Friday, March 29, 2013

ခေတ်သစ် ISPS ပုံပြင်


တလော တုန်း က မြန်မာသင်္ဘောသားအရာရှိ နှင့် ရိုးရိုးသင်္ဘောသား အချို့ တာဝန်ထမ်းဆောင် သော သင်္ဘောတစ်စီး တွင် ကိုကင်း(ဘိန်း)များ တွေ့ ရှိပြီး (သင်္ဘောသား drug smuggling မလုပ်ပါ)သင်္ဘောသားအချို့ အရေးယူခံ ရတာကို ကြားမိလိုက်ပါ တယ်။်
အဲ့ဒါမလို့ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ သင်္ဘောပေါ် က ယူကရိန်း Captain တစ်ဦး အကြောင်း အမှတ်ရသွားလို့ ရေးမိပါတယ်။

Captain ရဲ့ အသွင်အပြင်ဟာ Captain ကို ကြည့်ရင် 24/7 အမြဲတမ်း သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်ပါတယ်။ စာဖတ်သူ မြင်အောင် ပြောရရင် ရုပ်ရှင်မင်းသား ဝင်းဦး ပုံစံမျိုး အပေါ်အောက် အဖြူ ရှူးအဖြူ ဘားထောက်တပ်ပြီး အမြဲတက်ကြွ ပြီး smart ကျကျနေလေ့ရှိပါသည်။Navigator ကောင်း တစ်ဦးဖြစ် ခဲ့သည်ဆိုတာကို တာဝန်ချိန်တွင် (တက်မစင်)အမြဲလမ်းလျှောက်နေ တာကိုကြည့်လျှင်သိနိုင်ပါတယ်။(ကုန်းပတ်အရာရှိများ ပိုသိနိုင်ပါသည်)။

sat,sunday ပုံမှန်လုပ်နေကြ boat drill,fire drill,safety meetingတွေ လုပ်ပါတယ်။ တစ်ရက် မှာ PA (Public adress) မှcaptain အသံကြား လိုက်ပြီး, general alarm အသံလည်း ကြားရပါတယ်။ (muster station)လူစုပြီုး
Captain က သင်္ဘောပေါ်မှာ ချိန်းခြောက်မှုတစ်ခု ရှိပြီး ဗုံး(သို့
)တရားမဝင်ပစ္စည်း Drug တစ်ခုခု ပါလာကြောင်း ISPS(international ship & port facility security)မှာ duty အလိုက်စပြီး သတိထားပြီးလုပ်ဆောင်ဖို့ ပြောကြားပါတယ်။

ခြိမ်းခြောက်မှု နဲ့ ပတ်သက်ပြီး အကျယ် အနည်းငယ်ထပ်ချဲ့ မည် ဆိုသော်
ISPS CODE(International Ship & port Facility Security Code)

Current maritime security threats
1.pilferange and theft
2.illicit drugs smuggling
3.illegal migrants and stowaways
4.piracy and armed robbery against ships
5.sabotage
6.terrorism လို့ ၆ချက်ခွဲထား ပါတယ်။ (ဆက်လေ့လာမည်ဆိုလျှင်ISPS CODE partA & part B တွင်လေ့လာပါ ခင်ဗျာ)

bomb သို့ မဟုတ် drug လို့ ဆိုတဲ့ အတွက် bomb threat အတွက်ဆိုရင် bome threaft checklist ဖြည့် ဖို့ ပြင်ဆင်ရပါမည်။

searching methods တွေကို unidentified objects အတွက် သုံးရပါမည်။
bomb searching plan,(eyes not fingers)
drugs searching plan
(eyes not fingers).

ကျွန်တော်တို့ သက်ဆိုင်ရာ area နဲ့ duty အလိုက်ရှာ ကြပါတယ်။Captain ထံသို့ Bosun(ဖိလစ်ပိုင်နိုင်ငံသား) မှ VHF နဲ့ သတင်းပို့ပါတယ်။သူတွေ့ပြီဖြစ်ကြောင်း။

Captain က Bosun အားcrew အား လုံး office မှာစုထားဖို့ ပြောပါတယ်။Captain ဆင်းလာပြီး Bosunကို ခေါ်ပြီး သူတွေ့တဲ့ စက္ကူဘူး (object)ကိုသွားယူ ပြီးoffice ကိုပြန်လာပါသည်။

captain ပြန်ရောက်လာတော့ bosun ကို Beer ၁ဖာ bosun နာမည်နှင့်ထုတ် ပြီးcrew တွေကို ပေးခိုင်းပါတယ်။

၁။VHF နဲ့ သတင်းပို့ လို့ပါ။(VHF နဲ့ ဆိုရင် ထို objectသည် bomb ဖြစ်လျှင် ပေါက်ကွဲ ကောင်းပေါက်ကွဲ နိုင်သည့် အချက်ကြောင့်)
၂။စက္ကူ ဘူး နေရာလွဲ နေသောကြောင့်
CAPTAIN ထိုစက္ကူ ဘူးကိုကြို တင်ချထားခြင်း ဖြစ်သည်။
meeting အနည်းငယ် ဆက်လုပ်ပြီး။်

ထိုနောက် Captain က Bosun ကို ထို စက္ကူ ဘူး အား ဖွင့်ခိုင်း လိုက်ပါတယ်။ ကျွန်တော်တို့ အပြုံး မျက်နှာနှင့်တွေ့လိုက်ရတာတော့ မြေပဲဆန် နှင့် အာလူးကျော် ဘူးများ ဖြစ်ပါသည်။

Captain ရဲ့ let start the party !!ဆိုတဲ့ အသံနှင့် စပြီး ထိုနေ့ ပြီးဆုံးသွားပါသည်။

ခုနားထောင်နေသော သီချင်း အား next ခလုပ်နှိပ်ပြီး ကျော်လိုက်မိတယ်။ ကျော်လိုက်တဲ့သီချင်း က တော့ ဦးလွှမ်းမိုး ဆိုခဲ့တဲ့ သီချင်း ဗျာ
ဘာတဲ့ ``လမ်းထိပ်နားကလူ အူတူတူ ငနဲ ဟာ သင်္ဘောသား ဖြစ်ကာ တစ်ကယ်ကို သူဌေး ဂိုက်ဖမ်းကာလာ။။။

ပြောသမျှအကြောင်းထဲမှာ မြန်မာပြည် က အကြောင်းမပါ။
~~~~~~~~~~ သူဟာကုန်းပတ်တိုက်ရတယ်"။

အော် ဦးလွှမ်းမိုး ပြောတဲ့ သင်္ဘောသားက ဦးလွှမ်းမိုး ရဲ့ အဖိုး ဦးလွှမ်းမိုး ငယ်ငယ်လေးတုန်း ငို နေစဉ် ပုံပြင် ပြောချော့သိပ်တုန်း က ပုံပြင်ထဲ ပါတဲ့ သင်္ဘောသား ဖြစ်မယ်ထင်ပါတယ်။

ရေးသားသူ - XD @ MSU

No comments:

Post a Comment