3E..စနစ်သစ်.သင်တန်းများ...ဘယ်တော့ဖွင့်..
 ရေကြောင်းကောလိပ်မှာ..CE+2E Combined Class တန်းခွဲ ၂ခု..နဲ့ 2E Bridging 
Course တစ်ခု..ဖွင့်နေပါတယ်..။ Cadets တွေလည်း..၂ နှစ်စာ..ရှိသေးတယ်..။ 
Workshop Skills လည်းဖွင့်သေးတယ်..။ တရားဝင်ခန့်ထားတဲ့..CoC 
ဆရာက..ဦးဇော်လွင်ဦး (C/E) နဲ့..ဦးထွန်းလင်းဦး (2/E) နှစ်ဦးဘဲ..ရှိပါတယ်..။ ကိုဇော်လွင်ဦး..စည်းရုံးရေး..ကောင်းလွန်းလို့..ပြင်ပဆရာ..အင်အား..ရပြီး..သင်တန်းတွေ..
 အသက်ဆက်နေတာပါ..။ ၀တ်ကျေ..တန်းကျေ..ဆရာမျိုးနဲ့ဆို..သင်တန်းတွေ..ရပ်တာ..ကြာလှပါပြီ..။
 ဆရာအင်အား..နည်းလို့..ခက်ခက်ခဲခဲ..ရုန်းကန်နေရပါတယ်..။
 3E စနစ်သစ်..သင်တန်း..ဖွင့်နိုင်ဦး..မယ်..မထင်ပါဘူး..။ အပေါ်ကနေ.အတင်းအကြပ်ဖွင့်ခိုင်းရင်တော့..မပြောတတ်ပါဘူး..။
 ဒါပေမဲ့..လက်ရှိ..Workload ကိုက...လုပ်နိုင်တာထက်. .ခိုင်းထားတာက...တော်တော်..များနေပါပြီ..။
 ။။။။။။။။။။။။။။။
 ရေကြောင်းကောလိပ်မှာ.ကျောင်းအုပ်ကြီး..ဦးမောင်မောင်ငြိမ်း..အနားယူပြီးကထဲက..သဘောင်္ကျင်း MD ဦးကြည်စိုး..က..ယာယီ..ကျောင်းအုပ်ကြီး..တာဝန်ယူနေပါတယ်..။ ၂နှစ်ဝန်းကျင်..ရှိနေပါပြီ..။ ကျောင်းအုပ်ကြီး..အမြဲတန်းမရှိပါ..။ဆရာဦးကြည်စိုး..ဘယ်လောက်..လုပ်ချင်လုပ်ချင်..သူ့မှာ..မူလ..တာဝန်က..ရှိပါသေးတယ်..။
 Deck ရော..Engine မှာပါ..ဆရာအင်အား..မပြည့်စုံပါ..။ မပြည့်စုံ..ဆိုတာထက်..တော်တော်နည်းတယ်..လို့..ပြောရပါ့မယ်..။
 ဒီလို..သွားခဲ့တာလည်း..နှစ်ပေါင်း..မနည်းတော့ပါ..။
 ဖြည့်ဆည်းမည့်..အစီအမံများလည်း..မကြားသိရပါ..။
 နိုင်ငံခြား..Audit ..တွေ..စိတ်လာတဲ့..ဒီလို..အရေးပေါ်ကာလမျိုးမှာ..ကျောင်းအတွက်..
