corrosion protection လို့ခေါါတဲ့ corrosion prevention အတွက်၊ အသုံးပြုတဲ့ cathodic protection system ကို၊ "Hull cathodic protection system" သို့မဟုတ် "Sacrificial anode protection system" နဲ့ ICCP  ဆိုတဲ့ "Impressed current cathodic protection system" ဆိုပြီး ခွဲခြားနိုင်ပါတယ်။   

'Sacrificial anode protection system' - သဘော်ရဲ့ hull, bottom နဲ့ tank တွေမှာ ဖြစ်ပေါါတဲ့ corrosion ဟာ၊ electrochemical reaction ကြောင့် ပေါါပေါက်လာတာဖြစ်ပြီး၊ 'uniform corrosion' လို့ခေါါပါတယ်။ anode နဲ့ cathode တို့ကို၊ common electrolyte အရည်တခုအတွင်း၊ 'နှစ်' လိုက်တဲ့အခါ၊ electrochemical reaction ဖြစ်ပေါါလာပါတယ်။ electrochemical reaction ဟာ၊ corrosion process ဖြစ်ပြီး၊ electrolyte ကိုဖြတ်ကာ၊ anode မှ cathode သို့၊ current flow တခု စီးဆင်းသွားခြင်းဖြစ်ပါတယ်။
 
anode မှ cathode သို့၊ current flow စီးဆင်းရာမှ၊ ပေါါပေါက်လာတဲ့ current ရဲ့ magnitude ဟာ၊ metal lost လို့ခေါါတဲ့ corrosion နဲ့ တိုက်ရိုက်အချိုးကျပြီး၊ 1 ampere ပမာဏရှိတဲ့ current flow ဟာ၊ steel ကို၊ တနှစ် 9 Kg အလေးချိန်ခန့်၊ corroding surface အဖြစ်၊ ပေါါပေါက်စေနိုင်တာကို တွေ့ရပါတယ်။ sacrificial anode protection system ဟာ၊ လျှပ်စစ်ဓါတ်အား အသုံးပြုပြီး၊ ဆောင်ရွက်ခြင်းမရှိသလို၊ installation လို့ခေါါတဲ့ တတ်ဆင်မှု အပိုင်းမှာလည်း လွယ်ကူတာကို၊ တွေ့ရပါတယ်။ ဒါ့အပြင် တတ်ဆင်ထားတဲ့၊ anode တွေ၊ ကုန်ဆုံးသွားတဲ့အထိ၊ corrosion protection အား၊ ဆောင်ရွက်ပေးနိုင်ပါတယ်။ 
 
"Hull cathodic protection system" ဆိုတဲ့ "Sacrificial anode protection system" ကို၊ metal တခုအား ကာကွယ်ရန်အတွက်၊ အခြား metal တခုမှ စတေးခံခြင်းလို့ ဆိုနိုင်ပါတယ်။ စတေးခံရတဲ့ sacrificial anode ဟာ၊ active metal ဖြစ်ပြီး၊ steel structure မှာပေါါပေါက်လာမယ့်၊ corrosion ဖြစ်ပေါါမှုအား၊ တားဆီးရန်၊ steel structure နဲ့အတူ coupling အနေနဲ့ တွဲဖက်ပြီး၊ တတ်ဆင်ထားပါတယ်။ အမျိုးအစားမတူတဲ့ သတ္ထု metal သို့မဟုတ် သတ္ထုစပ် alloy (၂) မျိုးကို၊ တွဲဆက်ပြီး၊ electrolyte form အနေနဲ့ ဖြစ်ပေါါစေခြင်းကို၊ galvanic couple သို့မဟုတ် galvanic cell လို့ခေါါပါတယ်။  

aluminum, zinc နဲ့ magnesium anodes တွေကို၊ galvanic anodes တွေ အဖြစ်၊ အသုံးပြုတဲ့အခါ၊ galvanic reaction ပိုမိုကောင်းမွန်တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် current ပိုမိုထုတ်ပေးနိုင်တယ်လို့၊ ဆိုနိုင်ပါတယ်။ သဘော်ရဲ့ hull ကို cathode အဖြစ်၊ ယူဆတဲ့အခါ cathode မှထွက်လာတဲ့ corrosion current ရဲ့ magnitude အား၊ galvanic anodes တွေမှထုတ်ပေးတဲ့ protective current ဖြင့်၊ ဖိသိပ်ခြေဖျက်ခြင်းဖြစ်ပါတယ်။

 
 
Fig. (A) - Freely flowing corrosion current from anode to cathode and (B) - Flow of corrosion current suppressed by protective current discharged from sacrificial anode  

မည်သည့် metal သို့မဟုတ် alloy ကိုမဆို၊ conductive electrolyte တခုခုအတွင်း နှစ်လိုက်တဲ့အခါ၊ open circuit potential လို့ခေါါတဲ့ unique corrosion potential တွေဖြစ်ပေါါလာပါတယ်။ 'Galvanic series' အရ၊ မည်သည့် metal သို့မဟုတ် alloy အမျိုးအစားမှာမဆို၊ ပင်လယ်ရေနဲ့ထိတွေ့တဲ့အခါ၊ more active သို့မဟုတ် prone to corrosion လို့ခေါါတဲ့၊ corrosion ဖြစ်လွယ်တဲ့သတ္တိတွေရှိသလို၊ noble သို့မဟုတ် corrosion resistant လို့ခေါါတဲ့၊ corrosion ဖြစ်ပေါါဖို့မလွယ်ကူတဲ့၊ ဂုဏ်သတ္တိတွေလည်း၊ ရှိပါတယ်။
 
conductive environment လို့ခေါါတဲ့၊ electrolyte တခုခုအတွင်းမှာ၊ အမျိုးအစား မတူတဲ့သတ္တု (၂) မျိုးကို၊ electrical connection အနေနဲ့ ဆက်သွယ်ပြီး၊ နှစ်လိုက်တဲ့ အခါ၊ electrons တွေဟာ active ဖြစ်တဲ့၊ သတ္တုမှ noble ဖြစ်တဲ့ သတ္တုဖက်သို့၊ စီးဆင်းပါတယ်။ active ဖြစ်တဲ့၊ သတ္တုဟာ negative surface ဖြစ်ပြီး၊ noble ဖြစ်တဲ့ သတ္တုဟာ၊ positive surface ဖြစ်တဲ့အတွက်၊ electrons flow ကြောင့် noble metal မှာ၊ negative potentials တွေပိုမိုဖြစ်ပေါါလာပြီး၊ cathodic polarization လို့ခေါါပါတယ်။ electron တွေရွှေ့လျားရာမှပေါါပေါက်လာတဲ့ current flow နဲ့ polarization ဟာ၊ noble metal မှာ corrosion ဖြစ်ပေါါမှုကို တားဆီးပေးပါတယ်။ 

 
 
Fig. Anodic reaction  

zinc နဲ့ steel တို့ကို၊ တွဲမဆက်ပဲ၊ သီးခြားတခုစီ sea water နဲ့ထိတွေ့စေတဲ့အခါ၊ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို ပိုမိုစီးဆင်းစေနိုင်မယ်ဆိုရင်၊ steel ရဲ့ oxidation ကျဆင်းသွားမှာဖြစ်ပါတယ်။ zinc block တုံးကို၊ steel hull အပေါါမှာ welding ဆော်ပြီး၊ galvanic couple အနေနဲ့တွဲဆက်ကာ ပင်လယ်ရေနဲ့ထိတွေ့စေတဲ့အခါ၊ active metal ဖြစ်တဲ့၊ zinc မှာသာ၊ corrosion ပိုဖြစ်ပြီး၊ noble metal ဖြစ်တဲ့ steel မှာ corrosion ဖြစ်ပေါါမှုနည်းသွားတာ ကိုတွေ့ရပါတယ်။ တနည်းအားဖြင့် negative potentials တွေထုတ်ပေးမယ့် active metal တခုခုနဲ့ တွဲဆက်ပြီး၊ reverse reaction အနေနဲ့ driving force ကို ပိုမိုပေးသွင်းကာ၊ oxidation ကိုလျှော့ချခြင်း ဖြစ်ပါတယ်။
 
