Friday, December 27, 2013

'' SEAMAN နှင့် ဘရာ ၏ ဒုက္ခ ''



ဒီခေါင်းစဉ်ကြီးကို တွေ.လို. SEAMAN ယောကျာ်းကြီးတွေနဲ. ဒီဘရာ နဲ. ဘယ်လိုပက်သက်လဲလို. မေးစရာရှိပါတယ်။ ဟုတ်ကဲ့ အတော်ကို ပက်သက်ပါတယ် ....ဘယ်လို ဒုက္ခလဲဆိုတာကိုတော့ အောက်တွင် ရှုပါ။

ဒီပြသနာ ကတော့ tanker သင်္ဘောတွေမှာ အဖြစ်များပါတယ်။ ဖြစ်ပုံက ဒီလိုပါ ညက ကျွန်တော်တို. မလေးမှာ ကုန်ချတော့ no.4 starboard side cargo pump က ချလို.မရတော့ပါဘူး ...suction မလိုက်တော့တာပါ။ priming လုပ်ပြီးမောင်းလည်း ခဏပဲ ရပါတယ် ပြီးတာနဲ. ပြန်ရပ်သွားတော့တာပါပဲ။ ကုန်ဆက်ချလို. မရတော့ တာနဲ. ရပ်ပြီး ပြသနာနဲ. အဖြေကို ရှာကြ ကျွန်တော်တို. ဆိုက်ကengineer တွေရော deck officer တွေပါ ခေါင်းကိုက်ကုန်ကြပါတယ်။

အဲဒီမှာတင် လွန်ခဲတဲ့ နှစ်နှစ်လောက်က အဖြစ်အပျက်လေးတစ်ခုကို သတိရပြီး ဒီအကြောင်းအရာလေးကို ရေးလိုက်တာပါ။ အဲဒီတုန်းက ကျွန်တော်တို. ထိုင်ဝမ် မှာ ကုန်ချတဲ့ အချိန်ပါ တင်ထားတာက ADO ဒီဇယ် ဆိုပါတော့ဗျာ...အဲ ပြသနာက ညခင်း ကုန်ချတဲ့ အချိန်မှာ no. 6 starboard side cargo pump က အလုပ်မလုပ်တော့တာပါပဲ....pump လည်တယ် shaft ကလည်း ကောင်းတဲ့ အသံပါပဲ...suction မလိုက်တစ်ချက် လိုက်တစ်ချက်နဲ.မို. ကုန်ဆက်ချဖို.အတော်အဆင်မပြေဖြစ်သွားပါတယ်..ဆီအပြည့်နဲ. ဆိုတော့ tank ထဲ ဆင်းကြည့်ဖို.ကလည်း ဒီဇယ်ထဲ ရေငုပ်သွားမှ ရမှာလေ။