 စိုးရိမ်မိပါတယ်..။
 ။။။။။။။။။။။။။။။။
 ဘေးထိုင်..ဘုပြောတာ..မဟုတ်ပါဘူး..။ ယနေ့ထိ..ကိုယ့်..ကိုယ်ပိုင်ကျောင်းကို...ပစ်ထားပြီး..ရေကြောင်းကောလိပ်မှာ..သွားကူ..နေတုန်း၊ စာသင်နေတုန်းပါ..။ ကိုဇော်လွင်ဦး..တို့..ကိုထွန်းလင်းဦးတို့..ကိုခင်တာ.က..တစ်ကြောင်း..ကျောင်းသံယောဇဉ်..ရှိတာ.က..တစ်ကြောင်း..ကြောင့်ပါ..။.။
 ။။။။။။။။။။။။။။။။
 နောက်တစ်ခု...ကြားဖြတ်..အရေးကြီးနေတဲ့..ကိစ္စက..Upgrading ကိစ္စပါ..။ လက်ရှိ..စာမေးပွဲအောင်ပြီး..လက်မှတ်ကိုင်ထားသူများ..(၅) နှစ်ပြည့်လို့..လက်မှတ်လဲတဲ့..အခါ..STCW2010 အရ..Upgrading Course တက်ပြီးမှ..လက်မှတ်လဲပေးရမှာပါ..။
 CE/2E/3E..အရေအတွက်က..၅၀၀၀ အထက်မှာ..ရှိပါတယ်..။
 ။။။။။။။။။။။။။။။။
 CoC ဖွင့်နိုင်တဲ့.၊ ပြည့်စုံတဲ့...ကျောင်းက..လက်ရှိ..(၃) ကျောင်းဘဲ..ရှိပါတယ်..။
 MMMC, WISE WISH MTC, ရေကြောင်း သမ၊ တို့ဖြစ်ပါတယ်..။
 ။။။။။။။။။။။။။။။။
 ကျွန်တော်တို့..WISE WISH မှာ..တစ်ကြိမ်ကို..တစ်တန်းနဲ့..ဖိဖိစည်းစည်း. .စာသင်နိုင်ဘို့..ရည်ရွယ်ချက်ထားပါတယ်..။ ဆရာများကလည်း..၂တန်းဖွင့်ရင်..Lecture Fees ပိုရမှာ..မှန်ပေမဲ့..၊ အေးအေးဆေးဆေးဘဲ..စာသင်ချင်တယ်..။ တန်းခွဲတွေ..မဖွင့်ပါနဲ့..လို့..တောင်းဆိုထား..လို့ပါ..။ အားလုံးက..ကျွန်တော့်..စီနီယာများ.၊ ဆရာများပါ..၊ ကျွန်တော်လည်း..ဆရာတွေ..စကားကို..နားထောင်ရပါတယ်..။
 ။။။။။။။။။။။။။
 ဒါပေမဲ့..ဟိုတစ်နေ့က..Working Committee အစည်းအဝေးမှာ..စည်းဝေးသုံးသပ်လို့..ရတဲ့..အနေအထားအရ..။ ကျွန်တော်တို့လည်း.. Upgrading Course မှာ..တတန်းတော့.၀င်ကူရမဲ့..အနေအထား.ရှိပါတယ်..။ ဒါကြောင့်..3E ဖွင့်နိုင်ဘို့..မလွယ်ပါ..။
 ။။။။။။။။။။။။
 ရေကြောင်း သမ..မှာတော့..ဘယ်လိုအစီအစဉ်ရှိတယ်..တိတိကျကျ..မသိပါဘူး..
 လောလောဆယ်..CE+2E..တစ်တန်း..စဖွင့်နေပါပြီ..။ 3E Bridging Course တစ်တန်းဖွင့်နေ..တယ်လို့..ထင်ပါတယ်..။ မသေချာပါ..။ တစ်ခြား..EER သင်တန်းလည်း..ရှိပါတယ်..။ သူလည်း..Upgrading Course တစ်တန်း၊ နှစ်တန်းတော့..အနည်းဆုံး..၀င်ကူရမှာပါ..
 ။။။။။။။။။။။။။
 အဓိက..ပြဿနာက...Qualified Instructors ရှားပါးမှုပါ..။ CE, 2E လက်မှတ်ကိုင်ပြီး..ကုန်းပေါ်မှာ..ဒေါ်လာ..၅၀၀ လောက်နဲ့..ကျောင်းဆရာ..လုပ်မဲ့သူ..ရှားပါတယ်..။ တစ်ချို့..က..သင်မယ်လို့..လာပါတယ်..။ ကျွန်တော့်ဆီမှာတော့..ကျောင်းဆရာ..အလုပ်တွေကို..တစ်လလောက်..တွဲပြီး..သင်ပေးပါတယ်..။ အဲဒီမှာ..ဘဲ..အများစုက..လက်လျော့..သွားတတ်ပါတယ်..။
 ကျောင်းဆရာမှာလည်း.. Documentation တွေများပါတယ်..။ Lesson Prepare 