sacrificial anodes အဖြစ်အသုံးပြုမယ့်၊ metal ရဲ့ elector-chemical properties ဟာ၊ အရေးကြီးပါတယ်။ electrolyte တွေမှာ resistance ရှိတဲ့အတွက်၊ sacrificial anode မှ corrosion potential ဟာ၊ ပင်လယ်ရေလို electrolyte အတွင်းမှ၊ ဖြတ်သန်းသွားရပါတယ်။ sacrificial anode ဟာ၊ လုံလောက်တဲ့ driven current ကိုထုတ်ပေးနိုင်တဲ့ negative သို့မဟုတ် active metal ဖြစ်ရန်လိုအပ်ပါတယ်။ sacrificial anode အဖြစ် zinc ကိုအသုံးပြုသလို၊ aluminum ကိုလည်း အသုံးပြုနိုင်ပါတယ်။ zinc ကို aluminum နဲ့နှိုင်းယှဉ်အသုံးပြုကြည့်တဲ့အခါ၊ သက်တမ်း တိုတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် zinc ရဲ့ corrosion protection rate ဟာ၊ aluminum ထက်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဈေးနှုံးအရလည်း aluminum ဟာ သက်သာပေမယ့်၊ သဘော်တွေမှာ အစဉ်အလာတခုလို၊ zinc ကိုသာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။  
 
anode မှထုတ်ပေးတဲ့ current အနည်းအများပေါါမူတည်ပြီး၊ corrosion protection ကို၊ ဆောင်ရွက်တာဖြစ်သလို၊ anode တွေ၊ ကုန်မသွားပဲ ရေရှည်အသုံးနိုင်စေရန်၊ current အနည်းအများကို၊ ချိန်ညှိပေးလို့ မရသလို၊ hull မှာ တတ်ဆင်ထားတဲ့ anodes တွေရဲ့ ပွန်းစားမှုဟာ၊ သဘော်မောင်းနှင် သွားလာရာမှ ပေါါပေါက်လာတဲ့၊ hull pressure နဲ့ turbulent flow အနည်းအများအပေါါ မူတည်နေပါတယ်။ တတ်ဆင်ထားတဲ့ anodes တွေကြောင့် သဘော်ရဲ့ hull drag နဲ့ fuel consumption တိုးလာနိုင်သလို၊ သက်တမ်းအနေနဲ့ အများဆုံး (၃) နှစ် အထိသာခံပြီး၊ အသစ်လဲလှယ်ပေးရန် လိုအပ်ပါတယ်။ 

'Impressed current cathodic protection system' - ICCP ဆိုတဲ့ Impressed current cathodic protection system ရဲ့ အခြေခံအလုပ်လုပ်ပုံဟာ၊ Sacrificial anode protection system အခြေခံအလုပ်လုပ်ပုံနဲ့ ဆင်တူပြီး၊ vulnerable material ဆိုတဲ့ electrons တွေ၊ ပိုမိုထုတ်ပေးမယ့်၊ သတ္တုတမျိုးကိုအသုံးပြုကာ၊ အခြား သတ္တုတခုသို့ reverse direction အနေနဲ့ စီးဆင်းစေပြီး၊ corrosion rate အား လျှော့ချတာခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် vulnerable material တခုခုကို၊ galvanic anode အနေနဲ့ အသုံးပြုကာ၊ ပြင်ပမှ DC current အား၊ galvanic anodes အတွင်းသို့ပေးသွင်းပြီး၊ protective current ထုတ်ယူခြင်းလို့ ဆိုနိုင်ပါတယ်။ ယေဘုယျ အားဖြင့် graphite, silicon iron, lead alloy နဲ့ platinised metals တွေကို၊ galvanic anode အဖြစ် အသုံးပြုလေ့ရှိပါတယ်။ 
 
 
 
Fig. Anodic reaction
 
'M' ဟာ၊ metal ရဲ့ atomic symbol ဖြစ်ပြီး၊ 'n' ကတော့၊ reaction မှာ ဖြစ်ပေါါလာမယ့်၊ electron အရည်အတွက်ဖြစ်ပါတယ်။ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို၊ ပိုမိုစီးဆင်းစေမယ်ဆိုလျှင်၊ steel ရဲ့ cathodic polarization ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ICCP system ဟာ၊ conductive electrolyte တခုခုအတွင်းမှာပေါါပေါက်လာမယ့်၊ metal ရဲ့ open circuit potential လို့ခေါါတဲ့ unique corrosion potential ကို၊ ပြင်ပမှ electric current ပေးသွင်းကာ၊ fixed value အနေနဲ့ ထိမ်းညှိထားခြင်းဖြစ်ပါတယ်။ potential ကို fixed အနေနဲ့ controlled လုပ်ထားတဲ့အခါ၊ metal မှာ 'anodic dissolution' မပေါါပေါက်နိုင်တော့အတွက်၊ sacrificial anodes တွေလို၊ စားသွားခြင်း မရှိတော့သလို၊ corrosion ကိုလည်းလျှော့ချနိုင်ပါတယ်။  
 

Fig. Basic ICCP system 
 
ICCP system မှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့၊ power supply, AC signal ကို DC signal အဖြစ်ပြောင်းလဲပေးမယ့်၊ transformer - rectifier, anode, reference electrodes နဲ့ dielectric shield တို့ဖြစ်ပါတယ်။ dielectric shield ဟာ anode နဲ့ hull plate တို့ကို၊ short current အနေနဲ့စီးဆင်း မသွားစေရန် တားဆီးပေးပါတယ်။ အသုံးပြုထားတဲ့ vulnerable material ဆိုတဲ့ anodes တွေဟာ၊ corrosion resistance ရှိတဲ့၊ anodes တွေဖြစ်သလို၊ low resistance current flow anodes တွေလည်း ဖြစ်ပါတယ်။ ICCP anodes တွေ အဖြစ်၊ solid platinum anodes, platinum coated titanium anodes နဲ့ platinized niobium anodes တွေကို၊ အသုံးပြုကြပါတယ်။
 
ICCP system ဟာ၊ power supply operating range ပေါါမူတည်ပြီး၊ protective current ပမာဏအများအပြားကို ထုတ်ပေးနိုင်သလို၊ anodes အသစ်တွေနဲ့ လှဲလှယ် အစားထိုးရန်၊ မလိုအပ်တဲ့ protection system လည်းဖြစ်ပါတယ်။ anode အရည်အတွက်အနည်းငယ်သာ အသုံးပြုထားတဲ့ အတွက်၊ သဘော်ရဲ့ hull drag နဲ့ fuel consumption မှာ၊ အပြောင်းအလဲမရှိတော့ပေမယ့်၊ စတင်တတ်ဆင်တဲ့အခါ၊ initial cost မြင့်မားတဲ့ corrosion protection system လည်းဖြစ်ပါတယ်။  

'Propeller shaft earthing system' - cooled region ဆိုတဲ့၊ အအေးပိုင်းဒေသတွေ အပါအဝင် နေရာအနှံ့သွားလာရန်၊ ရည်ရွယ် တည်ဆောက်ထားတဲ့ သဘော်တွေမှာ၊ inboard stern tube bearing cooling system အတွက်၊ sea water အသုံးမပြုပဲ၊ lubricating oil ကိုသာ အသုံးပြုကြပါတယ်။ stern tube bearing lubricating oil ဟာ သဘော်ရဲ့ hull နဲ့ propeller shaft အကြားမှာ၊ electrical insulator အနေနဲ့ တည်ရှိနေပါတယ်။ ဒါ့အပြင် inboard နဲ့ outboard stern tube bearings တွေဟာ၊ non-metallic bearings တွေဖြစ်ခဲ့လျှင် hull နဲ့ propeller shaft ကြားမှာ၊ insulator အနေနဲ့ ရှိနေမှာဖြစ်ပါတယ်။
 
propeller shaft လည်ပတ်မှုကြောင့်ပေါါပေါက်လာတဲ့ static electricity ကြောင့်၊ hull နဲ့ propeller ကြားမှာ၊ electrical potential ဖြစ်ပေါါလာပြီး၊ hull နဲ့ propeller blade, propeller boss နဲ့ propeller shaft/ tail shaft metal တွေကို corrosion ဖြစ်စေနိုင်ပါတယ်။ propeller လည်ပတ်မှုမှ တဆင့်ပေါါပေါက်လာတဲ့၊ cavitation ကြောင့်၊ propeller blade တွေနဲ့ propeller boss တွေပျက်စီးသလို၊ hull နဲ့ propeller ကြားမှ၊ electrical potential ကြောင့်လည်း propeller blades နဲ့ boss မှာ corrosion ဖြစ်ပေါါကာ ပျက်စီးနိုင်ပါတယ်။   
 

Fig. (A) - without shaft earthing system and (B) - correctly sized and fitted shaft earthing system
 
အကြောင်းတခုခုကြောင့် stern tube bearing seal damage ဖြစ်ကာ၊ lubricating oil နဲ့ ပင်လယ်ရေ ရောနှောသွားတဲ့အခါ၊ shaft နဲ့ hull ကြားမှာ၊ မြင့်မားတဲ့ heavy current flow ဖြစ်ပေါါတတ်သလို၊ current flow ကြောင့် bearing မှာ နက်ရှိုင်းတဲ့ deep pitting တွေပေါါပေါက်တတ်ပါတယ်။ main engine နဲ့ intermediate shaft ရဲ့ plumber block bearings တွေ၊ excessive wear ဖြစ်နေခဲ့လျှင်လည်း၊ heavy current flow ပေါါပေါက်ကာ၊ အခန့်မသင့်လျှင် spark erosion ဖြစ်ပေါါတတ်ပါတယ်။
 
hull နဲ့ propeller shaft ကြားမှာ၊ lubricating oil ဟာ၊ insulation အနေနဲ့ ရှိနေတဲ့အခါ၊ 'Sacrificial Anode Protection System' နဲ့ 'Impressed Current Cathodic Protection System' တွေကို တတ်ဆင်ထားပေမယ့်၊ corrosion ဖြစ်ပေါါမှုအား၊ မတားဆီးနိုင်တာတွေ့ရပါတယ်။ propeller shaft လည်ပတ်မှုကြောင့်ပေါါပေါက်လာတဲ့ static electricity ဟာ၊ hull နဲ့ propeller ကြားမှာ၊ electrical potential အနေနဲ့ ရှိနေတဲ့အတွက်၊ current ကို hull သို့စီးဆင်းစေခြင်းဖြင့် corrosion အားလျှော့ချနိုင်ရန်နဲ့ spark erosion ကိုတားဆီးရန်အတွက်၊ 'Propeller shaft earthing device' ကို မရှိမဖြစ်တတ်ဆင်ဖို့ လိုအပ်ပါတယ်။ 

'Marine growth prevention system' - marine growth တွေဖြစ်တဲ့၊ mollusks, barnacles, mussels, algae နဲ့ slime အစရှိတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေဟာ၊ သဘော်ရဲ့ sea water system အတွင်းမှ၊ temperature, nutrients, pH factor အစရှိတဲ့၊ environmental conditions တွေကောင်းမွန်မယ့် နေရာတွေကိုရွေးချယ်ပြီး တွယ်ကပ်ကြပါတယ်။ တွယ်ကပ်ပြီးတာနဲ့ ချက်ခြင်းမျိုးပွား ပေါက်ဖွားလာကြပြီး၊ fouling အနေနဲ့ ဖွဲ့တည်ကာ၊ sea water flow ကို၊ turbulence ဖြစ်ပေါါစေသလို၊ block အနေနဲ့ ပိတ်ဆို့ပြီး၊ coolers တွေရဲ့ heat transfer efficiency ကိုပါ ကျဆင်းစေပါတယ်။ 
 

Fig. Marine growth
 
marine growth တွေကို၊ hard marine growth နဲ့ soft marine growth ဆိုပြီး ခွဲခြားနိုင်ပါတယ်။ mollusks, barnacles, tubeworms, အချို့ algae တွေနဲ့ mussels အစရှိတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေကို၊ hard marine growth အဖြစ် သတ်မှတ်နိုင်ပြီး၊ အချို့ algae တွေနဲ့ anemones, hydroid sponges နဲ့ slime အစရှိတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေကိုတော့ soft marine growth အဖြစ် သတ်မှတ်နိုင်ပါတယ်။ 
 
 
 
Fig. (A) Macro-fouling and (B) - Macro-fouling

hard marine growth တွေကြောင့်ပေါါပေါက်လာတဲ့ fouling ကို၊ 'Macro-fouling' လို့ခေါါပြီး၊ soft marine growth တွေကြောင့်ပေါါပေါက်လာတဲ့ fouling ကိုတော့ 'Micro-fouling' လို့ခေါါပါတယ်။ သဘော်တွေရဲ့ sea water system မှာ macro-fouling နဲ့ micro-fouling (၂) မျိုးလုံးဖြစ်ပေါါတတ်ပါတယ်။  
 
marine growth တွေကြောင့် sea water system မှာ corrosion ဖြစ်ပေါါလာပြီး၊ 'micro-biological corrosion' လို့ခေါါပါတယ်။ sea water system ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ sea chest housing နဲ့ cooler covers တွေမှာတော့၊ sacrificial anodes တွေတတ်ဆင်ကာ၊ electrochemical reactions အနေနဲ့ ပေါါပေါက်လာမယ့် corrosion ကိုလျှော့ချကြပါတယ်။ ဒါ့အပြင် sea water system ရဲ့ pipe lines တွေမှာ ဖြစ်ပေါါလာမယ့် fouling ကိုလျှော့ချရန်၊ vulnerable material ကို anode အဖြစ်၊ တတ်ဆင်ကာ၊ current ပေးသွင်းတဲ့ စနစ်ကို၊ အသုံးပြုလာကြပြီး၊ MGPS သို့မဟုတ် 'marine growth prevention system' လို့ခေါါပါတယ်။ MGPS ကို Electrolytic action MGPS နဲ့ Sodium Hypochloride action MGPS အဖြစ်၊ ခွဲခြားအသုံးပြုကြပါတယ်။
 
'Electrolytic action MGPS' - copper နဲ့ aluminum တို့ကို anodes အဖြစ်၊ တတ်ဆင်အသုံးပြုလေ့ရှိသလို၊ soft iron သို့မဟုတ် 'သံ' ပါတဲ့ ferrous anodes တွေကိုလည်း၊ အသုံးပြုလေ့ရှိပါတယ်။ anodes တွေကို၊ sea chest နဲ့ strainer housing အဝင်ဖက်မှာ တတ်ဆင်ကာ၊ ပြင်ပမှ DC current ကို၊ anodes များအတွင်းသို့ ပေးသွင်းပါတယ်။ anodes တွေကို၊ current ပေးသွင်းလိုက်တဲ့အခါ၊ ions နဲ့ 'floc' ဆိုတဲ့ 'flocculent mass'  တွေထွက်ပေါါလာပြီး၊ sea water နဲ့အတူ piping system တလျှောက်လုံးသို့ ရောက်ရှိသွားကာ၊ အဏ္ဏဝါဇီဝသက်ရှိတွေ မနေနိုင်တဲ့၊ environmental conditions အခြေအနေမျိုးကို၊ ဖြစ်ပေါါစေပါတယ်။ 

 
 
Fig. Electrolytic action MGPS 
 
copper မှထုတ်ပေးတဲ့ ions တွေဟာ၊ ပမာဏအားဖြင့် အလွန့်လွန် နည်းပါးပါတယ်။ electrolytic action ကြောင့် ပေါါပေါက်လာတဲ့ aluminum hydroxide floc တွေ ကလည်း၊ piping system အတွင်းမှာ protective film အနေနဲ့ အလွှာပါးလေး တခုအဖြစ် ဖွဲ့တည်ပြီး၊ corrosion ဖြစ်ပေါါမှုအား၊ တားဆီးပေးပါတယ်။ တနည်းအားဖြင့် အချို့သော  အဏ္ဏဝါဇီဝသက်ရှိ marine growth တွေဟာ၊ အလင်းရောင်နဲ့ oxygen လုံးဝ မရရှိတဲ့ နေရာတွေ မှာလည်း၊ နေထိုင် အသက်ရှင်နိုင်ပေမယ့် 'floc' ဆိုတဲ့ 'flocculent mass' မှ၊ ပေါါပေါက်လာတဲ့ emulsion တွေနဲ့ ထိခိုက်မိခြင်းကြောင့်၊ အသက်ရှင်နေထိုင်နိုင်မှု life span သက်တမ်း၊ တိုတောင်းသွားခြင်းဖြစ်ပါတယ်။
 
'Sodium Hypochloride action MGPS' - Electrolytic action MGPS သို့မဟုတ် vulnerable material ကို၊ anode အဖြစ်တတ်ဆင်ပြီး current ပေးသွင်းတဲ့စနစ်ဟာ၊ Macro-fouling ကိုသာလျှော့ချနိုင်ပါတယ်။ macro-fouling နဲ့ micro-fouling (၂) မျိုးလုံး ကို၊ လျှော့ချရန်၊ 'sodium hypochlorite' ဆိုတဲ့ NaOCl ကို၊ သဘော်ရဲ့ sea water system အတွင်းသို့၊ anti-fouling agent အဖြစ်ပေးသွင်းတဲ့ Sodium Hypochloride action MGPS ကို၊ အသုံးပြုလာကြပါတယ်။ 
ပင်လယ်ရေမှာပါဝင်နေတဲ့ ဆားဓါတ်လို့ခေါါတဲ့ sodium chloride (NaCl) ဟာ၊ generating chamber ထဲမှ၊ anode နဲ့ cathode ဆိုတဲ့၊ electrodes (၂) ခုနဲ့ ထိတွေ့ရာမှ၊ electrolysis action ပေါါပေါက်လာပြီး၊ anti-fouling process ကိုဖြစ်ပေါါစေပါတယ်။ chamber ဟာ၊ cathode ဖြစ်ပြီး၊ anode အနေနဲ့ vulnerable material တခုခုအား၊ အသုံးပြုလေ့ရှိပါတယ်။
 

