Saturday, March 30, 2013

Port State Control Guide စာအုပ်...



UK P&I Club ကထုတ်ဝေတဲ့ PSC Guide စာအုပ်ပါ။

Port State Control နဲ့ ပတ်သက်ပြီး ဗဟုသုတ ရဖွယ်ရာများ ပါဝင်တဲ့စာအုပ်လေးပါ။

စာအုပ်ကိုဒီမှာဒေါင်းပါ...

Note: This is for educational purpose only . MSU agree to remove this post if we receive complaints regarding Copy Right from the Original Publisher.

Shared by - NK @MSU

Admiralty Guide to ENC Symbols used in ECDIS (NP-5012) စာအုပ်...



Admiralty Guide to ENC Symbols used in ECDIS (NP-5012)

ECDIS တွေတွင်တွင်ကျယ်ကျယ်သုံးလာတာနဲ့အမျှ... Navigator များအတွက် ENC Symbol

တွေကိုလည်း တိတိကျကျ သိရှိပြီး အသုံးပြုနိုင်ဖို့ လိုအပ်လာပါပြီ...

IHO Standard နဲ့ အညီထုတ်လုပ်ထားတဲ့ ENC Chart တွေပေါ်မှာ အသုံးပြုတဲ့ ENC Symbol

များကို လွယ်ကူရိုးရှင်းစွာ တိကျရှင်းလင်းစွာ သိရှိနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ...

ဒီစာအုပ်လေးကို ကျနော်ကိုယ်တိုင် အချိန်ကုန်ခံ Scan ဖတ်ပြီး မြန်မာသင်္ဘောသားများအတွက်

ပြန်လည် မျှဝေလိုက်တာပါ...

စာအုပ်ကိုဒီမှာဒေါင်းပါ...

Note: This is for educational purpose only . MSU agree to remove this post if we receive complaints regarding Copy Right from the Original Publisher.

Shared by - NK @MSU

စာရေးဆရာ မောင်သော်က (ဗိုလ်မှူးသော်က) ရဲ့ """ တိုက်ရေယာဉ် ၁၀၃ """ စာအုပ်




စာရေးဆရာ မောင်သော်က (ဗိုလ်မှူးသော်က) ရဲ့  """ တိုက်ရေယာဉ် ၁၀၃ """ စာအုပ်ပါ။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွားပြီး နစ်မြှုပ်ခဲ့တဲ့ မြန်မာ့ရေတပ်ရဲ့ တိုက်ရေယာဉ် အမှတ်

၁၀၃ ရဲ့ တစ်ကယ့်အဖြစ်အပျက်ကို ပြန်လည်ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

ပင်လယ်ပြင်ရဲ့ ကြမ်းတမ်းမှု၊ ရက်စက်မှုအောက်မှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်များအသက်ပျောက်သွားပုံ...

ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ အသက်ရှင်ကျန်ရေးအတွက် ၁၃ ရက်တိုင်တိုင် ခက်ခဲကြမ်းတမ်းစွာဖြင့်

ကြိုးစားခဲ့ရပုံ...

သေရေး ရှင်ရေး နှစ်ခု အကြား ရုန်းကန်လှုပ်ရှားရင်း သေကံမရောက် သက်မပျောက်

ဆိုသကဲ့သို့ အသက်ရှင်ကျန်ရစ်ခဲ့ပုံ...

စသည် စသည် တို့ ကို... ဗဟုသုတ ဖြစ်ဖွယ်... စိတ်ဝင်စားဖွယ် ရေးသားထားတဲ့

စာအုပ်ကောင်းတစ်အုပ်ပါ။

စာအုပ်ကိုဒီမှာဒေါင်းပါ...
(Size - 3.4 MB)

Special Thanks to - mmcybermedia.com, မြန်မာစာအုပ်များ Facebook Page...

Friday, March 29, 2013

MMMC တွင်ဖွင့်မည့် Chief Mate(F.G.) Course...


MMMC new Chief Mate(F.G.) class (IM36) will open in June,2013.

Requirements -


1.Fee 1,300,000.


2.Sea Service Checking Orginal


3.COC copy


4.CDC copy


5.FORM from MMMC


6.2 PHOTOs

* First come First serve

Shared by - Myo Min ( Member of MSU FB Page )

Online အသုံးပြုကာ မိမိဝါသနာပါသော ဘာသာရပ်များကို လေ့လာကြပါစို့ 

Www.open2study.com တွင် Register လုပ်ပြီး အွန်လိုင်း တက်လို့ ရမည့် သင်္ဘောများပေါတွင် မိမိနှစ်သက်ရာဘာသာရပ်များကိုလေ့လာနိုင်ပါပြီ


Share By MSU

မြန်မာသင်္ဘောသားအခေါ်အဝေါ်များ...

မြန်မာသင်္ဘောသားအခေါ်အဝေါ်များ...



Shared by - MgMue Wai (MSU Member)

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ( Department of Marine Administration )


ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
( Department of Marine Administration ) အကြောင်းသိကောင်းစရာများ...

၁၉၃၀ ခုနှစ်
- ဆိပ်ကမ်းအရာရှိချုပ်ရုံး (PRINCIPAL PORT OFFICER)

စစ်ကြိုခေတ်
- ရေကြောင်းအတိုင်ပင်ခံဝန်နှင့်အရာရှိချုပ် ရေကြောင်းဌာနခွဲ
(NAUTICAL ADVISER AND PRINCIPAL OFFICER, MERCHANT DEPARTMENT)

၁၉၅၆ ခုနှစ်
- ရေကြောင်းဌာနခွဲ

(MERCANTILE MARINE DEPARTMENT)

၁၉၇၂ ခုနှစ်
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (DEPARTMENT OF MARINE ADMINISTRATION)



ဖွဲ့ စည်းပုံ

ဤဦးစီးဌာနကို အောက်ပါအတိုင်း ဌာနခွဲ(၇)ခုဖြင့် ဖွဲ့စည်းကာ လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။

စက်မှုဌာနခွဲ
ရေကြောင်း ဌာနခွဲ
သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ
သင်္ဘောကျင်းများနှင့်ရေယာဉ်များဌာနခွဲ
အုပ်ချုပ်ရေး ဌာနခွဲ
ဥပဒေနှင့် သုတေသနဖွံ့ ဖြိုးမှု ဌာနခွဲ
ငွေစာရင်း ဌာနခွဲ




ရေကြောင်းဘက်ဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်များမှာ

၁။ နိုင်ငံတော်အလံလွှင့်ထူထားသော သင်္ဘောများရှိသင်္ဘောသားများ၏ လုံခြုံမှုအဆင့်အတန်း၊ လုံခြုံမှုအလေ့အကျင့်များနှင့် သင်္ဘောသားများလိုအပ်သောကျွမ်းကျင်မှု၊ အဆင့်အတန်းများရှိစေရေး။



၂။ လူ့စွမ်းအားအရင်းအမြစ်ကိုရေကြောင်းကဏ္ဍတွင် အမြင့်မားဆုံးတိုးတက်ဖွံ့ ဖြိုးအောင် ဆောင်ရွက်ရေး။



၃။ မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသော သင်္ဘောများ၏ လုံခြုံမှုအဆင့်အတန်းမြင့်မားရေး။၎။ ရေကြောင်းပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးနှင့် ပင်လယ်ပြင်ဒုက္ခရောက်သူများ၏ အသက်အန္တရာယ် လုံခြုံမှု ရှိစေရန် အထူးတာဝန်ယူဆောင်ရွက်ရေး။



လုပ်ငန်းဆောင်ရွက်မှုများ



ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ အဓိက လုပ်ငန်းဆောင်ရွက်မှုများမှာ-

၁။

ရေကြောင်းဘက်ဆိုင်ရာအက်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအား ခေတ်နှင့်လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးအတွက် အထက်အာဏာပိုင်အဖွဲ့အစည်းများ ထံရေးဆွဲပြုစု၍ အကြံပြုတင်ပြရခြင်း။



၂။

စက်တပ်ရေယာဉ်များ၊ အမျိုးအစားအားလုံးကို တိုင်းတာစစ်ဆေး၍ မှတ်ပုံတင်ပေးရခြင်း။



၃။

သင်္ဘော၊ စက်လှေ၊ ရေယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်သောစစ်ဆေးမှုများ ဆောင်ရွက်ရခြင်း။



၎။

နိုင်ငံခြားသွားကုန်းပတ်နှင့် စက်ဘက်ဆိုင်ရာ အရာရှိအဆင့် စာမေးပွဲများနှင့်ကျွမ်းကျင်မှုဆိုင်ရာအဆင့်မီ အရည်အချင်းစစ်စာမေးပွဲများ ကျင်းပပြုလုပ်၍ ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်း။



၅။

ကမ်းရိုးတန်းသွားရေယာဉ်မှူး၊မာလိန်မှူးနှင့်ပဲ့နင်းစာမေးပွဲများ၊ပြည်တွင်းရေကြောင်း ရေယာဉ်အုပ်နှင့် စက်ခန်းအုပ်စာမေးပွဲများကျင်းပပြုလုပ်၍၊ ကျွမ်းကျင်မှုလက်မှတ် များထုတ်ပေးခြင်း။



၆။



သင်္ဘော၊စက်လှေ၊(ကုန်သွယ်နှင့်ငါးဖမ်း)နှင့် စက်တပ်ရေယာဉ်များ၊ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရေး၊ ကိစ္စရပ်များကို ကွပ်ကဲပေးခြင်း၊



၇။

ရေလမ်းခရီးတွင် ထိခိုက်ဆုံးရှူံးမှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လိုအပ်သကဲ့သို့ အရေးယူထိန်းသိမ်း ကြပ်မတ်ပေးရခြင်း။



၈။

သင်္ဘောသားများစုဆောင်းခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ပေးရခြင်း၊ အရည်အချင်းအဆင့် သတ်မှတ်ပေးခြင်း၊ ကင်းရှင်းချက်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းနှင့် မှတ်ပုံတင်ပေးရခြင်း၊



၉။

သင်္ဘေားသားများ၏ ရပိုင်ခွင့်များနှင့် သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊



၁၀။

နိုင်ငံခြားငွေ ပိုမိုရရှိရေးအတွက် လူမပါသင်္ဘောစင်းလုံး ငှားစနစ်ဖြင့် နိုင်ငံခြားသင်္ဘောများအား မြန်မာနိုင်ငံတွင် ယာယီမှတ်ပုံတင် ပေးရခြင်းတို့ဖြစ်ပါသည်။









ဆက်သွယ်ရန်

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၃၇

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: dg.marine@mptmail.net.mm



ညွှန်ကြားရေးမှူး(ရေကြောင်း)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၁

ဖက်စ်။ ၉၅-၁-၅၅၆၀၄၁

Email: myanmarine@mptmail.net.mm



ညွှန်ကြားရေးမှူး(စက်မှု)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၉

ဖက်စ်။ ၉၅-၁-၅၅၆၀၄၉

Email: myanmarine@mptmail.net.mm



ညွှန်ကြားရေးမှူး(သင်္ဘောသား)

တယ်လီဖုန်း။ ၉၅-၁-၅၅၈၉၀၁

ဖက်စ်။ ၉၅-၁-၅၅၈၉၀၂

Email: d-secd@myanmar.com.mm



ညွှန်ကြားရေးမှူး (သင်္ဘောကျင်းများနှင့်ရေယာဉ်များ)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၉

ဖက်စ်။ ၉၅-၁-၅၅၆၀၄၉

Email: myanmarine@mptmail.net.mm



ဒု-ညွှန်ကြားရေးမှူး (ဥပဒေနှင့်သုတေသန)

တယ်လီဖုန်း။ ၉၅-၁-၅၅၃၀၈၃

ဖက်စ်။ ၉၅-၁- ၅၅၆၀၄၇

Email: myanmarine@mptmail.net.mm



ဒု-ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၁၀၁

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: myanmarine@mptmail.net.mm



လ\ထ ညွှန်ကြားရေးမှူး (ငွေစာရင်း)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၁၀၄

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: myanmarine@mptmail.net.mm

Copyright © 2007 Ministry of Transport, Myanmar. All rights reserved.



မှတ်ချက် ( သင်္ဘောသားတို့၏ လုပ်ငန်းဆောင်တာများ အဆင်ပြေစေ၇န် ရည်ရွယ်ချက်ဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာမှ တဆင့် တိုက်ရိုက် ကူးယူဖော်ပြခြင်းဖြစ်ပြီး ၊ အဖွဲ့၏ အာဘော်များ ၊ ခံယူချက်များ မပါဝင်ပါကြောင်း အသိပေးအပ်ပါသည် ။ )

ခေတ်သစ် ISPS ပုံပြင်


တလော တုန်း က မြန်မာသင်္ဘောသားအရာရှိ နှင့် ရိုးရိုးသင်္ဘောသား အချို့ တာဝန်ထမ်းဆောင် သော သင်္ဘောတစ်စီး တွင် ကိုကင်း(ဘိန်း)များ တွေ့ ရှိပြီး (သင်္ဘောသား drug smuggling မလုပ်ပါ)သင်္ဘောသားအချို့ အရေးယူခံ ရတာကို ကြားမိလိုက်ပါ တယ်။်
အဲ့ဒါမလို့ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ သင်္ဘောပေါ် က ယူကရိန်း Captain တစ်ဦး အကြောင်း အမှတ်ရသွားလို့ ရေးမိပါတယ်။

Captain ရဲ့ အသွင်အပြင်ဟာ Captain ကို ကြည့်ရင် 24/7 အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်ပါတယ်။ စာဖတ်သူ မြင်အောင် ပြောရရင် ရုပ်ရှင်မင်းသား ဝင်းဦး ပုံစံမျိုး အပေါ်အောက် အဖြူ ရှူးအဖြူ ဘားထောက်တပ်ပြီး အမြဲတက်ကြွ ပြီး smart ကျကျနေလေ့ရှိပါသည်။Navigator ကောင်း တစ်ဦးဖြစ် ခဲ့သည်ဆိုတာကို တာဝန်ချိန်တွင် (တက်မစင်)အမြဲလမ်းလျှောက်နေ တာကိုကြည့်လျှင်သိနိုင်ပါတယ်။(ကုန်းပတ်အရာရှိများ ပိုသိနိုင်ပါသည်)။

sat,sunday ပုံမှန်လုပ်နေကြ boat drill,fire drill,safety meetingတွေ လုပ်ပါတယ်။ တစ်ရက် မှာ PA (Public adress) မှcaptain အသံကြား လိုက်ပြီး, general alarm အသံလည်း ကြားရပါတယ်။ (muster station)လူစုပြီုး
Captain က သင်္ဘောပေါ်မှာ ချိန်းခြောက်မှုတစ်ခု ရှိပြီး ဗုံး(သို့
)တရားမဝင်ပစ္စည်း Drug တစ်ခုခု ပါလာကြောင်း ISPS(international ship & port facility security)မှာ duty အလိုက်စပြီး သတိထားပြီးလုပ်ဆောင်ဖို့ ပြောကြားပါတယ်။

ခြိမ်းခြောက်မှု နဲ့ ပတ်သက်ပြီး အကျယ် အနည်းငယ်ထပ်ချဲ့ မည် ဆိုသော်
ISPS CODE(International Ship & port Facility Security Code)

Current maritime security threats
1.pilferange and theft
2.illicit drugs smuggling
3.illegal migrants and stowaways
4.piracy and armed robbery against ships
5.sabotage
6.terrorism လို့ ၆ချက်ခွဲထား ပါတယ်။ (ဆက်လေ့လာမည်ဆိုလျှင်ISPS CODE partA & part B တွင်လေ့လာပါ ခင်ဗျာ)

bomb သို့ မဟုတ် drug လို့ ဆိုတဲ့ အတွက် bomb threat အတွက်ဆိုရင် bome threaft checklist ဖြည့် ဖို့ ပြင်ဆင်ရပါမည်။

searching methods တွေကို unidentified objects အတွက် သုံးရပါမည်။
bomb searching plan,(eyes not fingers)
drugs searching plan
(eyes not fingers).

ကျွန်တော်တို့ သက်ဆိုင်ရာ area နဲ့ duty အလိုက်ရှာ ကြပါတယ်။Captain ထံသို့ Bosun(ဖိလစ်ပိုင်နိုင်ငံသား) မှ VHF နဲ့ သတင်းပို့ပါတယ်။သူတွေ့ပြီဖြစ်ကြောင်း။

Captain က Bosun အားcrew အား လုံး office မှာစုထားဖို့ ပြောပါတယ်။Captain ဆင်းလာပြီး Bosunကို ခေါ်ပြီး သူတွေ့တဲ့ စက္ကူဘူး (object)ကိုသွားယူ ပြီးoffice ကိုပြန်လာပါသည်။

captain ပြန်ရောက်လာတော့ bosun ကို Beer ၁ဖာ bosun နာမည်နှင့်ထုတ် ပြီးcrew တွေကို ပေးခိုင်းပါတယ်။

၁။VHF နဲ့ သတင်းပို့ လို့ပါ။(VHF နဲ့ ဆိုရင် ထို objectသည် bomb ဖြစ်လျှင် ပေါက်ကွဲ ကောင်းပေါက်ကွဲ နိုင်သည့် အချက်ကြောင့်)
၂။စက္ကူ ဘူး နေရာလွဲ နေသောကြောင့်
CAPTAIN ထိုစက္ကူ ဘူးကိုကြို တင်ချထားခြင်း ဖြစ်သည်။
meeting အနည်းငယ် ဆက်လုပ်ပြီး။်

ထိုနောက် Captain က Bosun ကို ထို စက္ကူ ဘူး အား ဖွင့်ခိုင်း လိုက်ပါတယ်။ ကျွန်တော်တို့ အပြုံး မျက်နှာနှင့်တွေ့လိုက်ရတာတော့ မြေပဲဆန် နှင့် အာလူးကျော် ဘူးများ ဖြစ်ပါသည်။

Captain ရဲ့ let start the party !!ဆိုတဲ့ အသံနှင့် စပြီး ထိုနေ့ ပြီးဆုံးသွားပါသည်။

ခုနားထောင်နေသော သီချင်း အား next ခလုပ်နှိပ်ပြီး ကျော်လိုက်မိတယ်။ ကျော်လိုက်တဲ့သီချင်း က တော့ ဦးလွှမ်းမိုး ဆိုခဲ့တဲ့ သီချင်း ဗျာ
ဘာတဲ့ ``လမ်းထိပ်နားကလူ အူတူတူ ငနဲ ဟာ သင်္ဘောသား ဖြစ်ကာ တစ်ကယ်ကို သူဌေး ဂိုက်ဖမ်းကာလာ။။။

