Monday, November 25, 2013

ENGINEERING DRAWING



ဒီအကြောင်း..ရှေ့နှစ်တွေက..ရေးခဲ့ပါတယ်..။
အခုက..ပညာရေးမူဝါဒ ပိုင်းမှာပါ..အမှားတွေ..ပါလာနိုင်ဘွယ်ရှိလို့..၊
နောက်လာမဲ့..Engineer Younger Generation ရဲ့..အရည်အသွေးကို..ကျစေနိုင်လို့..မြင်တာလေး...တင်ပြတာပါ..။
။။။။။။။။။။။။
Marine Engineering Drawing ဟာ Mechanical Drawing တစ်မျိုးပါဘဲ..။
။။။။။။။။။။။။
လူငယ်တွေနဲ့..လူကြီး..အချို့..ပြောကြတာက..
၁။ သဘောင်္ပေါ်မှာ..Drawing ဆွဲရတဲ့..အလုပ်လည်း..ရှိတာမှ..မဟုတ်တာ..
၂။ သက်သက်..စာမေးပွဲတွေမှာ..မလိုအပ်ဘဲ..ထည့်ထားတာ..ရှေးက.မူဝါဒကြီး..
၃။ AutoCAD တောင်..ပေါ်နေတဲ့..ခေတ်ကြီးမှာ..လက်နဲ့ဆွဲခိုင်းနေတာ..ရူးနေလို့..
။။။။။။။။။။။။။
ရေကြောင်းအင်ဂျင်နီယာများဟာ..မိမိလုပ်သက်အတွင်းမှာ..မတူညီတဲ့..သဘောင်္မျိုးစုံကို..တက်ရ..အလုပ်လုပ်ရပါတယ်..။
သဘောင်္တောင်..မတူတာ..အပေါ်မှာ..တပ်ဆင်ထားတဲ့..စက်တွေလည်း..ဘယ်တူမှာတုန်း..။
အင်ဂျင်နီယာ..ပေါက်စ..တစ်ယောက်ယူရမဲ့..စက်ယန္တာရားတွေထဲက..အချို့...
1. Pumps (Gear Pump, Centrifugal Pump, Reciprocating Pump, Variable
Stroke Delivery Pump)
(Numbers of pumps is 30 to 100 depend on Ship Size and Types)
2. Separator ( Heavy Oil Separator, Lub Oil Separator, Diesel Oil
Separator)
(Numbers of separators is 1 to 6)
3. Air Compressor ( Main Air Compressor, Emergency Air Compressor,
Working Air Compressor)
(Numbers of air compressor is 2 to 8 depend on ship size and types)
အဲဒီစက်တွေကို..မောင်းရပါတယ်..ပြင်ရပါတယ်..။ သတ်မှတ်နာရီပြည့်ရင် အိုဗာဟော..လုပ်ရပါတယ်..။
။။။။။။။။။။။။။။
လုပ်ငန်းသဘာဝအရ..ရေကြောင်းအင်ဂျင်နီယာများဟာ..ကိုယ်တာဝန်ယူတဲ့..စက်..ကိုယ်ပြင်ရပါတယ်..။ ၀ပ်ရှော့အပ်မယ်တို့..သဘောင်္ကျင်းအပ်မယ်..တို့..မဟုတ်ပါဘူး..။
တစ်ခါမှ..မမြင်ဘူးတဲ့..စက်ကို.မကြာခဏ..ဖြုတ်ရ...ပြင်ရပါတယ်..
အဲဒီလို..ပြင်တဲ့အခါ..ဖြုတ်တဲ့..အခါမှာ..Drawing ဖတ်တတ်ရပါတယ်..။
Drawing ဖတ်တတ်ဘို့..ဆိုတာက..ကာတွန်းဖတ်သလိုမဟုတ်ပါဘူး..။ ခက်ပါတယ်..။
ဒါကြောင့်..Drawing ဆွဲခိုင်းတာပါ.လေ့ကျင့်ခိုင်းတာပါ...။ Drawing ကို..သေချာဆွဲမှ..လေ့ကျင့်မှ..Drawing Concept ကိုနားလည်ပြီး.. သူမျာဆွဲထားတာကို..ဖတ်နိုင်ပါတယ်..။
။။။။။။။။။။။။။။။
Drawing ကောင်းကောင်း..မဖတ်တတ်သူ.မြန်မာ.ရေကြောင်းအင်ဂျင်နီယာအရေအတွက်.. ဟာ..ညှာညှာ..တာတာ..ပြောရရင်..၇၀% လောက်ရှိပါမယ်..။
အဲဒီတော့..စက်တွေ..ဖြုတ်တိုင်း..ပြင်တိုင်း..၊ ထင်ရာလျှောက်လုပ်လို့..၊ အပျက်အစီးတွေများပါတယ်..။
အကျိုးဆက်..က..အလုပ်အကိုင်အခွင့်အလန်းနည်းစေပါတယ်..။
။။။။။။။။။။။။။။
သေဘာၤေပၚမွာ..Drawing မဆြဲရပါဘူး..။ ဒါပေမဲ့..Drawing ကောင်းကောင်းဖတ်တတ်ဘို့..လိုပါတယ်..။ ဖတ်တတ်ဘို့..ဆိုတာက..အသိနဲ့..ဆွဲခဲ့..လေ့ကျင့်ခဲ့ဘို့..လိုပါတယ်..။ ပုံတူအောင်..ကူးချဘူးယုံနဲ့..မရပါဘူး..။
အသိနဲ့လေ့ကျင့်ခဲ့သူများက..အင်ဂျင်နီယာကောင်းများ..ဖြစ်လာပါတယ်..။
ဝတ်ကြေတန်းကြေ..လုပ်ခဲ့သူများက..ခပ်ညံ့ညံ့အင်ဂျင်နီယာများ..ဖြစ်လာပါတယ်..။
။။။။။။။။။။။။။။
သဘောင်္ပေါ်မှာ..စက်အစိတ်အပိုင်းတွေ..ပျက်စီးတဲ့..အခါ..Spare မှာရပါတယ်..။ Original ပေးတဲ့..ကုမ္ပဏီဆိုရင်တော့..သူ့နံပါတ်နဲ့မှာယုံပါဘဲ..။
ဒါပေမဲ့...ဒီနေ့ခေတ်မှာ..Original Spare မှာပေးတဲ့..ကုမ္ပဏီက..၁၀% လောက်ဘဲရှိပါတော့တယ်..။
ဒီတော့..လိုချင်တဲ့..ပစ္စည်းပုံကို..ပုံဆွဲပြီး..ပို့ရပါတယ်..။ လိုအပ်တဲ့..အတိုင်းအထွာတွေ..ရေးပေးရပါတယ်..။
အဲဒီမှာ..မြန်မာ့..ဇ..ပြတဲ့..အင်ဂျင်နီယာများစွာ..တွေ့ခဲ့ရဘူးပါတယ်..။
ဒါကြောင့်..ရေကြောင်း..အင်ဂျင်နီယာမှာ..Engineering Drawing ကိုအလေးအနက်ထား..သင်ကြားသင့်ပါတယ်..။
။။။။။။။။။။။။
Auto CAD ဆိုတာ..လာမပြောပါနဲ့..။ လက်တွေ့..မဆန်ပါဘူး..။
သဘောင်္သေးလေးတွေမှာ..ကွန်ပျူတာ..မရှိပါဘူး..။
သဘောင်္ကွန်ပျူတာတိုင်းမှာ..Auto CAD ဆော့ဖ်ဝဲလ်..တင်မထားပါဘူး..။
တင်ထားသည်..ထားဦး..အင်ဂျင်နီယာ..ဆယ်ယောက်မှာ..တစ်ယောက်..AutoCAD မတတ်ပါဘူး..။
။။။။။။။။။။။။
လူကြီးများကော..လူငယ်များပါ..
Drawing ကို..အလေးအနက်ထားဘို့..
တောင်းပန်အပ်ပါတယ်..။
။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..

သား..အရင်..သဘောင်္က..ကွန်ပရက်ဆာက..ဒါမျိုးမဟုတ်ဘူး..။ ဒါကြီးကို..မမြင်ဘူးဘူး..ဒါကြောင့်..သား..မဖြုတ်တတ်ဘူး..ဆိုတာမျိုး..
လုပ်လို့..မသင့်ပါဘူး..။ 3E လက်မှတ်ကြီးပြပြီး..3E လစာစားပြီးရင်..။ 3E နဲ့ဆိုင်တဲ့..အလုပ်ကို..လုပ်ရမှာ.ကိုယ့်တာဝန်ပါ..။ Professional အလုပ်ပါ..။

No comments:

Post a Comment