Showing posts with label dma ref. Show all posts
Showing posts with label dma ref. Show all posts

Friday, December 27, 2013

3E..စနစ်သစ်.သင်တန်းများ...ဘယ်တော့ဖွင့်..


ရေကြောင်းကောလိပ်မှာ..CE+2E Combined Class တန်းခွဲ ၂ခု..နဲ့ 2E Bridging Course တစ်ခု..ဖွင့်နေပါတယ်..။ Cadets တွေလည်း..၂ နှစ်စာ..ရှိသေးတယ်..။ Workshop Skills လည်းဖွင့်သေးတယ်..။ တရားဝင်ခန့်ထားတဲ့..CoC ဆရာက..ဦးဇော်လွင်ဦး (C/E) နဲ့..ဦးထွန်းလင်းဦး (2/E) နှစ်ဦးဘဲ..ရှိပါတယ်..။ ကိုဇော်လွင်ဦး..စည်းရုံးရေး..ကောင်းလွန်းလို့..ပြင်ပဆရာ..အင်အား..ရပြီး..သင်တန်းတွေ..
အသက်ဆက်နေတာပါ..။ ၀တ်ကျေ..တန်းကျေ..ဆရာမျိုးနဲ့ဆို..သင်တန်းတွေ..ရပ်တာ..ကြာလှပါပြီ..။
ဆရာအင်အား..နည်းလို့..ခက်ခက်ခဲခဲ..ရုန်းကန်နေရပါတယ်..။
3E စနစ်သစ်..သင်တန်း..ဖွင့်နိုင်ဦး..မယ်..မထင်ပါဘူး..။ အပေါ်ကနေ.အတင်းအကြပ်ဖွင့်ခိုင်းရင်တော့..မပြောတတ်ပါဘူး..။
ဒါပေမဲ့..လက်ရှိ..Workload ကိုက...လုပ်နိုင်တာထက်. .ခိုင်းထားတာက...တော်တော်..များနေပါပြီ..။
။။။။။။။။။။။။။။။
ရေကြောင်းကောလိပ်မှာ.ကျောင်းအုပ်ကြီး..ဦးမောင်မောင်ငြိမ်း..အနားယူပြီးကထဲက..သဘောင်္ကျင်း MD ဦးကြည်စိုး..က..ယာယီ..ကျောင်းအုပ်ကြီး..တာဝန်ယူနေပါတယ်..။ ၂နှစ်ဝန်းကျင်..ရှိနေပါပြီ..။ ကျောင်းအုပ်ကြီး..အမြဲတန်းမရှိပါ..။ဆရာဦးကြည်စိုး..ဘယ်လောက်..လုပ်ချင်လုပ်ချင်..သူ့မှာ..မူလ..တာဝန်က..ရှိပါသေးတယ်..။
Deck ရော..Engine မှာပါ..ဆရာအင်အား..မပြည့်စုံပါ..။ မပြည့်စုံ..ဆိုတာထက်..တော်တော်နည်းတယ်..လို့..ပြောရပါ့မယ်..။
ဒီလို..သွားခဲ့တာလည်း..နှစ်ပေါင်း..မနည်းတော့ပါ..။
ဖြည့်ဆည်းမည့်..အစီအမံများလည်း..မကြားသိရပါ..။
နိုင်ငံခြား..Audit ..တွေ..စိတ်လာတဲ့..ဒီလို..အရေးပေါ်ကာလမျိုးမှာ..ကျောင်းအတွက်..
စိုးရိမ်မိပါတယ်..။
။။။။။။။။။။။။။။။။
ဘေးထိုင်..ဘုပြောတာ..မဟုတ်ပါဘူး..။ ယနေ့ထိ..ကိုယ့်..ကိုယ်ပိုင်ကျောင်းကို...ပစ်ထားပြီး..ရေကြောင်းကောလိပ်မှာ..သွားကူ..နေတုန်း၊ စာသင်နေတုန်းပါ..။ ကိုဇော်လွင်ဦး..တို့..ကိုထွန်းလင်းဦးတို့..ကိုခင်တာ.က..တစ်ကြောင်း..ကျောင်းသံယောဇဉ်..ရှိတာ.က..တစ်ကြောင်း..ကြောင့်ပါ..။.။
။။။။။။။။။။။။။။။။
နောက်တစ်ခု...ကြားဖြတ်..အရေးကြီးနေတဲ့..ကိစ္စက..Upgrading ကိစ္စပါ..။ လက်ရှိ..စာမေးပွဲအောင်ပြီး..လက်မှတ်ကိုင်ထားသူများ..(၅) နှစ်ပြည့်လို့..လက်မှတ်လဲတဲ့..အခါ..STCW2010 အရ..Upgrading Course တက်ပြီးမှ..လက်မှတ်လဲပေးရမှာပါ..။
CE/2E/3E..အရေအတွက်က..၅၀၀၀ အထက်မှာ..ရှိပါတယ်..။
။။။။။။။။။။။။။။။။
CoC ဖွင့်နိုင်တဲ့.၊ ပြည့်စုံတဲ့...ကျောင်းက..လက်ရှိ..(၃) ကျောင်းဘဲ..ရှိပါတယ်..။
MMMC, WISE WISH MTC, ရေကြောင်း သမ၊ တို့ဖြစ်ပါတယ်..။
။။။။။။။။။။။။။။။။
ကျွန်တော်တို့..WISE WISH မှာ..တစ်ကြိမ်ကို..တစ်တန်းနဲ့..ဖိဖိစည်းစည်း. .စာသင်နိုင်ဘို့..ရည်ရွယ်ချက်ထားပါတယ်..။ ဆရာများကလည်း..၂တန်းဖွင့်ရင်..Lecture Fees ပိုရမှာ..မှန်ပေမဲ့..၊ အေးအေးဆေးဆေးဘဲ..စာသင်ချင်တယ်..။ တန်းခွဲတွေ..မဖွင့်ပါနဲ့..လို့..တောင်းဆိုထား..လို့ပါ..။ အားလုံးက..ကျွန်တော့်..စီနီယာများ.၊ ဆရာများပါ..၊ ကျွန်တော်လည်း..ဆရာတွေ..စကားကို..နားထောင်ရပါတယ်..။
။။။။။။။။။။။။။
ဒါပေမဲ့..ဟိုတစ်နေ့က..Working Committee အစည်းအဝေးမှာ..စည်းဝေးသုံးသပ်လို့..ရတဲ့..အနေအထားအရ..။ ကျွန်တော်တို့လည်း.. Upgrading Course မှာ..တတန်းတော့.၀င်ကူရမဲ့..အနေအထား.ရှိပါတယ်..။ ဒါကြောင့်..3E ဖွင့်နိုင်ဘို့..မလွယ်ပါ..။
။။။။။။။။။။။။
ရေကြောင်း သမ..မှာတော့..ဘယ်လိုအစီအစဉ်ရှိတယ်..တိတိကျကျ..မသိပါဘူး..
လောလောဆယ်..CE+2E..တစ်တန်း..စဖွင့်နေပါပြီ..။ 3E Bridging Course တစ်တန်းဖွင့်နေ..တယ်လို့..ထင်ပါတယ်..။ မသေချာပါ..။ တစ်ခြား..EER သင်တန်းလည်း..ရှိပါတယ်..။ သူလည်း..Upgrading Course တစ်တန်း၊ နှစ်တန်းတော့..အနည်းဆုံး..၀င်ကူရမှာပါ..
။။။။။။။။။။။။။
အဓိက..ပြဿနာက...Qualified Instructors ရှားပါးမှုပါ..။ CE, 2E လက်မှတ်ကိုင်ပြီး..ကုန်းပေါ်မှာ..ဒေါ်လာ..၅၀၀ လောက်နဲ့..ကျောင်းဆရာ..လုပ်မဲ့သူ..ရှားပါတယ်..။ တစ်ချို့..က..သင်မယ်လို့..လာပါတယ်..။ ကျွန်တော့်ဆီမှာတော့..ကျောင်းဆရာ..အလုပ်တွေကို..တစ်လလောက်..တွဲပြီး..သင်ပေးပါတယ်..။ အဲဒီမှာ..ဘဲ..အများစုက..လက်လျော့..သွားတတ်ပါတယ်..။ ကျောင်းဆရာမှာလည်း.. Documentation တွေများပါတယ်..။ Lesson Prepare စနစ်တကျ..လုပ်ရပါတယ်..။ Record တွေရှိရပါတယ်..။ စာရွက်စုတ်လေး..တစ်ရွက်နှစ်ရွက်ကိုင်ပြီး..၀င်အာလို့..မရပါဘူး..။
ဟာ..အဲဒီလောက်..ပင်ပန်းမယ်..မထင်ဘူးလို့.လဲ...ပြောကြပါတယ်....။
။။။။။။။။။။။။
နိုင်ငံခြားက..ပညာရှင်တွေ..ကျောင်းတွေ..၀င်လာရင်ကော...ဆိုတဲ့..အမေးရှိပါတယ်..။
လာခဲ့ကြပါ..။ ကြိုဆိုပါတယ်..။
။။။။။။။။။။။။
နိုင်ငံခြားသား..ကျောင်းဆရာ..ဆိုရင်..လစာ..၅၀၀၀ အထက်၊ နေအိမ်ငှါးခ၊ အပို့အကြို၊ တွက်ကြည့်တာတော့..။ ဒီက..သင်တန်းကြေးနဲ့..နိုင်ငံခြားသားဆရာ..လစာနှုန်းနဲ့..ဆိုရင်..ခွက်ခွက်လန်အောင်..ရှူံးနိုင်ပါတယ်..။ သင်တန်းက..စဉ်ဆက်မပြတ်..ဖွင့်နိုင်တာမှ..မဟုတ်တာ..။ တစ်ခါတစ်ခါ..လူစောင့်..ဖွင့်နေရတာ..ကိုး..။
မြေကွက်ဈေး..ကလည်း..ကြီးမှ..ကြီး..။
နိုင်ငံခြားသားဆရာ.စကားပြောတာကို..ရွှေ..မြန်မာ..သင်တန်းသားအများစု..နားလည်မှု..ရှိမရှိ..။ တွေးစရာ..တွေ..အများကြီးပါ..။
။။။။။။။။။။။။
အခုနက..တင်ပြခဲ့တဲ့..Upgrading Course တွေက.3E ထက်.အရေးကြီးနေပါတယ်..။ သူတို့ကို..သင်တန်း..မြန်မြန်တက်..လက်မှတ်လဲ..ပေး..နိုင်မှ..အလုပ်အကိုင်အခွင့် အလန်းမှာ..ဆုံးရှူံးမှုတွေ..မဖြစ်နိုင်မှာပါ..။
။။။။။။။။။။။။။။
Mercury က..3E ဖွင့်ချင်ပါတယ်..။ ဒါပေမဲ့..Workshop Skills မှာတင်..အလုပ်ရှုပ်နေပါတယ်..။ သူ့မှာလည်း..ဆရာ အင်အား.ပြဿနာ..ရှိနေပါတယ်..။
။။။။။။။။။။။။။
UNIQUE က..အစည်းအဝေးမှာ..Workshop Skills ဖွင့်နေပါတယ်..။3E မဖွင့်နိုင်ပါ..။ ဆရာ..မလုံလောက်တာ..တင်ပြသွားတာ။..ကို..ကြားခဲ့ဘူးပါတယ်..။
KABAR လည်း..ထို့..အတူပါဘဲ..။
။။။။။။။။။။။။။။
ဘယ်တော့..ဖွင့်မလဲလို့..မေးတာကို..
မိုးလေ၀သ..ခန့်မှန်းသလို..ဘဲ..ပြောရမှာပါ..။
မရွာရန်..ရာနှုန်း..(++)%
။။။။။။။။။။။။။
တစ်ခုတော့..ပြောချင်ပါတယ်..။
မြန်မာပြည်ဆိုတော့..မဖြစ်နိုင်ဘူး..ဆိုတာလည်း..မရှိပါဘူး..။“
။။။။။။။။။။။။။။။
မေးတဲ့..လူတွေ..များလွန်းလို့..၊ ဖြေရလွန်းလို့..၊ တင်လိုက်ရပါတယ်..။
။။။။။။။။။။။။။။
ကျောင်း..တစ်ကျောင်းကျောင်းက..ဖွင့်နေပြီလို့..အသံကြားမှ..
သဘောင်္ပေါ်က..ဆင်းလာတာ..ကောင်းပါတယ်..။
ငွေလည်း..စုမိ..၊ Sea time နဲ့..အတွေ့အကြုံလည်း..ပိုရမယ်..ထင်ပါတယ်..။
။။။။။။။။။။။။။
ကျွန်တော်..သိသမျှ..data ပေးတာဘဲတတ်နိုင်ပါတယ်..။
ဆင်းဘို့..မဆင်းဘို့..။ ကိုယ့်ဘာသာဘဲ..ချင့်ချိန်.ဆုံးဖြတ်ကြပါ...။
။။။။။။။။။။။။
အဲ..ပြောရဦးမယ်..
စာရေးနေတုန်း..မီးပျက်လို့..မီးစက်..မောင်းလိုက်ရတာက..
တစ်နာရီ ကျော်ကြာ..ပါတယ်..။
။။။။။။။။။။။။။

ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

ဘယ်မှာမေး...?ဘယ်မှာတွေး....? ဘယ်မှာရေး ရမည်နည်းခင်ဗျာ...?


အင်တာနက် လေး....ရတယ်ဆိုတော့ Google ကိုသုံးပြီး တော့ Department of Marine Administration (Country) Country နေရာကိုတော့မိမိ စိတ်ကူးထဲ က နိုင်ငံရိုက်ထည့် ကြည့်နိုင်ပါသည်....

ဆိုင်ရာWebsite linkတွေ အများအပြားတွေ့ရပြီး ....ကိုယ့်နိုင်ငံနဲ့ ဆိုင်တဲ့ link လေးကို click ထပ်နှိပ်ပြီး ဝင်သော အခါ.....
Under Construction ဆိုသော စာလုံး ၂လုံးသာ တွေ့ ရပါသည်။....

Free Verification နေရာတွင်
သင်္ဘောသား ကိုင်ဆောင်သော ကျွမ်းကျင်မှု လက်မှတ် သည် တရားဝင် သက်ဆိုင်ရာ မှ ထုတ်ပေးထား ကြောင်း
အမည်...
CDC နံပါတ်...
လက်မှတ်နံပါတ်...ထည့်လျှင်ကိုင်ဆောင်ထားသူ ရဲ့  details ဖေါ်ပြပေးပါတယ်။ လက်မှတ် အစစ် ကိုင်ဆောင် သူများ အတွက် အလွန်ကောင်းပါတယ်....လက်မှတ်အတု ကိုင် ဆောင် မှု ကို လည်းအထိုက်အလျှောက် ဟန့်တားပေးနိုင်ပါတယ်....
ထိုကဲ့ သို့ အခြား ကဏ္ဍ တွေမှာ ပါ....လုပ်ပေးနိုင်လျှင် အတိုင်းထက်အလွန် ဝမ်းသာ မိမည် သာပင်....

သင်္ဘောသားများ .... သင်တန်းတစ်ခုတက်ရောက်ရန် (သို့) လက်မှတ်ထုတ်ယူရန်အတွက် ......
လိုအပ်ချက် details တွေ......သင်တန်းကြေး.....
သင်တန်းဖွင့်မည်ကာလ....စသဖြင့် .....စသဖြင့်.....စသဖြင့်.....
တောင်းခံခြင်း ဖြစ်ပါသည်.....တောင်းဆိုခြင်း မဟုတ်ပါ ခင်ဗျာ....