ပြောသမျှအကြောင်းထဲမှာ မြန်မာပြည် က အကြောင်းမပါ။
~~~~~~~~~~ သူဟာကုန်းပတ်တိုက်ရတယ်"။

အော် ဦးလွှမ်းမိုး ပြောတဲ့ သင်္ဘောသားက ဦးလွှမ်းမိုး ရဲ့ အဖိုး ဦးလွှမ်းမိုး ငယ်ငယ်လေးတုန်း ငို နေစဉ် ပုံပြင် ပြောချော့သိပ်တုန်း က ပုံပြင်ထဲ ပါတဲ့ သင်္ဘောသား ဖြစ်မယ်ထင်ပါတယ်။

ရေးသားသူ - XD @ MSU

Thursday, March 28, 2013

စင်္ကာပူနိုင်ငံ Tanoto သင်္ဘောကျင်း တွင် မီးလောင်မှူဖြစ်... ၃ ယောက်ပျောက်... ၁ ယောက်ပြင်းထန်စွာဒဏ်ရာရရှိ...




မတ်လ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ၂၁း၂၀ ခန့် က စင်္ကာပူနိုင်ငံ Jurong မှာရှိတဲ့ Tanoto

သင်္ဘောကျင်းမှာ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး  ၃ ယောက်ပျောက်...

၁ ယောက်ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့  သိရပါတယ်။

မီးလောင်မှုဟာ Tug Boat တစ်စီးမှစတင်ခဲ့တာဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ အခြားရေယာဉ် ၃ စီး ကိုပါ

ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုရဲ့ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

Source - worldmaritimenews.com & straitstimes.com

Shared by - NK @MSU

PGI လေးကြိမ်မြောက် OOW သင်တန်းဆင်းပွဲ

 

၂၀၁၃ ခုနှစ် မတ်လ ၂၇ရက်နေ့  … Pacific Glory International (PGI) company ၏ Maritime Training Centre မှ OOW Deck Officer (class III) အောင်မြင်သူများ၏ သင်တန်းဆင်းပွဲကို ရန်ကုန်မြို့ Chatrium Hotel တွင် နေ့ လည် ၁၄နာရီခန့် က ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ ၀န်ကြီးများ၊ ရေကြောင်းဦးစီးဋ္ဌာနမှ အရာရှိများ တက်ရောက်ခဲ့ကြပြီး ကရင်ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် မှ လည်းကောင်း၊ ဦးဋ္ဌေးဝင်း ညွှန်ကြားရေးမှူး (DMA) မှ လည်းကောင်း အဖွင့် အမှာစကားပြောကြားခဲ့သည်။ PGI သင်တန်းမှာ ၂၀၁၀ ခုနှစ် မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်းဆင်းပွဲမှာ လေးကြိမ်မြောက်ဖြစ်သည်။ သင်္ဘောအရာရှိများ၏ competency exams များဖြေဆိုရာတွင် ကျူရှင်တခုတည်းအားကိုးခြင်းစနစ်အား ပပျောက်ရမည်ဖြစ်ပြီး စာတွေ့ လက်တွေ့ proper training များကို ကြိုးစားပေးလျက်ရှိကြောင်းကို Capt.စိုးလွင် (Chief Instructor) မှ ပြောကြားခဲ့ပြီး သင်တန်းဆင်းအရာရှိများမှာ မိမိအရည်အချင်းများကို စဉ်ဆက်မပြတ် တိုးတက်အောင်ကြိုးစားကြရန် လိုကြောင်းကိုလည်း ကျောင်းအုပ်ကြီး Capt.မျိုးညွှန့် အောင် မှ မှာကြားခဲ့သည်။





Shared by - PT @MSU,
Location - Chatrium Hotel Yangon

Maersk Line ရဲ့ ကမ္ဘာ့အကြီးဆုံး Container သင်္ဘော Triple-E class များရဲ့ Size ကို အားကစားကွင်းများရဲ့ Size နဲ့ နှိုင်းယှဉ်ပြထားတဲ့ Video


Maersk Line ရဲ့ ကမ္ဘာ့အကြီးဆုံး Container သင်္ဘော Triple-E class များရဲ့ Size ကို အားကစားကွင်းများရဲ့ Size နဲ့ နှိုင်းယှဉ်ပြထားတဲ့ Video ပါ...

Source - Maersk Line Facebook Page

Shared by - NK @MSU

Wednesday, March 27, 2013

Positive & Negative


ကျနော် ဒီစာလေးရေးရတာက အကြောင်းရှိပါတယ်။ကျနော်တို့ အလုပ်နဲ့ 
ပတ်သက်ပြီး နောင်တော်တွေရဲ့ ရင်ဖွင့်သံတွေကျယ်လောင်လာတော့
ကိုယ်ချင်းစာပြီးရေးဖြစ်ပါတယ်။

ရင်ဖွင့်သံတွေကတော့ ထုံးစံအတိုင်း အလုပ်နဲ့ ပတ်သက်တဲ့အဆင်မပြေမှု
တွေ..မိဝေးဖဝေး ဇနီးမယားကိုခွဲ..မိသားစုကိုပစ်ရတော့ အိမ်လွမ်းဒဏ်တွေ
ပါပဲ..

အဲ..ကျနော်နဲ့ အပတ်စဉ်တူတူ သူငယ်ချင်းကျတော့ ကံကောင်းတယ်ပြောရ
မလားပဲ..သူ ငယ်ငယ်တဲက ကြိုက်ခဲ့.Proposeလုပ်ခဲ့တဲ့ ကောင်မလေးက
Singapore မှာကျောင်းတက်နေတယ်..သူ့ သဘောင်္ကလဲ Singapore ကို
အမြဲတမ်းကပ်တယ်..အဲတော့ အမြဲလိုလိုတွေ့ ဖြစ်ပြီး နောက်ဆုံးအဆင်ပြေ
သွားကြတယ်။

ကျနော်ဆိုလိုချင်တာက ဘယ်အလုပ်ပဲဖြစ်ဖြစ် အကောင်းအဆိုးဒွန်တွဲနေတာ
ပါ။Point of view ချင်း မတူလို့  ၀ါဒချင်းကွဲနေတယ်လို့ ပဲထင်ပါတယ်။
ကိုယ့်အလုပ်ကို အမြဲမကောင်းမြင်နေရင်တော့ စိတ်ညစ်နေရမှာပဲ။
ကျနော်တို့ အလုပ်က မိဘ၊ဇနီးမယား၊မိသားစုခွဲပြီးလုပ်ရတယ်။မှန်တယ်။
ဒါသည်..Negative။ တဖက်ကကြည့်ရင် ကျနော်တို့ ပင်ပင်ပန်းပန်းလုပ်လို့ ရ
တဲ့ ၀င်ငွေသည် ဖြူစင်သည်..

သစ်ခိုးထုတ်လို့ ရတဲ့ငွေ..ဘိလပ်မြေ၊သံ ရောင်းလို့ ရတဲ့ငွေ..လက်ဘက်ရည်
ဖိုးတောင်းလို့ ရတဲ့ငွေ မဟုတ်ဘူး။ကိုယ့်လုပ်အား..ကိုယ့်ပညာနဲ့ ကိုယ့်
မိသားစုကို မချမ်းသာတောင် လောက်ငအောင် ကျွေးနိင်တဲ့အတွက် ကိုယ့်
လိပ်ပြာ ကိုယ်လုံတယ်။အဲဒါသည်...Positive

ဒါကြောင့် အမြဲတမ်း အဆိုးမြင်နေတာထက်စာရင် ကောင်းကွက်ကိုရှာတွေး
မယ်ဆိုရင် မိမိကိုယ်တိုင်လဲ အလုပ်မှာပျော်လာနိင်ပြီး စိတ်ချမ်းသာမှုလဲ
ရနိင်ပါတယ်။ဒါ့အပြင် Self Confidence လဲတိုးလာနိင်ပါတယ်။

အောင်မြင်မှုတခုရဲ့  50%သည် မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းပါ။
Negative point of view နဲ့ ပဲကြည့်နေမယ်ဆိုရင် Self Confidence လဲ
ရနိင်မှာမဟုတ်သလို အောင်မြင်မှုလဲမရနိင်ပါဘူး။ဒါကြောင့် အောင်မြင်မှု
တခုဟာ မိမိခံယူချက်အပေါ်အများကြီးမူတည်ပါတယ်။ကျနော်
တယောက်ထဲရဲ့ အမြင်ကို ပြောပြတာပါနော်........

ကျနော်တို့ ဗုဒ္ဒဘုရားရှင် ဟောခဲ့တဲ့ "အဓိပတိပစ္စယော" မှာ အဓိပတိ (၄)ပါး
ပါဝင်ပါတယ်။
ဆန္ဒာဓိပတိ။ ။မိမိအလိုရှိရာဆန္ဒကို
စိတ္တာဓိပတိ။ ။ပြင်းပြထက်သန်သောစိတ်ဖြင့်
ဝီရိယာဓိပတိ။ ။ဝီရိယစိုက်ထုတ်ကြိုးစားခဲ့လျှင
ဝီမံ္မသာဓိပတိ။ ။ကြီးမားသောအောင်မြင်မှုကိုရလတ္တံ။

ရေးသားသူ - Annawa Chitthu
PS:လွတ်လပ်စွာ သဘောထားကွဲလွဲနိင်ပါသည်။

Tuesday, March 26, 2013

အတု နဲ့ အစစ်... (သို့ မဟုတ်) ပေတံကောင်းတစ်ချောင်း...


သို့/

အယ်ဒီတာခင်ဗျာ...

January 7 -13/ 2013 နေ့ထုပ် The Voice Weekly Journal, Vol.9/No.1 စာမျက်နှာ ၂၉ , Perspective မှာဖော်ပြထားတဲ့ စာရေးသူ (ကိုမင်း) ရဲ့ ""ကျွန်တော်မှောင်ခိုသမား"" ဆောင်းပါးကို
ကျွန်တော့်အမြင်မှတင်ပြလိုပါတယ်။ စာရေးသူ (ကိုမင်း) ဆိုလိုတဲ့အဓိကအကြောင်းအချက်ဖြစ်တဲ့ ""ဦးဏှောက်ယိုစီးမှု"" (Brain Drain) ကိုမြင်တွေ့ ခံစားရပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာ ဥဏှောက်ယိုစီးမှု ကို ဇောင်းပေးရေးထားတာက ဆောင်းပါးတပုဒ်လုံးမှာ ၃၀% လောက်သာတွေ့ရပြီး လက်မှတ်အတု (အမှောက်) နဲ့ လုပ်စားလို့အဆင်ပြေရတယ်ဆိုတဲ့အတွေးအခေါ်မျိုး ၊ အရေးအသားမျိုးက ၇၀% တွေ့ရပါတယ်။ ဒီတော့ကာ အတွေးအခေါ်မရင့်ကျက်သေးဘဲ အခုမှ သဘော`်စလိုက်မဲ့ E/R Rating များ ၊ လူငယ်ရေကြောင်းအင်ဂျင်နီယာများ ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် (MMU) ကျောင်းဆင်းများ နဲ့ မြန်မာနိုင်ငံရေကြောင်းပညာကောလိပ်ကျောင်းဆင်းများ (IMT) အတွက် ""လက်မှတ်အတု (အမှောက်) နဲ့လုပ်စားရင်လဲ လစာအများကြီးရတာပါဘဲ"" ဆိုတဲ့ အတွေးအခေါ် ၊ အယူအဆဆိုးကြီးဝင်သွားမှာထိပ်လန့် စိုးရိမ်မိတဲ့အတွက်ယခုပေးစာကိုရေးလိုက်ရပါတယ်။ ဒီဆောင်းပါးကိုဖတ်ပြီးကတည်းက ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (Department of Marine Administration) မှကျင်းပတဲ့ ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ MOT စာမေးပွဲတွေအကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) က ချမှတ်ထားတဲ့ တင်းကျပ်လာတဲ့ STCW' 78 and 1995 Amendment (Standard Training Certification and Watch Keeping-1978 and 1995 amendment) အကြောင်းတွေ၊ ရေကြောင်းအင်ဂျင်နီယာများရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို အားလုံးသိရှိအောင်အပတ်စဉ်ထုပ်ဂျာနယ်များမှတဆင့် ရေးသား တင်ပြမယ်လို့ကြိုးစားနေတယ်။ အကြမ်းအားဖြင့်တော့ ယခုခေတ်မှာ အပြည်ပြည်ဆိုင်ရာနိုင်ငံတွေကို ၀င် ထွက်သွားလာနေတဲ့ နိုင်ငံတကာကုန်သွယ်သဘော`်များဟာ IMO ကချမှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေကြောင်း ဥပဒေတွေဖြစ်တဲ့ SOLAS (Safety of Life at Sea 1974) , STCW , MARPOL '73/78 (International Pollution Prevention from Ship) , Port State Control Procedure ' 2000, ISM code (International Safety Management Code) , ISPS code (International Ship and Port Facilities Security code) , Annual Survey, Class Survey စတဲ့ သောင်းခြောက်ထောင်သော ဥပဒေတွေနဲ့ကျပ်တည်းစွာအလုပ်လုပ်နေရတဲ့ ခေတ်သစ်တခုကို ရောက်ရှိလာတဲ့အတွက် သဘော`်ဝင် ထွက် သွားလာရာ နိုင်ငံတိုင်းက ရေကြောင်းအာဏာပိုင်အဖွဲ့အစည်းများမှ သဘော`်နဲ့သက်ဆိုင်တဲ့ Certificate များ ၊ 4 key person senior management level လို့ခေါ်တဲ့ ကက်ပတိန် ၊ အင်ဂျင်နီယာချုပ် ၊ ကုန်းပတ်ဌာနအရာရှိချုပ် ၊ စက်ခန်းတာဝန်ခံ ပထမအင်ဂျင်နီယာ တွေရဲ့ ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်မှု လက်မှတ် (Certificate of Competency - C.O.C) များ ၊ Operation level လို့ခေါ်တဲ့ ရေကြောင်းအရာရှိ (Deck Officer on Watch) များ ၊ အင်ဂျင်နီယာအရာရှိ (Marine Engineer Officer) များ ၊ Other Rating သဘော`်သားများ ၊ စတဲ့ သဘော`်တစီးလုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သဘော`်ဝန်ထမ်းအားလုံးတို့ရဲ့ သက်ဆိုင်ရာကျွမ်းကျင်မှုလက်မှတ်အသီးသီကို အထက်ကဖော်ပြထားတဲ့ STCW' 95 amendment ဥပဒေအရ မှန်ကန်မှု ရှိ မရှိ တင်းကျပ်စွာစစ်ဆေးလာတယ် ဆိုတာ ဒေါပုံသဘော`်ကျင်း(SECD) ၀င်ပေါက်ကလက်ဖက်ရည်ဆိုင်မှာထိုင်ပြီး တွေ့တဲ့ Senior Management Level အရာရှိများကိုမေးကြည့်ပါ။ ဟုတ် မဟုတ် အဖြေကိုသိပါလိမ့်မယ်။ ဥပဒေအရ ယခုခေတ်မှာလက်မှတ်အတုနဲ့လုပ်စားလို့ မရ တော့သလောက်ဖြစ်သွားပါပြီ။ လက်မှတ်အမှန်မဟုတ်ဘဲတကယ့်သဘော`်လိုင်းကြီတွေမှာ (MAERSK Line, Mitsui OSK Line, NYK Line, PIL, Uniteam စသည်ဖြင့်အများကြီး.....) လုံးဝလိုက်လို့မရပါ။ ဆိုလိုတာက ဥပဒေတွေအရ ဘယ်လောက်ဘဲတင်းကျပ်ထားပေမဲ့ ယိုပေါက်ဆိုတာ နေရာတိုင်းမှာရှိနေတဲ့အတွက်-တနည်းအားဖြင့် 100% Implemented မရှိတဲ့အတွက်ကြောင့်သော်လည်းကောင်း ၊ တနိုင်ငံနဲ့တနိုင်ငံ ကျင့်သုံးတဲ့ မတူညီတဲ့မူဝါဒတွေကြောင့်သော်လည်းကောင်း ၊ ကာယကံရှင် သဘော`်ဝန်ထမ်းကိုယ်တိုင်က ရေကြောင်းဘက်ဆိုင်ရာစာမေးပွဲအသီးသီးကို အချိန်ပေးပြီး တရားဝင်မဖြေဆိုလိုကြဘဲ လစာများများလိုချင်တဲ့ Mind Set ကိုမပြောင်းလဲနိုင်သေးတဲ့အတွက်ကြောင့်လည်းကောင်း ယခုချိန်ထိ လက်မှတ်အတုကိုင်ဆောင်အသုံးပြုမှုများရှိနေတယ်ဆိုတာ မငြင်းလိုပါ။ ဒါပေမဲ့ လက်မှတ်အတုများကိုဂုဏ်သိက္ခာအဆင့်အတန်းများစွာရှိပြီး ကမ္ဘာ့ကုန်သွယ်ရေကြောင်းလောကကိုဦးဆောင်နေတဲ့သဘော`်လိုင်းကြီးတွေမှာ အသုံပြုလို့လုံးဝ (လုံးဝ) မရဘဲ Personnel Safety / Ship Safety and Sea Worthiness မရှိတဲ့ သဘော`်လိုင်း များမှာဘဲ အသုံးပြုလို့ (ရကောင်း) ရပါလိမ့်မယ်ဆိုတာပါ။ နောက်ပြီးစာရေးသူကိုတဆက်တည်းတင်ပြလိုတာက ကျွန်တော်လဲ ၁၉၈၄ မှာ ၁၀ တန်းအောင်ပြီး ၁၉၈၈ အရေးအခင်းဖြစ်တော့ နောက်ဆုံးနှစ်နဲ့ရန်ကုန်တက္ကသိုလ်က ထွက်ခဲ့ ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သိမ်ဖြူသဘော`်ကျင်းမှာ Apprentice Engineer အနေနဲ့ ၄ နှစ် Dock Service ဆင်းပြီးတဲ့နောက် MOT 2nd Class Part (A) အောင်မြင်ခဲ့ ၊ ၁၉၉၁ မှာ ကျောင်းတချီပြန်ဖွင့်တဲ့အခါ နောက်ဆုံးနှစ်စာမေးပွဲဝင်ဖြေ ၊ (ဘွဲ့ရတယ်ပေါ့ဗျာ) ပင်လယ်ပြင်လုပ်သက်တွေရလာတော့ အခက်အခဲမျိုးစုံကြားထဲက တရားဝင်ကျင်းပတဲ့ စာမေးပွဲတွေအဆင့်ဆင့်ကို အချိန်များစွာ ပေးပြီး ဖြေဆိုခဲ့ ၊ ယခုအချိန်မှာတော့ Japan နိုင်ငံရဲ့ ဒုတိယအကြီးဆုံးသဘော`်ကုပ္မ္မဏီဖြစ်တဲ့ Mitsui O.S.K Line မှာ Chief Engineer အဖြစ်တာဝန်ထမ်းဆောင်ဆဲပါ။ ကျွန်တော်ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀တစ်စိတ် တစ်ဒေသကိုပြောပြတာဟာ ကိုယ်ရည်ကိုယ်သွေး ထုပ်ဖော်ကြွားဝါချင်လို့ လုံးဝမဟုတ်ရပါ။ ကျွန်တော်လဲ အခက်အခဲ အတားအဆီးအမျိုးမျိုးတွေကို ကျော်ဖြတ်ခဲ့ရပြီးမှ ယခုလက်ရှိအခြေအနေကိုရောက်ရှိလာခဲ့ရတဲ့အကြောင်းကို လူငယ်အင်ဂျင်နီယာအရာရှိများကို ရိုးရိုးသားသားမျှဝေလိုခြင်းပါ။ ပြောချင်တာက ယခင်တုန်းက ရေကြောင်းဘက်ဆိုင်ရာစာမေးပွဲတွေဖြေဘို့ တချို့တွေမှာ (စာရေးသူ ။ ကိုမင်း ။ တို့လိုပေါ့) ဒီနေ့တမျိုး ၊ မနက်ဖြန်တမျိုး ပြောင်းနေတဲ့ သက်ဆိုင်ရာစာစစ်သူလူကြီးမင်းတွေ (Examiner) ရဲ့ စာမေးပွဲဖြေဆိုခွင့်ဆိုင်ရာကန့်သတ်ချက်တွေ ၊ အဆင့်သတ်မှတ်ချက်တွေ ၊ တည်ငြိမ်မှုမရှိတဲ့စာမေးပွဲ Rule and Regulation တွေကြောင့်အခွင့်အရေးမရခဲ့ကြပါဘူး ဆိုတာ ကိုယ်တိုင်လဲကြုံခဲ့ရသလို အရည်အချင်းရှိပြီး ဖြေဆိုခွင့်မရရှာတဲ့ ကိုမင်း တို့လို လူများအတွက်လဲ စာနာ နားလည် ခံစားရတာက တစ်ပိုင်းပါ။ ခေတ် စနစ်တွေပြောင်းလာတာမြင်နေရတဲ့ အခုလိုအချိန်မှာ ယခင်ကအနာဟောင်းတွေ ပြန်တူးဖော်ပြီး အမာရွတ်ကျနေတဲ့ ဒဏ်ရာကို နောက်ထပ်အနာကြီး ထပ်ဖြစ်အောင်မလုပ်တော့ဘဲ နောက်တတ်လာမဲ့ လူငယ်မျိုးဆက်သစ်တွေကို အစစ်အမှန်လက်မှတ်တွေကိုင်ဆောင်ပြီး တကယ်အရည်အချင်းရှိတဲ့ သဘော`်အင်ဂျင်နီယာများဖြစ်အောင် တဘက်တလမ်းက ပံ့ပိုးကူညီပေးမယ်ဆိုရင် ၊ နတ် လူ သာဓုခေါ်မဲ့ အတွေးအခေါ်မျိုး တွေ ဖြန့်ဝေပေးမယ်ဆိုရင် ကျွန်တော်တို့ Community ဒီထက်ပိုပြီးကောင်းမလာနိုင်ဘူးလားခင်ဗျာ။ အခုလက်ရှိမှာ ကျွန်တော်သိသလောက်ပြောရရင် လူငယ်မျိုးဆက်သစ်တွေအတွက်လက်ဆင့်ကမ်းဘို့ ကျွမ်းကျင်တဲ့ Qualified Instructor တွေ ရှားပါးနေတဲ့ကိစ္စတွေဖြစ်နေပါတယ်။ ရေကြောင်းအင်ဂျင်နီယာတွေ Professional Skill ကောင်းစွာဖြစ်ထွန်းလာရေးအတွက် Capacity Building မြှင့်တင်ဘို့ "ကိုမင်း" တို့ ကျွန်တော်တို့တွေ တတ်နိုင်တဲ့ဘက်ကပံ့ပိုး ကူညီရမှာပါ။ အတုဟာ ဘယ်တော့မှ အစစ်လောက်မကောင်းပါဘူး။ အတု ဟာ အတု ပါဘဲ။ ပြောင်းလဲလာတဲ့သဘော`်ဝန်ထမ်းများရဲ့လစာနုန်းထားများအရလည်းကောင်း ၊ သဘော`်ဝန်ထမ်းရှားပါးမှု နဲ့ ဈေးကွက်သဘောတရားအရလည်းကောင်း လက်မှတ်အစစ်ကိုင်ဆောင်ထားတဲ့ Master / Chief Engineer တွေရဲ့ ယခုလက်ရှိလစာ US$ ကို ဆောင်းပါးမှာ ကိုမင်းရေးထားသလို စင်ကာပူဒေါ်လာ ၉၇၀၀ ရတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့လစာနဲ့ ၁၃-၁-၂၀၁၃ ပေါက်ဈေးနဲ့ နိုင်းယှဉ်ရင် လက်မှတ်အစစ်ကိုင်ဆောင်သူများက ပျင်းပါတယ်။ တနေ့က MOT 1st Class ဖြေနေတဲ့ သူငယ်ချင်းတယောက်နဲ့တွေ့တော့ သူ့ရဲ့ MOT 2nd Class Engineer (DAMA---) လက်မှတ်ကိုတယောက်ယောက်ကအတုပြုလုပ်ကိုင်ဆောင်အသုံးပြုနေတဲ့အတွက် သူ့မှာ ဘာမသိ ညာမသိနဲ့ SECD Black List ထဲကိုရောက်သွားပြီး ပြန်ထွက်ဖို့ ကိုးယိုးကားယားဖြစ်ခဲ့တဲ့အကြောင်းပြောပြတော့ လက်မှတ်အတုကိုင်ဆောင်သူကြောင့် အစစ်သမားခမျာမဆီမဆိုင်ဒုက္ခရောက်ရတာတွေ့ခဲ့ရတယ်။ ကိုယ့်ကြောင့် သူတဖက်သား (တွေ့ဘူ မြင်ဘူး သိဘူးတာလဲမဟုတ်ဘဲနဲ့) ဒုက္ခရောက်ရပြီဆိုကတည်းက လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ ဥဏှောက်ယိုစီးမှု ကို နိုင်ငံတော်အစိုးအရအနေနဲ့ရော ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေနဲ့ရော တားဆီးကာကွယ်ဘို့ ၊ အဖြေရှာဘို့ ၊ နည်းလမ်းတွေကိုချမှတ်လုပ်ဆောင်သင့်သလို တဖက်မှလည်း လူငယ်မျိုးဆက်သစ်များကိုလဲကောင်းမွန်တဲ့အတွေးအမြင် ၊ အတွေ့အကြုံ တွေကို ဖြန့်ဖြူးပေးသင့်တယ်လို့ထင်မြင် ယူဆတဲ့အကြောင်းတင်ပြပါရစေ။ ကျွန်တော်နှစ်သက်စွဲလမ်းစွာဖတ်ဖြစ်တဲ့ ဆရာဇေယျသူ ရဲ့ ""ပေတံကပြောသောစကား"" ဆောင်းပါးထဲက စာပိုဒ်တခုကိုဘဲ ညွှန်းပြီး ဒီစာကိုပိတ်ပါရစေ။ နေကိုကမ္ဘာကလည့်ပတ်ကြောင်းသိသူသည် ကမ္ဘာကိုနေကလှည်ပတ်သည်ဟု ထင်သူများကြားတွင် ရဲရဲဝင့်ဝင့်နေနိုင်ခြင်း ၊ အမှန်ကိုထုပ်ဖော်ဝံ့ခြင်းမှာ ကိုယ်ပိုင်ပေတံကြောင့်သာဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်း ပေတံကောင်းများ ကြီးစိုးရန်လိုသည်။ ပေတံကောင်းများမကြီးစိုးသေးလျှင် ကိုယ်ပိုင်ပေတံကောင်းကောင်းတစ်ချောင်း လက်ဝယ်မြဲရန်လိုသည်။

ရေးသားသူ - ညီညီထွေး (အင်ဂျင်နီယာမှူး)

ွှThe Voice ဂျာနယ်တွင် ပါဝင်သော ကိုညီညီထွေး၏ ဆောင်းပါးကို ဆောင်းပါးရှင်၏ ဖေ့ဘွတ် စာမျက်နှာမှ မူရင်းအတိုင်း ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည် ။ 


from MSU FB Page.

တရုတ် နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သော Container သင်္ဘော...



မတ်လ ၁၈ ရက်နေ့  က ရာသီဥတုဆိုးရွားမှုကြောင့် တရုတ်နိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင် တရုတ်

Container သင်္ဘော MV.Guang yang xin gang နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောသား ၁၁ ယောက် သေဆုံးခဲ့ပြီး၊ ၂ ယောက်ပျောက်ဆုံးနေကာ ၁ ယောက်ကိုတော့ helicopter

နဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နစ်မြုပ်ခဲ့တဲ့ သင်္ဘောဟာ တရုတ်နိုင်ငံ  Zhejiang ပြည်နယ် အရှေ့ပိုင်း Taizhou မြို့ ကို

ဦးတည်ခုတ်မောင်းနေခဲ့တာဖြစ်ပြီး

Longkou မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာ ပင်လယ်ပြင်ထဲမှာနစ်မြုပ်ခဲ့တာပါ။

လိုက်ပါလာတဲ့ သင်္ဘောသားတွေရဲ့ အသေးစိတ်အချက်အလက်များကိုတော့ မသိရသေးပါ...




Source - worldmaritimenews.com & google.com

Shared by - Navi Kyaw

ဝင်မယ်... ထွက်မယ်... သတင်းပို့ မယ်...


အဝင် အထွက် သတင်းပို့ ရာတွင် လုပ်ဆောင်ရန်...

ကုမ္ပဏီ ၁၆၁ ခု၏ အမည်စာရင်း နှင့် လိပ်စာ များ...


ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်

စာချုပ်ချုပ်ဆို၍ မြန်မာသင်္ဘောသားများ ငှားရမ်းအသုံးပြုနေသည့် ကုမ္ပဏီ

၁၆၁ ခု၏ အမည်စာရင်း နှင့် လိပ်စာ များ ပါ

Mr. Saw Ye Tun တင်ပေးထားခြင်းကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်

ဒီမှာဒေါင်းပါ...


Shared by - U9@MSU

WESTERN UNION နဲ့  ငွေလွှဲကြမယ်...


အတွေ့ အကြုံ ရှိပြီးသင်္ဘော သား တွေ ကတော့ သိပြီးဖြစ်ပါမည်။
ကမ္ဘာ အနှံ အပြား နိုင်ငံ ပေါင်း ၂၀၀ ကျော်တွင် အေး ဂျင့် ပေါင်း ၄၈၆၀၀၀ ကျော်ဖြင့် ငွေလွှဲ လုပ်ငန်း ပြု လုပ်နေသော company ဖြစ်သည်။

ငွေ လွှဲသူ (နိုင်ငံခြားမှ မြန်မာနိုင်ငံသို့) နှင့်
ငွေလက်ခံ (မြန်မာ နိုင်ငံမှ Western union နှင့် ချိတ်ဆက် ထားသော ဘဏ်တွင် ထုတ်ယူမည့်သူ) နှစ် ဦးစလုံး
မည်သည့် ဘဏ် အကောင့် (bank account) ငွေလွှဲသူ ရော လက်ခံမည် သူပါ ရှိရန်မလို။

ငွေလွှဲ ပို့ မည်သူ (နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ) လုပ်ဆောင်ရန်

မိမိရောက်နေတဲ့ နိုင်ငံ မှာ ရှိတဲ့western union အေ့ဂျင့် သို့ ဘဏ် ခွဲ များသို့ သွားပြီး ငွေ ပေးပို့ ဖောင် တွင်ြဖ ည့်ပါ။
Go to the nearest Western Union Agent location and fill out the ``SEND MONEY´´ form.

ငွေ ပေးပို့ ဖောင်ဖြည့်ပြီး လျှင် ပေးပို့ ငွေ။လွှဲ ခ။ သက်သေခံကတ်ပြားနှင့် လိုအပ်သော စာရွက်စာတမ်း များ ကို တင်ပြပါ။
Present the completed form along with the money you wish to send,the transfer fee and your identification document as required.

ငွေလွှဲ ထိန်းချုပ် နံ ပါတ် ဂဏန်း ၁၀လုံး ``MTCN´´ ပါဝင် သော ငွေ လက်ခံ ပြေစာ ကိုရယူပါ။
Receive a receipt together with Money Transfer Control Number (MTCN)

ငွေလက်ခံမည့် (မြန်မာ နိုင်ငံ ) သူ သို့ ပေးပို့ သူ နာမည်။ပေးပို့ ငွေ ပမာဏ။ MTCN ဂဏန်း ၁၀လုံး နှင့် သင်ငွေလွှဲလိုက်သော လက်ရှိ ရောက်နေသော နိုင်ငံအမည် ကို အကြောင်းကြား ပါ။
Inform the receiver of the sender's name,amount sent,MTCN 10digits, and country where the money was sent from.

ငွေလက်ခံသူ (မြန်မာနိုင်ငံမှ)လုပ်ဆောင်ရန်

လက်ခံမည်လူ နှင့် အနီးဆုံး Western union ချိတ်ဆက် BANK နှင့် အေ့ဂျင့် (WESTERN UNION ဆိုင်းဘုတ်ရှိသည့် နေရာ)ထံ သို သွားပါ။
Go to nearest Western union agent location,fill out the ``RECEIVE MONEY FORM ´´ with full details of sender name,amount expcted,sending country,10 digits MTCN.


ငွေလက်ခံဖောင်ဖြည့် ပြီးသက်သေခံ ကတ်ပြားလို အပ်သောစာရွက် စာတမ်း များ နှင့်အတူ တင်ပြပါ။
Present the completed form along with your identification document as required.

ငွေသားလက်ခံပြီး ငွေလက်ခံ ပြေစာ ရယူပါ။
Collect your money and receipt
မိနစ်ပိုင်း အတွင်း သင်လွှဲလိုက်သော နိုင်ငံမှာ ရှိတဲ့ မည်သည့် Western union ရဲ့ ဘဏ်ခွဲ တိုင်းမှာ ငွေသား ထုတ်ယူနိုင်ပါသည်။

ငွေ ပေး ပို့သူ မှသာ အကျိုး ဆောင်ခ ပေး ရပြီး လက်ခံသူ မှာ ကျသင့်ငွေ တစ်စုံ တစ်ရာ မပေး ရပါ။

thailand
www.westernunion.co.th
singapore
www.westernunion.sg
japan
www.westernunion.co.jp
korea
www.westernunion.co.kr
USA
www.westernunion.com
UK
www.westernunion.co.uk

တွင်ဝင်ရောက် ကြည့်ရှုန်ုင်ပါသည်။

မြန်မာနိုင်ငံ တွင် ကျပ်ငွေ ဖြင့် ထုတ်ယူ ရမည်။
ငွေ လွှဲခ နှင့် လဲလှယ်နှုန်း ကို မိမိ ရောက်ရှိ နေသော နိုင်ငံ ရဲ့ western union ကောင်တာ တွင်ငွေ မလွှဲ ခင် မြန်မာနိုင်ငံမှ လက်ခံ ရရှိမည့် ငွေပမာ ဏ ကို သိရှိရသည့် အတွက် မိမိ ကိုယ်ပိုင် ဆန္ဒ ဖြင့် ဆုံးဖြတ်နိုင် ပါသည်။

မိမိ ချွေးနည်းစာ ကို မိမိ ရဲ့ မိသားစု အတွက် အပြည့်အဝ အသုံးပြု နိုင်အောင် ရည်ရွယ်သည်။

သင်္ဘောသား ကောင်းကျိုး လိုလား သော
Myanmar Seamen Union.

Shared by - XD @ MSU.

TANKER SAFETY GUIDE - CHEMICALS

  CHEMICALTANKERသမားများအတွက်

စုံစုံလင်လင် လေ့လာနိုင်မဲ့စာအုပ်လေးခင်ဗျာ

TANKER SAFETY GUIDE CHEMICALS

PART I OPERATIONAL AND EMERGENCY CUIDELINES

Chapter l HAZARDS AND PROPERTIES OF CHEMICATS
Chapter 2 GENERAL PRECAUTIONS
Chapter 3 ENTRY INTO ENCTOSED SPACES
Chapter 4 CONTROL OF OPERATIONAL DISCHARGES FROM A CHEMICAL TANKER
Chapter s PRECAUTIONS DURING CARGO OPERATIONS
Chapter 6 ENVIRONMENTAL CONTROL OF VAPOUR SPACE IN CARGO TANKS
Chapter 7 TANK CLEANING AND GAS FREEING
Chapter 8 EMERGENCY PROCEDURES
Chapter 9 PERSONAL PROTECTM EQUIPMENT

PART II TECHNICAT INFORMATION
Appendix A TOXIC PRODUCTS
Appendix B CORROSIVE SUBSTANCES
Appendix C REACTIVE CHEMICALS AND RELATED PRECAUTIONS
Appendix D STATIC ELECTRICITY
Appendix E INERT GAS SYSTEMS
Appendix F ELECTRICAL EQUIPMENT AND INSTALLATIONS IN HAZARDOUS AREAS
Appendix G PRESSURE SURGE
Appendix H FIRE FIGHTING - THEqRY AND EQUIPMENT
Appendix J INSTRUMENTATION
Appendix K CARGO HOSES
Appendix L SHIP/SHORE SAFETY CHECKLIST

Appendix M EXAMPLE OF CARGO INFORMATION FORM (DATA SHEET)
Appendix N EXAMPLE OF AN INHIBITED CARGO CERTIFICATE
Appendix P EXAMPTE OF A HOT WORK PERMIT
Appendix Q EXAMPLE OF AN ENCLOSED SPACE ENTRY PERMIT

စာအုပ်ကိုဒီမှာဒေါင်းပါ...

Shared by - U9@MSU

Monday, March 25, 2013

3E Class...


3E စနစ်ဟောင်း( မတ်လ ၄ ရက်နေ့တွင်ဖွင့်သွားသော စနစ်ဟောင်းနောင်ဆုံး အတန်းကို မမှီကြသော JE များအတွက် အရေးကြီး သတင်း)
ကျွန်တော်လဲ မတ်လ ၈ရက်နေ့မှ ပြန်ရောက်လို့ စနစ်ဟောင်းနောက်ဆုံးအတန်းကို ကပ်လွဲသွားပါတယ်..စနစ်ဟောင်းကို အမှီပြန်လာပေမယ့် စနစ်သစ်နဲ့တိုးမလို ဖြစ်နေပါတယ်..ဒါကြောင်း စနစ်ဟောင်း အတန်းသစ်ဖွင့် ဖို့ လူစုနေပါတယ်.အောက်မှာ ဖော်ပြထားတဲ့ စာရင်း သူငယ်ချင်း JE များ စနစ်ဟောင်းနောက်ဆုံးတန်း တက်ခွင့်ရရန် ကျွန်တော် လူစုနေပါသောကြောင့် အဆင်ပြေလျှင် ဆက်သွယ်ပေးစေလိုပါတယ်ခင်ဗျာ..အရေးကြီးလို့ပါ.. 

ကိုခွန်စိုင်း -0973025246

ကို နေဝင်းထက်- 0943121173 ကို ဆက်သွယ် ပြီး အတန်းသစ်ဖွင့်ဖို့ ကူညီကြစေလိုပါတယ်ခင်ဗျား...


1. အောင်မျိုးဌေး CDC- 65473
2.ချမ်းမြေ့သူ 74227
3.ထက်အောင်ပိုင် 72583
4.စိုးဖေသာဝင်း 75670
5.ကျော်မင်းအောင် 64787
6.မင်းမောင်မောင် 38309
7.ဇော်မင်းခိုင် 53715
8.အောင်ကျော်စွာထွန်း 74152
9.စိုးပြည်မြင့်မောင် 74128
10.ထင်လင်း 69111
11.ဇော်နိုင်လင်း 66120
12.အောင်ဖြိုးဟန် 69473
13. ဝေမင်းဖြိုး 74271
14.နေထက်အောင် 69280
15.စံလင်း 67300
16.ဝင်းထိုက်အောင် 77407
17.အောင်ဆန်းဝင်း 73674
18.ထွန်းနိုင်လင်း 60662
19.အောင်သူရိန်မြင့် 67554
20.ကျော်စိုး 63113
21.ကျော်ကျော်ဇင် 38653
22.မျိုးကျော်ကျော် 58227
23.ဇွဲဇော်ဇော်စိုး 74342
.......အထက်ဖော်ပြပါ JE သူငယ်ချင်များ စနစ်ဟောင်းမှီနိုင်ရန် ဆက်သွယ်ပေးပါခင်ဗျာ...
Shared by - Khun Sai

MSF Advanced Voting...

MSF မှ အဝေး ရောက်နေသူများ မဲပေးရန် အောက်ပါအတိုင်းကြေညာထားပါတယ်။ ပုံစံကို pdf ဖိုင်အဖြစ်အလွယ်တကူသုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ပယ်မဲမဖြစ်အောင်ဂရုစိုက်ကြပါခင်ဗျား။
*****
အဝေးရောက်ဆန္ဒမဲပေးခြင်း
၁။ အဝေးရောက်ဆန္ဒမဲဆိုသည်မှာ - အဝေးရာက်ပင်လယ်ကူးသင်္ဘောသားအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်ကြသော အဖွဲ့ချုပ်အဖွဲ့ဝင်သင်္ဘောသားများ၏ ဆန္ဒမဲကိုဆိုလိုသည်။ (ကော်မရှင်လုပ်ထုံးလုပ်နည်း၊ အပိုဒ် (၈-ခ))
၂။ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၏ Website &Facebook မှ သင်္ဘောသားများသိရှိစေရန်အချက်အလက်များကိုဖော်ပြပါရှိပြီး သတ်မှတ်ထားသောပုံစံ Advance Voting Form ကိုဖြည့်စွာက်၍ မိမိထောက်ခံဆန္ဒပြုလိုသူအများဆုံး (ကုန်းပတ်အရာရှိ (၈)ဦး။ အင်ဂျင်နီယာအရာရှိ (၈)ဦး နှင့်အခြားအဆင့်သင်္ဘောသား(၁၇)ဦး) တို့ကိုကော်မရှင်၏ G-mail (commission.MSF@gmail.com) သို့ပေးပို့နိုင်ပါသည်။ ဥပမာ- ကုန်းပတ်အရာရှိ(၈)ဦး၊ အင်ဂျင်နီယာအရာရှိ (၈)ဦး၊ အခြားအဆင့်(၁၇)ဦးထက်မဲပိုထည့်ခဲ့သော် ပယ်မဲ အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။
၃။ ယင်းသို့ Online မှပေးပို့ရာတွင် (ပူးတွဲပါ) Advance Voting Form ပါ မဲဆန္ဒရှင် ဖြည့်စွက်ရမည့်ကိုယ်ရေးအချက်အလက်များကို ကွက်လပ်မချန်ခဲ့ဘဲ ပြည့်စုံစွာ ဖော်ပြထားရှိခြင်းမရှိပါက မှန်ကန်ပြည့်စုံစွာဖော်ပြထားရှိခြင်း မရှိပါကာ ပယ်မဲ အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။
MSF Advanced Voting Form ကို ဒီမှာဒေါင်းပါ...

Shared by - Kyaw Mya Oo

MTM သင်္ဘောသား မိသားစုများအတွက်...

 
