Monday, November 25, 2013

ရေကြောင်း အင်ဂျင်နီယာများရဲ့ဘားထောက်မှာ ဘာကြောင့် ခရမ်းရောင် အစင်းကလေးပါနေရတာလဲ.....

ရေကြောင်း အင်ဂျင်နီယာများရဲ့ဘားထောက်မှာ ဘာကြောင့် ခရမ်းရောင် အစင်းကလေးပါနေရတာလဲ.....

ဒီအတွက်... သိထားတာလေးတစ်ခုမျှဝေပါ့မယ်...














တိုက်တန်းနစ် (Titanic) သဘောင်္နစ်မြုပ်စဉ်အခါက .... သဘောင်္ တွင်းကို ၀င်လာတဲ့ရေတွေကို အဆက်မပြတ် စုပ်ထုတ်ဖို့ အင်ဂျင်နီယာများအားလုံးက တာဝန်ယူခဲ့ရပါတယ်...... ဒီလို အဆက်မပြတ် ရေစုပ်ထုတ်ပေးနေရင်းနဲ့ ပဲ နောက်ဆုံး မှာ အင်ဂျင်နီယာတစ်ယောက်မှ... သဘောင်္နစ်မြုပ်မှုကနေ မလွတ်ခဲ့ပါဘူး ..... အင်ဂျင်နီယာများနဲ့ ... အင်ဂျင်ခန်းလုပ်သားအားလုံး .. နစ်မြုပ်သွားတဲ့ သဘောင်္ကြီးနဲ့ အတူပါသွားပြီး အသက်ပေးခဲ့ကြရပါတယ်....

ဒါကို ဂုဏ်ပြုသောအားဖြင့် .... ဗြိတိသျှဘုရင်မကြီး ၀တ်ဆင်လေ့ရှိတဲ့ တော်ဝင်အရောင် ဖြစ်တဲ့ ခရမ်းရောင်ကို ...

ရေကြောင်းအင်ဂျင်နီယာများရဲ့ ဘားထောက်မှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်...

ဒီအကြောင်းလေးဖတ်ပြီးတဲ့ အခါ... ကိုယ်ကိုယ်တိုင်ရေကြောင်း အင်ဂျင်နီယာလောင်းဖြစ်နေရတာကို သိပ်ဂုဏ်ယူမိပါတယ်...

ကျွန်တော့် သူငယ်ချင်းနဲ့ ပရိသတ်များထဲက ရေကြောင်း အင်ဂျင်နီယာများလည်း ခရမ်းရောင်ဘားထောက်ကို တပ်ဆင်ရင်း ဂုဏ်ယူနိုင်ကြပါစေဗျာ......

by:
လင်းလွန်းညို
https://www.facebook.com/LynnLonnNyo

No comments:

Post a Comment