ဟာ....မီးပျက်သွား ပြီ.....
ကိုယ်ချင်းစာပါတယ်...ထမင်းဟင်းချက်
ပြုတ်ရန်....ခလေးကျောင်းပို့ရန်...ရုံးသွားဖို့ ပြင်ဆင်ရန်....၁၁နာရီ လောက်မှ ရုံးချိန်တက်နိုင်သည် ကို.....ကိုယ်ချင်းစာပါတယ်ခင်ဗျာ။

မွန်တဲ့ ၁၂နာရီခန့်တွင် ဝမ်းဟာ...နေသည့် အတွက်....ထမင်းစားချိန်....ဆို တာကိုယ်ချင်းစာပါတယ် ခင်ဗျာ......

မွန်းလွဲ...၂နာရီကျော်တွင် ထမင်း...အဆိပ်တက်ပြီး....အိပ်ချင်သည် ဒဏ်ကို အံတု ပြီး.....ထမင်းလုံးစီ သည် ပျောက်စေရန်....အချည်ထုပ်လေး၊ဂျာနယ်လေး ဖြင့်....ထိမ်းရသည် ကို ကိုယ်ချင်းစာပါသည် ခင်ဗျာ။

ကားလမ်းများပိတ်သည့် အတွက်..၃နာရီကျော်တွင်....ခလေးကျောင်းကြို ရန်....ညနေစာအတွက်ချက်ပြုတ်ရန်...ရည်စားဖြင့် ချိန်းတွေရန်....ရန်.....ရန်....ရန်.....ရန်....ရုံးမှ ကိုယ်ပျောက် ပညာ ဖြင့်.....ကိုယ်ချင်းစာပါတယ် ခင်ဗျာ....

ကျွန်တော်တို့ ကိုလည်း ကိုယ်ချင်းစာပေးပါ ခင်ဗျာ....အများကြီး မဟုတ်ရပါ....ယဉ်ယဉ်ကျေးကျေး....ဆက်ဆံ ပေးပါ။ ပျူပျူ ငှာငှာ ကိုတော့ ကျွန်တော်တို့ သင်္ဘောသား များမှ ဖြည့်စီးပေးပါမည်ခင်ဗျာ....
နားနဲ့ မနာ ဖဝါး နဲ့ နာ....ပေးပါ ခင်ဗျာ.......ခုတော့...
စားရေးမ /စာရေး တွေ က အိမ်က သားလေး နို့ ဖိုး....
ယောင်္ကျား အရက်ဖိုး......
ယောက္ခမ အတွက်ဆေးဖိုး.....
ယောက်မ အတွက် မိတ်ကပ်ဖိုး.....
ယောက်ဖ အတွက် KTV ဖိုး......

ဘာဖိုး မှန်း ကို မသိ ၍ ထိုကဲ့ သို့ ပိုက်ဆံတောင်းပါ သဖြင့် မိမိတို့..လှူ နေသည် ဟု စိတ်ထဲ တွင်မှတ်ပြီး.....ထိုကဲ့သို့ တွေးမိခြင်း ပါ။....

သင်္ဘောသားများ လှူသည့်တိုင်အောင် မယ်မယ်ဖုရားများ၏.... အငူ အဆူ ခံရ ပြီး.... ၁ထောင်တန်မှ ၅ထောင်တန် ထိ လေတိုက်ပြီး ပျံ ပျံ သွားပါကြောင်း.....

ကလေးနို့ ဖိုးဆိုပါလျှင် သားလေးမွေးရင် ကိုယ့်နာမည်ပေး.....
သမီးလေးမွေးရင် ကိုယ့် သာ ပေး.......
ယောက်ဖ ဆိုရင် စားပွဲထိုး ရာထူးပေး.....(သင်္ဘောပေါ်တွင် မဟုတ်..)
ယောက္ခမ ဆိုရင် ရိပ်သာပို့....
ယောက်မ ဆိုရင် ထမင်းအိုးထဲ ပို့.....

တောင်းတာ မကြိုက်ရင် တိုင်နိုင်ပါတယ်...(သူငယ်တန်း ကလေးမှ မဟုတ်တာ...ဟိုတိုင်ဒီတိုင် နဲ့.....တိုင်ဖက်တမ်း ကစားနေတာ မှ မဟုတ်တာ....)
တိုင်ရင်ကြာ မယ်မှတ်.......(ဟင်း....နော်)
ကြောက်တယ်.......(အတန်းပိုင် ဆရာမ က အရိုက်ကြမ်း တယ် ကြားတယ်)......

ခဏ၊ခဏ ကြားဘူး သည့် .....သူ/သူမ တို့.....ပြောပြောနေကျစကား....``ထုံးစံပေါ့''...ဆိုတာ မိမိ နားလည်သည်မှာတော့........

ထုံးစံ....
အသုံးတန်....
အဖြုန်းခံ.....
၁သောင်းတန်.....

ငွေကြေးတံစိုး....လာဘ်..စားခြင်းလျှော့နည်းစေ လိုသည့် ရည်ရွယ်ချက်ဖြင့်......
အမှား ပါလျှင် ခွင့်လွှတ် ပေးကြပါခင် ဗျာ...
(စာကြွင်း....စာရေး အားလုံးကို မဆိုလိုပါ...အရေးပါသည့် နေရာ/ဋ္ဌာနကောင်းတွင် မဟုတ် ပါလျှင်.... မဲဇာ တွင် လုပ် နေရသူ များ အဖို့ ...ဤစာပိုဒ်သည် တက်တက်စင် လွဲနိုင်ပါကြောင်း။ )
ထုံးစံ.....
@ ! @

သင်္ဘောသား များ နှင့် သတင်း အချက် အလက် ကဏ္ဍ



လွန်ခဲ့တဲ့ ရက် အနည်းငယ်က သူငယ်ချင်း တစ်ယောက် နဲ့ စကားပြောရင်း သင်္ဘောသား ညီကို များအတွက် သတင်း အချက်အလက် များကို အချိန် နဲ့ တပြေးညီ တင်ဆက်နိုင်ဖို့ အတွက် ၀ိုင်းဝန်း အဖြေရှာ ရင်း ကနေ ကျွန်တော် တို့ ညီနောင် များ အဓိက ဆက်သွယ် လုပ်ကိုင် နေရတဲ့ ရေကြောင်း ညွန်ကြားမှု ဦးစီးဌာန ရဲ့ အင်တာနက် စာမျက်နှာ က နေပြီး သင်္ဘောသား ညီကိုများအတွက် သတင်း အသစ်လေးတွေများ ဝေမျှ ပေးနိုင်မလား ဆိုပြီး ရှာဖွေ လေ့လာ ကြည့်မိပါတယ် ။

ဒါပေမယ့် website ရဲ့ စာမျက်နှာ အများစု က under construction ပဲ ဖြစ်နေတာ ကို ၀မ်းနည်းစွာ တွေ့ မြင် ရပါတယ် ။ မြန်မာနိုင်ငံ မှာ ရှိတဲ့သူ တွေ အနေနဲ့ ရန်ကုန် မှာ ဆိုရင်တော့ ရေကြောင်းရုံး က အခါ အားလျော်စွာ ထုတ်ပြန်တဲ့ circulars တွေ ။ သတိပေးချက်တွေ ။ အခြား သတင်း အချက်အလက်တွေ ကို ရေကြောင်းရုံးကို သွားရင်း သိရှိနိုင်ဖို့ အခွင့် အလမ်း များပေမယ့် ၊ နယ်မှာ နေသော သင်္ဘောသား များ ၊ နိုင်ငံ အရပ်ရပ် ရှိ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော သင်္ဘောသားများအနေနှင့် အားထားစရာမှာ အင်တာနက် စာမျက်နှာ တစ်ခုသာ ရှိပါတယ် ။