MTM Family ရဲ့ ILBC Summer Course အတွက် သင်္ဘောသား ၏ သားသမီး မများစာရင်းပေးသွင်း နိုင်ပါ ပြီ။

Shared by - Ye Tayza Aung

ကျွန်တော် ဝေလငါး


ကျွန်တော် ငယ်ငယ်ကတော်တော်လေး ငါးဖမ်းဝါသနာပါခဲ့ဖူးတယ်ခင်ဗျ။ အမှိုက်ပုံနားက မြေကြီးတွေထဲက တီကောင်တွေနှိုက်ပြီး တစ်နေကုန်ငါးမျှားတံတစ်လက်ကိုင်ပြီး မြောင်းတွေ၊ အိုင်တွေထဲမှာ ငါးလိုက်မျှားခဲ့ဖူးပါတယ်။ ကိုးတန်းဆယ်တန်းလောက်အထိကို ကျောင်းစာတွေကြားက အားရင်အားသလို ငါးထွက်ထွက်မျှားပါသေးတယ်။ အဲဒီလောက်အထိ ငါးဖမ်းခြင်းကိုဝါသနာကြီးခဲ့တာပါ။ ဒါပေမယ့် ကျောင်းပြီးလို့သဘောင်္စလိုက်တဲ့အချိန်ကစပြီး ကျွန်တော့်ရဲ့ဝါသနာကိုစွန့်လွှတ်ခဲ့ပါတယ်။ ဘာကြောင့်စွန့်လွှတ်ခဲ့လဲဆိုတာက ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ သူလဲရေထဲမှာနေတယ်၊ ကိုယ်လဲရေထဲမှာနေတယ် ဘဝတူတွေပဲဆိုတဲ့အတွေးကြောင့်ပါ။

အဲဒီလိုအတွေးမျိုးမထားနိုင်တဲ့သူတွေကတော့ ကျွန်တော်နောက်ဆုံးစီးခဲ့တဲ့ သဘောင်္ကသူတွေ အားလုံးနီးပါးပါပဲ။ သူကြီး၊ စက်ချုပ်ကအစပါ။ သူတို့ကိုအပြစ်ပြောလို့လဲမရပါဘူး သဘောင်္မှာအပန်းဖြေစရာက ရှားတာကိုး။ အားအားရှိသဘောင်္ဆိပ်ကမ်းကပ်ထားရင်ဖြစ်ဖြစ်၊ ကျောက်ချထားရင်ဖြစ်ဖြစ် သဘောင်္ပဲ့ပိုင်းမှာ ငါးမျှားတံကိုယ်စီနဲ့ soju ပုလင်းလေးတွေ၊ ဘီယာဗူးလေးတွေဘေးမှာချလို့။ ရလာတဲ့ငါးတွေကိုဘေးမှာ အသင့်ဆောင်ထားတဲ့ဓားနဲ့အလွှာလိုက်လှီးပြီး အစိမ်းလိုက်အမြည်းလုပ်ကြလေရဲ့။ သူတို့မကြိုက်တဲ့ငါးမျိုးမိလို့ရင်လဲ သာသာယာယာငါးမျှားချိတ်က ဖြုတ်ပြီးရေထဲပြန်လွှတ်ပေးတာမဟုတ်ဘူး၊ စောင့်ဆွဲဖြုတ်ပြီး ရေထဲကန်ချတာ။ ပြီးတော့လဲ သူတို့စားနိုင်လှ သုံးလေးကောင်ပေါ့ အဲဒါကိုအလကားထိုင်ပြီး အပျော်ဖမ်းနေကြတယ်။ သဘောင်္ကမကျွေးလို့ဆိုထားတော့ (သူငယ်ချင်းတစ်ယောက်ပြောပြတဲ့ သူစီးခဲ့တဲ့ မလေးရှားသဘောင်္ကတော့ ဝအောင်မကျွေးလို့ငါးဖမ်းစားရတယ်လို့တော့ကြားဖူးတယ်)။ ငါးဖမ်းခြင်းက သူတို့ကိုရီးယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေပြီး ငါးဆိုတာကို သတ္တဝါရယ်လို့မယူဆထားဘူးတဲ့ဗျာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီအပတ်စနေနေ့ထုတ် the voice weekly ဂျာနယ်မှာပါတဲ့သတင်းလေးတစ်ပုဒ်ကို သွားတွေ့တယ်ခင်ဗျ။ အပူပိုင်းဒေသတွင်ကျက်စားလေ့ရှိသော Bryde’s whale မျိုးစိတ်ရှားပါးဝေလငါးတစ်ကောင် ထားဝယ်ဒေသ လောင်းလုံမြို့နယ် ကမ်းပနီကျေးရွာကမ်းခြေတွင် ကမ်းတင်သေဆုံးလို့ဖော်ပြထားပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနရဲ့ယူဆချက်အရ ကျွန်တော်တို့သဘောင်္သားတွေလဲအပြစ်မကင်းဘူးဗျာ။ (ယင်းဝေလငါးမှာ ငါးဖမ်းသမားများကြောင့်ထိခိုက်ခြင်း၊ သဘောင်္ဖြင့်ထိခိုက်ခြင်း၊ သက်တမ်းရင့်လာ၍သေဆုံးခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်းယူဆထားပါသည်တဲ့)။ အဲဒါနဲ့တစ်ဆက်ထဲ marine insight ကဆောင်းပါးလေးတစ်ပုဒ်ကို ပြန်ရေးကြည့်မယ်လို့စိတ်ကူးရလာပါတယ်။

သဘောင်္လုပ်ငန်းရဲ့အကျိုးဆက်တွေကြောင့် ဝေလငါးအမြောက်အများသေကြေပျက်စီးရခြင်းမှာ ဝေဖန်ဆန်းစစ်ရမယ့်ပြဿနာတွေဖြစ်လာပါပြီတဲ့။ ဝေလငါးတွေဟာ ပင်လယ်ကူးသဘောင်္တွေ၊ အခြားကမ်းလွန်သဘောင်္တွေ (offshore vessel) တွေနဲ့တိုက်မိခြင်းကသူတို့ကိုဒဏ်ရာရစေ၊ သေစေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါသည်။ နောက်တစ်ချက်ကတော့ သဘောင်္တွေကြောင့်ဖြစ်တဲ့ ဆူညံသံတွေ (effects of underwater noise pollution) ကြောင့်လဲဖြစ်နိုင်ပါသည်။
သဘောင်္နဲ့ဝင်တိုက်မိတာကတော့ ဆူညံသံကြောင့်ထက် ပိုပြီးသိသာထင်ရှားပါတယ်။ အထူးသဖြင့် USA နဲ့ ကနေဒါအရှေ့ဘက်ကမ်းလွန် သဘောင်္အသွားအလာရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ဝေလငါးတွေအတွက်ကတော့ အထူးသတိထားစရာပါပဲ။ သဘောင်္မောင်းနှင်သူတွေအနေနဲ့ ဝေလငါးတွေကိုလိုက်ကြည့်ပြီး ရှောင်မောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ (သဘောင်္အချင်းချင်းတောင် မတိုက်အောင်ရှောင်မောင်းနေရတာကို။ ပြောလို့တော့မရဘူး နောက်ပိုင်း ဂေဟစနစ်ကို အလေးထားတဲ့သူတွေများလာရင် IMO က rule (5) lookout မှာ a full appraisal of situation and of the risk of whale collision ဆိုပြီးထည့်ရေးချင်ရေးလာမှာ) ။

၁၉၅၀ နဲ့ ၁၉၇၀ကာလတွေအတွင်းမှာ သဘောင်္တွေရဲ့ မြန်နှုန်းမြင့်လာခြင်းနဲ့အတူ သူတို့တွေရဲ့ ထိခိုက်မှုတွေလဲပိုများလာခဲ့ပါတယ်။ မှတ်တမ်းတစ်ခုအရ ၁၉၇၀ နဲ့၁၉၈၉ခုနှစ်အတွင်း northern right whale မျိုးနွယ်ဝေလငါးတွေရဲ့ ၂၀ရာခိုင်နှုန်းခန့်ဟာ USA နဲ့ ကနေဒါအရှေ့ဘက်ကမ်းလွန်တွေမှာ သေဆုံးခဲ့ရပါတယ်။ သူတို့ရဲ့ကိုယ်ပေါ်က သဘောင်္ပန်ကာခြစ်ရာတွေက သူတို့တွေဟာ သဘောင်္တွေနဲ့ဝင်တိုက်ခဲ့ကြောင်းသက်သေပြနေပါတယ်။ အဲဒါတွေအပြင် ကျွန်တော်တို့မသိနိုင်တဲ့ မှတ်တမ်းမရှိတဲ့ ဝေလငါးသေဆုံးမှုဘယ်လောက်များများရှိတယ်ဆိုတာ မပြောနိုင်ပါဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပင်လယ်နေသတ္တဝါတွေကို ဒုက္ခပေးတဲ့နောက်တစ်ချက်ကတော့ သဘောင်္ပန်ကာလည်၍ဖြစ်လာသော တုန်ခါမှုပဲ့တင်သံတွေ၊ ပဲတင်သံလှိုင်းဖြင့် ရေအနက်ကိုတိုင်းတာခြင်းတွင်သုံးသည့်ကိရိယာများ၊ ရေနံနဲ့သဘာဓာတ်ငွေ့တူးဖော်ဖောက်ခွဲခြင်းမှ ထွက်လာသည့်ဆူညံသံ များ ( effects of noise pollution) တွေပဲဖြစ်ပါတယ်။ အဲဒီပဲတင်သံလှိုင်းများဟာ လေထဲမှာထက် ရေထဲတွင်ပိုပြီးဝေးဝေးရောက်နိုင်ပါသည်။ ပိုဆိုးတာက ပင်လယ်နေသတ္တဝါတွေဟာ ကုန်းနေသတ္တဝါတွေထက် အသံလှိုင်းကိုခံနိုင်ရည်အားနည်းပါတယ်။ အဲဒီအသံတွေကြောင့် သူတို့တွေရဲ့ အစာရှာဖွေခြင်း၊ မိတ်လိုက်ခြင်းတွေမှာလည်း အဟန့်အတားဖြစ်စေပါသည်။ အဲဒီကြိမ်နှုန်းနိမ့်အသံလှိုင်းတွေဟာ လူတွေအတွက်ပြဿနာမရှိပေမယ့် ပင်လယ်နေသတ္တဝါတွေအတွက်တော့ စိုးရိမ်စရာပါ။

အထူးသာဓကတွေကတော့ စစ်ရေးဆိုနာလေ့ကျင့်မှုတွေ (sonar exercise) ကြောင့်ဝေလငါးအများအပြား ကမ်းတင်သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းတွေပါပဲ။ အလားတူလေ့ကျင့်မှုတွေကြောင့် စပိန်ကမ်းခြေတွင်လည်း ပြည်ကြီးငါးအမြောက်အများ ကမ်းတင်သေဆုံးခဲ့ရဖူးပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော့်ဘာမှမဟုတ်တဲ့ သတ္တဝါတွေကိုအရေးတယူ လူတွင်ကျယ်လုပ်ပြီးရေးနေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေနေရာက ပြန်စဉ်းစားကြည့်ဗျာ။ သူတို့တွေဘိုးဘွားဘီဘင်ကတည်းကနေလာတဲ့ ပင်လယ်သမုဒ္ဒရာကြီးလေ။ silent world လို့တင်စားရလောက်အောင် တိတ်ဆိတ်အေးချမ်းတာ။ ဒါကို ကျွန်တော်တို့တွေက လျစ်လျူရှုပြီး ကိုယ်လုပ်ချင်တာလုပ်မယ်ဆိုရင် ဘယ်ကောင်းမှာလဲ။

ကျွန်တော်တို့တောင် ကိုယ့်ဘိုးဘွားဘီဘင်နေလာတဲ့နိုင်ငံမှာ တခြားလူမျိုးတွေ လူတွင်ကျယ်လာလုပ်ရင် မခံနိုင်ဘူးဗျာ။ ဒီလိုပဲသူများနေရာဒေသမှာ သွားလာလှုပ်ရှားကြမယ်ဆိုရင် သူ့အရပ်နဲ့လိုက်လျောညီထွေ သူ့စည်းသူ့ကမ်းနဲ့နေကြသင့်တယ်လို့ထင်ပါတယ်။

Ref: How Shipping Has Become a Great Threat to Whales

Shared by - navoski (Navo Ski)

ရေကြောင်းတက္ကသိုလ် မှ မဟာအင်ဂျင်နီယာဘွဲ့ သင်တန်း ...


ရေကြောင်းတက္ကသိုလ် မှ မဟာအင်ဂျင်နီယာဘွဲ့ သင်တန်း (၁/၄/၂၀၁၃) နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပါ ပြီ။

Shared by - Ye Tayza Aung

Sunday, March 24, 2013

Wire တွေအကြောင်း စာအုပ်...


Wire တွေအကြောင်း လေ့လာနိုင်အောင် ခင်ဗျာ

အထဲမှာ စာအုပ်နှစ် ပါပါတယ်

HANDLING , INSTALLATION AND MAINTENANCE OF STEEL WIRE ROPES

&

WIRE ROPE INSPECTION AND EXAMINATION

စာအုပ်ကို ဒီမှာဒေါင်းပါ

Shared by - U9@MSU

သင်္ဘောဘယ်ရောက်နေလဲကြည့်မယ်...


 

ကိုကိုဘယ်များရောက်နေလဲ
မောင်မောင်ဘယ်များရောက်နေလဲ
ဘယ်ဆီမျော်မှန်းပီး လွမ်းရပါ့ ဆိုသူတွေအတွက်ဗျား :P

နေရာစုံမှာရောက်နေတဲ့ သဘောင်္အမျိုးမျိုး ရဲ့ အချက်အလက်တွေ ရောက်နေတဲ့နေရာတွေ သဘောင်္သွားနေတဲ့ နုန်း ဘယ်ကိုသွားနေတယ်ဆိုတာ တွေကအစ တိတိကျကျ သိနိုင်မဲ့
နေရာ တခု ပါဗျာ မြေပုံပေါ်မှာ တင် သဘောင်္မျိုးစုံကိုတွေ့ နိုင်ပါတယ် သဘောင်္နာမည် ကို တန်းရိုက်ထဲ့ပီးရှာနိုင်သလို ရောက်နေတဲ့ Port နာမည် တွေလဲ ထည့်ရှာနိုင်ပါတယ်ဗျာ
အောက်က လင့်မှာ ၀င်ရောက်ကြည့်နိုင်ပါတယ်ဗျာ

http://www.marinetraffic.com/ais/

MSU ဂရုထဲမှ ညီကို တစ်ယောက် Share ထားခြင်းကို ပြန်လည်တင်ပြလိုက်ပါတယ်ခင်ဗျာ

ရေးသားသူ - U9@MSU
((( မှတ်ချက် - marinetraffic.com သည် သင်္ဘောများ၏ AIS data များကိုယူသုံးခြင်းဖြစ်ပြီး World Wide Coverage မဖြစ်သေးပါ )))

Saturday, March 23, 2013

သင်္ဘော စတင်တက်ရောက်မည့် လူသစ် သဘော`်ဝန်ထမ်းများ လိုက်နာသင့်သောအရေးကြီးအချက် (၁၄) ချက်



ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ သဘော`်သားအလုပ်အကိုင်ကြီးကြပ်ရေးဌာနခွဲ (SECD) ၏ ပြောင်းလဲကျင့်သုံးလာသောမူဝါဒအရ နိုင်ငံခြားသဘော`်ဝန်ထမ်း (သဘော`်သား) များရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမို တိုးတတ် ရရှိနိုင်ရန် အတွက် စတင် လုပ်ဆောင်ရမည့်ကန့်သတ်ချက်အချို့ကို ၂၀၁၂ ခုနှစ်အတွင်း ပယ်ဖျက်ပေးခဲ့သည့်အတွက် သဘော`်ဝန်ထမ်း (သဘော`်သား) အဖြစ် နိုင်ငံခြား သဘော`်များပေါ်တွင် တာဝန်ထမ်းဆောင်လိုသူ လူငယ်များသည် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာဆုံချက်အဖြစ် တနေ့တခြားများပြားစွာပေါ်ထွက်လာခဲ့ပါသည်။
မည်သို့ဆိုစေ Deck Rating / Engine Room Rating / Deck Cadet / Enginering Cadet / Junior Engineer ဟုသိရှိကြသော မည်သည့်ရာထူးနှင့်မဆို ယခုမှသဘော`်စ လိုက်မည့် လူသစ်များသည် နိုင်ငံတကာပင်လယ်ကူးသဘော`်များပေါ်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါတွင် မိမိတို့သည် လုပ်ငန်းခွင်ဝင်ရင်း ရေကြောင်းဘက်ဆိုင်ရာအဆင့်မြင့်စာမေးပွဲများကို ဆက်လက်ဖြေဆိုရန် လုပ်ငန်းခွင်လက်တွေ့ဆင်းလျှက် သက်ဆိုင်ရာ သင်ခန်းစာအသီးသီးကိုလေ့လာသင်ယူနေခြင်းဖြစ်သည် ဆိုသည့်အချက်ကိုလည်းမေ့မထားသင့်ပါ။ မည်သည့်အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းနယ်ပယ်မှာမဆို လုပ်ငန်းခွင်သို့စတင်ဝင်ရောက်လာသူများမှာ “အလုပ်သင်” များသာဖြစ်သကဲ့သို့ နားမလည်သည်များ ၊ မသိရှိသည်များကို အစဉ်လေ့လာသင်ယူနေရမည်ဖြစ်သည့်အလျှောက် သဘော`်များပေါ်တွင်လဲ Deck Rating / Engine Room Rating / Deck Cadet / Engine Cadet / Junior Engineer အဖြစ် စတင်တာဝန်ထမ်းဆောင်မည့် (လူသစ်များ) သူများ သည်လဲ အံ့သြစရာများနှင့်ပြည့်နှက်နေသော “သဘော`်” ဆိုသည့် လုပ်ငန်းနယ်ပယ်အသစ် သို့ရောက်ရှိလာသည့်အလျှောက် စိုးရိမ်မှုလွန်ကဲခြင်း ၊ တုန်လှုပ်ခြင်း ၊ အမှားအယွင်းဖြစ်မှာ ကြောက်ရွံခြင်း ၊ လုပ်ငန်းခွင်မှ အခြားသော သဘော`်ဝန်ထမ်းများနှင့် ပေါင်းသင်းဆက်ဆံမှုတွင် အမှားအယွင်းဖြစ်မှာ စိုးရွံ့ခြင်း စသော စိတ်ပိုင်းဆိုင်ရာ ကိစ္စများကို တတ်နိုင်သမျှ လျှော့ချထားသင့်ရုံသာမက တချိန်တည်းမှာပင် မိမိ၏ ပုဂ္ဂလိကပိုင်းဆိုင်ရာများ ၊ အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းဆိုင်ရာများတွင် အတွေ့အကြုံမရှိသေးသောသူဖြစ်သည် ဆိုတာလည်း နားလည် သိရှိနေရပါမည်။
သဘော`်ပေါ်သို့စတင်တတ်ရောက်လာကျသောလူသစ်များသည် ယခုမှအမိဝမ်းကကျွတ်သကဲ့သို့အရာရာ အံသြနေမှု ၊ ထူးဆန်းမှု များကိုလဲစတင်ကြုံတွေရမှာဖြစ်ပါတယ်။ မိမိက လွန်ကဲစွာ (အမြဲတမ်းမဟုတ်ပါ) လေ့လာသင်ယူနေစဉ်မှာပင် မိမိရဲ့ အထက်အရာရှိ (Senior Officers) များမှ တာဝန်မဲ့မှု ၊ အသုံးမကျမှု ၊ အရာရာကို ပေါ့ပေါ့တန်တန်သဘောထားမှု စသည့်အဖြစ်အပျက်တို့ကိုလဲ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တခါတရံ စိတ်ပျက်ဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့ဟာ အနိမ့်ဆုံးသောတာဝန်ရှိသူများ (Least Responsibility Person) ဖြစ်သည့်အားလျှော်စွာ သဘော`်ပေါ်တွင်ဖြစ်ပေါ်လာသမျှသောမည်သည့် လူသား၏ပေါ့ဆမှားယွင်းမှု (Human Negligence) ကိုမှ အပြစ်တင်ဝေဖန်နိုင်မည်မဟုတ်ပါ။ အကျိုးဆက်အားဖြင့် သဘော`်ပေါ်မှမည်သည့်အမှားအယွင်းမဆို အခြားသောသဘော`်ဝန်ထမ်းများအတွက်လဲ ဘေးအန္တရယ်ဖြစ်ပေါ်စေပါသည်။ ဒီအကြောင်းကြောင့် သဘော`်မတက်ခင် သဘော`်ကုပ္မဏီဝန်ထမ်းများနှင့်သော်လည်းကောင်း ၊ အတွေ့အကြုံရှိသဘော`်ဝန်ထမ်းများနှင့်သော်လည်းကောင်း ဖြစ်ပေါ်လာနိုင်မဲ့ ကိစ္စရပ်များကို ကောင်းစွာ ဆွေးနွေးထားရပါမယ်။ ဥပမာအားဖြင့် အငယ်တန်းအင်ဂျင်နီယာတယောက်အဖို့ သဘော`်ပေါ်တွင်မတော်တဆ ဘေးအန္တရယ်ဖြစ်စေနိုင်သောကိစ္စရပ်များ ၊ စက်ပိုင်းဆိုင်ရာပြသနာများပေါ်ပေါက်နိုင်သောကိစ္စရပ်များ စသည်တို့မဖြစ်ပေါ်စေရန် “ ရှောင်ရန်အချက်များ” နှင့် လိုက်နာဆောင်ရွက်သင့်သော “ဆောင်ရန်အချက်များ” ကို သဘော`်၏ စက်ခန်းဌာနဘက်ဆိုင်ရာ ရာထူးအကြီးဆုံး ၊ တာဝန်အရှိဆုံးဖြစ်သော အင်ဂျင်နီယာချုပ် ညွှန်ကြားမှုအားဖြင့် စက်ခန်းဌာန ကြီးကြပ်သူ ဒုတိယအင်ဂျင်နီယာမှတဆင့် သိရှိ လိုက်နာရန်အထူးလိုအပ်ပါသည်။
ဆိုခဲ့သောရည်ရွယ်ချက်ကြောင့် သဘော`်ပေါ်တွင် မိမိကြောင့်ပြသနာတစုံတခုမပေါ်ပေါက်စေရန်အတွက်လည်းကောင်း ၊ လုပ်ငန်းခွင်မတော်တဆမှုဘေးအန္တရယ်များ မဖြစ်ပေါ်စေရန်အတွက်လည်းကောင်း ၊ လုံးဝမလုပ်သင့်သော (ရှောင်ရန်) အချက် (၁၄) ချက်ကိုရေးသားဖော်ပြလိုက်ပါသည်။