Fig. Sodium Hypochloride action MGPS
 
generating chamber ထဲမှာ၊ anode မရှိတဲ့အခါ၊ chemical and electrochemical reactions အနေနဲ့ chlorine မှာ၊ '2 Cl ⇔ Cl₂ + 2e-' ဆိုပြီး ဖြစ်ပေါါပါတယ်။ cathode မှာတော့၊ ပင်လယ်ရေမှ OH-ions တွေဟာ၊ '2 H2O + 2e- ⇔ 2 OH- + H3' ဆိုပြီးဖြစ်ပေါါပါတယ်။ generating chamber ထဲမှာ၊ anode ရှိတဲ့အခါ၊ OH- ions နဲ့ Na+ ions တို့ဟာ၊ Cl2 ဆိုတဲ့ Chlorine နဲ့ပေါင်းစပ်ပြီး၊ '2 NaOH + Cl₂ ⇔ NaOCl + NaCl + H2O' ဆိုတဲ့၊ equation အရ၊ sodium hypochlorite ကိုထုတ်ပေးပါတယ်။ အကယ်၍ sea water မှာ၊ calcium နဲ့ magnesium တွေပါလာခဲ့ရင်၊ secondary reaction အနေနဲ့ generating chamber ထဲမှာ sodium hydrates နဲ့ sodium carbonates တွေဖြစ်ပေါါလာပါတယ်။   

generating chamber ထဲမှ၊ sodium hypochlorite solution တွေကို၊ sea chests မှာရှိတဲ့၊ chlorine injection points တွေအထိ ရောက်အောင်၊ ပေးပို့လိုက်တဲ့အခါ၊ sea chest မှ ဝင်လာမယ့် ပင်လယ်ရေနဲ့  အတူ၊ sea water system အတွင်းသို့ ရောက်ရှိသွားပါတယ်။ chlorine-active sea water system ဖြင့် ထိတွေတဲ့အခါ mussels ကဲ့သို့၊ အခွံပါတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေကတော့၊ အခွံကိုပိတ်ကာ ကာကွယ်နိုင်ပေမယ့်၊ sea water system ဟာ၊ chlorine-active ဖြစ်နေတဲ့အခါ၊ ရည်ရှည်မှာ တွယ်ကပ်နိုင်ခြင်းမရှိတော့သလို၊ chlorine ဟာ၊ toxicant လို့ခေါါတဲ့ အဆိပ်အတောက်တမျိုးဖြစ်တဲ့အတွက်၊ sea water system အတွင်း၊ 0.2 ~ 0.5 ppm ပမာဏခန့် continuous chlorination အနေနဲ့ရှိနေခဲ့ရင်၊ marine growth တွေဟာ fouling အနေနဲ့ တွယ်ကပ်မနေနိုင်တော့တာ တွေ့ရပါတယ်။
 
 
Reference and image credit to :  D. Jones, Principles and Prevention of Corrosion, Prentice Hall, New Jersey (1996), http://www.esru.strath.ac.uk/, http://blog.marport.com/, http://www.alvimcleantech.com/, http://itars.com.br/conteudo/biofouling.htm, http://www.nstcenter.com/, http://www.iccp-mgps.com/, http://www.farwestcorrosion.com, http://www.incorr.com.sg/, http://naval-architect-jobs.blogspot.com/, http://www.seafresh.co.uk/, http://www.nstcenter.com/, http://www.incorr.com.sg, http://www.iccp-mgps.com, http://www.amteccorrosion.co.uk/, http://www.mechanical-writings.com/, http://www.electrochemlab.com/, http://alliedreliabilityblog.com/, http://www.asminternational.org/, http://www.stoprust.com/, http://masteel.co.uk/, http://www.cathelco.com/
 
Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Saturday, June 1, 2013

"Oil Fired Drum Type Water Tube Boiler နဲ့ Burner Operation Sequence"

သဘော်တွေမှာ တတ်ဆင်အသုံးပြုတဲ့ oil fired drum type water tube boiler တွေရဲ့ burner operation sequence ကို၊ pre - purging period, ignition period, operating period နဲ့ post - purging period ဆိုပြီး၊ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

 

Fig. Boiler fuel oil supply system

boiler ရဲ့ fuel oil system မှာ၊ fuel oil pump, fuel oil heater,  fuel oil duplex filters နဲ့ fuel oil burner တို့ပါဝင်ပါတယ်။ သဘော် boiler တွေမှာ အသုံးပြုတဲ့ fuel oil ကတော့ 'residual low-grade fuel oil' တွေဖြစ်ပါတယ်။ fuel oil pump ဟာ၊ boiler fuel oil service tank အတွင်းမှ၊ fuel တွေကို၊ burner သို့ ပို့ပေးတဲ့ gear pump ဖြစ်ပြီး၊ individual အနေနဲ့ သီးသန့်တတ်ဆင်ထားပါတယ်။ 

 

Fig. Force draft fan with attached fuel  pump

residual low-grade fuel oil ကို၊ အသုံးမပြုပဲ MGO လို့ခေါါတဲ့ marine gas oil ကိုသာ၊ အသုံးပြုတဲ့ boiler တွေမှာတော့၊ forced draft fan ရဲ့ shaft ဝင်ရိုးမှာ direct coupling အနေနဲ့၊ ချိတ်ဆက်ကာ၊ fan နဲ့ အတူလိုက်ပါ လည်ပတ်နေမယ့် fuel pump ကို၊ အသုံးပြုပါတယ်။ boiler စတင်မောင်းနှင်တဲ့ pre-purging period မှာ burner သို့ fuel oil မရောက်ရှိစေရန်၊ fuel oil return line မှာတတ်ဆင်ထားတဲ့၊ normally closed solenoid valve ကိုပွင့်စေပြီး၊ service tank သို့ပြန်လည်ပေးပို့ ပါတယ်။ 

residual low-grade fuel oil ကို၊ အသုံးပြုတဲ့ boiler တွေမှာ၊ fuel oil heater ကို တတ်ဆင်ထားပါတယ်။ fuel oil heater ဟာ၊ fuel oil service tank မှာ၊ အပူပေးပြီးသားဖြစ်တဲ့ fuel oil ဟာ၊ viscous အနေနဲ့ စေးပျစ်နေဆဲ ဖြစ်ခဲ့လျှင်၊ စေးပျစ်မှု ကျဆင်းစေရန်၊ တနည်းအားဖြင့် temperature တက်လာစေရန် ထပ်မံအပူပေးတဲ့၊ electric heater ဖြစ်ပါတယ်။ fuel oil duplex filters ကတော့၊ duplex fine mesh filters တွေဖြစ်ပြီး၊ အပူပေးထားတဲ့ fuel oil ရဲ့ temperature ကို ခံနိုင်ရည်ရှိပါတယ်။ fuel Oil burner ဟာ boiler ကို မီးထိုးပေးတဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ pressure jet burner, rotary cap burner, steam blast jet burner, gas burner နဲ့ dual fuel burner ဆိုပြီး၊ တွေ့ရပါတယ်။

Pressure jet burner - fuel oil pressure ကို (7 ~ 15) Bar ပမာဏခန့် အသုံးပြုထားပြီး၊ pressurized tube ရဲ့အဆုံးမှာ orifice တတ်ဆင်ထားကာ၊ "ဆီ" တွေကို၊ ပန်းထုတ်ပေးပါတယ်။ orifice တတ်ဆင်ထားခြင်းကြောင့် furnace မှာ "ဆီ" pressure လျှော့နည်း ကျဆင်းသွားပြီး၊ atomization ဖြစ်ပေါါလာပါတယ်။ 'P' ဆိုတဲ့ pressure နဲ့ 'F' ဆိုတဲ့ flow rate တို့ရဲ့ " √P ∝ F " ဆိုတဲ့ ဆက်သွယ်ချက်အရ၊ fuel oil ရဲ့ flow rate ကို (50 %) ခန့် လျှော့ချလိုက်တဲ့အခါ၊ atomization ကိုလည်း (၂၅ %) ခန့် လျှော့ကျသွားစေနိုင်ပါတယ်။
 