ကျွန်တော်တို့ MSU public page ကိုလည်း သတင်းအချက်အလက် တိုက်ရိုက်မေးမြန်း လာကြတဲ့ မေးခွန်းတွေထဲမှာ နယ်ခြား ရေခြား မှာ အလုပ်လုပ်တဲ့ သင်္ဘောသား တွေ ဒါမှမဟုတ် ထိုသင်္ဘောသားများ၏ မိသားစုဝင်များ အစရှိသဖြင့် ရေကြောင်း ရုံး ကို သွားရောက် ပြီး သတင်းအချက်အလက်များ ရှာဖွေရန် အခက်အခဲ ရှိသူများ တိုက်ရိုက် မေးမြန်းကြတာ ကို လေ့လာတွေ့ ရှိရပါတယ် ။ ကျွန်တော်တို့ ဘက်ကလည်း သိတဲ့အတိုင်း MSU page ကို လုပ်ထားတာက တတ်လို့ သိလို့ အရာရာကို သိရှိ နားလည်နေလို့ ပြုလုပ်ထားခြင်း မျိုး မဟုတ်ပဲ ညီနောင် သင်္ဘောသားများ သတင်းအချက်အလက် ငတ်မွတ်မှု အတွက် တစ်ဘက်တစ်လမ်းမှ အဆင်ပြေပါစေ ဟူသော ရည်ရွယ်ချက်မျိုးနဲ့ ပြုလုပ် ထားတာသာ ဖြစ်တဲ့အတွက် မေးမြန်းလာသမျှ မေးခွန်းများကို ချက်ခြင်း ပြန်လည် ဖြေကြားပေးဖို့ အခက်အခဲ တွေကို အမြဲပဲ ရင်ဆိုင်ရပါတယ် ။

တချို့ ညီနောင် သင်္ဘောသားတွေ မေးမြန်းလာတဲ့ မေးခွန်းတွေ ကို ဖြေပေးဖို့ အတွက် ရေကြောင်း ဦးစီးရုံး ကို တကူးတက သွားပြီး အချက်အလက် ရှာရတဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး ။

ဒါကြောင့် ရေကြောင်းဦးစီးရုံးရဲ့ အင်တာနက် စာမျက်နှာကနေ တဆင့်လည်း သိရှိနိုင်တာပဲလေ ဆိုပြီး ရှာဖွေ မိတဲ့အခါမှာ circulars , notifications , orders , guidence , notice စတဲ့ ကျွန်တော်တို့ညီကို များရဲ့ လိုအပ်မှုတွေ ကို ဖြည့်ဆည်းပေးနိုင်မယ့် column များကို တွေ့ရှိရပေမယ့်လည်း အားလုံးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ About DMA , free verification and contacts column များတွင်သာ သတင်းအချက်အလက်များ တွေ့ရှိရပြီး ကျန် အခန်းကဏ္ဍများမှာ တည်ဆောက်ဆဲ ( under construction ) ဆိုပြီး ဖော်ပြထားတာကို တွေ့ရှိရပါတယ် ။

ထို့ကြောင့် ကျွန်တော်တို့ အမြဲ ဆက်သွယ် လုပ်ကိုင်နေရတဲ့ ရေကြောင်းဦးစီးဌာန ရဲ့ အင်တာနက်စာမျက်နှာ သာ under construction အဆင့် ကနေ အချိန်နဲ့ တပြေးညီ ရှင်သန်ပေးနိုင်မယ် ဆိုလျှင် သင်္ဘောသားများ၏ သတင်းအချက်အလက် ပြတ်လပ်မှုများကို တစ်ဘက်တစ်လမ်းမှ အတိုင်းအတာ တစ်ခုအထိ လျော့ချပေးနိုင်မည်ဟု ယူဆမိပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျာ ။ ။

မှတ်ချက် ။ ။ အထက်ဖော်ပြပါ ဆောင်းပါးသည် သင်္ဘောသား ညီကိုများ သတင်းအချက်အလက် လိုအပ်မှု ကို တစ်ဘက်တစ်လမ်းမှ ဖြည့်တင်းပေးစေချင်သော ဆန္ဒများဖြင့် အပြုသဘောေ၇းသားဖော်ပြခြင်းသာ ဖြစ်ပါကြောင်း အမှားအယွင်းများပါဝင်ပါက နားလည်လက်ခံပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ ။

CoC Holder များအတွက်.လက်မှတ်သစ်..လဲခြင်း..အကြောင်း..ပြင်ဆင်ချက်


STCW 2010 Manila Amendment အရ..လက်မှတ်များ..နောက်ဆုံးလဲရမဲ့နေ့ကို..ဖော်ပြရမှာ..
ကျွန်တော်တို့ဆီက..STCW95 လက်မှတ်များ..သက်တန်းတိုးပေးတဲ့..နေ့နဲ့...ရောသွားပါတယ်..။
။။။။။။။။။။။။။
International Transport Workers' Federation ကထုတ်တဲ့..
STCW A GUIDE FOR SEAFARERS (Taking into account the 2010 Manila Amendments) စာအုပ်မှာပါတဲ့..
Deadlines to meet..အရ..
Came into force on 1 January 2012
(Transitional period 5 years)
After January 2017, all seafarers are required to meet STCW 2010 standards.
။။။။။။။။။။။။။။
Important Dates to remember are:
(1) 1 January 2012 : Came into force
(2) From 1 July 2013: new seafarers training and competence should be comply with the 2010-amended STCW Conventions
(3) 1 January 2014 : After 1 January 2014 Seafarers will have to be trained in security in compliance with the new provisions.
(4) 1 January 2017 : The implementation period ends.
။။။။။။။။။။။။။။
အားလုံး..သိနိုင်ဘို့..မျှဝေပါတယ်..။
မှားတာရှိရင်..ခွင့်လွှတ်ပါ..။ ပြင်ဆင်ပေးကြပါ..။
။။။။။။။။။။။။။။
လေးစားစွာဖြင့်
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..