၁။ သက်ဆိုင်ရာတာဝန်ကျအရာရှိများကိုသတင်းမပို့ဘဲ ရည်ရွယ်ချက်မရှိ သဘော`်ပေါ်ရှိအခန်းများ (Cabins) ၊ လုံခြုံရေးအရ ကန့်သတ်ထားသော ပဲ့စင် (Bridge) ၊ စက်ခန်း (Engine Room) တွင်ရှိနေခြင်း ၊ တာဝန်မရှိဘဲ သဘော`်ပတ်လည်နေရာအနှံရှိနေခြင်း လုံးဝ မလုပ်သင့်ပါ။
လူသစ်များအနေဖြင့်မိမိရောက်ရှိလာသောနေရာအသစ်သည်စိတ်ဝင်စားစရာများဖြင့်ပြည့်နှက်နေသည့် သဘော`်ဆိုသည်ကို စတင်ရောက်ရှိခဲ့သောကြောင့် အမြင့်ဆုံးသောစူးစမ်းမှုများရှိနေမည်မှာသဘာဝကျပါသည်။ သို့သော်လည်းမိမိ၏စိတ်ခံစားမှုကိုထိမ်းသိမ်းသင့်ပြီး လုံခြုံရေးအရ သဘော`်ပေါ်တွင်တားမြစ်ထားသောနေရာများ ၊ ကုန်တင် ကုန်ချ လုပ်ငန်းခွင်နေရာများ နှင့် သဘော`်တစီးလုံး၏မည်သည့် နေရာအစိတ်အပိုင်းကိုမဆို သက်ဆိုင်ရာတာဝန်ကျအရာရှိအားအသိပေး အကြောင်းကြားခြင်းမရှိဘဲ မိမိ၏လုပ်ငန်းခွင်အချိန်မှာသော်လည်းကောင်း ၊ အားလပ်ချိန်များမျာသော်လည်းကောင်း သွား လာခြင်းမျိုး ကို ရှောင်ရှားသင့်ပါသည်။

၂။ အတွေ့အကြုံရှိ အကြီးတန်းအရာရှိများ၏အကြံဥဏ်ရယူခြင်းမရှိဘဲ မည်သည့် လုပ်ငန်းခွင်ဆိုင်ရာဆုံးဖြတ်ချက်မှ မချပါနှင့်။
လူသစ်များကိုသဘော`်ပေါ်သို့ပို့ဆောင်စဉ်ကတည်းက အတွေ့အကြုံမရှိသေးတဲ့အတွက် အလုပ်လုပ်ရင်း သက်ဆိုင်ရာအကြီးတန်းအရာရှိများထံမှ လေ့လာသင်ယူဘို့ရန်ဖြစ်ပါသည်။ ထို့ကြောင့် လူသစ်များဟာမည်သည့်လုပ်ငန်းဆိုင်ရာကိစ္စများကိုမဆို သက်ဆိုင်ရာအကြီးတန်းအရာရှိများ၏အကြံပြုချက်ကိုရယူခြင်းမရှိဘဲ စောလျှင်စွာ မိမိနှင့်သက်ဆိုင်သောလုပ်ငန်းကို ဆုံးဖြစ်ချက်ချခြင်းမျိုး (ဥပမာ) မိမိနှင့်မသက်ဆိုင်သောပစ္စည်းများဖြစ်သည့် ပေါက်ကွဲစေသောအရာ ၊ ကုန်ပစ္စည်းများ ၊ စက်ပစ္စည်းများ ကို ကိုင်တွယ်ခြင်း ၊ မီးခလုတ်များ ၊ လျှပ်စစ်ပိုင်းဆိုင်ရာ Breaker များ ဖွင့်ခြင်း ၊ လေဆိုးလေညစ်ထုပ်ပန်ကာများ (Fans and Exhaust Blowers) မောင်းနှင်ခြင်း စသည့်အပြုအမူများကို လုံဝ မလုပ်သင့်ပါ။

၃။ သက်ဆိုင်ရာတာဝန်ကျအရာရှိများကိုသတင်းမပို့ဘဲ ကုန်းပတ် (Main Deck) ပေါ်သို့သွားခြင်း ၊ လမ်းလျှောက်ခြင်း များ မပြုလုပ်ပါနှင့်။
လူသစ်များနေနှင့်မိမိကိုယ်မိမိ အစဉ်အမြဲ သိရှိနေရမည်မှာ မိမိ၏အသက်အန္တရယ်လုံခြုံရေးအတွက် မိမိကိုယ်တိုင် မည်သို့လုပ်ဆောင် နေထိုင် ရမည်ဆိုသည့်အချက်သည်အရေးကြီးသဖြင့် အထူး ဂရုစိုက်လိုက်နာရန်လိုအပ်ပါသည်။
သဘော`်၏ကုန်းပတ်ပေါ်သို့ သက်ဆိုင်ရာတာဝန်ကျအရာရှိအားအသိပေး အကြောင်းကြားခြင်းမရှိဘဲ လမ်းလျှောက်ခြင်း ၊ သွားလာခြင်း အထူသဖြင့် ရာသီဥတုဆိုးရွားနေစဉ်တွင် မပြုလုပ်သင့်ပါ။

၎။ သံသယတခုခုရှိပါက မိမိ၏နေမြဲနေရာတွင်သာ ရှိနေပါ။
လူသစ်များရဲ့လုပ်ငန်းကိစ္စများမှာ တခုခုသံသယရှိနေရင် သက်ဆိုင်ရာအကြီးတန်းအရာရှိများကို စောင့်ပါ။ မေးပါ။ အဲဒိလိုမသိတဲ့ သံသယရှိတဲ့ ကိစ္စများကို မေးမြန်းတဲ့အတွက် မည်သည့်အကြီးတန်းအရာရှိမှ စိတ်ဆိုးခြင်း အပြစ်ယူခြင်းမရှိပါ။

၅။ စည်းကမ်းသေ၀ပ်မှု မရှိခြင်း ၊ တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း နှင့် အပျော်အပါးနှင့်ပါတ်သက်ပြီး မိမိပုံရိပ်ကိုစွန်းထင်းစေနိုင်သော မည်သည့်အမှားမျိုးကိုမှ မလုပ်မိပါစေနှင့်။
မည်သူမဆိုလုပ်ငန်းခွင်အသစ်တခုမှာ မိမိအတွက်အကျိုးမဲ့စေသော အမှားအယွင်းများဟာ အမျိုးမျိုးသော စိတ်ဖိစီးမှုကြောင့်ဖြစ်စေ အပျော်အပါးကိစ္စများကြောင့်ဖြစ်စေ မလွဲမသွေ ဒွန်တွဲပါလာရတာ အလွန်ထင်ရှားပါတယ်။ ဒါကြောင့်လူသစ်များဟာ အပျော် အပါးတွေ များနေပြီဆိုရင် မိမိကိုယ်မိမိ အချိန်မှီသိရှိပြီး သက်ဆိုင်ရာအကြီးတန်းအရာရှိများ နဲ့ ဆွေးနွေးတိုင်ပင်မှုကိုရယူကာ အမြန်ဆုံးရှောင်ရှားကြဘို့လိုပါတယ်။

၆။ သက်ဆိုင်ရာတာဝန်ကျအရာရှိများကိုသတင်းမပို့ဘဲကမ်းဆင်းခြင်း (Go Shore) ကို မပြုလုပ်ပါနှင့်။
လူသစ်များအနေနဲ့သဘော`်ဟာစိတ်ဝင်စားစရာကောင်းသလို သဘော`်ဆိပ်ကမ်းမှာကမ်းကပ်ထားတဲ့အခါမှာလည်း သဘော`်ရောက်ရှိဆိုက်ကပ်ထားရာနိုင်ငံကို ဒေသန္တရဗဟုသုတအလို့ငှာသွားရောက်လေ့လာကြည့်ရှုခြင်းဟာလဲ စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စပါဘဲ။ သို့သော်လည်းလူသစ်များဟာ မည်သူုကိုမှအသိပေး အကြောင်းကြားခဲ့ခြင်း မရှိဘဲ မိမိသဘောနဲ့မိမိ အပြင်သို့ဘယ်သောအခါမှ ထွက်မသွားသင့်ပါ။ မိမိသဘော`်ရောက်ရှိဆိုက်ကပ်ထားရာနိုငံ နှင့် ဆိပ်ကမ်းသည် မည်ကဲ့သို့သော ပြသနာများရှိနိုင် မရှိနိုင် ဆိုသည်ကို သက်ဆိုင်ရာအကြီးတန်းအရာရှိကြီးများ ထံမှ အကြံဥဏ်ရယူ၍ ပြီးမှသွားရောက် လည်ပတ်သင့်ပါသည်။

၇။ ထမင်းစားသောက်ခန်းတွင် စားသောက်ပြီးစီးသည့်အခါတိုင်း စားကြွင်းစားကျန်များ နှင့် အမှိုက်များကိုခွဲခြားသတ်မှတ်ထားရှိသော မိမိတာဝန်ထမ်းဆောင်ရာကုပ္မဏီ ၊ သဘော`်တို့၏ပင်လယ်ပြင်ညစ်ညမ်းမှု ဆိုင်ရာ မူဝါဒများ နှင့် ဥပဒေများကို ဂရုပြု လိုက်နာဆောင်၇ွက်ခြင်း မရှိဘဲ မနေပါနှင့်။
တနေ့ထက်တနေ့ ကျပ်တည်းစွာ ချမှတ်လာသောပင်လယ်ပြင်ညစ်ညမ်းမှုနှင့်ပါတ်သတ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေများ ၊ မိမိတာဝန်ထမ်းဆောင်ရာ ကုပ္မဏီ နှင့် သဘော`်တို့၏ ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေးဆိုင်ရာမူဝါဒများ ကို လူသစ်သဘော`်ဝန်ထမ်းများအနေဖြင့် အကြမ်းဖျင်းသိရှိနေစေရန် သက်ဆိုင်ရာအကြီးတန်းအရာရှိကြီးများ ထံမှ မေးမြန်း လေ့လာ သင်ယူ သင့်ပါသည်။ ထို့အတူမိမိ မှ လည်းအထက်ပါဥပဒေများ ၊ မူဝါဒများနှင့်အတူအမြဲလိုက်နာလျှက်ရှိကြောင်းပြသရန် နှင့် မလိုက်နာသူများကိုလည်း အကြီးတန်းအရာရှိဖြစ်ပါစေ မည်သို့လိုက်နာသင့်ကြောင်းဖိအားပေးပါ။ မည်သည့်မှားယွင်းသောအပြုအမူကိုကျင့်သုံးသူ မည်သူ့ကိုမဆို (လိုအပ်ပါက) ရေယာဉ်မှူးထံ တိုက်ရိုက်အစီရင်ခံပါ။

၈။ အကြောင်းမဲ့ မလိုလားအပ်သော အငြင်းပွားမှုများ မဖြစ်ပါစေနှင့် ၊ ရှောင်ရှားပါ။
သဘော`်ဆိုသည်မှာ လူအင်အား အနည်းငယ်ဖြင့်သာ တာဝန်ထမ်းဆောင်နေသော နေရာ ဖြစ်ပါသည်။ တဦးနှင့်တဦး မတူညီသော ပုဂ္ဂလိကဆိုင်ရာများနှင့် အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှု ၊ လုပ်ငန်းခွင်အခြေအနေအမျိုးမျိုး တို့ကိုထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြစ်တင်ဝေဖန်မှု ၊ အငြင်းပွားမှုများမရှိသင့်ပါ။ ထို့ကြောင့် သူသစ်များအနေနှင့် မည်သည့်အငြင်းပွားမှုကိုမဆို အထူးသဖြင့် မိမိထက် အသက် ၊ ရာထူး အားဖြင့်ကြီးသူများနှင့် အငြင်းပွားမှုများ ကို အကောင်းဆုံးသောနည်းဗျူဟာများဖြင့် ရှောင်ရှားသင့်ပြီး မိမိ၏ရွှေရောင်တောက်ပလာမည့် အခွင့်အရေးနှင့်နေ့ရက်တို့ကို မိမိကိုယ်တိုင် လေ့လာ သင်ယူ့ မြှင့်တင်နေရမည်ဖြစ်ပါသည်။ ကြီးသူကို ရိုသေ ၊ ရွယ်တူကို လေးစား ၊ ငယ်သူကို သနား ဆိုသည့်အတိုင်းကျင့်သုံးသင့်ပါသည်။

၉။ မကောင်းသောအမူအကျင့်များဖြစ်သည့် စိတ်ဆန္ဒကိုအလိုလိုက်မည့် အပျော်အပါးဘက်ဆိုင်ရာ မည်သည့်မှားယွင်းသော အမူအကျင့်ကိုမှ မလုပ်မိပါစေနှင့်။
သဘော`်များပေါ်တွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း နေ့စဉ်ပုံမှန်ကဲ့သို့ဖြစ်နေသော လုပ်ငန်းတာဝန်ဇယားများကြောင့်လည်းကောင်း ၊ ပင်လယ်ထဲတွင် တချိန်လုံးသွား လာ နေရသည့်အတွက်ကြောင့်လည်းကောင်း တခါတရံငြီးငွေ့မှုများဖြစ်ပေါ်လာသည့်အခါ အကျိုးရှိနိုင်သည်ဟုထင်မှတ်မှား၍ စိတ်အလိုဆန္ဒကိုလိုက်မည့်အပျော်အပါးနှင့်ဆိုင်သောမကောင်းသည့်အမူအကျင့် ကိစ္စများကို လုပ်ဆောင်တတ်ကြပါသည်။ လူသစ်များအနေနှင့်မိမိတို့သည်လုပ်ငန်းခွင်သို့စတင်ဝင်ရောက်လာသူများဖြစ်သည့်အားလျှောစွာ မိမိ ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုအတားအဆီးဖြစ်စေမည့် ဤကဲ့သို့သောကိစ္စရပ်များကှို သတိနှင့်ယဉ်၍ရှောင်ရှားပြီး ဝေးဝေးတွင်နေသင့်ပါသည်။

၁၀။ အသက်ကယ်ခြင်းဆိုင်ရာ ပစ္စည်းကိရိယာများ ၊ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်များ နှင့်ပါတ်သက်၍ ပျက်ရယ်ပြူခြင်း ၊ ရှောင်ရှားခြင်း ၊ ဂရုမစိုက်ခြင်း ၊ အသုံးမပြုခြင်း များကို မည်သည့်အခါမှ မလုပ်မိပါစေနှင့်။
သဘော`်ပေါ်တွင်လူတို့၏ အသက်အန္တရယ်လုံခြုရေးသည်အထူးအရေးကြီးသည့်အလျှောက် တပ်ဆင်ထားသော အသက်ကယ်ခြင်းဆိုင်ရာ ပစ္စည်းကိရိယာများ ၊ လုပ်ထုံး လုပ်နည်း အဆင့်ဆင့်များ နှင့်ပါတ်သက်၍ ၄င်းပစ္စည်းများကိုမည်သို့ကိုယ်တွယ်အသုံးပြုရသည်ကို သိရှိနားလည်စေရန် လူသစ်များသည် သက်ဆိုင်ရာအကြီးတန်းအရာရှိကြီးများ ထံမှအမြဲတမ်း လေ့လာသင်ယူသင့်ပါပြီး ပျက်ရယ်ပြုခြင်း ၊ ရှောင်ရှားခြင်း ၊ ဂရုမစိုက်ခြင်း ၊ အသုံးမပြုခြင်း များကို မည်သည့်အခါမှ မလုပ်မိပါစေရန်လည်းအရေးကြီးပါသည်။

၁၁။ သဘော`်ပေါ်တွင်အခါအားလျှောစွာပြုလုပ်သော အသက်အန္တရယ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးများ ၊ ဆွေးနွေးပွဲများ ၊ လေ့ကျင့်ခန်း များကို မတတ်ရောက်ခြင်း စသည့်အပြုအမူများ မပြုလုပ်ပါနှင့်။
အထက်အရာရှိအဆင့်ဆင့်၏် မှန်ကန်သော သရုပ်ပြလေ့ကျင့်ခန်းများ ၊ လုံလောက်သော လေ့ကျင့်ရေးအစီအစဉ်များ မှာ မိမိ အတွက်ရှေးဦးနည်းပြများဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် လုပ်ငန်းခွင်ကာကွယ်ရေးဝတ်စုံများ ၀တ်ဆင်မှု လေ့ကျင့်ခန်းများ ၊ အရေးပေါ်အခြေအနေများနှင့်သက်ဆိုင်သည့် လေ့ကျင့်ခန်းများ ၊ အရေးပေါ်အခြေအနေများတွင်အသုံးပြုရမည့် ပစ္စည်းကရိယာများ ကို အသုံးပြုခြင်းလက်တွေ့လေ့ကျင့်ခန်းများ စသည့်လုပ်ငန်းကိစ္စများတွင် လူသစ်များအနေဖြင့် မေ့လျှော့ခြင်း ၊ သတိမထားခြင်း များမရှိသင့်ဘဲ အမြဲတမ်းပါဝင်ဆောင်ရွက်သင့်ပါသည်။ ဤကဲ့သို့ပါဝင်လေ့ကျင့်ခြင်းအားဖြင့် မိမိ၏ အမြင့်ဆုံးစိတ်ပါဝင်စားမှုကို အခြားသူများမှ လေးစား အထင်ကြီးမှုများ ရရှိမည်ဖြစ်ပြီး အရေးပေါ်အခြေအနေကြုံတွေ့စဉ်တွင် သက်ဆိုင်ရာ အရာရှိများ၏ မည်သို့မည်ပုံ ဆုံးဖြတ်ချက်ချသည် ၊ မည်သို့ဆောင်ရွက်သည်များကိုလဲ သိရှိလာမည်ဖြစ်ပါသည်။

၁၂။ ရိုးသားမှုရှိပါစေ။ အကယ်၍တခုခု မှားယွင်းခဲ့သော် မထိန်ချန် ၊ မငြင်းဆိုပါနှင့်။ ၀န်ခံစကားဆိုပါ။
မည်သူမျှအပြစ်ကင်းသူမရှိပါ။ ထို့ကြောင့် လူသစ်များသည် အမှားအယွင်းတခုခု (ယုတ်စွအဆုံး) အလွန်ကြီးမားသောမှားယွင်းမှု ကို ကျူးလွန်မိ ၊ လုပ်ခဲ့မိလျှင်တောင် သက်ဆိုင်ရာ အရာရှိများထံ မကွယ်ဝှက် ၊ မထိန်ချန်ဘဲ ၀န်ခံစကားပြောကြားသင့်ပြီး ကြီးကြပ်သူအရာရှိ၏ ဝေဖန်ပြစ်တင်မှုကို စောဒကမတက်ဘဲ ကောင်းမွန်စွာခံယူသင့်ပါသည်။ ကျူးလွန်မိခဲ့သောအမှားသည် မိမိကို သင်ခန်းစာတခုပေးခဲ့သည်ကိုအမြဲတမ်း အမှတ်ရနေရုံသာမက နောင်တချိန်အလားတူ အမှားမျိုး ထပ်မံမကျူးလွန်မိစေရန် ကာကွယ်ထားပြီးလည်းဖြစ်ကြောင်း သဘောပေါက်နားလည် လက်ခံရပါမည်။

၁၃။ လူစိမ်းများနှင့်မပါတ်သက်မိပါစေနှင့်။ ဝေးဝေးရှောင်ပါ။
ဆိပ်ကမ်းမှာ သဘော`်ရောက်ရှိ ဆိုက်ကပ်ထားတဲ့အခါ လူစိမ်းတော်များများဟာလည်း သဘော`်ပေါ်သို့ လုပ်ငန်းရည်ရွယ်ချက်အမျိုးမျိုးနဲ့ တတ်ရောက်လာမှာ ဖြစ်ပါတယ်။ လူသစ်သဘော`်ဝန်ထမ်းများအနေနဲ့ အတွေ့အကြုံနည်းပါးသည့် အားနည်းချက်ကို အခွင့်ကောင်းယူကာ မိမိနှင့်မသိသော လူစိမ်းများမှ တရားမ၀င် ၊ ဥပဒေနှင့်မလွတ်ကင်းသော ကိစ္စများကို လုပ်ကိုင်ပေးရန် စည်းရုံးတတ်ပါသည်။ ထို့အတွက်ကြောင့် သတိကြီးစွာထားပြီး လူစိမ်းများနှင့်ကင်းအောင်နေထိုင်သင့်ပါသည်။ မဖြစ်သင့်သော မတော်တဆ ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်ရန်အလို့ငှာ သဘော`်ပေါ်သို့တတ်ရောက်လာသော မည်သို့သောပုဂ္ဂိုလ်မျိုးနှင့်မဆို အကြောင်းကိစ္စမရှိဘဲ တိုက်ရိုက် လက်ခံ စကားပြောခြင်း ၊ လမ်းညွှန်ခြင်းမျိုး ကို ရှောင်ကျဉ်သင့်ပါသည်။

၁၄။ အနားယူခြင်းမရှိ ၊ မအိပ်စက်ဘဲနေခြင်းကိုရှောင်ပါ။ စိတ်ရှည် သည်းခံခြင်း အလေ့အထ ကိုမွေးမြူပါ။
သဘော`်ပေါ်တွင် အချိန်အခါမရွေး အရေးပေါ်အခြေအနေဖြစ်ပေါ်နိုင်သည့်အတွက် လူသစ်သဘော`်ဝန်ထမ်းများအနေဖြင့် မိမိကိုယ်မိမိ မည်သို့ထိန်းကျောင်းမည် ၊ စိတ်အေးချမ်းသာစွာ မည်သို့နေထိုင်ရမည် ဆိုသည့် မိမိအားအထောက်အကူဖြစ်စေမည့် နည်းလမ်းများကို သိရှိ နားလည်ထားသင့်ပါသည်။အလွန်အမင်းစိတ်ဝင်စားမှုဖြင့်ကြီးစွာ အားထုပ်မှု ၊ အနားယူအိပ်စက်ခြင်းမပြုမှု တို့ကိုရှောင်ပါ။
အနားယူအိပ်စက်ချိန်တွင် မိမိကိုယ်မိမိ လူနာတစ်ဦးကဲ့သို့ သဘောထားအနားယူနိုင်ရန် ကြိုးစား လေ့ကျင့်ခြင်းဖြင့် ဘာမှမတည်မြဲသောသဘောကိုလည်း နားလည်နိုင်ပါစေ။
ရေးသားသူ - ညီညီထွေး (အင်ဂျင်နီယာမှူး)

Voting for MSF's committee members...


All Myanmar seamen are eligible and requested to vote for MSF's ( former MOSA) committee members on 12th May 2013. All the contenders name are displayed at the MSF office in 37th street, in Yangon.

Photo shared by - U Kyaw Mya Oo

Friday, March 22, 2013

20/03/2013 ရက်နေ့တွင်ထုတ်ပြန်သော MASTER နှုတ်ဖြေစာမေးပွဲ အောင်စာရင်း





20/03/2013 ရက်နေ့တွင်ထုတ်ပြန်သော MASTER နှုတ်ဖြေစာမေးပွဲ အောင်စာရင်းဖြစ်ပါတယ် ။ 

Shared by - Wunna Htut

SID ကဒ်... ပျောက်မယ်... လျှောက်မယ်... သက်တမ်းတိုးမယ်... ရိုးရိုးပျောက် နဲ့  ရှယ်ပျောက်... စသည် စသည်ဖြင့်...




SID ကဒ်ပျောက်မယ်ဆိုရင် စာအုပ်ဖိုးနှင့်ဒဏ်ငွေ ပေါင်း ၈ သောင်းကျပါမယ် လို့ 
၅ကြယ် မမ များက သတိပေးလိုက်ပါတယ်

Shared by - U9@MSU

ကြေးမုံသတင်းစာမှာပါတဲ့ FEC ပြန်လည်သိမ်းမည့် အစီအစဉ်...