Fig.  Pressure jet burner
pressure jet burner နဲ့ nozzle အသုံးပြုထားတဲ့ အခြား burner တွေကို၊ နှိုင်းယှဉ်ကြည့်တဲ့အခါ၊ turn-down ratio အနေနဲ့  (2 : 1) ခန့် ကွာခြားတာ တွေ့ရပါတယ်။ pressure jet burner တွေဟာ ပြုပြင်ထိမ်းသိမ်းမှု လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းနဲ့ ဈေးသက်သာခြင်းစတဲ့၊ အားသာချက်တွေရှိသလို၊ "ဆီ" မသန့်ခဲ့လျှင် "ဆီ" မှာ ရောပါဝင်လာတတ်တဲ့ debris ဆိုတဲ့ အစအနလေးတွေကြောင့်၊ အလွယ်တကူ ပိတ်ဆို့သွားတတ်တဲ့ အားနည်းချက်လည်း ရှိတဲ့အတွက်၊ ဆီစစ်ဇကာအစိတ် fine mesh strainer တွေတတ်ဆင်ပြီး သုံးသင့်ပါတယ်။   

Rotary cap burner - central tube မှတဆင့် ဝင်ရောက်လာတဲ့ "ဆီ" ဟာ၊ လည်ပတ်နေတဲ့ rotating cone အတွင်းသို့ ဝင်ရောက်သွားကာ၊ centrifugal force ရဲ့သက်ရောက်မှုကြောင့်၊ cone နံရံတွေကို ရိုက်ခတ်ပြီး၊ မူလ oil film တွေထက်၊ ပိုမိုသေးငယ် ပါးလွှာတဲ့ oil film တွေအဖြစ် ပြိုကွဲသွားကြပါတယ်။ 
 
Fig.  Rotary cap burner 
  
ပြိုကွဲထွက်သွားတဲ့ oil film တွေဟာ၊ fine spray အနေနဲ့  atomization pressure ဖြစ်ပေါါစေပါတယ်။ atomization မှာ turn-down ratio အနေနဲ့ ပိုမို ကောင်းမွန်လာပြီး၊ အသုံးပြုတဲ့ "ဆီ" ကြောင့်  block အနေနဲ့ ပိတ်ဆို့မှု မဖြစ်ပေါါနိုင်ခြင်းဆိုတဲ့ အားသာချက်ရှိသလို၊ ပြုပြင်ထိမ်းသိမ်းမှုကို အလွယ်တကူ မဆောင်ရွက်နိုင်ခြင်းနဲ့ ဈေးနှုံးကြီးမြင့်ခြင်းစတဲ့ အားနည်းချက်တွေလည်းရှိပါတယ်။

Gas burner - fuel အစား gas နဲ့ လေ ကိုရောနှောလွှတ်ကာ၊ လောင်ကျွမ်းစေတဲ့ gas burner တွေကို၊ low pressure gas burner နဲ့ high pressure gas burner ဆိုပြီး၊ တွေ့ရပါတယ်။
 
Fig. Low pressure gas burner
low pressure gas burner မှာ gas pressure အနေနဲ့ (2.5 ~10 mBar) ခန့်ကို၊ အသုံးပြုထားပြီး၊ boiler ရဲ့ output ဟာအများဆုံး၊ 1 MW လောက်သာရှိပါတယ်။ low pressure gas burner တွေမှာ၊ needle valve တတ်ဆင်ထားတဲ့ venturi device ကို အသုံးပြုထားပါတယ်။ high pressure gas burner တွေမှာ gas pressure အနေနဲ့ (12 ~ 175 mBar) ခန့်ကို၊ အသုံးပြုထားပြီး၊ nozzles တွေကို၊ တတ်ဆင် အသုံးပြုထားပါတယ်။
Dual fuel burner - boiler ကို စတင်မောင်းတဲ့အခါ၊ FD fan အရင်ဆုံး လည်ပတ်ပါတယ်။ တနည်းအားဖြင့် 'pre - purging period' ရဲ့ အစလည်း ဖြစ်ပါတယ်။ ယခင် boiler မီးထိုးစဉ်ကာလမှ flue gas တွေ ကြွင်းကျန်နေခဲ့ပါက၊ ignition period မှာ ဖြစ်ပေါါလာမယ့် flame နဲ့ ထိတွေ့ပြီး၊ back fire ဆိုတဲ့ explosion ဖြစ်နိုင်တဲ့အတွက်၊ flue gas တွေကို၊ ကုန်စင်သွားစေရန် FD Fan ကို အသုံးပြုပြီး ဖယ်ရှားခြင်းဖြစ်ပါတယ်။  

 
Fig. Dual fuel single package burner  

Pre - purging period - ရဲ့အဓိကရည်ရွယ်ချက်ဟာ၊ flue gas တွေကို ဖယ်ရှားခြင်း ဖြစ်တဲ့အတွက်၊ FD fan စတင်လည်ပတ်တာနဲ့ furnace အတွင်းသို့၊ ပြင်ပလေ ဝင်ရောက်လာနိုင်စေရန် burner damper flap အား၊ fully open အနေအထားဖြင့် ဖွင့်ပေးထားပါတယ်။ အချို့ boiler တွေမှာ damper solenoid မှတဆင့်၊  damper flap  အဖွင့်အပိတ်ကို ဆောင်ရွက်ပေးပြီး၊ အချို့ boiler တွေမှာတော့ stepper motor မှတဆင့်၊  damper flap အဖွင့်အပိတ်ကို ဆောင်ရွက်ပေးပါတယ်။

Ignition period - pre - purging period ပြီးဆုံးသွားတဲ့အခါ၊ ignition transformer မှ၊ supply voltage ပေးသွင်းလိုက်တဲ့အတွက်၊ electrode (၂) ခုဟာ ignited အနေနဲ့ မီး စ "ခပ်" ပါတယ်။ တနည်းအားဖြင့် 'ignition period' အစလည်း ဖြစ်ပြီး၊ burner damper flap ဟာ fully closed အနေအထားဖြင့် ပိတ်သွားပါတယ်။ တပြိုင်နက်ထဲမှာ MDO ဆိုတဲ့ marine diesel oil သို့မဟုတ် MGO ဆိုတဲ့ marine gas oil solenoid valve တနည်းအားဖြင့် pilot burner solenoid valve အား၊ ပွင့်စေပြီး၊ pilot burner nozzle မှ၊ ဆီတွေကို atomizing pressure ဖြင့် ပန်းထုတ်ပေးလိုက်ပါတယ်။ pilot burner fuel oil အဖွင့်၊ အပိတ်ကို 3 way solenoid valve တလုံးတည်းဖြင့် ဆောင်ရွက်သလို၊ 'NO' ဆိုတဲ့ normally opened solenoid valve တလုံးနဲ့ 'NC' ဆိုတဲ့ normally closed solenoid တလုံးတို့ကို၊ တတ်ဆင်ပြီး၊ ဆောင်ရွက်တဲ့ burner တွေကိုလည်း၊ တွေ့ရတတ်ပါတယ်။
electrodes (၂) ခုမှ ignition 'မီးစ' နဲ့ pilot burner nozzle မှ၊ atomizing pressure ဖြင့် ပန်းထွက်လာတဲ့ 'ဆီ' တို့၊ တွေ့တဲ့အခါ firing ဖြစ်ပေါါလာပြီး၊ 'မီးလောင်' ပါတော့တယ်။ pilot burner မှာ flame အနေနဲ့ 'မီးစွဲ' တာကို၊ low flame လို့ခေါါပါတယ်။ burner မှာ မီးစလောင်တာနဲ့ electrodes (၂) ခုမှ ignition ဟာ ရပ်တန့်သွားပါတယ်။ burner မှာ၊ low flame အနေနဲ့ မီးစလောင်ခြင်း ရှိမရှိကို flame eye လို့ခေါါတဲ့ photo cell တနည်းအားဖြင့် flame detector မှ စောင့်ကြည့်နေပါတယ်။ burner မှာ မီးစွဲပြီဆိုတာသေခြာမှ၊ flame eye ဟာ burner control unit သို့၊ signal ပေးပို့ပြီး၊ main burner solenoid valve အားပွင့်စေပါတယ်။ main burner အတွက် HFO ဆိုတဲ့ heavy fuel oil ကိုလောင်စာအဖြစ်၊ အသုံးပြုပါတယ်။
main burner 'မီးစွဲ' တာနဲ့ pilot burner fuel oil solenoid valve လည်း၊ ပိတ်သွားပြီး၊ burner fuel oil return line solenoid valve ပြန်ပွင့်သွားပါတယ်။ main burner မီးစွဲတာကို၊ high flame လို့ခေါါပါတယ်။ burner မှာ၊  high flame အနေနဲ့ မီးလာင်ခြင်း ရှိမရှိကို flame detector မှ၊ စောင့်ကြည့်နေပါတယ်။ အကြောင်းတစုံတရာကြောင့် မီးမလောင်နိုင်တော့တဲ့အခါ၊ flame detector မှ တစ်ဆင့်၊ flame failure alarm ကို၊ activated ဖြစ်ပြီး၊ ignition period ရဲ့ operation တခုလုံးကို အလိုအလျှောက် ရပ်တန့်စေပါတယ်။

