အိမ်မက်ထဲက သင်္ဘောသားကြီး (၄)
 =====================
 
 ကျနော်သင်္ဘောရောက်တဲ့ အချိန်ကလဲ ရန်ကုန်ကနေ ကုန်တင်နေတုန်း 
 
 ဆိုတော့ လူသစ် ဖြစ်တဲ့ ကျနော်က သူတို့ခိုင်းတာ မှန်သမျှ လုပ်ရတာပေါ့ 
 
 
 ဒီအထိ ကျနော် စိတ်မပျက်ပါဘူးဗျာ ကျနော်လဲ ကြားဖူးနေကျ သင်္ဘောသား 
 
 အလုပ်အကြောင်းဆိုတော့
 
 သိပ်မထူးပါဘူး သင်္ဘောပေါ်စရောက်တဲ့သူမှန်လျှင် ခိုင်းတာမှန်သမျှ 
 
 ကုန်းကျုံး လုပ်တာရတာ ထုံးစံပဲ  ကျနော် စကားမစပ်ပြောရရင် ကျနော် 
 
 စီးနေတဲ့ သင်္ဘောမှာ အင်ဂျင်ကနေ လုပ်သက်ယူတာ 
 
 ကျနော်တယောက်တည်းဗျ 
 
 ကျန်တဲ့ ပညာသင်ယူနေတာတွေက ကုန်းပတ်က ဆိုတော့ 
 
 ကမ်းရိုးတန်းဆားဗစ် (၁)နှစ်ကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ 
 
 လာယူနေကျတာဗျ ဘာကြောင့် ဒီလိုရေးရလဲ 
 
 ဆိုတာကို နောက်ပိုင်းရေးပါမယ် ကျနော် ပုံစံ က အသားဖြူဖြူ၊ခပ်နုနု 
 
 ဆိုတော့ ကျန်တဲ့ ပညာသင်တွေ မျက်လုံးထဲ ဒေါင့် မကျိုးဖူး၊၊   ၊၊
 
 သင်္ဘောသား စကားပြော ရရင် ပုံမကျဖူး၊ မိုးကျရွှေကိုယ်ကောင်လို့ ထင်မှာ 
 
 အသေအချာပဲ ထားလိုက်တော့ ဒါအရေးမစိုက်ပါဘူးဗျာ
 
  ကျနော်တို့ကို အိပ်ဘို့ ပေးထားတဲ့ နေရာကို ပြောပြမယ်
 
 အလျား ၇ ပေ အနံ ၇ ပေ လောက် ရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ကုတင်ကို 
 
 သံအန်ဂလန်နဲ့ ဘောင်ကွက်ထားပြီး ငါးထပ်သားကို အပေါ်က ကပ်ထူ 
 
 စက္ကူပြားခင်းပေးထားတယ် အပေါ်အောက်နှစ်ဆင့် ကုတင် 
 
 စုစုပေါင်း(၆) ယောက်အိပ် ရသတဲ့ ကျနော် ရောက်တဲ့ အချိန်မှာ 
 
 ကျန်တဲ့သူ နှစ်ယောက်က ခွင့်ယူထားသလား၊အလုပ်ထွက်သလား မသိပါဖူး 
 
 သူတို့နေရာက လွတ်နေတယ် ကျန်တဲ့ ကျနော်အခန်းမှာ အသက် 
 
 (၅၀)ကျော် ဆီလောင်းကြီးရယ်၊သူကိုသူ စစ်ပြေးလို့ ပြောတဲ့ 
 
 တယောက်ရယ်၊စာ လုံးဝမတတ်တဲ့ တယောက်ရယ်၊ သူဌေး ညီ စာရေးရဲ့ 
 
 လက်တိုလက်တောင်းတယောက်ရယ် ပေါင်း(၄)ယောက် 
 
 အထက်အောက် ခေါင်းချင်းဆိုင်စွာ အိပ်ရပါလေ သည်၊၊  
 
 ပထမဆုံး ညမှာပဲ စတင် ဒုက္ခပေးတာက တ၀ီဝီနဲ့ ချီတက်ပျံသန်းလာတဲ့ 
 
 ခြင်တပ်မတော်ကြီး၊
 
 သင်္ဘော ကြမ်းပိုးလို့ ခေါ်တဲ့ အဖြူကောင်သေးသေးလေးတွေ ဒင်းတို့က 
 
 လဲ ကိုက်တယ်ဗျ၊၊ ပိုးဟပ်ကတော့ မျက်နှာပေါ် ဖြတ်ဖြတ်ပြေးလွန်းလို့ 
 
 တရုတ်ကားသိုင်းကားတွေ ထဲကလို ၀ါးစားချင်စိတ်တောင် ပေါက်တယ် 
 
 တကယ်ပါ  စဉ်းစားကြည့်လေ 
 
 ကြည့်မြင်တိုင် ဆိပ်ကမ်း ဆိုတာ တညလုံး အလုပ်လုပ်နေတဲ့ ဆိပ်ကမ်း၊ 
 
 ကုန်ထမ်းသမားတွေရဲ့ “ဘေးကို ဘေးကို” ဆိုတဲ့ အသံတွေနဲ့ 
 
 တညလုံးဆူညံနေတဲ့ နေရာ၊  ညဘက်ကျမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်က 
 
 လာတဲ့ ငှက်ပျောသီး၊အုန်းသီး၊စတဲ့ ကုန်စိမ်းတွေကို သယ်ပို့ နေတဲ့ 
 
 ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ ဆူလို့ညံလို့ ပေါ့ ဒီလိုညများကို 
 
 ဘယ်လောက်များများ ဖြတ်ကျော် ရအုံးမလဲ လို့ 
 
 စိတ်ထဲမှာ တွေးလိုက်မိတယ်  ကျနော် စောစောပိုင်းက ပြောသလို  
 
 အိမ်မက်ထဲက သင်္ဘောသားကြီး ဆိုတာ အရာရှိ ၀တ်စုံ အဖြူပေါ်မှာ 
 
 ပုခုံးပေါ်က ဘား(လိုင်းစင်း)တွေနဲ့ မှန်ဘီလူး တလက်နဲ့ 
 
 ဟိုကြည့်ဒီကြည့်လုပ်နေတဲ့  သင်္ဘောသားကြီး ကိုဝင်းဦး(တိမ်လွှာမို့မို့လွင် 
 
 ရုပ်ရှင်ဇာတ်ကား ထဲ က မင်းသား) သူကို အားကျမိတဲ့  ကျနော်ခမျာ 
 
 မှာတော့ ကံမကောင်း အကြောင်းမလှစွာနဲ့ ဆိမ်ကမ်းကုန်တင်ကုန်ချ 
 
 အလုပ်ကြမ်း သမား ဖြစ်နေပါ ပေါ့လား လို့ တွေးမိရင်း
 
 ရွှေဝါထွန်း ဆန်ခပ်ကြမ်းကြမ်းကို အိမ်ကပါလာတဲ့ ငပိကြော်လေးနဲ့ 
 
 ကြိတ်ဝါးလိုက်မိတယ် ဘေးနားမှာလဲ သောက်ရေခွက်ကို ဘေးနားချလို့ပေါ့၊၊    ၊၊
 
 ဆက်ပါအုံးမယ်နော်
 
 မျိုးငယ်(၁၀.၉.၂၀၁၃)

 
 
No comments:
Post a Comment