Tuesday, November 26, 2013

Seamen's Voice

ပင်လယ်ပြင်မှာ ရွက်လှေတစ်စင်း ရွက်လွင့်နေချိန်မှာ
လှိုင်းတွေက ကြီးလာတယ်
မိုးတွေက သည်းထန်လာတယ်
လေပြင်းတွေ တိုက်လာတယ်

ဒီအချိန်မှာ ...
အသိဥာဏ် ကင်းမဲ့တဲ့ လူက
ပါးစပ်ကနေ တစ်ချိန်လုံး လှိုင်းကြီးတာ
မိုးသည်းတာ လေပြင်းတာ ကိုပဲ ညည်းတွားရေရွတ်နေတယ် ...

အသိဥာဏ် ရှိတဲ့လူကျတော့ အဲ့ဒီလို မဟုတ်ဘူး
လှိုင်းဘယ်လောက်ကြီးကြီး
မိုးဘယ်လောက် သည်းသည်း
လေဘယ်လောက်တိုက်တိုက်
သူ့ ရွက်ဖျင်လေး ကို ခိုင်ခံ့အောင် လုပ်ပြီး ကြုံတွေ့ လာတဲ့ အန္တရာယ် ကို ရင်ဆိုင် ဖို့ပဲ စဉ်းစားနေတယ်လေ ...

ဒီလိုပါပဲ ကျွန်ုပ် တွေလည်း
လောက ပင်လယ်ကြီးကို ဖြတ်သန်းနေစဉ် မှာတော့
စိတ်ညစ်စရာ စိတ်ဆင်းရဲစရာ တွေကို ကြုံတွေ့ ရမှာပဲလေ

ထိုင်ပြီး ညည်းတွား နေမဲ့ အစား
အားလုံး ကို ရင်ဆိုင် ဖြေရှင်း လိုက်ပါ ။

JP

No comments:

Post a Comment