 
Fig. Boiler safety cut - off 
ignition period ရဲ့ operation ကို၊ ရပ်တန့်ခြင်းဟာ၊ burner သို့ပေးပို့နေတဲ့ fuel supply အား၊ ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ အကယ်၍ burner မှာ၊ 'မီးမစွဲ' ပဲ၊ burner nozzle မှ 'ဆီ' တွေကို atomizing pressure ဖြင့်၊ ဆက်လက် ပန်းထုတ်ပေးနေခဲ့လျှင် boiler furnace အတွင်း၊ လောင်စာဆီ အများအပြားရောက်ရှိနေမှာဖြစ်သလို၊ ရုတ်တရက် ignition နဲ့ ပေါင်းစပ် လိုက်တဲ့အခါ၊ miss - fire သို့မဟုတ် back fire ဆိုတဲ့  ပြင်းထန်တဲ့  explosion ပေါါပေါက် လာနိုင်ပါတယ်။ ignition period ရဲ့ operation ရပ်တန့် သွားတာနဲ့ damper flap အလိုအလျှောက် ပြန်ပွင့်သွားပြီး၊ FD fan ဟာ furnace အတွင်း၊ အကုန်အစင်လောင်ကျွမ်းခြင်းမရှိပဲ၊ ကြွင်းကျန်ရှိနေတဲ့ flue gas  တွေကို၊ ဖယ်ရှားပြစ်ပါတယ်။  
Operation period - main burner မှာ 'မီးစွဲ' လောင်ကျွမ်းမှု ဖြစ်ပေါါခြင်း သေခြာ သွားတဲ့အခါ၊ burner damper flap ဟာ partial opened အနေအထားဖြင့် ပြန်ပွင့်လာပါတယ်။ တနည်းအားဖြင့် 'operation period' ရဲ့ အစလည်းဖြစ်ပါတယ်။ burner ဟာ လိုအပ်တဲ့ desired steam pressure ရရှိလာတဲ့အထိ၊ မီးထိုးပေးနေမှာ ဖြစ်ပြီး၊ setting pressure သို့ရောက်ရှိသွားတဲ့အခါ၊ fuel supply အား၊ ဖြတ်တောက်လိုက်ခြင်းဖြင့် operation period ကို အဆုံးသတ်ပါတယ်။ flame detector ဟာ၊ ignition period မှာဖြစ်ပေါါလာတဲ့ low flame နဲ့ high flame တို့ကို၊ detect လုပ်ရုံတင်မက၊ operation period တလျှောက်လုံးမှာလည်း flame ကို detect လုပ်ကာ၊ စောင့်ကြည့်နေပါတယ်။

Post - purging period - fuel supply ဖြတ်တောက်လိုက်ခြင်းဟာ၊ 'post purging period' အစလည်းဖြစ်ပါတယ်။ FD fan ဟာ ဆက်လည်နေမှာဖြစ်သလို၊ burner damper flap ကို fully opened အနေအထားဖြင့် ပြန်ဖွင့်ပြီး၊ furnace အတွင်းမှ၊ flue gas  တွေကို၊ ဖယ်ရှားပြစ်ပါတယ်။ 
Combustion Control (Two-term Controllers - Air Sub-loop & Fuel Sub-loop Method) - 'ရေ' ကိုအပူပေးပြီး steam ထုတ်ယူတဲ့အခါ၊ fuel အား၊ လောင်ကျွမ်းစေတဲ့ အတွက်၊ boiler ရဲ့ မီးလောင်ခန်း furnace အတွင်းမှာ temperature နဲ့ pressure ပေါါပေါက်လာပါတယ်။ fuel ကိုလောင်ကျွမ်းစေတဲ့အခါ၊ air ဆိုတဲ့ 'လေ နဲ့ fuel ဆိုတဲ့ 'လောင်စာ' တို့၊ အချိုးညီစွာပေါင်းစပ်လောင်ကျွမ်းရန် လိုအပ်ပါတယ်။ တနည်းအားဖြင့် complete combustion ဖြစ်ပေါါစေရန် combustion control ကို၊ စနစ်တကျ ချိန်ညှိပေးရန်လိုအပ်ပါတယ်။ combustion control ချိန်ညှိခြင်းဟာ၊ damper နဲ့ fuel ကို ချိန်ညှိပေးခြင်းလည်းဖြစ်ပါတယ်။ 

 
Fig. Combustion control system

combustion control ကို၊ ဆောင်ရွက်ရာမှာ၊ steam flow နဲ့ steam pressure တို့ကို၊ control element အနေနဲ့ အသုံးပြုလေ့ရှိပါတယ်။ combustion control system မှာ steam pressure signal ကို၊ two-term controller သို့ပေးပို့ပြီး၊ desired value ဖြင့်နှိုင်းယှဉ်ပါတယ်။ ရရှိလာတဲ့ deviation results ပေါါမူတည်ပြီး၊ summing relay ကို၊ activated ဖြစ်စေပါတယ်။ steam flow signal ကိုလည်း၊ summing relay မှ လက်ခံရယူပါတယ်။
'summing relay' ဟာ ရရှိလာတဲ့ steam pressure signal နဲ့ steam flow signal တို့အပါါ မူတည်ပြီး၊ out put signal ထုတ်ပေးပါတယ်။ out put signal ဟာ variable desired value signal ဖြစ်ပါတယ်။ fuel control and combustion air control loops ရဲ့ two-term controllers ကို activated ဖြစ်စေပြီး၊ လိုအပ်မယ့် burner fuel input requirements ကို adjusted အနေနဲ့ ချိန်ညှိပေးပါတယ်။

high သို့မဟုတ် low signal selector ဟာ၊ boiler ရဲ့ load အပေါါမှာ မူတည်ပြီး၊ combustion air flow ကို၊ fuel requirements ထက်၊ အမြဲပိုများ နေစေရန် ဆောင်ရွက်ပေးပါတယ်။ combustion air flow ဟာ၊ fuel requirements ထက် နည်းနေခဲ့လျှင် boiler exhaust gas မှာ၊ black smokey အနေနဲ့ မီးခိုးမဲတွေ အမြောက်အများ ထွက်ပေါါနေမှာဖြစ်ပါတယ်။ boiler ရဲ့ load အပေါါမှာ မူတည်ပြီး၊ steam flow အားမြှင့်တင်ရန်၊ master signal ကို variable desired signal အနေနဲ့ high signal selector သို့ပေးသွင်းပြီး၊ air sub - loop မှ တဆင့်၊ combustion air flow ကိုပါ increase အနေနဲ့ မြှင့်တင်ပေးသလို၊ fuel requirements ကိုလည်း၊ fuel sub - loop မှတဆင့်၊ မြှင့်တင်ပေးပါတယ်။ air flow ကို increase အနေနဲ့ အရင်ဆုံးမြှင့်တင်ပေးရာမှာ air flow signal line မှာရှိတဲ့၊ ratio relay မှ တဆင့် ဆောင်ရွက်ပါတယ်။
Boiler Efficiency - တွက်ယူတဲ့အခါ၊ အသုံးပြုတဲ့ fuel အပေါါမူတည်ပြီး နည်းလမ်း အမျိုးမျိုးရှိတဲ့အနက်၊ 'ASME method for Boiler Efficiency Calculation PTC 4' ဆိုတဲ့ Code ကို၊ အသုံးပြုကာ၊ အနည်းငယ်ဖော်ပြပါဦးမယ်။