အဲဒီမှာတင် ကမ်းကို အကြောင်းကြား နောက်ဆုံး သင်္ဘောပြန်ခွာ ကျောက်ချပြီး emergency cargo pump နဲ. နောက် tank ထဲ ပြောင်းထည့် နောက်နေ.မှ ကမ်းတစ်ခါ ပြန်ကပ်ပြီး နောက်ထပ် tank က ကောင်းတဲံ pump နဲ.ကုန်ပြန်ချဆိုတော့ အချိန်အတော်ကြာသွားပါတယ်....လူတွေအားလုံးလည်း မအိပ်ရတော့ အားလုံးပြူးကြောင်ကြောင်နဲ.ပေါ့.....နောက်နေ. ကုန်ချပြီးတော့မှ gas free ပေး safety ဖြစ်ချိန်လောက်ကျမှ tank ထဲဆင်းပြီး ပြသနာ အဖြေရှာကြတော့တာပေါ့....အဲဒီ မရတော့တဲ. cargo pump ရဲ. suction line ထဲကိုလည်း pressure 7 kg လောက်ရှိတဲ့ လေမှုတ်ထည့် ပေါ့ဗျာ...အားလားလား တွေ.ပါပြီ ပြသနာကတော့ cotton rag (သန်.ရှင်းရေးလုပ်တဲ့ အ၀တ်စ) ပေါ့ဗျာ....tank cleaning လုပ်တုန်းက ဘယ်သူကျန်ခဲ့တယ် မသိပါဘူး၊ pump suction line ရဲ. အ၀င်မှာ ဒီကောင်က ပိတ်နေတာကိုး ။ အဲဒါနဲ. ဆွဲထုတ် အဖြေတွေ.ပြီဆိုတော့ captain ကိုပြပေါ့။ သူကြီးကလည်း အရေးပေါ် အစည်းအဝေးထလုပ် ၊ ကုန်းချုပ်(chief officer) နဲ. ဘိုစင်(bosun) မျက်နှာ ဆိုတာ ဆီးစေ့လောက်ရှိတော့တာ၊ သူတို.က operation ရဲ. နောက်ဆုံး စစ်ဆေးရေး ပုဂ္ဂိုလ်တွေကိုး။ အစည်းအဝေး မှာ သူကြီးက အဲဒီ အ၀တ်စကြီး ဖြန်.ပြတော့မှ မျက်နှာတွေက စပ်ဖြဲဖြဲ ဖြစ်ကုန်ကြတယ်။ ကြည့်ဦးလေ ပိတ်နေတဲ့ အ၀တ်စက သေချာကြည့်တော့မှ အမျိုးသမီးဝတ် ဘရာ ကြီးဖြစ်နေတာကိုးဗျ။ မမြင်ဘူးသလို ဘာလိုလိုနဲ. တစ်ယောက်တစ်လဲ ၀ိုင်းကိုင်ကြည့်နေလိုက်ကြတာဆိုတာလေ၊ အရောင်ကလည်း ကြည့်ဦး sexy ကျတယ် ပန်းနုရောင်ဗျာ...ဒီကြားထဲ deck cadet က ဆိုဒ်ကောက်တိုင်းနေလိုက်သေးတယ် ဟားး လုပ်ပုံက။
captain က အဲဒီ tank ဘယ်သူသန်.ရှင်းရေးလုပ်တာလဲ ဒါကြီးကို ဘယ်သူသုံးတာလဲ ဆိုတော့ အားလုံးက ငြိမ်လို.။ တစ်ချို. AB တွေက ဆီစတင် ကတည်းက ပါလာတာ မဖြစ်နိုင်ဘူးလား လုပ်နေလို. သူကြီး စိုက်ကြည့်လိုက်မှ ငြိမ်သွားတယ် ဟားး။နောက်ဆုံးတော့ သူကြီးက ကဲ bosun မင်း နောက်မဖြစ်ရအောင် ဒါကြီးကို အမှတ်တရ သိမ်းထားဆိုပြီးတော့ အစည်းအဝေး သိမ်းလိုက်တယ်....အဲဒါကြောင့် ပြောတာပေါ့ ဘရာ ဒုက္ခပေးရင် မအိပ်ရမစားရနဲ. အူကြောင်ကြောင်ဖြစ်သွားနိုင်တယ်လို.။ အခုလည်း အလားတူ ပြသနာ နဲ. ကြုံနေလို. ဘာအရောင်နဲ. ဘာကြီးထွက်လာမလဲ ရင်ခုန်နေမိသေးတယ်ဗျာ...ကဲကဲ....နောက်ဆုံးတော့ tank cleaning လုပ်ရင် အဲလို ဘရာ ကြီးတွေ ကို ဂရုစိုက်ကြဖို. မှာလိုက်ရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ...ဘော်ဘော် seaman အားလုံး ဘရာ ဒုက္ခ မှ ကင်းဝေးပြီး ကျန်းမာ ၊ ချမ်းသာ ကြပါစေသော်ဝ်...။ ။ ။

No comments:

Post a Comment