ဒီနေ့ မတ်လ ၂၂ ရက်နေ့ ထုတ်ကြေးမုံသတင်းစာမှာပါတဲ့ FEC ပြန်လည်သိမ်းမည့် အစီအစဉ်ပါ...

FEC များကို USD အဖြစ်နဲ့ ပြန်ထုတ်ပေးမှာမဟုတ်ဘဲ

ပေါက်ဈေးဖြင့်မြှောက်၍ မြန်မာကျပ်ငွေ ငွေသားအနေနှင့်သော်လည်းကောင်း...

ပေါက်ဈေးဖြင့်မြှောက်၍ ဘဏ်ရှိ မြန်မာကျပ်ငွေစာရင်းထဲသို့ လည်းကောင်း...

ဘဏ်ရှိ နိုင်ငံခြားငွေစာရင်းအဖြစ်သော်လည်းကောင်း

လဲလှယ်သူစိတ်တိုင်းကြ လဲလှယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း...



အသေးစိတ်ကို ဓာတ်ပုံထဲ(စာပိုဒ် ၅(ခ))တွင် ဖတ်ရှုနိုင်ပါသည်။

Shared By - Navi Kyaw

Thursday, March 21, 2013

စနစ်ဟောင်း..ဖြေဆိုဆဲ.အင်ဂျင်နီယာ.များ..၀မ်းသာနိုင်ပါစေ..


စနစ်ဟောင်း CE Part B ဖြေဆိုခဲ့ပြီး.. Maths (or) EK တစ်ပိုင်းအောင်မြင်ထားသူများသည်.. 

စနစ်သစ်..စာမေးပွဲတွင်..မိမိကျရှံးခဲ့သည့်..အပိုင်းကို.သာ..ပြန်လည်ဖြေဆိုရပါမည်..။ 

စာမေးပွဲ ၀င်ရောက်..ဖြေဆိုခဲ့ပြီး..သူများလည်း..၊စနစ်သစ် ..Refresher Course 4months ..ကို 


တက်စရာမလို..ဘဲ..ဖြေခွင့်ရှိပါမည်..ဟု..စုံစမ်း..သိရှိရပါသည်..။

ဖြေဆို..ခွင့်ပြု..ကာလ..အကန့်အသတ်ရှိနိုင်ပါသည်..။


။။။။။။။။။။။။။။။။။။။။။။။။။။။။
ဝင်းအောင်
၁၅၆၆၈
www.facebook.com/win.aung.1042

Passport သက်တမ်းတိုးမည့်သူများအတွက်...


Passport သက်တမ်းတိုးမည့်ဘော်ဘော်များ ပုံစံ၁၇ /၁၉ များ မလိုတော့ပါ။ပြည်ထဲရေးရုံးသို့ DMA မှ

 ညွန်မှူးလက်မှတ်ဖြင့်သက်တမ်းတိုးခွင့်စာရွက် copy ၂စုံ/သန်းခေါင်စာရင်း ၂စုံ/မှတ်ပုံတင် ၂စုံ/passport ရုံးဓာတ်ပုံ/ပုံစံဝယ်ပြီး 

ဘဏ်ချလံ၂၀၀၀၀ သွင်း ပြီး က်ုယ်တ်ုင် သင်္ဘောသားကောင်တာတွင် လက်ဗွေနှိပ် လက်မှတ်ထိုး ပြီး ၂၀၀၀ ငွေသွင်းပြီး 

၂ပတ်စောင့်ရင် ရပါပြီ ဘဝတူညီအကိုတို့ေ၇။

ပွဲစားမလိုတော့ပါဘူး
Shared by - 
Min Thu


ပုံစံ ၁၇ ၁၉ မလိုအပ်ဘူးဆိုပေမဲ့ အခွန်ဆောင်ဖို့ ကျန်သူတွေ ကတော့ ဆက်ဆောင်ရပါမယ်တဲ့ခင်ဗျာ 


ပြည်မြန်မာ ဂျာနယ် မှာပါလာတာလေး

Shared by - U9@MSU

Port State Control (in my own words.)





ကျနော့် ၀သီအတိုင်း Theory မဟုတ်၊ စာအုပ် ထဲ က မဟုတ၊် ဘဲ ကိုယ်တိုင်ကြုံ၊ ကြားဘူး၊နားရည်ဝတွေ နဲ့
Practical aspect ကနေ ပြောပြချင်ပါတယ်။

အဓိကကတော့ (ကုန်းနှစ်)၊(ကုန်း ချုပ်) ဒါမှမဟုတ် ဂျူ နီယာ အင်ဂျင်နီယာတွေ သိရအောင်သဘောနဲ့ပါ။
ဆရာသမား စီနီယာတွေ အတွက် မရည်ရွယ်ပါဘူး။

PSC (PORT STATE CONTROL) ကို နေရာ ဒေသလိုက် ခွဲဝေထားကြ တယ်ဗျာ....

ဥပမာ ..
Europe မှာ ဆို ရင် (Paris MOU)
Blacksea က Local PSC ..
Turkey Mamara Sea
German Water Police
မြေထဲ ပင်လယ် က Mediterranean MOU.
SUEZ PSC
INDIAN OCEAN MOU-
အာရှ ဘက်က Asis Pacific MOU မှာ တော့ တရုတ် PRC PSC က နာမည်ကြီး ...
Tokyo Japan MOU ...လည်း အလွန် တင်းကျပ်တာ
နောက်
USA က USCG ...
Panama PSC.. နဲ့
Vina Del Mar MOU
Chilean Asia Pacific PSC တွေ ကျနော် ကြုံ ခဲ့တယ်၊အခု ဆို ရင် Intensive Campaign တွေ အရမ်းလုပ် နေပါတယ်။

(အော် ငါတို့ သင်္ဘောသားတွေ ကို တယ် လဲ အသက် အန္တရယ် ကင်းစေချင် ကြပါလားလို့ သူတို့ တယ်စေတနာကောင်းကြပါလား
လို့ အထင်စော မသွားစေချင်ပါဘူး ..ကျနော် သုံးနေကြ SPO တွေ လို့ ဘဲ ပြောရတော့ မလိုပါဘဲဗျာ....။

(ပထမဆုံးမကောင်းပြောချင်တာကတော့)

Port State Control ဆို တာ သင်္ဘောတစ် စီးဟာ သူ့ Class and Flag state လို အပ်ချက် တွေ အောက် မှာ
IMO Convection တွေ ဖြစ် တဲ့
ILLC,
STCW 95,
COLREG 72,
Tonnage 69,
ILO 147,
CLC
SOLAS
MARPOL စတာတွေ ကို လိုက်နာပြီး
စည်းကမ်းတစ်ကျ သွားနေသလား ဆိုတာ လာရောက် ကြည့်ရှူ အကြံပေး ထောက် ပြခြင်း ဖြစ်ရမဲ့အစား..

Inspector တွေ ဟာ အာဃာတတွေ နဲ့ အမဲဖျက် မလို သင်္ဘောပေါ်တက်လာခြင်းပါဘဲ။
နေရာအလိုက် လဒ်စားမှု ရှိပါတယ် ။ကုမဏီ ပိုက် ဆံ ကြိုပေးလို့ ရတဲ့နေရာတွေ ပေးပြီး စီစဉ်ကြပါတယ်။
ဥပမာ.
၁)နိုင်ငံတစ်ခု ၏ PSC အဖွဲ့ အားနှစ်စဉ်ကြေး မဆက်သသော ကုမဏီ ပိုင် သင်္ဘောများကို အကြောင်းရှာ Detain လုပ် ခြင်း
၂)xxxxxx Flag ကို တစ်ခြား နိုင်ငံ အဖွဲ့စည်းက အမဲဖျက် လို့ ထိုနိုင်ငံ သင်္ဘောတွေ ကို ပြသနာပြန်ရှာခြင်း
၃)XXXXX Flag ကိုတစ်ခြားPSC က Detain လုပ် တာများလို့ အဲဒီ ship တွေ ကို XXXXXX က ပြန်တုံ့ ပြန်ခြင်း
၎)တစ် ချို့ နိုင်ငံတွေမှာ အာဏာပိုင်ကို လဒ်ထိုးရင် ကြိုက်တာလုပ်လို့ ရပြီး မထိုးရင် ပလတ်စတစ် တစ်စ တွေ့ တာနဲ့ Heavy Fine ချ ခြင်း
၅)Environmental and Water Police က Garbage Management အတွက် သီးသန့် Training မရှိရင်
USD 150 Fine ချ မယ် ခံ ငြင်းရင် USD15000 အထိ တိုး ချ ခြင်း

အဲ လို မသမာမှု စေတနာ မပါမှု အခက်ခဲတွေ များစွာ ကြားထဲမှာ ကျနော် တို့ သင်္ဘောသားတွေ ခင်ဗျာ...
ဟို လူ့အဖေခေါ် ဒီ လူ့ ပထွေးခေါ် ၊ဟိုတစ်ယောက်ကိုတော့ ဆရာ ခေါ်ရနဲ့ ၊အိပ်ရေးပျက် နေလဲ အစစ်ဆေး ခံရ
လွတ် မြှောက် အောင် Records တွေ ညာရ ၊စာရွက်တွေ ပေါ် မှာ ဖုတ် ပူ မီးတိုက် ဆိုင်းတွေ ထိုး
လိုလေးသေးမရှိအောင် ဧည့် ၀တ် ကျေ ပြ ၊အရက် ဆေး လိပ် စားစရာ ပိုက်ဆံ လို သမျှ ကို ဖြည့်စီး ပေးကာ
အပြုံး မပျက် ခရီးဆက် ရလေသည် က များလေတော့ သည်။

Nevertheless ပေါ့ဗျာ ..အဲဒီ Negative Impact တွေ ဘေးခဏချိတ် ပြီး
PSC တက်လာသမျှ ရစ်တတ်ကျစ်တတ်တာလေးတွေ ကို A to Z သိ သမျှ ဖောက် သည် ချ ပေးလိုက်ရပါသည်။

Inspector တွေ တက် လာသမျှ လမ်းကြောင်းအရ သွားပါမည်။

၁)သင်္ဘော အတွက် ILLC အရ Load Line Draft Marks များထင် ရှား စွာရှိရပါမည်။
၂)Rat Guards များ လဲ နေရာတကျ ရှိနေသင့် သည်။
၃)Gangway ကအတက် Gangway net သည် Factory act အရ ကောင်းမွန်စွာစီစဉ်ထားပြီး ညအခါတွင် လဲ မီးလုံလောက်စွာရှိရမည်။
၎)Gangway ထိပ် မှာ Security Access control မှာ တာဝန်ကျ အရာရှိ (သို့) AB သာရှိရမည် Security နဲ ပတ်သက်သော
Record ,Visitor Pass Round checks အစစ သည် သူ့နေရာသူ ရှိသင့်ပါသည်။

စစ်ဆေးမည့် နေရာ (Meeting Room or Ship's Office)တွင်

1.Ship Crew list , Ship's Particular , Last PSC report တို့ အဆင် သင့် ရှိရမည်။
2. Statutory Certificates /Others Certificates Files
အရာရှိ သင်္ဘောသားတို့ ၏ ကျွမ်းကျင်မှု လက်မှတ် COC COE .Watch Keeping Certs Medical Records ပြည့် စုံစွာ ရှိရမည်။
3. SOPEP , NPDES ,GARBAGE Records ,OIL RECORD BOOK updated ဖြစ်ရမည်။
4. Cargo securing , Lashing Maintenance, approved Stability ,Cargo Loading system, Lifting appliance/Chain register
Mooring Log,Ballast Management Records, IMDG records updated ရှိရမည်။
5. ISPS Records ,Rounds ,Tests ,Checks Communication များ ရှိရမည်။

Inspector ၂ ယောက် လာလျှင် တစ်ယောက် က၊ စက်ပိုင်းကဖြစ်ပြီး၊ ကျန်တစ်ယောက်က ကုန်းပတ် ကို စစ်တတ်သည်။
သူတို့ အား ယဉ်ကျေး စွာဆက်ဆံ ပါ ၊နားထောင် ပါ၊ သေချာ ပြန် ရှင်းပြပါ။
ကိုယ့် ဘက် က မှားလျင် ချက် ခြင်း ပြုပြင် ပါ။ ရန်ဖြစ် ခြင်း ၊အငြင်းပွားချင်းတို့ ကိုေ၇ှာင် ပါ။
Agent သို့ ဆိုင်ရာ Superintendent ကို အကြောင်းကြားထားပါ။

တစ်ခါတစ်ရံ တစ်ယောက်ထဲလာလျင် ကြိုတင် စီစဉ် မှုသာဖြစ် နိုင်ခြေ ရှိ၍ အထုအထောင်းသက်သာလေတော့ သည်။

Bridge ပေါ်တွင် -
Passage Plan ,Charts ,Nautical Publication Latest updates and corrections ,Equipments Test/checks
GMDSS Radio communication Records များ
VHF MF HF DSC Test records (acknowledged) ဖြစ်ရပါမည်
တစ်နှစ်တစ်ခါ Deviation Card သည် 3-5 Degree ထက် မများရပါ
၃နှစ်တစ်ခါ Compass swing and adjusted by Professional ဖြစ် ရမည်
GMDSS Battery ကို Load test လုပ် မည် Maintenance Records ရှိရမည်
GMDSS GOC အနည်းဆုံး ၂ယောက် ရှိရမည်။
Watch Keeping schedule W/H and Engine Rooms တွင် ရှိရမည် /ပြသ ထားရမည် (with STCW Code များ ပါရှိရန်)

Energency and Safety

Emergency Preparness file နှင့် Plan ( Latest Emergency Towing wire arrangement Booklet)
LSA /FFA Drill records အားလုံး ExpiryDates Summary လုပ် ထားလျင် အချိန်ကုန် သက်သာမည်။
L/B ,L/R Rescue Boat , L/J,L,Buoy , Immersion suit test check ကြည့် လိမ့်မည်.L/B ,L/R services
B.A bottle/compressor service ,EEBD condition,
L/B Engines Manual start , Emergency Lights တို့ စစ်ပါမည်။

Emergency Fire pump ,Fire Hoses များစစ် မည် Fire Plan Requirement အတိုင်း ဖြစ်ရမည်။
Fixed release Co2 release /water sprinkler system,paint store ,galley and Foam
Periodical Check Maintenance records များကြည့်ပါမည်။

Engines Rooms -အဓိက
Emergency Generator Manual start နှင့် Auto start စစ်ဆေး မည်
Steering Gear room and Chemical Locker Safety Maritime Data Sheet များစစ်မည်။
OWs- Test /Checks Limits and Record
Steering Gear/Test checks /Limits
Bilge holding /pumping .Capacity
Incinerator (if any)
Iso 14001/Environment /Garbage/Sewage
Noxious File
Chemical records and Safety Data
IOPP IAPP EIAPP များကြည့် မည်။

ပြသနာ ဖြစ်တတ်သည်များမှာ...

Life Boat Engines Battery သည် တစ်ပတ်တစ်ခါစစ်နေပါလျက် ရာသီဥတုအေးသောအခါ drain ဖြစ်ပြီး
ှSingle Bank မစနိုင်လောက်အောင် အားနည်းနေခြင်း။
Emergency Generator Manual pump တွင် ဆီများလျံကျခြင်း
င်္Fire hoses များ အတိုအရှည် နေရာထားမှားခြင်း
Steering Gear room တွင် ဆီများရှိနေခြင်း
Indication Lamp မီးလုံးများ ကျွမ်းနေခြင်း အရောင်မှိန်ခြင်း
Symbol များ Signs များ မှေးမှိန်နေခြင်း မရှိခြင်း
Medical နှင့် Chemical စွန့်ပစ် records မရှိခြင်း
MF /HF Dsc acknowledged မရခြင်း
Watch Keeping Schedule များ update မဖြစ်ခြင်း
Oil Record book entries မှားတတ်ခြင်း
OWS ကို ဂျူနီယာ အင်ဂျင် နီယာများ Limit Test checks မလုပ်တတ်ခြင်း
Garbage segregation မကောင်းခြင်း Training Records များမရှိခြင်း

တစ်ချို့ က အသေးဖွဲ Observations များကို အချိန်မီပြင် ခိုင်းပါသည်။
တစ်ချို့ Deficiency များကို မူ Code 17 ဖြင့် before Departure မှာ Rectify လုပ် ခိုင်းကာ
နောက် ဆိပ်ကမ်း မှ Code 10 ဖြင့် လာ ပိတ်တတ်ပါသည်။

Port State Control ကို အလှည့် ကျ သင်္ဘောသက်တမ်း အရ Company Fleet Overall status အရ
စစ်စေသည် ဆိုသော်ငြားလည်း အနည်းဆုံး ၆ လ အတွင်းတော့ ထပ် မံ မစစ်ဆေးတတ်ပါ။
မည်သို့ဆိုစေ ကျနော် တို့ သည် မိမိ အသက် အန္တရယ် မိမိ ဥာဏ် ဖြင့် အမြဲ စောင့်ရှောက်နေပါသည်။
ကျန်တာကတော့ နိုင်ငံတစ်ကာအဖွဲ့ စည်းများမှ Individual တို့ ၏ စေတနာ သာဖြစ်လေတော့ သည်။

သို့သော် သင်္ဘောသားတို့ အားအမှန်တကယ် နားလည် အကူညီပေးချင်သောအဖွဲ့စည်း များထက် ပြသနာရှာကာ
ရစ်မည် ညစ်မည် ညှစ်မည်ဆိုသော အဖွဲ့စည်းတွေ ကလဲနေရာ အနှံ့ ရှိနေရာ ကျနော် ကတော့ယူထားရသော
တာဝန်ကြီး နှင့် ရသော လစာသည် မမျှတပါဟု ယူဆမိပါသည်။

ထိုအပြင် ကုမဏီ ကဆရာသမားများ၊Super များသည် အဓိက Budget Cut ကို သာ ဦးစားပေလုပ်ကာ
Performance Bonus မှန်မှန် ယူရန်သာ ဆန္ဒ ပြင်းနေသော သူများကများလေသည်။
ဝိသမ သားတို့ အကြား ယနေ့ Shipping Industries မှ မူလ လက်ငုတ် လူသားဇစ်မြစ် အရင်းနှစ် ပင်လယ် ကူးသင်္ဘောသားတို့
ရပိုင်ခွင့် ချောက်တီးချောက် ချက် ကို ပင် မပေးချင်ဘဲ ကြံဖတ် ညှစ်နေခြင်းကြောင့်
သင်္ဘောသားများဘက် မှ လွန်စွာခံပြင်းနေဆဲ ပင်ဖြစ်လေတော့ သည်။

( ကျန်ခဲ့သည်များရှိသော် နောက်တစ် ခါ ထပ်မံဖြည့်စွတ်တင်ပြပါဦးမည်)။

ရေးသားသူ - ရာစု

မုန်တိုင်း


ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သန်ဗုဒေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….. ထိုအချိန် “ ဒုန်း! “ ကနဲ အသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာထကြည့်ကြသည်….ကျွန်တော်တို့ ရဲ့ နောက်ဆုံးအချိန်ကို ရောက်လာပြီလား…မျက်ရည်များ က အလိုလို ကျလာပြန်သည်….

မှန်ပါသည် …. ကျွန်တော်သည် သဘောင်္တစ်စင်းပေါ်မှာဖြစ်ပါသည်… တိတိကျကျဆိုရသော် အရှေ့ အလယ်ပိုင်းနိုင်ငံ အိုမင်နိုင်ငံအောက် သမုဒရာထဲတွင် သွားနေသော သဘောင်္တစ်စင်းပေါ်တွင်ဖြစ်ပါသည်….. ထိုထက်တိကျရလျှင်…အိုမင်နိုင်ငံအောက်ဘက် သမုဒရာထဲတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း၏ အလယ်တွင်ရောက်နေသည့် CHEMBULK VIRGIN GORDA သဘောင်္ပေါ်တွင်ဖြစ်ပါသည်……

နေ့လည်ခင်းက သာယာလွန်းနေသည်….. ဒီလိုပဲ သာသာယာယာ ဖြစ်ခဲ့သည်မှာ… ကိုရီးယားနိုင်ငံမှထွက်လာကတည်းကဖြစ်သည်… ဘာမှ ကို မထူးခြား…..ဘာမှ မထူးခြားသော နေ့ မို့ … ကျွန်တော့ ဂျူတီ… ၁၂ နာရီ မှ ၄ နာရီကို ယူရန်ကျွန်တော်နေ့လည် ၁၁း၃၀ တွင် အိပ်ယာမှထ ရွှေ့ ထမင်းစားခန်းသို့ ဆင်းလာခဲ့ သည်…. ထမင်းစားခန်းတွင် ကျွန်တော့ အရာရှိ ဒုတိယ လက်ထောက်အင်ဂျင်နီယာ (2 A/E)…က ရောက်နေပြီဖြစ်သည်…. နှစ်ယောက်တူတူထမင်းစားနေစဉ်….လက်ထောက်ကုန်းဘက် အရာရှိချုပ် ( A C/O ) ကလည်း ဆင်းလာသည်… သူလည်း ကျွန်တော်တို့ လို ၁၂ ~ ၄ သမားပဲဖြစ်သည်…
