MSF Advanced Voting...
MSF မှ အဝေး ရောက်နေသူများ မဲပေးရန် အောက်ပါအတိုင်းကြေညာထားပါတယ်။ ပုံစံကို pdf ဖိုင်အဖြစ်အလွယ်တကူသုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ပယ်မဲမဖြစ်အောင်ဂရုစိုက်ကြပါခင်ဗျား။
*****
အဝေးရောက်ဆန္ဒမဲပေးခြင်း
၁။ အဝေးရောက်ဆန္ဒမဲဆိုသည်မှာ - အဝေးရာက်ပင်လယ်ကူးသင်္ဘောသားအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းဆောင်ကြသော အဖွဲ့ချုပ်အဖွဲ့ဝင်သင်္ဘောသားများ၏ ဆန္ဒမဲကိုဆိုလိုသည်။ (ကော်မရှင်လုပ်ထုံးလုပ်နည်း၊ အပိုဒ် (၈-ခ))
၂။ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၏ Website &Facebook မှ သင်္ဘောသားများသိရှိစေရန်အချက်အလက်များကိုဖော်ပြပါရှိပြီး သတ်မှတ်ထားသောပုံစံ Advance Voting Form ကိုဖြည့်စွာက်၍ မိမိထောက်ခံဆန္ဒပြုလိုသူအများဆုံး (ကုန်းပတ်အရာရှိ (၈)ဦး။ အင်ဂျင်နီယာအရာရှိ (၈)ဦး နှင့်အခြားအဆင့်သင်္ဘောသား(၁၇)ဦး)
တို့ကိုကော်မရှင်၏ G-mail (commission.MSF@gmail.com)
သို့ပေးပို့နိုင်ပါသည်။ ဥပမာ- ကုန်းပတ်အရာရှိ(၈)ဦး၊ အင်ဂျင်နီယာအရာရှိ
(၈)ဦး၊ အခြားအဆင့်(၁၇)ဦးထက်မဲပိုထည့်ခဲ့သော် ပယ်မဲ အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။
၃။ ယင်းသို့ Online မှပေးပို့ရာတွင် (ပူးတွဲပါ) Advance Voting Form ပါ မဲဆန္ဒရှင် ဖြည့်စွက်ရမည့်ကိုယ်ရေးအချက်အလက်များကို ကွက်လပ်မချန်ခဲ့ဘဲ ပြည့်စုံစွာ ဖော်ပြထားရှိခြင်းမရှိပါက မှန်ကန်ပြည့်စုံစွာဖော်ပြထားရှိခြင်း မရှိပါကာ ပယ်မဲ အဖြစ်သတ်မှတ်မည်ဖြစ်ပါသည်။
No comments:
Post a Comment