စနစ်တကျ..လုပ်ရပါတယ်..။ Record တွေရှိရပါတယ်..။ 
စာရွက်စုတ်လေး..တစ်ရွက်နှစ်ရွက်ကိုင်ပြီး..၀င်အာလို့..မရပါဘူး..။
 ဟာ..အဲဒီလောက်..ပင်ပန်းမယ်..မထင်ဘူးလို့.လဲ...ပြောကြပါတယ်....။
 ။။။။။။။။။။။။
 နိုင်ငံခြားက..ပညာရှင်တွေ..ကျောင်းတွေ..၀င်လာရင်ကော...ဆိုတဲ့..အမေးရှိပါတယ်..။
 လာခဲ့ကြပါ..။ ကြိုဆိုပါတယ်..။
 ။။။။။။။။။။။။
 နိုင်ငံခြားသား..ကျောင်းဆရာ..ဆိုရင်..လစာ..၅၀၀၀ အထက်၊ နေအိမ်ငှါးခ၊ အပို့အကြို၊ တွက်ကြည့်တာတော့..။ ဒီက..သင်တန်းကြေးနဲ့..နိုင်ငံခြားသားဆရာ..လစာနှုန်းနဲ့..ဆိုရင်..ခွက်ခွက်လန်အောင်..ရှူံးနိုင်ပါတယ်..။ သင်တန်းက..စဉ်ဆက်မပြတ်..ဖွင့်နိုင်တာမှ..မဟုတ်တာ..။ တစ်ခါတစ်ခါ..လူစောင့်..ဖွင့်နေရတာ..ကိုး..။
 မြေကွက်ဈေး..ကလည်း..ကြီးမှ..ကြီး..။
 နိုင်ငံခြားသားဆရာ.စကားပြောတာကို..ရွှေ..မြန်မာ..သင်တန်းသားအများစု..နားလည်မှု..ရှိမရှိ..။ တွေးစရာ..တွေ..အများကြီးပါ..။
 ။။။။။။။။။။။။
 အခုနက..တင်ပြခဲ့တဲ့..Upgrading Course တွေက.3E ထက်.အရေးကြီးနေပါတယ်..။ သူတို့ကို..သင်တန်း..မြန်မြန်တက်..လက်မှတ်လဲ..ပေး..နိုင်မှ..အလုပ်အကိုင်အခွင့် အလန်းမှာ..ဆုံးရှူံးမှုတွေ..မဖြစ်နိုင်မှာပါ..။
 ။။။။။။။။။။။။။။
 Mercury က..3E ဖွင့်ချင်ပါတယ်..။ ဒါပေမဲ့..Workshop Skills 
မှာတင်..အလုပ်ရှုပ်နေပါတယ်..။ သူ့မှာလည်း..ဆရာ အင်အား.ပြဿနာ..ရှိနေပါတယ်..။
 ။။။။။။။။။။။။။
 UNIQUE က..အစည်းအဝေးမှာ..Workshop Skills ဖွင့်နေပါတယ်..။3E မဖွင့်နိုင်ပါ..။ ဆရာ..မလုံလောက်တာ..တင်ပြသွားတာ။..ကို..ကြားခဲ့ဘူးပါတယ်..။
 KABAR လည်း..ထို့..အတူပါဘဲ..။
 ။။။။။။။။။။။။။။
 ဘယ်တော့..ဖွင့်မလဲလို့..မေးတာကို..
 မိုးလေ၀သ..ခန့်မှန်းသလို..ဘဲ..ပြောရမှာပါ..။
 မရွာရန်..ရာနှုန်း..(++)%
 ။။။။။။။။။။။။။
 တစ်ခုတော့..ပြောချင်ပါတယ်..။
 မြန်မာပြည်ဆိုတော့..မဖြစ်နိုင်ဘူး..ဆိုတာလည်း..မရှိပါဘူး..။“
 ။။။။။။။။။။။။။။။
 မေးတဲ့..လူတွေ..များလွန်းလို့..၊ ဖြေရလွန်းလို့..၊ တင်လိုက်ရပါတယ်..။
 ။။။။။။။။။။။။။။
 ကျောင်း..တစ်ကျောင်းကျောင်းက..ဖွင့်နေပြီလို့..အသံကြားမှ..
 သဘောင်္ပေါ်က..ဆင်းလာတာ..ကောင်းပါတယ်..။
 ငွေလည်း..စုမိ..၊ Sea time နဲ့..အတွေ့အကြုံလည်း..ပိုရမယ်..ထင်ပါတယ်..။
 ။။။။။။။။။။။။။
 ကျွန်တော်..သိသမျှ..data ပေးတာဘဲတတ်နိုင်ပါတယ်..။
 ဆင်းဘို့..မဆင်းဘို့..။ ကိုယ့်ဘာသာဘဲ..ချင့်ချိန်.ဆုံးဖြတ်ကြပါ...။
 ။။။။။။။။။။။။
 အဲ..ပြောရဦးမယ်..
 စာရေးနေတုန်း..မီးပျက်လို့..မီးစက်..မောင်းလိုက်ရတာက..
 တစ်နာရီ ကျော်ကြာ..ပါတယ်..။
 ။။။။။။။။။။။။။
 ရေကြောင်း..ကျောင်းဆရာ..
No comments:
Post a Comment