Thiha
တနေ့ က certificate ထုတ်ဖို့  DMA ရုံးရောက်ဖြစ်တယ်... အပြန်မှာ
နာရီကြည့်တော့ ၁၂ နာရီထိုးနေပြီ... အဲဒါနဲ့ ဆာနေတဲ့ဗိုက်ပြဿနာ ကိုရှင်းဖို
့ထမင်းပေါင်းဆိုင်လေးထဲ ၀င်ထိုင်လိုက်တယ်... ကျွန်တော့်နောက်ဝိုင်းမှာ နောင်တော်ကြီးတွေ
၃ ယောက်လဲထိုင်နေကြတယ်...အဲထဲက တစ်ယောက်က ဘာစိတ်ကူးပေါက်တယ်မသိဘူး
ထမေးလိုက်တယ်... " သင်္ဘောသားတွေ ဘာလို့ ထမင်းပေါင်းကြိုက်ကြလဲ သိလား? " တဲ့
... ကျွန်တော်လဲ စိတ်ဝင်စားသွားတာနဲ့ ဆက်နားထောင်နေလိုက်မိတယ်... "
ထမင်းပေါင်းက လျှောကနဲဆို ၀င်သွားတာဗျ... ရေသောက်နေစရာ မလိုဘူး "
အားလုံးရယ်ကြပေမဲ့ ကျွန်တော် မရယ်ဖြစ်ခဲ့ဘူး... ဘာလို့ လဲဆိုတော့ ဒါဟာ
သင်္ဘောသားတစ်ယောက်ရဲ့ real life ပဲလေ... ထမင်းတစ်လုပ်ကို ဇိမ်ခံစားနေဖို
့အချိန်မရှိတော့ ထမင်းပေါင်းက အဆင်ပြေတာပေါ့... စိတ်ထဲတော့ နင့်နေတယ်...
ဒီအကြောင်းတွေကို အပြင်လောက, ကလူတွေသိပါလေစ...
No comments:
Post a Comment