oil fire boiler ရဲ့ efficiency ကို၊ 'ASME method for Boiler Efficiency Calculation PTC 4' ဆိုတဲ့ Code အရ၊ အထက်မှာ ဖော်ပြထားတဲ့ ပုံသေနည်းဖြင့် တွက်ယူနိုင်ပါတယ်။ 'heat exported by the fluid' ဟာ boiler ရဲ့ 'output' ဖြစ်ပြီး၊ 'heat provided by the fuel' ကတော့ boiler ရဲ့ 'input' ဖြစ်ပါတယ်။ 'ရေ' ကို အပူထုတ်ပေးရာ 'heat export media' အနေနဲ့ အသုံးပြုပြီး၊ 'Steam Tables' မှာ ပါဝင်တဲ့၊ feed water temperature, exported steam pressure နဲ့ steam flow rate တို့ကို ကိုးကားရန်လိုအပ်ပါတယ်။
q = ( m / t ) cp dT  
heat exported ကို၊ 'output' အဖြစ်၊ ယူဆတဲ့အခါ၊ q = heat exported (kJ/ s, kW), m / t = mass flow (kg/ s), m = mass (kg), t = time (s), cp = specific heat capacity (kJ/ kg oC), dT = temperature difference between inlet and outlet of the boiler ( oC) ဆိုပြီး အထက်ပါ၊ ပုံသေနည်းဖြင့် တွက်ယူနိုင်ပါတယ်။ 
q = ( m / t ) he
'ရေ' ကို အပူပေးစဉ်၊ အငွေ့ပြန်တဲ့အတွက်၊ heat saturation temperature မှာရှိမယ့် heat export 'q' ကို၊ အထက်ပါ ပုံသေနည်းဖြင့် တွက်ယူနိုင်ပြီး၊ m = mass flow of evaporated water (kg), t = time (s),  he =  evaporation energy in the steam at the saturation pressure the boiler is running (kJ/ kg)  အဖြစ်၊ သတ်မှတ်နိုင်ပါတယ်။

'heat provided by fuel' ဆိုတဲ့ boiler 'input' အတွက်ပေးသွင်းတဲ့ fuel ကို၊ 'Gross' သို့မဟုတ် 'Net Calorific Value' အနေနဲ့ဖော်ပြပါတယ်။ oil fired boiler တွေမှာ၊ လောင်စာအဖြစ် အသုံးပြုထားတဲ့ Gross Calorific Values of some common Fuels  အချို့ရဲ့ 'Gross Calorific Value' မှာ၊ burner အတွင်း flue gases တွေအနေနဲ့ ဖြစ်ပေါါလာမှုကို၊ ထည့်သွင်းစဉ်းစားခြင်း မရှိတဲ့အတွက်၊ 'input' ကို fuel ရဲ့ 'Gross Calorific Value'  တန်ဘိုးဖြင့် တွက်ယူတဲ့အခါ၊ boiler မှာ ရရှိလာမယ့် 'actual heat amount' ပမာဏ လျှော့နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 
 
Fig. Gross Calorific Value for 'Fuel'  

 Fig. Gross Calorific Value for 'Gas' 
boiler ရဲ့ efficiency ဟာ၊ furnace အတွင်းပေးသွင်းတဲ့ supply air flow အပေါါမှာလည်း၊ မူတည်ပါတယ်။ supply air flow ပမာဏ 'များ' တဲ့အခါ၊ useful heat ကို ဖယ်ထုတ်မှာဖြစ်ပြီး၊ ပမာဏ 'နည်း' တဲ့အခါမှာတော့၊ incomplete combustion မှတဆင့် မီးမလောင်သေးတဲ့ unburned fuel တွေနဲ့ smoke တွေ ပေါါပေါက်လာမှာ ဖြစ်ပါတယ်။ 

 
'Net calorific value' မှာတော့၊ combustion process အတွင်းဖြစ်ပေါါလာတဲ့ water vapor discharged တွေပါဝင်ပါတယ်။ 'combustion process' ကို၊ အထက်ပါ ပုံသေနည်းဖြင့် ဖော်ပြပြီး၊ C = carbon, H = hydrogen, O = oxygen, N = nitrogen အဖြစ်၊ သတ်မှတ်နိုင်ပါတယ်။  

Net Calorific Value = (Gross Calorific Value) - 10 %
'Net Calorific Value' နဲ့  'Gross Calorific Value' တို့ရဲ့၊ အနီးစပ်ဆုံး ဆက်သွယ်ချက်ကို၊ အထက်မှာ ဖော်ပြထားပါတယ်။ oil fire boiler တွေမှာ၊ အသုံးပြုတဲ့ fuel တွေရဲ့ BTU Content ပမာဏတွေကတော့ No. 1 Oil = 13, 7400 BTU per Gallon, No. 2 Oil = 13, 9600 BTU per Gallon, No. 3 Oil = 14, 1800 BTU per Gallon, No. 4 Oil = 14, 5100 BTU per Gallon, No. 5 Oil = 14, 8800 BTU per Gallon, No. 6 Oil = 15, 2400 BTU per Gallon, Natural Gas = 9, 50 - 1, 050 BTU per cu. ft, Propane = 2, 550 BTU per cu. ft  နဲ့ Butane = 3, 200 BTU per cu. ft တို့ဖြစ်ပါတယ်။  
boiler တလုံးမှာ အကောင်းဆုံး efficiency ရရှိရန်၊ တနည်းအားဖြင့် 'perfect combustion' ဆိုတဲ့၊ 'stoichiometric combustion' ရရှိနိုင်ရန်၊ လက်တွေ့မှာ ခက်ခဲတာကိုတွေ့ရပါတယ်။ fuel ဟာ combustion ဖြစ်တဲ့အခါ၊ carbon, hydrogen နဲ့ oxygen molecules တွေ ပေါါပေါက်လာပြီး၊ အချို့ oxygen molecules တွေဟာ၊ nitrogen molecules တွေနဲ့ပေါင်းစပ်ကာ၊  nitrogen oxides ကိုဖြစ်ပေါါစေပါတယ်။  furnace အတွင်းသို့၊  'excess air' ကို၊ လုံလောက်စွာပေးသွင်းပြီး၊ complete combustion ဖြစ်ပေါါစေမှသာ၊ အကောင်းဆုံး 'efficiency' ကိုရနိုင်မှာဖြစ်ပါတယ်။ 

'closed loop system' အသုံးပြုထားတဲ့ boiler တွေမှာ oxygen sensor တနည်းအားဖြင့် oxygen analyzer တွေကို တတ်ဆင်ပြီး၊ combustion air damper ကို steeper motor ဖြင့် control အနေနဲ့ ထိမ်းညှိပေးပါတယ်။  'opened loop system' ကို အသုံးပြုထားတဲ့ boiler တွေမှာတော့၊ cams တွေနဲ့ levers တွေကို တတ်ဆင်ပြီး၊ combustion air damper အား၊ control အနေနဲ့ ထိမ်းညှိပေးပါတယ်။ air/ fuel mixture ratio ကို ထိန်းညှိတဲ့ burner တွေမှာ၊ အကောင်းဆုံး efficiency ရရှိစေရန်၊ တတ်ဆင်ထားတဲ့အစိတ်အပိုင်းတွေကို၊ ပုံမှန် calibrated လုပ်ပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံပေါင်း (၁၆၀) သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ 'Kyoto Agreement of 1997' လို့ခေါါတဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် ဟာလည်း၊ residual low - grade fuel oil တွေကို အသုံးပြုထားတဲ့၊ boiler တွေနဲ့ လာရောက် သက်ဆိုင်နေတာ တွေ့ရပါတယ်။ 'Climate Change Programme' အရ ရေးဆွဲခဲ့တဲ့၊ 'Kyoto Agreement of 1997' ကိုလေ့လာကြည့်လျှင်၊ atmosphere အတွင်းသို့ harmful gases တွေ ထုတ်လွှင့်မှုကို၊  (80 %) အထိ လျှော့ချရန် ရည်ရွယ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ နှစ်ကာလအပိုင်းအခြား အလိုက် non - polluting energy sources တွေကို အစားထိုးအသုံးပြုရန် သတ်မှတ်ထားပါတယ်။ 
မူလကတည်းက low - grade fuel oil တနည်းအားဖြင့် high sulpher content HFO ဆိုတဲ့ 'မီးထိုးဆီအပျစ်' တွေကို၊ စီးပွားရေးအရ တွက်ခြေကိုက်ရန် လောင်စာအဖြစ် သုံးစွဲထားတဲ့ marine used boiler တွေမှာ၊ efficiency ကောင်းစေရန်နဲ့၊ ထုတ်ပြန်သတ်မှတ်ထားတဲ့ နည်းဥပဒေတွေ နဲ့ ကိုက်ညီစေရန်၊ ပြုပြင်ပြောင်းလဲမှုတွေ  ဆောင်ရွက်ရန်၊ လိုအပ်လာပါတယ်။ 
'လေထုညစ်ညမ်းမှု' ဆိုတဲ့ 'air pollution' ဖြစ်ပေါါစေတဲ့ mono-nitrogen oxide တနည်းအားဖြင့် nitric oxide (NO) နဲ့ nitrogen dioxide (NO2) အစရှိတဲ့ NOx တွေနဲ့ပက်သက်ပြီး၊ လျှော့ချနိုင်ရန်၊ 'Emission standards' တွေကို၊ သတ်မှတ် ပြဌာန်းထားပါတယ်။ nitrogen oxides (NOx), sulfur oxides, particulate matter (PM) လို့ခေါါတဲ့ soot နဲ့ carbon monoxide (CO) သို့မဟုတ် volatile hydrocarbons တွေကြောင့် air pollution ဖြစ်ပေါါရပါတယ်။ ဖန်လုံအိမ် အာနိသင်ဆိုတဲ့ 'greenhouse effect' ဖြစ်ပေါါစေတဲ့ nitrous oxide (N2O) နဲ့ လေထုညစ်ညမ်းမှု ဆိုတဲ့ 'air pollution' ဖြစ်ပေါါစေတဲ့ (NOx) တို့ကို၊ ရောထွေး မှတ်သားတတ်ပါတယ်။  
'NOx' ထွက်ပေါါလာမယ့် primary sources တွေကို thermal NOx, fuel NOx နဲ့ prompt NOx ဆိုပြီး ခွဲခြားနိုင်ပါတယ်။ 'thermal NOx' ဟာ၊ high temperature oxidation ကြောင့်ဖြစ်ပေါါပြီး၊ hydrocarbon molecules တွေဟာ carboxylic acids အဖြစ်၊ converted အနေနဲ့ အသွင်ကူးပြောင်းသွားခြင်းကို 'oxidation' လို့ခေါါပါတယ်။ 'fuel NOx' ကတော့ လောင်စာတွေ မီးလောင်ပေါက်ကွဲမှု combustion ကြောင့် ဖြစ်ပေါါပါတယ်။ fuel NOx ဟာ NOx ထွက်ပေါါမယ့် အဓိက major source ဖြစ်ပါတယ်။ 'Prompt Nox' ကတော့ လောင်စာတွေရဲ့ မီးလောင်ပေါက်ကွဲမှုအစ တနည်းအားဖြင့် combustion ရဲ့ earliest stage မှာ ဖြစ်ပေါါပါတယ်။  
 