Tuesday, November 26, 2013

MEO Class I ,MEO Class I+II , MEO Class III သင်တန်းသား.များ..သိသာရန်.. အပိုင်း ၂

ရကြောင်းအင်ဂျင်နီယာ..အလုပ်သင်..များ..နှင့်..အကြီးတန်း..အင်ဂျင်နီယာ စာမေးပွဲ..၀င်ရောက်ဖြေဆိုမည့်..သူများ..အတွက်..ရည်ညွှန်းပါသည်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူတိုင်းဟာ..စာမေးပွဲတွေ..မြန်မြန်အောင်..ရာထူးတွေ..မြန်မြန်တက်..လစာတွေ..များများရ..ဆိုတာမျိုး..စိတ်ကူး..မိတာ..သဘာဝပါ..။
ဒါကြောင့်လည်း..လူငယ်အများစု..ဟာ..
သတ်မှတ်...ပင်လယ်ပြင်လုပ်သက်.ကာလ..ပြည့်တာနဲ့..အများစု..ဟာ. .ပြန်ဆင်းလာပြီး
3E (တတိယအင်ဂျင်နီယာ) စာမေးပွဲ..ဖြေဘို့..ကြိုးစားကြပါတယ်..။
စနစ်ဟောင်းတုန်းက..
တနာရီ..ရေးဖြေ..ဖြေရပါတယ်..။
မေးခွန်းပုံစံက..(A), (B), (C), (D), Choice ရွေးရတာပါ..။
အောင်ဘို့..လွယ်ပါတယ်..။
သဘောင်္ပေါ်မှာ..ဘာမှ..မလုပ်ခဲ့သူတွေ..၊ အင်္ဂလိပ်စာ..အားနည်းသူတွေလည်း..
ကံကောင်းရင်..အောင်နိုင်တဲ့..အနေအထား..ရှိပါတယ်..။
။။။။။။။။။။။
အဲဒီစနစ်နဲ့..မေးနေတာကို..EU Audit, IMO Audit တွေမှာ. .ထောက်ပြခံခဲ့ရပါတယ်..။
အဲဒါက..လည်း..တစ်ချက်..။
နောက်အရေးကြီးတဲ့..တစ်ချက်က..2010 STCW Manila Amendment အရလည်း..
3E (Marine Engineer Officer Class 3) or (OEW) အတွက်..သင်ကြားရမဲ့..သင်ခန်းစာ..၊ စာသင်ချိန်..များ..သတ်မှတ်ထားတဲ
Model Course 7.04 မှာ..စာသင်ချိန်နာရီ..၊ သင်ကြားရမဲ့.. ဘာသာရပ်တွေ..တော်တော်များများ..ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်..။
။။။။။။။။။။
IMO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့. .မြန်မာနိုင်ငံဟာ.. ကမ္ဘာ့ရေကြောင်းပညာရေးစနစ်..ပြောင်းလဲရာမှာ..လိုက်နာဆောင်ရွက်ရပါတယ်..။
။။။။။။။။။။
3E စာမေးပွဲ..ပုံစံက.. အကြီးတန်း...အင်ဂျင်နီယာစာမေးပွဲများလို..ပြောင်းလဲသွားပါတယ်..
1. General Engineering Knowledge
2. Marine Engineering Knowledge
3. Naval Architecture & Ship Construction
4. Electro-technnology, Electronic, Power Electronic, Control Engineering ဆိုပြိး.
.(၄) ဘာသာ..ကိုရေးဖြေ..ဖြေရပါ့မယ်..။
Essay Type ဖြစ်ပါတယ်..။ (၄)မှတ် (၈)မှတ်၊ (၁၆) မှတ် တန်..မေးခွန်းများ..ဖြစ်ပါတယ်..
။။။။။။။။။။
နံကြား..ထောက်လို့..မရတော့ပါဘူး..။
ကျူရှင်တက်လည်း..မလုံလောက်တော့ပါဘူး..။
အင်္ဂလိပ်စာ..အရေးကြီးလာပါတယ်..။ တော်တော့်ကို..အရေးကြီးလာပါတယ်..။
လုပ်ငန်းခွင်..အတွေ့အကြုံ..များသူများ..က..၊ ဆရာသင်တာကို.လိုက်နိုင်.ပါလိမ့်မယ်..။ စာမေးပွဲမှာ..ရေးနိုင်ဖြေနိုင်ပါလိမ့်မယ်..။
။။။။။။။။။။
လုပ်ငန်းခွင်မှာ..နှပ်ခဲ့ပြီး..လုပ်သက်ကို..ကွက်တိ..ယူလာသူများဟာ..၊ ဆရာသင်တာကို..အင်္ဂါဂြိုလ်က..စကားတွေနဲ့သင်နေတယ်လို့..မြင်ပါလိမ့်မယ်..။ နားလည်မှာ..မဟုတ်ပါဘူး..။
စာမေးပွဲမှာ..ကျဘို့..များပါတယ်..။
။။။။။။။။။
သဘောင်္ပေါ်မှာ..Instruction Manual များ..ဖတ်ထားခြင်း၊ မှတ်ထားခြင်း၊ ကူးထားခြင်း၊ သဘောင်္ပေါ်မှာ..ရှိတဲ့..စက်ယန္တာရားများကို..Maintenance, Repair, Inspection, Survey စတဲ့..လက်တွေ့အလုပ်တွေ..ကြုံတဲ့အခါတိုင်း.. လိုချင်စိတ်နဲ့..လေ့လာထားသူများ..
စာမေးပွဲ..အောင်ဘို့..အလေးသာပါ့မယ်..။
နှပ်သူများ..ကျ..ပါ့မယ်..။
။။။။။။။။။။။
သင်တန်းတက်ရမှာက..တစ်နှစ်ပါ..
စာမေးပွဲ..တစ်ခါကျရင်..ကုန်းပေါ်မှာ..(၄) လ..ထပ်ကြာပါ့မယ်..။
နှစ်ခါကြရင်..(၈)လ..ထပ်ကြာပါ့မယ်..။
အဲဒီ..အခါကျမှ..ခွက်ပျောက်နေပါပြီ..မအော်ကြပါနဲ့..။
ကိုယ့်..အရည်အချင်းကို..ပြည့်ပြီ..ထင်မှ..ဆင်းလာခဲ့ပါ..။ ပြင်ဆင်ပြီးမှ..ဆင်းလာခဲ့ပါ..။
ကောင်းသော..အကြံပေးတာပါ..။ နား..ထဲ..အ၀င်တော့..ဆိုးပါလိမ့်မယ်..။
။။။။။။။။။။
MEO Class I+II တက်မဲ့..Class III အောင်ပြီး..Sea time ယူနေသူများလည်း..။
အလုပ်ခွင်ထဲမှာ..ပညာရပ်ဆိုင်ရာလေ့လာမှု..အင်္ဂလိပ်စာ..ပိုင်းဆိုင်ရာ..လေ့လာမှု..လေ့ကျင့်မှုတွေ..လုပ်သင့်ပါတယ်..။ အရင်..အောင်ခဲ့တဲ့..3E ပုံစံမျိုး..မဟုတ်ဘူး..ဆိုတာကို..သဘောပေါက်ထားရပါ့မယ်..။
။။။။။။။။။။။
အင်္ဂလိပ်စာ..ဆိုတာက..သိပ်အမြင့်ကြီးမဟုတ်ပါဘူး..။ ကိုယ်လုပ်နေတဲ့..အကြောင်းအရာတစ်ခုကို..Simple English နဲ့..တစ်ဘက်သား..နားလည်အောင်..ရေးနိုင်..ပြောနိုင်ရင်..ရပါတယ်..။ Oxford အသံထွက်ထိ..မလိုပါဘူး..။ Sentence ရေးရာမှာလည်း..တော်ယုံတန်ယုံ..grammar အမှားပါတာတောင်..ခွင့်လွှတ်ပါတယ်..။ တစ်ချို့..ကျ..တယ်ဆိုတာက.သူ့.Broken English ..က..တော်ရုံတန်ရုံ..ခြေတစ်ပေါင်ကျိုးလောက်. .ထော့နင်းထော့နင်းလောက်မဟုတ်ပါဘူး..။ ပဒုမ္မ..ပေါင်တိုလို..ခြေနှစ်ဘက်လုံးပြတ်နေလို့..စာစစ်သူက..အမျိုးမျိုး..တွေးဆ..နားလည်ပေးသော်လည်း..အဓိပ္ပါယ်.ဖော်ရန်အင်မတန်ခက်ခဲတဲ့..စစ်ဘက်ထိပ်တန်း..၀ှက်စာလို..၊ ဖြစ်နေလို့..ကျ..ကြတာပါ..။
။။။။။။။။။။။
အင်္ဂလိပ်စာ..အားနည်းသူ..၊ လေ့လာမှု..အားနည်းသူ..၊ အလုပ်ထဲမှာ..အပျင်းခို..ခဲ့သူ..
Engineering Sense လို့ခေါ်တဲ့..အင်ဂျင်နီယာဘာသာရပ်ကို. .နားလည်လွယ်တဲ့.. အသိ မရှိဘဲ..၊ ဒုန်းဝေးသူ...၊
အဲဒီလို..အချက်တွေနဲ့..ပြည့်စုံနေရင်တော့..အကြိမ်..(၂၀) ဖြေလည်း..မအောင်နိုင်ပါ..။
။။။။။။။။။။။
စာမေးပွဲ..ဆိုတာ..အရည်အချင်းစစ်တာပါ..။ အရည်အချင်းမှီသူများကို..အအောင်ပေးပါတယ်..။ မမှီရင်..ကျ.ပါတယ်..။
လက်ရှိအခြေအနေမှာ..
စစ်ပြီးလို့..အရည်အချင်းမမှီသူ..တစ်ချို့ကို..Moderation ထိုင်ပြီး.. အအောင်ထပ်ပေးပါတယ်..။ တစ်ခါတစ်လေ..Moderation ကို အကြိမ်ပေါင်းများစွာ..လုပ်ရပါတယ်..။
။။။။။။။။။။။။။။
ကိုယ့်တာဝန်ချိန်မှာ..ကိုယ်လုပ်တဲ့..အလုပ်ကို..သက်ဆိုင်ရာ Log Book မှာ..ဘယ်လိုရေးရမှန်း..ခုထိ..မသိသေး..မတတ်သေးရင်..
ကိုယ်ကိုင်တွယ်နေရတဲ့..စက်တွေရဲ့..အစိတ်အပိုင်းတွေကို.အင်္ဂလိပ်လို..
.နံမည်.မခေါ်တတ်သေးရင်..မရေးတတ်သေးရင်..၊
အကြံပေးချင်တာက..သဘောင်္ပေါ်မှာ..ဆက်နေပါ..။ ဒါမှမဟုတ်..Sea time ဆက်ယူပါ..။ အတွေ့အကြုံနဲ့..ပိုက်ဆံ..ဆက်စုပါ..။
။။။။။။။။။။
ME Scavenge Fire ဖြစ်ရင်..Watch Keeping Engineer တစ်ယောက်အနေနဲ့..ဘာ Symptom တွေ..တွေ့မလဲဆိုတော့..။ Scavenge Air Temperature တက်လာမယ်..။ Exhaust Temperature လည်းတက်မယ်..။ရုတ်တရက်. Engine RPM ကျလာမယ်..။
Turbocharger Surging လည်းဖြစ်တတ်တယ်..။ တစ်ချို့..အခြေအနေတွေမှာ...Turbocharger Filter ကအငွေ့ထွက်လာတာတွေ..၊ Scavenge Drain က..ဖွင့်စစ်ရင်..အငွေ့တွေ..ထွက်လာတာတွေ..တွေ့ရတတ်ပါတယ်..။
အဲဒီလို..စာသင်ခန်းထဲမှာ..စာသင်တုန်း..ကျောင်းသား..တစ်ယောက်က..ထ..ပြောဘူးပါတယ်..။
ဆရာ..ကျွန်တော်..ဆရာပြောတာ..နားမလည်ပါဘူး..။ ဖြစ်နိုင်ရင်..ဗမာလို..ရှင်းပြပါတဲ့..။
။။။။။။။။။။။။
အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ..Term တွေအားလုံးကို..မင်းနားလည်အောင်..။
ဗမာလို..ပြန်ဘို့..မဖြစ်နိုင်ပါဘူး..။ မင်းလုပ်ရမှာက..နိုင်ငံခြားသားတွေနဲ့..တွဲလုပ်ရမှာမို့..။ လုပ်ငန်းသဘော..အရ..၊ မင်းကဘဲ..Term တွေကို..နားလည်အောင်..လုပ်ရမှာပါ..။ နောက်ပြီး..မင်းက..အင်ဂျင်နီယာဖြစ်ချင်တာ..၊ အရာရှိဖြစ်ချင်တာ..။
အဆင့်မှီအောင်..ကြိုးစားဘို့..မင်းမှာ..တာဝန်အရှိဆုံးပါ..။လို့..ပြောပြခဲ့ရပါတယ်..။
။။။။။။။။။။။။။။။
အဲဒီလို.အခြေခံနဲ့.အင်ဂျင်နီယာ.ပညာသင်မျိုးဟာ..အကြိမ်(၂၀)ဖြေလည်း..စာမေးပွဲမအောင်နိုင်ပါဘူး..။ သူဘာသူ..အရင်က..ဘွဲ့ပဲ..ရခဲ့..ရခဲ့၊ ဒီပလိုမာဘဲ..ရခဲ့..ရခဲ့။
သူတို့က..စာမေးပွဲ..ခက်တယ်လို့..ပြောတတ်ပါတယ်..။ စာမေးပွဲက..မခက်ပါဘူး..။
ဟိုး..အရင်က..အောင်ချက်..၅% ကနေ..၁၅% ကြားမှာ.သာ .ရှိတဲ့. .ရေကြောင်းအင်ဂျင်နီယာစာမေးပွဲတွေဟာ..
အခု..၃၅% နဲ့ ၄၅% တက်လာနေတာ..ဟာ.. ခုခေတ်လူတွေက..အလုပ်ပိုကြိုးစားလို့..အင်္ဂလိပ်စာပိုကောင်းလာလို့..လို့..ထင်ပါသလား..။ လို့..မေးပါရစေ..။
လူငယ်တွေထဲမှာ..ကြိုးစားသူတွေ..တော်သူတွေရှိပါတယ်..။ ဒါပေမဲ့..ကျွန်တော့်အမြင်မှာ..တော့..ရာနှုန်းနည်းနည်းလာပါတယ်..
။။။။။။။။။။။။။။။။
Log Book ထဲမှာ..စာတစ်ကြောင်း..မရေးတတ်သေးရင်
Instruction Manual တစ်အုပ်မှ..မဖတ်ခဲ့ဘူးသေးရင်..
လက်တွေ့..Overhaul လုပ်တဲ့..အခါတိုင်းမှာ. .ဂျွတ်စလေး..ကိုင်ပြီး..အဝေးမှာ..ရှောင်နေတတ်ခဲ့ရင်..
အကြံပေးချင်တာက..ဆက်လက်သင်ယူကြပါဦး..။
စာမေးပွဲ..၀င်သင့်..မ၀င်သင့်..ကိုယ့်ဘာသာ..အရင်စစ်စေ..ချင်ပါတယ်..
။။။။။။။။။။။။။။။။
လေးစားစွာဖြင့်

ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ.
WISE WISH METC

Monday, November 25, 2013

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားချက် ၂/၂၀၁၃

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားချက် ၂/၂၀၁၃ထုတ်ပြန် (ပို့ဆောင်ရေးသတင်းဂျာနယ်)




Tuesday, May 14, 2013

National workshop on Maritime security training for seafarers and the Administration... @ Yangon, Myanmar.



ရန်ကုန်မြို့ သိမ်ဖြူလမ်း ရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် မှာ

၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ ကနေ မေလ ၁၀ ရက်နေ့ အထိ ကျင်းပခဲ့တဲ့

National workshop on Maritime security training for seafarers and the Administration

အလုပ်ရုံဆွေးနွေးပွဲ မှာ ဆွေးနွေးတင်ပြခဲ့တဲ့ အချက်အလက်များ ပါဝင်တဲ့ pdf file ပါ။

ဒီမှာ ဒေါင်းပါ။

Wednesday, April 10, 2013

Medical Fit Certificate နမူနာပုံစံ...


မြန်မာသင်္ဘောသားများအတွက် ပုံစံအသစ်ပြောင်းလဲထုတ်ပေးမည့် Medical Fit Certificate နမူနာပုံစံ ကို
ဒီမှာ ဒေါင်းပါ။

NK @MSU

Tuesday, April 9, 2013

DMA မှ ထုတ်ဝေသော Shipping Circular No. 1/2013 - မြန်မာသင်္ဘောသားများအတွက် Medical Fit ပုံစံအသစ်

DMA မှ ထုတ်ဝေသော Shipping Circular No. 1/2013
Myanmar Seafarer Medical Certificate များအား ပုံစံအသစ်ဖြင့် ပြောင်းလဲထုတ်ပေးမည့်ကိစ္စ...

Friday, March 29, 2013

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ( Department of Marine Administration )


ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
( Department of Marine Administration ) အကြောင်းသိကောင်းစရာများ...

၁၉၃၀ ခုနှစ်
- ဆိပ်ကမ်းအရာရှိချုပ်ရုံး (PRINCIPAL PORT OFFICER)

စစ်ကြိုခေတ်
- ရေကြောင်းအတိုင်ပင်ခံဝန်နှင့်အရာရှိချုပ် ရေကြောင်းဌာနခွဲ
(NAUTICAL ADVISER AND PRINCIPAL OFFICER, MERCHANT DEPARTMENT)

၁၉၅၆ ခုနှစ်
- ရေကြောင်းဌာနခွဲ

(MERCANTILE MARINE DEPARTMENT)

၁၉၇၂ ခုနှစ်
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (DEPARTMENT OF MARINE ADMINISTRATION)



ဖွဲ့ စည်းပုံ

ဤဦးစီးဌာနကို အောက်ပါအတိုင်း ဌာနခွဲ(၇)ခုဖြင့် ဖွဲ့စည်းကာ လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။

စက်မှုဌာနခွဲ
ရေကြောင်း ဌာနခွဲ
သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ
သင်္ဘောကျင်းများနှင့်ရေယာဉ်များဌာနခွဲ
အုပ်ချုပ်ရေး ဌာနခွဲ
ဥပဒေနှင့် သုတေသနဖွံ့ ဖြိုးမှု ဌာနခွဲ
ငွေစာရင်း ဌာနခွဲ




ရေကြောင်းဘက်ဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်များမှာ

၁။ နိုင်ငံတော်အလံလွှင့်ထူထားသော သင်္ဘောများရှိသင်္ဘောသားများ၏ လုံခြုံမှုအဆင့်အတန်း၊ လုံခြုံမှုအလေ့အကျင့်များနှင့် သင်္ဘောသားများလိုအပ်သောကျွမ်းကျင်မှု၊ အဆင့်အတန်းများရှိစေရေး။



၂။ လူ့စွမ်းအားအရင်းအမြစ်ကိုရေကြောင်းကဏ္ဍတွင် အမြင့်မားဆုံးတိုးတက်ဖွံ့ ဖြိုးအောင် ဆောင်ရွက်ရေး။



၃။ မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသော သင်္ဘောများ၏ လုံခြုံမှုအဆင့်အတန်းမြင့်မားရေး။၎။ ရေကြောင်းပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးနှင့် ပင်လယ်ပြင်ဒုက္ခရောက်သူများ၏ အသက်အန္တရာယ် လုံခြုံမှု ရှိစေရန် အထူးတာဝန်ယူဆောင်ရွက်ရေး။



လုပ်ငန်းဆောင်ရွက်မှုများ



ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ အဓိက လုပ်ငန်းဆောင်ရွက်မှုများမှာ-

၁။

ရေကြောင်းဘက်ဆိုင်ရာအက်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအား ခေတ်နှင့်လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးအတွက် အထက်အာဏာပိုင်အဖွဲ့အစည်းများ ထံရေးဆွဲပြုစု၍ အကြံပြုတင်ပြရခြင်း။



၂။

စက်တပ်ရေယာဉ်များ၊ အမျိုးအစားအားလုံးကို တိုင်းတာစစ်ဆေး၍ မှတ်ပုံတင်ပေးရခြင်း။



၃။

သင်္ဘော၊ စက်လှေ၊ ရေယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်သောစစ်ဆေးမှုများ ဆောင်ရွက်ရခြင်း။



၎။

နိုင်ငံခြားသွားကုန်းပတ်နှင့် စက်ဘက်ဆိုင်ရာ အရာရှိအဆင့် စာမေးပွဲများနှင့်ကျွမ်းကျင်မှုဆိုင်ရာအဆင့်မီ အရည်အချင်းစစ်စာမေးပွဲများ ကျင်းပပြုလုပ်၍ ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်း။



၅။

ကမ်းရိုးတန်းသွားရေယာဉ်မှူး၊မာလိန်မှူးနှင့်ပဲ့နင်းစာမေးပွဲများ၊ပြည်တွင်းရေကြောင်း ရေယာဉ်အုပ်နှင့် စက်ခန်းအုပ်စာမေးပွဲများကျင်းပပြုလုပ်၍၊ ကျွမ်းကျင်မှုလက်မှတ် များထုတ်ပေးခြင်း။



၆။



သင်္ဘော၊စက်လှေ၊(ကုန်သွယ်နှင့်ငါးဖမ်း)နှင့် စက်တပ်ရေယာဉ်များ၊ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရေး၊ ကိစ္စရပ်များကို ကွပ်ကဲပေးခြင်း၊



၇။

ရေလမ်းခရီးတွင် ထိခိုက်ဆုံးရှူံးမှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လိုအပ်သကဲ့သို့ အရေးယူထိန်းသိမ်း ကြပ်မတ်ပေးရခြင်း။



၈။

သင်္ဘောသားများစုဆောင်းခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ပေးရခြင်း၊ အရည်အချင်းအဆင့် သတ်မှတ်ပေးခြင်း၊ ကင်းရှင်းချက်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းနှင့် မှတ်ပုံတင်ပေးရခြင်း၊



၉။

သင်္ဘေားသားများ၏ ရပိုင်ခွင့်များနှင့် သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊



၁၀။

နိုင်ငံခြားငွေ ပိုမိုရရှိရေးအတွက် လူမပါသင်္ဘောစင်းလုံး ငှားစနစ်ဖြင့် နိုင်ငံခြားသင်္ဘောများအား မြန်မာနိုင်ငံတွင် ယာယီမှတ်ပုံတင် ပေးရခြင်းတို့ဖြစ်ပါသည်။









ဆက်သွယ်ရန်

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၃၇

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: dg.marine@mptmail.net.mm



ညွှန်ကြားရေးမှူး(ရေကြောင်း)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၁

ဖက်စ်။ ၉၅-၁-၅၅၆၀၄၁

Email: myanmarine@mptmail.net.mm



ညွှန်ကြားရေးမှူး(စက်မှု)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၉

ဖက်စ်။ ၉၅-၁-၅၅၆၀၄၉

Email: myanmarine@mptmail.net.mm



ညွှန်ကြားရေးမှူး(သင်္ဘောသား)

တယ်လီဖုန်း။ ၉၅-၁-၅၅၈၉၀၁

ဖက်စ်။ ၉၅-၁-၅၅၈၉၀၂

Email: d-secd@myanmar.com.mm



ညွှန်ကြားရေးမှူး (သင်္ဘောကျင်းများနှင့်ရေယာဉ်များ)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၉

ဖက်စ်။ ၉၅-၁-၅၅၆၀၄၉

Email: myanmarine@mptmail.net.mm



ဒု-ညွှန်ကြားရေးမှူး (ဥပဒေနှင့်သုတေသန)

တယ်လီဖုန်း။ ၉၅-၁-၅၅၃၀၈၃

ဖက်စ်။ ၉၅-၁- ၅၅၆၀၄၇

Email: myanmarine@mptmail.net.mm



ဒု-ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၁၀၁

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: myanmarine@mptmail.net.mm



လ\ထ ညွှန်ကြားရေးမှူး (ငွေစာရင်း)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၁၀၄

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: myanmarine@mptmail.net.mm

Copyright © 2007 Ministry of Transport, Myanmar. All rights reserved.



မှတ်ချက် ( သင်္ဘောသားတို့၏ လုပ်ငန်းဆောင်တာများ အဆင်ပြေစေ၇န် ရည်ရွယ်ချက်ဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာမှ တဆင့် တိုက်ရိုက် ကူးယူဖော်ပြခြင်းဖြစ်ပြီး ၊ အဖွဲ့၏ အာဘော်များ ၊ ခံယူချက်များ မပါဝင်ပါကြောင်း အသိပေးအပ်ပါသည် ။ )

Tuesday, March 26, 2013

Wednesday, September 26, 2012

List of Company from Myanmar ( Ph Nos Only )

List of Company from Myanmar ( Ph No only )

စာအုပ်ပုံစံအသစ်





ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ ကုန်သည်သင်္ဘောများအက်ဥပဒေ ပုဒ်မ ၄၃ နှင့် ၄၃ (က) အရ ထုတ်ပေးလျှက်ရှိသော Continuous Certificate of Discharge (CDC) စာအုပ်များကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ခေတ်နှင့်လျော်ညီသော လုံခြုံမှုစနစ်များ ထည့်သွင်းထားသည့် စာအုပ်ပုံစံအသစ်များဖြင့် လဲလှယ် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ယခုထုတ်ပေးမည့်စာအုပ်ပုံစံအသစ်သည် နိုင်ငံတကာ စံနှုန်းနှင့်အညီ ၅နှစ်သက်တ
မ်း ခွင့်ပြုမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးမည့်ရက်အား ထည့်သွင်းဖော်ပြထားပါသည်။ စာအုပ်အသစ်လဲလှယ်ပြီးပါက ယခင်မူလ စာအုပ်အဟောင်းအား ဌာနမှ သိမ်းဆည်းထားမည်မဟုတ်ဘဲ ပင်လယ်ပြင်လုပ်သက်မှတ်တမ်းအတွက် ဆက်လက် အသုံးပြုနိုင်ရန် ပြန်လည် ထုတ်ပေးထားမည်ဖြစ်ပါသည်။
ယခင်ထုတ်ပေးထားသော မူလစာအုပ်ပုံစံအဟောင်းများကို ကိုင်ဆောင်ထားကြသူများသည် ၃၁.၁၂.၂၀၁၄ ရက်နေ့အထိ ဆက်လက်ကိုင်ဆောင် အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယင်းသတ်မှတ်ရက် နောက်ဆုံးထား၍ အပြီးလဲလှယ်သွားရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
 
