ဒဏ်ပေးခံရတော့မယ့် အပြစ်သားတယောက်ရဲ့  ခြေလှမ်းများလို
တွန့် ဆုတ် လေးကန်ပြီး လေဆိပ်အ၀င်တံခါးဝအရောက်မှာ ဆို့ နင့်လာသောခံစားချက်ကိုမြိုသိပ်
တဖြည်းဖြည်းချင်းဝေးကွာသွားသော
ရန်ကုန်မြို့ ရဲ့ အိမ်ခေါင်မိုးများကို ငေးကြည့်ရင်း ………..
မရောက်ဖူးတဲ့ မြို့ မှာ မတွေ့ ဖူးတဲ့ လူတွေရဲ့ 
သင်္ကာမကင်းဖြစ်နေသော အကြည့်များကို ရင်ဆိုင်ရင်း…….
မြင့်မားလှသော သဘောင်္ကြီးကိုမော့ ကြည့်ကာ
လှိုင်းကြောင့်ရမ်းခါနေသော ကြိုးလှေခါးကိုကြိုးစားတက်ရင်း…
ဦးနှောက်ထဲထိတိုးဝင်လာသော
ခပ်ပျစ်ပျစ်လောင်စာနံ့ ကို အတင်းမေ့ဖျောက်ရင်း…….
ဝုန်းဒိုင်းကြဲ ဆူညံနေသော အင်ဂျင်ခန်းရဲ့ နှုတ်ဆက်သံကို
မကာကွယ်နှိုင်သော နားကြပ်တစုံကို တပ်ဆင်ရင်း……
၅၂ ဒီဂရီ ဟုဆိုသော အပူချိန်ကို
ရေတဘူးဖြင့် ကြိုးစားအံတုရင်း……
ရှေ့ နောက် မြင့်သွားလိုက် ဘယ်ညာ စောင်းသွားလိုက်ဖြစ်နေသော
သမုဒ္ဒရာလှိုင်းကြမ်းတို့ကြောင့်
တွေ့ ရခဲသော ကုန်းမြေပြင် ငေးမောကာ
ဇာတိမြေကို လွမ်းဆွတ်ရင်း……..
ခါးသီးသော ဘ၀ တစ်ခုကိုတွေးမိပြီး
ကဗျာတစ်ပုဒ် ကိုအဆီအငေါ်မတည့် ရေးစပ်ရင်း………
ကောင်းမြတ်သူ(CD 35,CE 34)
No comments:
Post a Comment