Fig. low pressure air atomized burner
boiler ရဲ့ furnace အတွင်း incomplete combustion အနေနဲ့ အကုန်အစင် လောင်ကျွမ်းမှုမဖြစ်ပေါါပဲ၊ ကြွင်းကျန်ရစ်ခဲ့တဲ့ flue gas တွေကို၊ minimum excess air ပေးသွင်းပြီး၊ optimum combustion အဖြစ်၊ လောင်ကျွမ်းစေရန် burner design ပုံသဏ္ဍန်အား၊ ပြောင်းလဲမှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် flue gas ကျန်ရှိနေမှုကို၊ 'sophisticated electronic control system' မှစောင့်ကြည့်ပြီး၊ fuel နဲ့ air flow အား၊ လိုအပ်သလို အလိုအလျှောက် ထိန်းညှိပေးတဲ့ စနစ်ကိုလည်း တတ်ဆင်အသုံးပြုလာကြပါတယ်။ တနည်းအားဖြင့် boiler turn - down ratios လို့ခေါါတဲ့ 'maximum and minimum firing rates' အတွင်းမှာ၊ efficiency နဲ့ emission rate ကို၊ ထိန်းညှိခြင်း ဖြစ်ပါတယ်။  
boiler မီးထိုးစဉ် combustion process အတွင်း၊ losses တွေဖြစ်ပေါါပြီး၊ losses တွေကို၊ flue gas မှာဖြစ်ပေါါတဲ့ heat losses နဲ့ boiler insulation ကြောင့်ဖြစ်ပေါါတဲ့ radiation losses ဆိုပြီး၊ တွေ့နိုင်ပါတယ်။ burner နဲ့ damper တို့ရဲ့ mechanism ပိုင်းမှာ၊ setting တွေ လွဲမှားနေခြင်းကြောင့်၊ boiler အတွက် လိုအပ်တဲ့ specific load ထက်ပိုပြီး၊ burner မီးထိုးပေးနေရတဲ့အခါ၊ furnace အတွင်းမှာ အပူချိန်မြင့်မားတဲ့ flue gas တွေဖြစ်ပေါါလာပါတယ်။ တနည်းအားဖြင့် hot gas လို့ခေါါပြီး၊ efficiency ကို ကျဆင်းစေပါတယ်။ boiler ရဲ့ heat transfer surface တွေကို၊ ပုံမှန်သန့်ရှင်းရေးမဆောင်ရွက်တဲ့အခါ၊ contaminated ဖြစ်ပေါါပြီး၊ burner ဟာ၊ မီးထိုးပေမယ့် လိုအပ်တဲ့ required heat transferring အပူကူးပြောင်းမှုကို၊ အပြည့်အဝ မဆောင်ရွက်နိုင်ခြင်းကြောင့်လည်း efficiency ကျဆင်းပါတယ်။  
 
flue gas ဟာ dew point အမှတ်အောက်ရောက်နေအောင် cooled  အနေနဲ့ 'အေး' နေခဲ့လျှင်၊ contaminated ဆိုတဲ့၊ formation တွေကို၊ ဖြစ်ပေါါစေပါတယ်။ boiler မီးထိုးတဲ့အခါ combustion air flow မှာပါဝင်လာတဲ့၊ nitrogen ကြောင့်၊ nitric acid ဓါတ်နဲ့၊ လောင်စာအဖြစ်အသုံးပြုထားတဲ့ high sulpher content low-grade heavy fuel oil မီးထိုးဆီတို့ကြောင့်၊ sulphuric acid ဓါတ်တွေဟာ၊ formation အနေနဲ့ ဖြစ်ပေါါလာသလို၊ boiler ရဲ့ အတွင်းအစိတ်အပိုင်း internal parts တွေမှာ၊ corrosion ဖြစ်ပေါါစေနိုင်ပြီး 'flue gas dew point corrosion' လို့ခေါါပါတယ်။  

 
  Fig. Typical net boiler efficiencies
boiler ဟာ အပူရှိန်ရှိနေတဲ့အတွက်၊ ဘေးပတ်ဝန်းကျင်သို့  heat radiation အနေနဲ့ အနည်းနဲ့အများ အပူဖြာထွက်ပါတယ်။ heat radiation ကြောင့် heat losses ဖြစ်ပေါါလာပြီး၊ insulation တွေ၊ ပေါက်ပြဲနေခဲ့လျှင် သို့မဟုတ်  poorly installed insulation ဆိုတဲ့ လုံလောက်တဲ့ insulation တွေကို အသုံးမပြုခဲ့လျှင်၊ heat losses ပမာဏ ပိုများလာနိုင်ပါတယ်။  well - insulated အနေနဲ့ လုံလောက်တဲ့ insulation တွေကို၊ အသုံးပြုထားတဲ့ 5.0 MW capacity water-tube boiler တလုံးဟာ၊ ဘေးပတ်ဝန်းကျင်ကို၊ အပူဖြာထွက်မှုကြောင့် (0.3 ~ 05 %) ခန့် energy losses ပမာဏရှိတာတွေ့ရပါတယ်။ 
boiler ဟာ အပူရှိန်ရှိနေတဲ့အတွက်၊ ဘေးပတ်ဝန်းကျင်သို့  heat radiation အနေနဲ့ အနည်းနဲ့အများ အပူဖြာထွက်ပါတယ်။ heat radiation ကြောင့် heat losses ဖြစ်ပေါါလာပြီး၊ insulation တွေ၊ ပေါက်ပြဲနေခဲ့လျှင် သို့မဟုတ်  poorly installed insulation ဆိုတဲ့ လုံလောက်တဲ့ insulation တွေကို အသုံးမပြုခဲ့လျှင်၊ heat losses ပမာဏ ပိုများလာနိုင်ပါတယ်။  well - insulated အနေနဲ့ လုံလောက်တဲ့ insulation တွေကို၊ အသုံးပြုထားတဲ့ 5.0 MW capacity water-tube boiler တလုံးဟာ၊ ဘေးပတ်ဝန်းကျင်ကို၊ အပူဖြာထွက်မှုကြောင့် (0.3 ~ 05 %) ခန့် energy losses ပမာဏရှိတာတွေ့ရပါတယ်။ 



Reference and image credit to : Steam Engineering Tutorials, http://www.steamesteem.com/, 

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.