CDC စာအုပ်ပုံစံ အသစ်အား ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သင်္ဘောသားများနှင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး အသစ်လဲလှယ်ရန် ပြုလုပ်လျက်ရှိသော သင်္ဘောသားများအတွက် ရည်ရွယ်၍ ဖော်ပြပေးခြင်းဖြစ်ပါသည် ။ ဗဟုသုတအနေနှင့် ဖော်ပြပေးခြင်းသာဖြစ်ပြီး အခြားမည်သို့သော ရည်ရွယ်ချက်များ မပါရှိပါကြောင်း ။

via Pauk Lay ( MSU @ facebook member )
 
 

Thursday, September 20, 2012

၂/၂၀၁၂ ဒုတိယအရာရှိ (နိုင်ငံခြားသွား) စာမေးပွဲ လျာထားမှုအစီအစဉ်

၂/၂၀၁၂ ဒုတိယအရာရှိ (နိုင်ငံခြားသွား) စာမေးပွဲ လျာထားမှုအစီအစဉ်

စဉ် စာမေးပွဲကာလ အစီအစဉ်
၁။ ၁၇-၉-၂၀၁၂ (တနင်္လာနေ့)မှ
၂၈-၉-၂၀၁၂ (သောကြာနေ့)ထိ စာမေးပွဲဝင်ခွင့်လက်ခံခြင်း

၂။ ၃-၁၀-၂၀၁၂ (ဗုဒ္ဓဟူးနေ့) စာမေးပွဲ ဖြေခွင့်ကဒ်ထုတ်ပေးခြင်း

၃။ ၄-၁၀-၂၀၁၂ (ကြာသပတေးနေ့)
၅-၁၀-၂၀၁၂ (သောကြာနေ့)ထိ အချက်ပြရေးဖြေ စစ်ဆေးခြင်း


၎။ ၈-၁၀-၂၀၁၂ (တနင်္လာနေ့) မှ
၁၂-၁၀-၂၀၁၂ (သောကြာနေ့)ထိ ရေးဖြေစစ်ဆေးခြင်း

၅။ ၂၂-၁၀-၂၀၁၂ (တနင်္လာနေ့) မှ
၂၆-၁၀-၂၀၁၂ (သောကြာနေ့)ထိ ရေးဖြေစစ်ဆေးခြင်း

၆။ ၂၉-၁၀-၂၀၁၂ (တနင်္လာနေ့) မှ
၂-၁၁-၂၀၁၂ (သောကြာနေ့)ထိ အချက်ပြနှုတ်ဖြေစစ်ဆေးခြင်း

၇။ ၅-၁၁-၂၀၁၂ (တနင်္လာနေ့) မှ
၁၄-၁၁-၂၀၁၂ (သောကြာနေ့)ထိ နှုတ်ဖြေစစ်ဆေးခြင်း


၁/၂၀၁၃ ဒုတိယအရာရှိ (နိုင်ငံခြားသွား) စာမေးပွဲ လျာထားမှုအစီအစဉ်


 ၁/၂၀၁၃ ဒုတိယအရာရှိ (နိုင်ငံခြားသွား) စာမေးပွဲ လျာထားမှုအစီအစဉ်

စဉ် စာမေးပွဲကာလ အစီအစဉ်
၁။ ၂၈-၁-၂၀၁၃ (တနင်္လာနေ့) မှ
၈-၂-၂၀၁၃ (သောကြာနေ့)ထိ စာမေးပွဲဝင်ခွင့်လက်ခံခြင်း

၂။ ၁၃-၂-၂၀၁၃ (ဗုဒ္ဓဟူးနေ့) စာမေးပွဲ ဖြေခွင့်ကဒ်ထုတ်ပေးခြင်း

၃။ ၁၅-၂-၂၀၁၃ (သောကြာနေ့) အချက်ပြရေးဖြေ စစ်ဆေးခြင်း

၎။ ၁၈-၂-၂၀၁၃ (တနင်္လာနေ့) မှ
၂၂-၂-၂၀၁၃ (သောကြာနေ့) ထိ ရေးဖြေစစ်ဆေးခြင်း

၅။ ၂၅-၂-၂၀၁၃ (တနင်္လာနေ့)မှ
၂၈-၂-၂၀၁၃ (ကြာသပတေးနေ့)ထိ အချက်ပြနှုတ်ဖြေစစ်ဆေးခြင်း

၆။ ၄-၃-၂၀၁၃ (တနင်္လာနေ့) မှ
၈-၄-၂၀၁၃ (တနင်္လာနေ့) ထိ နှုတ်ဖြေစစ်ဆေးခြင်း

၁/၂၀၁၃ ရေယာဉ်မှူး (နိုင်ငံခြားသွား) (အိမ်နီးချင်းနိုင်ငံသွား) ပထမအရာရှိ (နိုင်ငံခြားသွား) (အိမ်နီးချင်းနိုင်ငံသွား) စာမေးပွဲလျာထားမှုအစီအစဉ်


၁/၂၀၁၃ ရေယာဉ်မှူး (နိုင်ငံခြားသွား) (အိမ်နီးချင်းနိုင်ငံသွား) ပထမအရာရှိ (နိုင်ငံခြားသွား)
(အိမ်နီးချင်းနိုင်ငံသွား) စာမေးပွဲလျာထားမှုအစီအစဉ်

စဉ် စာမေးပွဲကာလ အစီအစဉ်
၁။ ၁၀-၁၂-၂၀၁၂ (တနင်္လာနေ့)မှ
၂၁-၁၂-၂၀၁၂ (သောကြာနေ့)ထိ စာမေးပွဲဝင်ခွင့်လက်ခံခြင်း

၂။ ၂၆-၁၂-၂၀၁၂ (ဗုဒ္ဓဟူးနေ့) စာမေးပွဲ ဖြေခွင့်ကဒ်ထုတ်ပေးခြင်း

၃။ ၂၈-၁၂-၂၀၁၂ (သောကြာနေ့) အချက်ပြရေးဖြေ စစ်ဆေးခြင်း

၎။ ၃၁-၁၂-၂၀၁၂ (တနင်္လာနေ့) မှ
၇-၁-၂၀၁၃ (တနင်္လာနေ့)ထိ ရေးဖြေစစ်ဆေးခြင်း

၅။ ၈-၁-၂၀၁၃(အင်္ဂါနေ့) မှ
၉-၁-၂၀၁၃ (ဗုဒ္ဓဟူးနေ့)ထိ အချက်ပြနှုတ်ဖြေစစ်ဆေးခြင်း

၆။ ၁၀-၁-၂၀၁၃ (ကြာသပတေးနေ့) မှ
၁၅-၁-၂၀၁၃ (အင်္ဂါနေ့) ထိ ရေယာဉ်မှူး နှုတ်ဖြေစစ်ဆေးခြင်း

၇။ ၁၆-၁-၂၀၁၃ (ဗုဒ္ဓဟူးနေ့)မှ
၃၁-၁-၂၀၁၃ (ကြာသပတေးနေ့) ထိ ပထမအရာရှိ နှုတ်ဖြေစစ်ဆေးခြင်း

Guidance of Maritime Education, Training and Examination

Guidance of Maritime Education, Training and Examination