( ဘယ်လို လဲ အေစီအိုကြီး…. ရာသီဥတုအေးဆေးပဲ မဟုတ်လား…. )

ကျွန်တော်က မေးလိုက်ခြင်းဖြစ်သည်…ကျွန်တော်တို့ ဆီမှာက ရာထူးနဲ့ ပဲ ခေါ်တတ်ကြသည်… ရာထူးတစ်ခုတည်းမှ သုံးယောက်လောက်ဖြစ်နေလျှင်တော့ နာမည်ခေါ်ကြသည်…. ဥပမာ.. ဘိုဆင်တို့ … ဖစ်တာတို့ ….. ပန့်မန်းတို့ ဆိုလျှင် ရာထူးတစ်ခု မှာ တစ်ယောက်ဆီပဲရှိသည်.. ဒါကြောင့်နာမည်မခေါ်.. ဘိုဆင်ကြီး .. ကိုဖစ်တာကြီး … ကို ပန့် … စသဖြင့်ခေါ်တတ်ကြသည်… ကျွန်တော်တို့ လို ဆီလောင်းတွေကျတော့… သုံးယောက်လောက်ပါသည်… တပ်မကိုင်… (A/B ABLE SEAMEN) များကလည်း သုံးယောက်ပါသည်.. ဒါမျိုးကျ နာမည်ခေါ်ကြသည်….

(အေးကွ…. မနေ့ ညကတော့…. ရှေ့ မာ LOW PRESSURE တစ်လုံးရှိတယ်ပြောတာပဲ … အေးဆေးပါ..လွှတ်သွားမှာပါ.. ရှောင်မောင်းရမှာပေါ့… ဟဲဟဲ… အဖျားခတ်လည်း ပါးပါးပေါ့…. မင်းတို့ ဖတ်စ် အီး (1 A/E) သာ သွားမပြောနဲ့ သူက အသံကြားတာ နဲ့မူးချင်နေတာ…)
ဟုတ်သည်.. သူပြောလည်း ပြောစရာဖြစ်သည်… ကျွန်တော်တို့ ပထမလက်ထောက်အင်ဂျင်နီယာ(ဖတ်စ်အီး) က လှိုင်းအတော်မူးတတ်သည်… ဒါတောင် သဘောင်္လိုက်စားတာ… နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီ… မူးတုန်းပဲဖြစ်သည်… LOW PRESSURE လို့ ကြားလိုက်တာနှင့်…. သူက အင်ဂျင်စက်ထိန်းချုပ်ခန်း( ENGINE CONTROL ROOM) ကြမ်းပြင်မှာ ထိုင်ရင်း.. မူးတယ် မူးတယ် ဆိုကာ ဘာမှ မလုပ်နိုင်တော့… ကျွန်တော်တို့ လည်း သူ့ ပဲ ပြုစု နေရတော့သည်…..

ဒါနဲ့ ကျွန်တော်တို့ … စက်ခန်းထဲဆင်းလာကြသည်….. သာဒ့်အီး (3 A/E) ကိုဂျူတီချိန်းရင်း…. LOW PRESSURE ရှိတာ ပြောပြလိုက်သည်……. ထို့နောက် စက်ခန်းလှည့်စစ်… ပြီးတော့ … LOW PRESSURE ရှိသည်ဆိုရွှေ့ ပြုတ်ကျ တတ်သည်များ.. ပစ္စည်း အလေးများအားလုံးကို ကြိုးနဲ့ သေချာလိုက်ချည်ထားလိုက်သည်….ပင်လယ်ထဲလည်းရောက်နေ အလုပ်က လည်း ခပ်ပါးပါးမို့ အေးအေးဆေးေးဆး ဟိုကြည့် ဒီကြည့် လုပ်ပြိးမှ…. ကွန်ထရိုးရွန်ထဲ ပြန်လာခဲ့လိုက်သည်…. အချိန်ကြည့်တော့ နေ့လည်… ၁၂း၄၅ ဖြစ်သည်…. ထုံးစံအတိုင်း တစ်နာရီလောက်ထိတော့ .. ဆက်ကန်း(ဒုတိယလက်ထောက်အင်ဂျင်နီယာ) နဲ့ အာလိုက်ဦးမည်.. အလုပ်မှ သိပ်မရှိတာပဲ…. သို့နှင့် နှစ်ယောက်သားလေကောင်းနေစဉ်…
ကရင်ရင်ရင် ကရင်

ဟုတ်ပါသည်… တယ်လီဖုန်းလာခြင်းဖြစ်သည်…. ကျွန်တော်ပဲကိုင်လိုက်ပါသည်… အပေါ် BRIDGE (တက်မကိုင်ခန်း) မှ အေစီအိုကြီးထံမှဖြစ်သည်… ဆက်ကန်းကို ပေးလိုက်ဟုပြောသည်… ဆက်ကန်းမှ
(ဟုတ်လား.. အာ ဒုတ်ခပါပဲ ဒီကုလားကတော့… အိုကေ အေစီအိုကြီး ကျွန်တော် တို့ တော့ ဒီမှာကြိုးချည်စရာတွေရှိတာတော့ ချည်ထားပြီးပါပြီ… အင်ဂျင်ကိုတော့ တစ်ချက်စစ်လိုက်မယ်လေ.. အိုကေ အစ်ကို ဟုတ်ကဲ့) ဟုဆိုကာ ဖုန်းချလိုက်ပြီး
(အော်ဇီရေ…. မိန်းအင်ဂျင်ကို တစ်ချက်လောက်ပတ်ကြည့်စမ်းကွာ....ရှေ့မှာ မုန်တိုင်းက ကြီးနေတယ်တဲ့ သူကြီးကမရှောင်ဘူးလို့ ပြောတယ်…..ဒီအတိုင်းသွားရင် နောက်တစ်နာရီဆို မုန်တိုင်းထဲရောက်မှာ… သူကြီးက သူ့ဟာသူ တွက်ပြီး အဖျားခတ်တာလောက်တော့ဘာမှ မဖြစ်ဘူးလို့ ပြောတာပဲ…… ရှောင်ပြီး ပတ်မောင်းသွားရင် အချိန်ကြာလို့ လို့ပြောတယ်….. ဒီကုလားသူကြီးနဲ့တော့ ခက်တာပါပဲကွာ)

ဟုတ်ပါသည်.. ကျွန်တော်တို့ ၏ ကပ္ပတိန်မှာ… အိန္ဒိယလူမျိုး… ဖြစ်ပါသည်… နာမည်သိပ်မကောင်း… လုပ်လိုက်လျှင် အလွဲလွဲအချော်ချော်တွေက များသည်….အမှားဖြစ်သွားလျှင်လည်းသူများကို အပြစ်ပုံချတတ်သည်…. အိန္ဒိယကုလားမို့ ENGLISH ကကောင်းသဖြင့် ရုံးကို နည်းမျိုးစုံဖြင့်စာရေးတိုင်ကြားတတ်သည်….ဒါကြောင့် ဒီကုလားသူကြီးနဲ့တော့ ဒုတ်ခပါပဲ ဖြစ်နေရခြင်းဖြစ်သည်…
ကျွန်တော်လည်း.. လက်နိုပ်ဓာတ်မီးယူပြီး စက်ခန်းထဲပြန်ဆင်းကာ..မိန်းအင်ဂျင်ကို ပတ်စစ်လိုက်သည်…. အားလုံးအိုကေပဲဖြစ်သည်… ဒါနဲ့ တက်မကြိးထားရာ… စတီယာရင် ဂီယာ ခန်းသို့ သွားစစ်လိုက်သည်… ဆီအယိုအပေါက်မရှိ … အဆင်ပြေသည်….ဒါနဲ့ ကွန်ထရိုးခန်းထဲသို့ ပြန်တက်လာလိုက်သည်…..အချိန်ကြည့်တော့ တစ်နာရီခွဲနေပြီ…. ဆက်ကန်းအီး (2 A/E) က စက်ချုပ် (အင်ဂျင်နီယာချုပ် C/E)ကိုပါအကြောင်းကြားထားလိုက်သည်….

ထိုင်နေရင်း… ဆယ်ငါးမိနစ်ပင်ပြည့်မည်မထင်… သဘောင်္က စလှုပ်လာပါပြီ…. ဘယ်ဘက် ၅ဒီဂရီ.. ညာဘက် ၈ဒီဂရီလောက်ပါနေသည်… ဒါလောက်က ပြသနာမရှိ…. ဆက်သွားနေကြရင်းမှ… နှစ်နာရီ…… ခွဲလောက်တွင်… လှိုင်းက အသေပေးတော့ သည်…… ခံရပြီ…. သဘောင်္ က ဘယ်ဘက်ကို ၃၀ဒီဂရီ ညာ ဘက် ၃၅ လောက် ပါနေပြီ…..
သုံးနာရီထိုးခါနီးမှ စက်ချုပ်က ဆင်းလာသည်… အခြေ အနေကို မေးသည်… .. ဆက်ကန်းက BRIDGE မှ ဖုန်းမဆက်သေးကြောင်းပြောသည်…. စက်ချုပ်က အပေါ်ပြန်မတက်တော့…. စက်ခန်းထဲမှာပဲထိုင်နေတော့သည်….. လှိုင်းက သိသိသာသာကို ပေးနေပြီဖြစ်သည်…ကျွန်တော်က တော့… စက်ခန်းထဲမှာပဲပတ်ကြည့်နေလိုက်သည်…. တုပ်ထားသော ကြိုးများ ခိုင်မခိုင်ကိုလည်းစစ်ဆေးရသည်… ..

ဒီလို အခြေအနေမျိုးများ.. သဘောင်္ဝမ်းပေါက်ရွှေ့ရေ၀င်လာတတ်သဖြင့်…. သဘောင်္ အောက်ခြေများ(TANK TOP)ကို လည်း လိုက်စစ်ရပြန်သည်…. လိုက်လံစစ်ဆေးပြီး အပေါ်တက်လာတော့ .. တိုက်တိုက်ဆိုင်ဆိုင်ပဲ BRIDGE မှ တယ်လီဖုန်းဆက်တာနှင့်ကြုံသည်… သူတို့ ရှေ့ ကို ဘာမှ မမြင်ရတော့ ကြောင်း…. ရေမှုန်တွေ… ပိတ်နေသဖြင့် သဘောင်္ အလယ်နားလောက်ကို ပင် မမြင်ရတော့ ကြောင်း …မုန်တိုင်းက လမ်းကြောင်းပြောင်းပြီး ကျွန်တော်တို့ ဘက်ကို တန်းလာနေပြီဖြစ်ကြောင်း…. ကျွန်တော်တို့ သဘောင်္နောက်တွင် လည်း သဘောင်္တစ်စင်းပါလာသေးကြောင်း… သူတို့ နဲ့ တော့ အဆက်အသွယ်မပြတ်ကြောင်း…လှမ်းပြောခြင်းဖြစ်သည်…..
တွေးရင်းတွေးရင်း လန့်တော့ လန့်လာသည်…. အရင် မုန်တိုင်းများ ကြုံဖူးသော်လည်း ဒီလောက်မဆိုး…. ဒါပေမယ့် ပြီးသွားမှာပါလေ ဟု သာ တွေးထားလိုက်သည်….ကြောက်စိတ်ကတော့ ပျောက်မသွား….

ညနေလေးနာရီကျတော့ .. ကျွန်တော့ဂျူတီပြီးပြီဖြစ်သည်…ဖတ်စ်အီးနှင့် သူ့ ဆီလောင်း တို့ ၏ဂျူတီဖြစ်သည်… . ဆင်းလာသော… ဆီလောင်းကို ဂျူတီလွှဲစရာရှိသည်များ လွှဲသည်… ဖတ်စ်အီးမျက်နှာကတေ့ .. ဖြူဖတ်ဖြူလျော်ဖြစ်နေပြိ….ဖြစ်မယ်ဆိုလည်း ဖြစ်စရာပင် ကျွန်တော်တို့ လို လှိုင်းမမူးတတ်သူတောင် ကြောက်တာက တစ်မျိုး မူးတာ က တစ်မျိုးနဲ့…. အိလည်လည်ကြီးဖြစ်နေချိန်မှာ.. ဖတ်စ်အီးလိုမူးတတ်သော သူ အတွက်က မူ ဆိုဖွယ်ရာပင်မရှိ…. သူ နှစ်ခါ အန်ပြီးကြောင်းလည်း ကြေငြာသေးသည်…
ကျွန်တော် ကျွန်တော့ အခန်းထဲ ပြန်ရောက်ချိန်တွင်.. အခန်းထဲမှ ပစ္စည်းတွေ အားလုံးက ဗျောင်းဆန်နေပြီ… တီဗွီက .. ကြမ်းပြင်ပေါ်မှာ မှောက်လျက်…. ဘီယာဘူးတွေ.. (သံဘူး) တွေတောင်… နံရံနှင့်ရိုက်ပါများလို့ ကွဲတဲ့ ဘူးက ကွဲကုန်ပြီဖြစ်သည်… ဆပ်ပြာမှုန့်တွေလည်း မှောက်ကုန်.စပီကာတွေလည်းကြမ်းပြင်ပေါ်.. ဒီဗီဒီ စက်လည်း… ကြမ်းပြင်ပေါ်….. အိုး… တစ်ခန်းလုံးကို … မွထနေတော့ သည်…. ကံကောင်းလို့ လက်ပ်တော့ လေးက… တော့ ကုတင်ပေါ်မှာ ရှိနေသေးသည်….

အခန်းကို တတ်နိုင်သမျှပြန်ရှင်းရသည်… ကွဲလွယ်ရှလွယ်သော… လက်ပ်တော့.. တီဗီ..အစရှိသည်များကို မွှေ့ရာပေါ်တွင် စုပြီး တင်ထားရသည်… အားလုံး သိမ်းဆည်းပြီးတော့ ထမင်းစားခန်းထဲသို့ ပြန်ဆင်းလာခဲ့သည်… ကိုယ်ဟာကိုယ်တစ်ယောက်တည်းနေရမှာ ကြောက်လို့ဖြစ်သည်….
ညနေစာစားရန်သွားမေးကြည့်တော့ … ချိဖ်ကွတ် (ထမင်းချက်) ကြီး က.ချစ်ဖို့ အတော်ကောင်းပါသည်… ဘဲသားဆန်ပြုတ်တစ်အိုးပြုတ်ပေးထားသည်… မှန်ပေသည်.. လှိုင်းမူးနေချိန်တွင် အကောင်းဆုံးမှာ .. နွားနို့နှင့် ဆန်ပြုတ် နှစ်မျိုးထဲဖြစ်သည်… အစာကြေလွယ်သည်…. ပြန်အန်လျှင်တောင်..

အန်တဲ့လူသိပ်မခံရ.. သက်သာသည်ဟုဆိုရမည်…. ကျွန်တော်လည်း ဗိုက်ဆာဆာနှင့် ဆန်ပြုတ်နှစ်ပန်းကန်လောက်သောက်လိုက်သည်…..ထိုအချိန်တွင်…. တက်မကိုင် (A/B) နှစ်ယောက် ထမင်းစားခန်းထဲဝင်လာသည်… ကိုပန့်လည်းနောက်က ပါလာသည်… မျက်နှာတွေက သိပ်မူမမှန်… ဘီယာသောက်ထားပုံရသည်… ထိုနောက်တီဗီဖွင့် … ဒီဗီဒီ ဖွင့်ကာ ဘာမဆိုင်.. ညာမဆိုင်.. ကာရာအိုကေဆိုပါလေတော့သည်….. ကတဲ့လူကလည်း ကွေးနေအောင်ဘေးနားကနေကသည်…. လှိုင်းက ပေးနေတာမို့ က လိုက်.. သဘောင်္စောင်းလျှင်လဲကျသွားလိုက်…ပြန်ထ ကလိုက်လုပ်ကြသည်….. ကိုပန့်ကတော့ .. ထိုင်ခုန်မှာ ထိုင်ရင်… အားပေးနေသည်… သီချင်းလိုက်ဆိုသည်….
ကျွန်တော်နည်းနည်းတော့ ကြောင်သွားသည်… သူတို့ ကို လည်း သွားမမေးရဲ…. ရုပ်တွေ က မူမှန်တာမဟုတ်… ဒါနဲ့…အခန်းကို ပြန်ဖို့.အ ပေါ်တက်လာတော့… BRIDGE မှ ဆင်းလာသည့် ကုန်းဘတ်အရာရှိချုပ်(ကုန်းချုပ် C/O)နှင့်လှေကားမှာသွားဆုံသည်…
(ချိဖ်.. အခြေအနေ)

(မကောင်းဘူးညီလေး… အနောက်ကအကို တို့ နဲ့ ပါလာတဲ့ သဘောင်္သိတယ်မဟုတ်လား. သူတို့ တော့ abandon ship လုပ်သွားပြီ…ဒီရေဒီလေနဲ့တော့ တစ်ယောက်မှ ရှင်မယ် မထင်ဘူး… လေက လည်း တစ်နာရီကို မိုင်၁၂၀ လောက်တိုက်နေတာကွ….ကုလားသူကြီးကွာ.. ငါတို့ ကို သက်သက်ဒုတ်ခပေးတာ… ရှောင်မယ်ဆို လွတ်ရဲ့သားနဲ့… တောက်… ကိုယ်တို့ အတတ်နိုင်ဆုံးကြိုးစားတာပေါ့ကွာ.. သိပ်လည်း မစိုးရိမ်ပါနဲ့… ) ဟု ဆိုကာထွက်သွားသည်….
သူ မစိုးရိမ်ပါနှင့်ဆိုမှပို စိုးရိမ်လာသည်…ဒီသတင်းကြားလို့ သာ ဟို အေဘီနဲ့ ပန့်မန်းတို့…. စိတ်ဓာတ်ကျပြီး ကာရာအိုကေလာဆိုနေကြခြင်းဖြစ်မည်ထင်သည်….. ကုန်းချုပ်မှာ ကုန်းဘက်ပိုင်းတွင် သူကြီးပြီးလျှင်သူ ပဲဟုဆိုသော်လည်း… ဒါသူ့၏ ပထမဆုံးကုန်းချုပ် အခေါက် ဖြစ်သည်… အသက်က နှစ်ဆယ့်ရှစ်နှစ်သာရှိသေးသည်… သူ့လက်အောက်မှ လူတွေ အကုန်လုံးက သူ့ ထက် အသက်ကြီး ကြသူတွေချည်းဖြစ်သည်….. အတွေ့ အကြုံအရဆို အတော်နည်းသေးသည်…ဒါမျိုး ဒုတ်ခတောထဲရောက်လျှင် အတွေ့ အကြုံ က အင်မတန်စကားပြောသည်… ခုတော့ သူကြီးကလည်း…. တလွှဲ .. ကုန်းချုပ်ကလည်း အတွေ့အကြုံ နုနှင့်.. ကျွန်တော်တို့ မှာမျှော်လင့်စရာဆိုလို့ အေစီအိုကြီးသာရှိတော့သည်…. အေစိအိုကြီးက တော့ အသက်ငါးဆယ်ခန့် … သဘောင်္လိုက်လာတာလည်း အနှစ်နှစ်ဆယ်နီးပါးမို့ … အတွေ့ အကြုံ အများကြီးသာနိုင်သည်……

အနောက်သဘောင်္မှ လူများကို တော့ ဘယ်လိုမှ ရှင်နိုင်စရာမရှိဟု သာ တွေးလိုက်တော့သည်…. ကျွန်တော်တို့ သဘောင်္မှာ တန်ချိန်သုံးသောင်းကျော်သော TANKER အမျိုးအစား သဘောင်္ကြီးဖြစ်သည်… TANKER များ ကို အလွယ်တစ်ကူမျက်စိထဲမြင်အောင်ပြောရလျှင် စည်ပိုင်း ကြီးကို ရေထဲမျှောထားသလို မျိုးဖြစ်သည်…. သဘောင်္က ခပ်ပြားပြားမို့… တော်ရုံလေလောက်ကို မမှု….. ကွန်တိန်နာ သေဘာၤမ်ားဆို သေဘာၤကို က မြင့်ရသည့် ကြားထဲ.. ကွန်တိန်နာ များက ကပါ မြင့်သဖြင့် … လေတိုက်တာ နဲ့ တုံးလုံး လဲတော့ သည်….
စော စောက တွေးသလို… ဒိလောက် လှိုင်းလေ မကြောက်ပါဘူးဆိုသော… ကျွန်တော်တို့ လို တန်သုံးသောင်းကျော်သဘောင်္ကြီးတောင်… ဇကောထဲ ဇီးဖြူသီးထည့် လိမ့် သလိုဖြစ်နေလျှင်… အသက်ကယ်လှေနှင့် ဆင်းသွားသော…. အနောက်သဘောင်္မှ လူများ အတွက်ကတော့ မတွေးဝင့်စရာပင်….. ရှစ်မီတာ မှ ဆယ်မီတာလောက်အထိရှိတတ်သော ဒီလှိုင်းလုံးကြိးများ အောက်တွင်… သူတို့ ဘယ်နည်းနဲ့ မှ အသက်မရှင်နိုင်….. တွေးရင်း စိတ်လည်း မကောင်း…ကြောက်လည်းကြောက်လာမိသည်….
ကဲ ကျွန်တော်ဘာလုပ်ရမည်နည်း… အခန်းထဲ အမြန်ပြန်သည်… သိမ်းစရာရှိတာ သိမ်းမှရမည်… ကိုယ်နဲ့ တစ်ပါတည်း သယ်နိုင်တာ ပိုက်ဆံဖြစ်သည်… စားစရာက .. အသက်ကယ်လှေမှာပါပြီးသားမို့ .. သယ်စရာမလို… ပြီးလျှင် ကိုယ့်ဓာတ်ပုံနှင့်နာမည်ပါသော အထောက်အထားတစ်ခု..တော်ကြာ အလောင်းတွေ့မှ .. ဘယ်သူမှန်း ရှာမရဖြစ်နေမည်… တွေးသာတွေးနေသည်.. ဒီလောက်သမုဒ္ဒရာကြီးထဲ ဘယ်နားက အလောင်းကို ပြန်ရနိုင်ပါမည်နည်း.. ကဲထားလိုက်ပါလေ..

ဟုတ်ပြီ … သဘောင်္သားအသင်းဝင် ကတ်ပြား… ရှိသည်ပဲ… ပိုက်ဆံနှင့် ထိုကတ်ပြားနှစ်ခုကို တွဲရွေ့ ပလတ်စတစ်အိတ်တစ်ခု ထဲတွင် ရေလုံအောင် အထိ ချည်ပြီး… တိတ်များဖြင့် ကပ်လိုက်သည်… ပိုက်ဆံက သုံးလစာပဲရှိသေးသည်မို့ .. ထုပ်ရတာလွယ်ကူသည်… လက်တစ်စုဆုပ်စာ… အထုပ်ကလေးဖြစ်သွားသည်… ထို့ နောက် .. အင်းကျီအိတ်ကပ်ထဲထည့် ကာ အပ်ချည့်နှင့်ထည့်ချုပ်ထားလိုက်သည်… ပြေးရင်းလွှားရင်း ပြုတ်မကျရင်တော်ပြီ…. ပြီးတော့ ကျွန်တော်တို့ မိသားစု ဓာတ်ပုံ…. ကျွန်တော့ရည်းစားပုံ စတာတွေအိတ်ကပ်ထဲထည့်သည်… ဒါပဲဖြစ်သည်… အဲ.. ဆေးလိပ်တစ်ဘူးပါရေလုံအောင်ထုပ်ရွေ့ မီးခြစ်နှင့်အတူထည့်ထားလိုက်သည်….
ထုပ်လို့ပိုးလို့တော့ ပြီးသွားပြီဖြစ်သည်… ကျွန်တော်ဘာဆက်လုပ်ရမည်နည်း ..နာရီကြည့်တော့ ခြောက်နာရီထိုးကျော်နေပြီ…. သဘောင်္ကတော့ တစ်ဝုန်းဝုန်းနှင့် ရမ်းခါနေဆဲဖြစ်သည်… အပြင်မှာ မှောင်မဲနေသည်…. ကျွန်တော့ အခန်းပြတင်းဝမှ ကြည့်နေမိခြင်းဖြစ်သည်…. ပတ်ဝန်းကျင်ပတ်ပတ်လည်ကို ဘာမှ မမြင်ရ… ကျွန်တော့ အခန်းဘေးတွင်… အသက်ကယ်လှေ၏ လှေကားရှိသည်.. ထိုလှေကားကိုပင်မမြင်ရတော့…. တွေးနေရင်းနှင့်ငိုချင်လာသည်…. ကြောက်လည်း ကြောက်လာသည်… မဖြစ်.. ဒီလိုတစ်ယောက်တည်းနေလို့ တော့ လုံးဝမဖြစ်.. ကြာရင်ရူးသွားနိုင်သည်…

ဘာပဲဖြစ်ဖြစ် အင်ဂျင်ခန်းထဲဆင်းနေတာ ပိုကောင်းမည်…. သတင်းကို အမြဲရနေမည်…. အသက်ကယ်အင်းကျီကို ယူ…နံရံမှာ ချိတ်ထားသော ပုတီးကို ဆွဲ…. ဘုရားစင်ကို ဦးသုံးကြိမ်ချပြီးကာမှ အင်ဂျင်ခန်းထဲ ဆင်းလာလိုက်သည်…. ဆင်းတာတောင် လှေကားကို အတော်သတိထားဆင်းရသည်.. သဘောင်္က လက်နှင့် ကိုင်လှုပ်သလိုကို ရမ်းခါနေတော့ဘေးနားက ကိုင်စရာတစ်ခုခုကို မကိုင်ပဲ လမ်းလျှောက်လို့ မရ…. ပစ်လဲသွားလျှင်လဲ ရိုက်မိစရာ သံပြားများသာရှိသည်….. ဒီလိုနှင့်ဖြေးဖြေးချင်းထိန်းကာဆင်းလာရင်း .. စက်ခန်းထဲရောက်လာခဲ့ရသည်…
