Friday, December 27, 2013

အရာရှိလောင်း ဒီပလိုမာသင်တန်းအပတ်စဉ်(၈)ကို မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်တွင် ဖွင့်လှစ်မည်



အရာရှိလောင်း ဒီပလိုမာသင်တန်းအပတ်စဉ်(၈)ကို မြန်မာနိုင်ငံကုန်သွယ်
ရေကြောင်း ကောလိပ်တွင် (၂၀၁၄)ခုနှစ်ဖေဖော်ဝါရီလဆန်းတွင် ဖွင့်လှစ်
သင်ကြားပေးသွားမည်ဟု သိရသည်။ ထိုသင်တန်းသို့ ၀င်ခွင့်ရရန်
လျှောက်ထားသူများအနက်မှ တက္ကသိုလ်ဝင်တန်းတွင် ရရှိခဲ့သော အမှတ်
နည်းအများလိုက်သတ်မှတ်ပြီး ရေကြောင်းပညာဒီပလိုမာသင်တန်းအတွက် သင်တန်းသား(၈၀)ဦး၊ ရေကြောင်းအင်ဂျင်နီယာဒီပလိုမာသင်တန်းအတွက် သင်တန်းသား(၈၀)ဦး ရွေးချယ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သွယ်
ရေကြောင်း ကောလိပ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဝင်ခွင့်လျှောက်
ထားမှုနှင့် ပတ်သက်ပြီး “ဆေးစစ်တာအောင်မြင်မှ ကျောင်းတက်လို့ရမှာ
ဖြစ်ပါတယ်။ ဆေးစစ်ရင်အထွေထွေ ကျန်းမာရေး၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဘီပိုး၊ HIV စတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာတွေအပြင် အမြင်အာရုံနဲ့
အကြားအာရုံစစ်ဆေးမှုများကိုလည်းပြုလုပ်ရပါတယ်”ဟု သိရသည်။ ယခုလိုဆေးစစ်ခြင်းများကို ရေကြောင်းပညာဒီပလိုမာကျောင်းသားများကို
ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးဆေးခန်းတွင် ၎င်းရေကြောင်း
အင်ဂျင်နီယာကျောင်းသားများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဆေးခန်း၊ အကြားအာရုံနှင့် အမြင်အာရုံစစ်ဆေးခြင်းတို့ကို ရေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနရုံးတို့တွင် ၎င်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment