Thursday, March 28, 2013

PGI လေးကြိမ်မြောက် OOW သင်တန်းဆင်းပွဲ

 

၂၀၁၃ ခုနှစ် မတ်လ ၂၇ရက်နေ့  … Pacific Glory International (PGI) company ၏ Maritime Training Centre မှ OOW Deck Officer (class III) အောင်မြင်သူများ၏ သင်တန်းဆင်းပွဲကို ရန်ကုန်မြို့ Chatrium Hotel တွင် နေ့ လည် ၁၄နာရီခန့် က ကျင်းပခဲ့သည်။ သင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  မှ ၀န်ကြီးများ၊ ရေကြောင်းဦးစီးဋ္ဌာနမှ အရာရှိများ တက်ရောက်ခဲ့ကြပြီး ကရင်ရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် မှ လည်းကောင်း၊ ဦးဋ္ဌေးဝင်း ညွှန်ကြားရေးမှူး (DMA) မှ လည်းကောင်း အဖွင့် အမှာစကားပြောကြားခဲ့သည်။ PGI သင်တန်းမှာ ၂၀၁၀ ခုနှစ် မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်းဆင်းပွဲမှာ လေးကြိမ်မြောက်ဖြစ်သည်။ သင်္ဘောအရာရှိများ၏ competency exams များဖြေဆိုရာတွင် ကျူရှင်တခုတည်းအားကိုးခြင်းစနစ်အား ပပျောက်ရမည်ဖြစ်ပြီး စာတွေ့ လက်တွေ့ proper training များကို ကြိုးစားပေးလျက်ရှိကြောင်းကို Capt.စိုးလွင် (Chief Instructor) မှ ပြောကြားခဲ့ပြီး သင်တန်းဆင်းအရာရှိများမှာ မိမိအရည်အချင်းများကို စဉ်ဆက်မပြတ် တိုးတက်အောင်ကြိုးစားကြရန် လိုကြောင်းကိုလည်း ကျောင်းအုပ်ကြီး Capt.မျိုးညွှန့် အောင် မှ မှာကြားခဲ့သည်။





Shared by - PT @MSU,
Location - Chatrium Hotel Yangon

No comments:

Post a Comment