စက်ခန်းထဲရောက်ရောက်ချင်း… ကျွန်တော်အတော်အံ့အားသင့်ရပါသည်….
ရှိရှိသမျှ ကျွန်တော်တို့ အင်ဂျင်ပိုင်းမှ လူများ အားလုံး…. ကွန်ထရိုးခန်းထဲတွင် တုးန်လုံးပက်လက်ဖြစ်နေကြပြီ… အငယ်ဆုံးဖြစ်သော အင်ဂျင် ကဒက်…(အရာရှိလောင်း) မှာ တရှုံရှုံနှင့်ပင်ငိုနေပြီ….. အင်းလေ.. အသက်က နှစ်ဆယ်လောက်ပဲရှိသေးတာကိုးဟု ပင်တွေးထားလိုက်သည်…..ကျွန်တော့ ကို မြင်တော့ ကျွန်တော့ အနားတွင်လာထိုင်နေသည်.. ကျွန်တော်လည်း ပုခုံးကို ဖက်ထားလိုက်ပါသည်…
(အစ်ကို.. ကျွန်တော်နောက်ဘယ်တော့ မှ သဘောင်္မလိုက်တော့ ဘူးဗျာ…

ဒီပထမဆုံးတစ်ခေါက်နဲ့တင်အတော်မှတ်နေပြီ….. ဒီမုန်တိုင်းထဲမှာတော့ ကျွန်တော်တို့ မသေလောက်ပါဘူးနော်..)
ကျွန်တော်ကိုယ်တိုင်တောင်မသေချာသော မေးခွန်းမို့ ကဒက်ကလေးကို ပြန်မဖြေနိုင်… အတော်ကလေးအားယူရင်းသာ ပြုံးပြလိုက်မိသည်…. ဟုတ်သည်.. ငါတို့ကော အသက်ရှင်နီုင်ပါ့မလား…. မဲမှောင်ရွှေ့ နေသော … ဒီ သမုဒ္ဒရာ ကြီးထဲမှာ ကျွန်တော်တို့ အသက်ကောရှင်နိုင်ပါ့မလား… ကမ်းမမြင်လမ်းမမြင်…. ပိန်းပိတ်နေသော အမှောင်ကပင်…. ကျွန်တော့ ကိုအတော် ချိန်းခြောက်နေပြီ…………………ပြီးလျှင်ရေနစ်သည်ကလည်း … အတော်အခံခက်မည်ထင်သည်…. တွေးရင်းနှင့် ကြက်သီးမွှေးညင်းပင်ထလာသည်…..
ထိုအချိန်တွင်… ကွန်ထရိုးခန်းတံခါးပွင့်လာပြီး အပြင်မှ လူတစ်ယောက်ဝင်လာသည်….. အခြားလူမဟုတ်… ကုန်းချုပ်ပင်ဖြစ်သည်… မျက်နှာတစ်ခုလုံးဖြူလျှော်နေပြီ….. CD ပြားအလယ်က အ၀ိုင်းလေးက မှ သူမျက်နှာထက်ကြီးဦးမည်….
(အင်ဂျင်ခန်းက လူအားလုံး……ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားလိုက်ကြပါတော့…… ကျွန်တော်တို့ သဘောင်္ မုန်တိုင်းရဲ့ အလယ်ဗဟိုထဲကို ပါသွားပါပြီ….. အချက်ပေးသံကို ပဲစောင့်နေပါ…. အချက်ပေးတာနဲ့ လေ့ကျင့်ထားတဲ့ အတိုင်း…. ကိုယ့်အသက်ကယ်လှေဆီကိုယ်သွားပြီး….

ကိုယ့်တာဝန်အတိုင်းဆက်လုပ်ကြပါ…. အသက်ကယ်အင်ကျီတွေဝတ်ထားလိုက်ကြပါ… အပြင်မှာ ညဘက်ဆိုတော့ အေးပါမယ်…. အီမားရှင်းဝတ်စုံတွေလည်း ယူထားပါ….. ကျွန်တော်တို့ ဘက်ကတော့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်…အေစိအိုကြီးလည်း ကြိုးစားနေပါတယ်… သူကြီးကတော့ ဗျာ… သူ့ အခန်းထဲပြန်ပြီး ဘုရားသွားရှိခိုးနေလေရဲ့ BRIDGE ပေါ်ကိုတောင်ပြန်တက်မလာတော့ ဘူး.. အတော်ကြောက်နေပြီထင်တယ်…. ကဲ သွားမယ်ဗျာ… ဂွတ်ဒ် လက်ခ်.. အော်ဒါက ခင်ဗျားတို့ ရဲ့ ပတ်စ်ပို့တွေပါ…ပြန်ယူထားလိုက်ကြပါတော့… ကိုယ်နဲ့ တစ်ပါတည်းဆောင်ထားပေါ့.. ဒါမှ တစ်ခုခုကိုယ့်ကို ရှာတွေ့တဲ့ အခါ.. အထောက်အထားပြနိုင်မှာလေ… ကဲကဲ.. သွားဥိးမယ်ဗျာ..)
အားလုံး တိတ်ဆိတ်စွာကျန်ခဲ့သည်…. စက်ချုပ်ကြီးကို ကြည့် တော့ မျက်နှာက အသေနှင့် မျက်ရည် ၀ဲလျက်…. ကျန်လူများ အားလုံးလည်း သွေးဆုပ်သော မျက်နှာကိုယ်စီနှင့်… ကျွန်တော့ မျက်နှာလည်း … သူတို့ လိုပဲဖြစ်နေမည်ထင်သည်… ပတ်စပို့ ကို စောစောက ထုပ်ထားသော ပိုက်ဆံအိတ်ထဲသို့ .. ပြန်ထည့် လိုက်သည်…. အပ်နှင့်ချုပ်ထားတာဖြစ်သဖြင့် အတော်ပြန်ဖြေနေရသေးသည်…ပြီး မှ အပ်ချည်ဖြင့် တစ်ခါ ပြန်ချုပ်ပစ်လိုက်သည်….ကဲ… ကျွန်တော်တို့ ဘာတတ်နိုင်ဦးမည်နည်း…. ဒါနောက်ဆုံးနေ့ပဲဖြစ်ပါလိမ့်မည်.. ကျွန်တော်၏နောက်ဆုံးအချိန်သည်… ရေထဲမှာပင်ကုန်လွန်ရတော့မည်…..
အားလုံးတိတ်ဆိတ်ကုန်ကြပြီ…. ဘာဆိုဘာမှ မပြောနိုင်ကြတော့….. ရုတ်တရက် …စက်ချုပ်မှ

(အော်ဇီ… ဗိုက်ဆာတယ်ကွာ… နွားနိုတစ်ဘူးလောက်သွားယူစမ်း… ) ဟု ဆိုသဖြင့် ကျွန်တော်လည်း ထမင်းစားခန်းသို့ တက်လာခဲ့လိုက်သည်…..
ထမင်းစားခန်းသို့ ရောက်မှ အတော်အခြေအနေဆိုးနေတာ သိရတော့ သည်… စောစောက အေဘီ နှစ်ယောက် သီချင်းဆိုနေဆဲပဲဖြစ်သည်… သို့ သော် ရိုးရိုးမဟုတ်…. ခန္ဒာကိုယ်မှာ ဘာမှ မကပ်ပဲ…. ဘာဆို ဘာအ၀တ်အစားမှ မရှိပဲ ကာရာအိုကေဆိုကာ ကနေကြခြင်းဖြစ်သည်…. သွေးပျက်တယ်ဆိုတာ ဒါပဲဖြစ်မည်ထင်သည်…. ကျွန်တော်ဝင်လာတာလည်း သူတို့ ဂရုမစိုက်…. လေးဖြူသီချင်းကို အားပါးတရသာ ဟဲနေတော့သည်… ကျွန်တော်မှ မဟုတ်ဒီ အချိန် သူကြီး ၀င်လာတောင် သူတို့ အဖတ်လုပ်တော့မည်မဟုတ်…. သွေးပျက်နေကြပြီမဟုတ်လား…
ရေခဲ သေတ္တာထဲမှ နွားနို့ ဘူးကို ယူပြီး စက်ခန်းထဲသို့ ပင်ပြန်ဆင်းလာခဲ့သည်…လှေကားတွင် ဘိုဆင်ကြီးက ငေါင်ငေါင်ကြီးထိုင်နေသည်….. ကျွန်တော့ ကို မြင်တော့ ခပ်အေးအေးပဲကြည့်သည်… မျက်နှာက လူသေတစ်ယောက်လိုပင်ဖြစ်နေပြီ…..
ကွန်ထရိုးခန်းထဲရောက်တော့ နာရီကိုကြည့်မိသည်… ရှစ်နာရီထိုးတော့မည်…….ထို အချိန်တွင်

(ကရင်ရင်ရင်.. ကရင်)
ရုပ်တရက် တယ်လီဖုန်းဝင်လာသည်….. BRIDGE မှ ဆက်ခြင်းဖြစ်သည်… သူတို့ တက်မကို ၃၅ ဒီဂရီအထိ အဆုံးချိုးမည် ဖြစ်ကြောင်း လှမ်းပြောခြင်းဖြစ်သည်…. သဘောင်္ကွေ့ သလိုဖြစ်မည် ဖြစ်ရွှေ့ မီးစက်များ သတိထားရန်….. ၀န်အရမ်းများ မည်ဆိုးရွှေ့ ပြောခြင်းဖြစ်သည်… .ဒိအချိန်တွင် .. မီးစက်များ ရပ်သွားလို့ မရ.. မိးစက်ရပ်တာနှင့် ပင်မစက်ကြီး.. (မိန်းအင်ဂျင်) ရပ်မည်… မိန်းအင်ဂျင်ရပ်တာနှင့်ကျွန်တော်တို့ အားလုံးပွဲပြီးပြီဖြစ်သည်…..ယခု သဘောင်္က စက်ကုန်မိုင်ကုန်ဖွင့်မောင်းနေကြခြင်းဖြစ်သည်… လေအားက အတော်ပြင်းသဖြင့် စက်ကုန်ဖွင့် ထား တာတောင်… တစ်နာရီကို နှစ်မိုင်နှုန်းဖြင့် နောက်ဘက်ကို ပြန်ပါနေသည်…..
ကျွန်တော်တို့ မှာ ဘာမှ လုပ်စရာမရှိပါ…လုပ်ယူလို့ လည်း မရပါ…..အချက်ပေးသံကို. ငုတ်တုတ်ထိုင်စောင့်နေရုံသာရှိပါတော့သည်…. ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်..

အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ… လက်ထဲမှ ပုတီးကို သံဗုဒ္ဓေ ဂါထာ တစ်ခေါက်ရွတ်ရင်း ..တစ်လုံးစီချနေမိသည်….. အမေ့ကိုလည်း သတိရသည်… အဖေကို လည်း သတိရသည်….. ချစ်သူကိုလည်း သတိရနေသည်…..ညီအငယ်ကောင်ရော.. ငါမရှိတော့ ရင်……….. တွေးနေရင်းမှ မျက်ရည်တွေက ကျလာပြန်သည်…….ကျွန်တော်သူတို့ နှင့်နောက်တစ်ခါ ဘယ်တော့ မှ တွေ့ ခွင့်မရှိနိုင်တော့ဘူးလား….. .
ထိုအချိန်ဒုန်းကနဲအသံကို ကြားလိုက်ရသဖြင့်.. ထိုင်နေသူအားလုံး လန့်ဖြန့်ကာထကြည့်ကြသည်…တော်ပါသေးသည်….စက်ခန်းအနောက်စတို ခန်းထဲမှ စပါယ်ယာ သေတ္တာများ… သဘောင်္လှုပ်သဖြင့် ပြိုကျလာခြင်းဖြစ်သည်…. စက်ချုပ်က
(ထားလိုက်တော့ကွာ..ပြီးမှပဲသွားရှင်းတော့… ကွဲနိုင်ရှနိုင်တာတွေလောက်သာဖယ်ထားလိုက်) ဟု ဆိုသဖြင့် ဘယ်သူမှ မထကြတော့… ထလည်း မထနိုင်ကြတော့…..ကျွန်တော်တို့ အားလုံးအားကိုးစရာဘုရားသာရှိတော့သည်…. ပုတီးစိပ်သူက ဆိပ်… မေတ္တာပို့ သူက ပို့ ဂုဏ်တော်ရွတ်သူက ရွတ်နှင့်…. ဖြစ်သည်… သေခြင်းတရားသည်… ကျွန်တော်တို့ ၏လက်တစ်ကမ်းမှာပဲဖြစ်သည်…. အရင်ကလည်း လက်တစ်ကမ်းမှာပင်ရှိခဲ့ပါလိမ့်မည်… သို့သော် ကျွန်တော်တို့ သတိမထားမိခဲ့လို့ဖြစ်မည်…ယခု သတိထားမိတဲ့ အချိန်တွင်တော့… အတော်လန့်ဖြန့်နေပြီ……သူခေါင်းပြူပြတာ က အတော်ကြောက်ဖို့ ကောင်းပါသည်…. အတွေးတွေက ပေါင်းစုံအောင်ခေါင်းထဲဝင်လာသည်…တုန်လှုပ်ခြောက်ခြားဖွယ်ရာကော… ၀မ်းနည်းဖွယ်ရာကော…. အားငယ်ဖွယ်ရာကော.. စသဖြင့် အချိုးကျ ရောစပ်ပြီး ခေါင်းထဲဝင်လာသည်….

(ကရင်ရင်ရင် ကရင)်
တယ်လီဖုန်းလာရင်ကို ကျွန်တော်အတော်ကြောက်နေပါပြီ… တစ်ခါလာတိုင်းတစ်ခါ သတင်းဆိုးကိုသာကြားနေရသောကြောင့်ဖြစ်သည်… ဖတ်စ်အီးကိုင်လိုက်သည်…
(အိုကေ .. အိုကေ… ကျွန်တော်တို့ ဘက်က တော့ အဆင်သင့်ပဲ…. အကောင်းဆုံးဖြစ်အောင်လုပ်ကြတာပေါ့ဗျာ)
ဖုန်းချလိုက်ပြီး စက်ချုပ်ဘက်လှည့်ကာ…
(အေစီအိုကြီးဆက်တာဗျ…. သူတို့ ဒီ အတိုင်းတက်မကို ဆက်ခေါက်ထားမယ်တဲ့… မုန်တိုင်းဗဟိုထဲအထိမပါအောင်လေအားကို သုံးပြီး ပြန်ကွေးထွက်နိုင်ဖို့ ကြိုးစားမယ်ပြောတယ်. အင်ဂျင်ကို FULL SPEED နဲ့ ပဲလိုချင်တယ်တဲ့… ရအောင်လုပ်ပေးပါလို့ ပြောတာပါ)
(ဟုတ်ပြီ ဒါမျှော်လင့်ချက်ပဲ… ကဲ.. အားလုံးစိတ်ဓာတ်လည်းကျမနေကြပါနဲ့… ဒါလမ်းစတစ်ခုတွေ့တယ်လို့ပြောရမှာ…. အောင်မြင်မှာပါ… မင်းတို့ က အောက်မှာ သွားပြီး စက်အခြေအနေ ဘာညာကို သေချာကြည့်ပေးဟုတ်လား.. ဆီလိုရင်ဆီ…အကုန်လုံး အဆင်သင့်ဖြစ်အောင်သာလုပ်ပေး . ငါတို့ ဒီကနေ ထွက်သွားနိုင်မှာပါကွာ)
ဒီတစ်ခါ တယ်လီဖုန်းက သတင်းကောင်းမို့ အားတက်ဖွယ်ဖြစ်ပါသည်.. ကျွန်တော်တို့ လည်း သူ့ ဂျူတီကိုယ့်ဂျူတီ မခွဲနေတော့…. တစ်ထပ်ကို တစ်ယောက်နှုန်းဖြင့် .. ဆီလောင်းသုံးယောက်.. ကဒက်တစ်ယောက် လေးယောက်လုံး .. လိုက်စစ်ပါတော့သည်..အချိန်က ည ၁၂ ခန့် ကို ရောက်နေပြီဖြစ်သည်….
ည… ၂ နာရီခန်းတွင်ဖုန်းထပ်ဝင်လာသည်… ကျွန်တော်တို့ မုန်တိုင်း ဗဟိုမှ… အတော်ကလေး ဝေးလာပြီဖြစ်ကြောင်းပြောခြင်းဖြစ်သည်…
ဝမ်းသာလိုက်သည်ဖြစ်ခြင်း…. မျက်ရည်ပင်ကျမိသည်… ခြေဖျားလက်ဖျားတွေလည်း အေးစက်နေသည်…. သဘောင်္ကတော့ အတော်ကလေး လှုပ်နေတုန်းပဲဖြစ်သည်….
မနက် ငါးနာရီခန့်တွင်တော့ အတော်ကလေး သက်သာလာပါသည်…. အပေါ်ထပ်မှာ သီချင်းဆိုနေသူများလည်း.. နည်းနည်းသွေးအေးလာကြပြိ….. အင်ကျီတွေဘာတွေပြန်ဝတ်ထားပြီဖြစ်သည်….

မနက်ခြောက်နာရီတွင်တော့
ကျွန်တော်တိုံ့ သဘောင်္ မုန်တိုင်းထဲမှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပါသည်…ထိုအခါမှပဲ … ကျွန်တော်လည်း အခန်းထဲပြန်အိပ်နိုင်တော့သည်….. အခန်းထဲရောက်ရောက်ချင်းပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်တော့ ဘာမှ မမြင်ရသေးပါ….. အကြောင်းမှာ ကျွန်တော့ အခန်းပြတင်းဝတွင် မှုန်တိုင်းနှင့်အတူပါလာသော…. အသက်ကယ်အင်းကျီကြီးတစ်ခု လာကပ်နေသောကြောင့်ဖြစ်သည်…
မုန်တိုင်းကျပြီး နောက်တစ်နေ့ မနက်တွင်…ကုန်းဘက်ပေါ်မှ ပစ္စည်း အတော်များများ … လေနှင့်ပါသွားကြပြိဖြစ်သည်… အသက်ကယ်အင်းကျီ… အစုံ နှစ်ဆယ်လုံး မရှိတော့…. ဆေးပုံးများ… ဓာတုဗေဒ ပစ္စည်း ပုံးများ လည်း ပင်လယ်ထဲ ကျတဲ့ဟာတွေ ကျကုန်ပြီ…. ကျွန်တော်တို့ တတ်နိုင်သမျှ ရှင်းလင်းကြပါသည်….

မုန်တိုင်းထဲမှ ထွက်လာလာချင်း….. သဘောင်္သားများ အားလုံး အိမ်တွေဆီ အသီးသီးဖုန်းဆက်ကြပါသည်… သဘောင်္ပေါ်တွင်ဖုန်းက တစ်လုံးတည်းရှိသဖြင့်… တန်းပင်စီနေရသည်….ငိုတဲ့သူက ငိုယိုဖုန်းဆက်သည်…. သေကံမရောက် သက်မပျောက်မဟုတ်လား….. ကျွန်တော်လည်း အမေတို့ ဆီဖုန်းဆက်ပါသည်…. ချစ်သူဆီလည်း ဖုန်းဆက်ပါသည်… ( အမေရေ…တော်သေးတာပေါ့အမေရယ်… အမေတို့ ကို သားပြန်မတွေ့ရတော့ဘူးတောင်အောင့်မေ့တာ… မနေ့ညကလေ.. မုန်တိုင်းကျတာ……)စသဖြင့်ရှင်ြး့ပပါသည်….. ထိုအချိန်တွင် အားလုံးတူညီသည့် အချက်မှာ….. ကျွန်တော်တို့ အိမ်များ အားလုံးမှ…. ဘယ်လိုဖွဲ့ နွဲ့ပြောပြော… ဘယ်လောက်ငိုငို…(အော်ဟုတ်လား.. တော်သေးတာပေါ့.. နောက်ကို သတိထားလေ… ဘုရားတရားမမေ့နဲ့ ပေါ့) ဆိုတာလောက်မှ လွဲရွှေ့ ဘယ်သူမှ သည်းသည်းလှုပ်မဖြစ်ကြခြင်းပင်ဖြစ်သည်…. အင်းပေါ့လေ… သဘောင်္သားဘ၀ကို သဘောင်္သားချင်းမှ လွှဲရွေ့ စာနာနားလည်နိုင်ဖို့ အတော်ခဲယဉ်းတာပဲဖြစ်ပါလိမ့်မည်….. စိတ်ထဲတော့ အတော်မကောင်းတာအမှန်ဖြစ်သည်… အသက်နှင့်ရင်းခဲ့ ရတာမဟုတ်လား…..

မုန်တိုင်းကျပြီး နောက်ပိုင်းတွင်း ကျွန်တော်တို့ သဘောင်္ပေါ်တွင် အပြောင်းအလဲ အတော်များများ ဖြစ်လာကြသည်….အားလုံးက တော့ကုလားသူကြီးကို ၀ိုင်းမေတ္တာပို့ ကြပြီး အေစီအိုကြီးကို ကျေးဇူးတင်ကြသည်… လူပေါင်း နှစ်ဆယ့်သုံးယောက်လုံး၏ အသက်ကို ကယ်ခဲ့သူမဟုတ်လား….ကုန်းချုပ်ကလည်း သဘောကျပါသည်..သူ့ အတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ ကြီးတစ်ခု ရလိုက်သလိုဖြစ်နေသည်…ဖတ်စ်အီး…. ကတော့ .. နောက်ကို လှိုင်းမူးလိမ့်မယ်မထင်တော့ ကြောင်း ကျွန်တော်တို့ ကို အရွှန်းဖောက်တတ်ပါသည်……...ကျွန်တော့ ကဒက်ကလေးကတော့…. သဘောင်္ဆက်လိုက်မည်ဟုပြောပါသည်…

ဒီလောက်ဒုတ်ခကို သူခံနိုင်သွားပြီဆိုလျှင်သူဘာကို မှ မကြောက်တော့ ကြောင်းပြောပါသည်…. ဒီမုန်တိုင်းက သူ့ စိတ်ဓာတ်ကို မာကျောအောင်လုပ်ပေးလိုက်ပေပြီ…. အင်းကျီချွတ်ကာ သီချင်းဆိုကြသူ အေဘီများ အကြောင်းကတော့…. ပြောမဆုံးပေါင်ပင်ဖြစ်နေသည်…. နောက်ပိုင်း ပါတီလုပ်လို့ သီချင်းဆိုတိုင်း သူတို့ နှစ်ဦးကို အင်းကျီချွတ်ရွေ့ က ခိုင်းရမည်ဖြစ်ကြောင်း အားလုံးက သဘောတူကြသည်… ကုလားသူကြီးကတော့ …. ရုံးသို့ စာပို့လိုက်သည်… အခုလို မုန်တိုင်းနှင့်ကြုံရခြင်းမှာ သူ့ အပြစ်မဟုတ်ကြောင်း…. အေစီအိုက WEATHER REPORT ကို သေချာ မစစ်လို့ ဖြစ်ကြောင်းလှမ်းပို့ လိုက်ပါသည်…. သို့သော်သူ့ အကြောင်း သိသော ရုံးမှ ဆူပါဗိုက်ဆာမှ…. ရှေ့လာမည့်  ဆိပ်ကမ်းတွင် ဆင်းရမည်ဖြစ်ကြောင်း စာပြန်လာသည်…အဓိပါယ်ကတော့ အလုပ်ဖြုတ်လိုက်ခြင်းဖြစ်သည်…. ကျွန်တော်တို့ တစ်စင်းလုံးပျော်ကြပါသည်….. ၀မ်းနည်းစရာကောင်းသည်က တစ်ခုပဲဖြစ်သည်.. ကျွန်တော်တို့ အေနာက္သေဘာၤမွ သေဘာၤသားမ်ား သတင်း လုံးဝ မကြားရခြင်းပင်ဖြစ်သည်… အစအနပင်ရှာမရဟု ဆိုပါသည်….

ကျွန်တော့နေသော အခန်းပြတင်းဝမှကြည့်လျှင် ပင်လယ်ကြီးကို မြင်နေရပါသည်….နေရောင်အောက်တွင် ပင်လယ်သည်….လှိုင်းသံ လေသံ တစ်အေးအေးဖြင့်.. ပြာမြဲပြာဆဲ…. လှမြဲလှဆဲပင်…ဟိုတစ်နေ့ ညက သူစိတ်ဆိုးပြီး လုပ်မိလုပ်ရာ လုပ် ပြောမိပြောရာပြောပြီးသွားမှ…. လာချော့နေသော … လူငယ်လေးတစ်ယောက်နှင့်ပင်တူနေပါသေးသည် …. သူဒီလို ချော့လို့ ကျန်လူများ ကခွင့်လွှတ်ကြပါမည်လားတော့ မသိ………….
ကျွန်တော့ အဖို့ တော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်ပင်လယ်ကို ချစ်ပါသည်…

Copyright by Ozzy Win ( MSU )