Friday, December 27, 2013

ဒါလေးဖတ်ကြည့်ပေးကြပါ

Kyi Soe Oo



မြန်မာဆိုတာ ကျင်နာ သနား ကိုယ်ချင်းစာတတ်တယ်ဆိုတာ
ညဂျူတီဝင်ခါနီး သဘောင်္ဦးဘေးကိုကြည့်လိုက်တော့ ရေပြင်ပေါ်က ဖေါ့တုံးသေးသေးလေးတစ်ခုပေါ်မှာ ငှက်ကလေးနှစ်ကောင် ရောက်နေတဲ့နေရာက ကမ်းခြေနဲ့ မိုင်တစ်ရာကျော် ပါတ်လည်အနီးဆုံး
စိတ်ထဲမှာတွေးမီတယ် ဒီငှက်ကလေးတွေ ဘယ်ကိုပြန်လို့  ဘယ်ကိုနား ဘာကိုစား မလဲလို့ ဒုက္ခပါပဲ သဘောင်္ပေါ်မှာလာနေကြရင်ကောင်းမှာပဲလို့ 
စိတ်ထဲမှာပြောနေ တွေးနေမိတယ် မကြာမကြာတစ်ရက် နှစ်ရက်ဆို ငှက်ကလေးတွေ နှစ်ကောင် သုံးကောင်သေနေတာတွေ့နေရတယ်
ဟော မကြာခင်မှာပဲ တောင်တရုတ်ပင်လယ်ကမုန်တိုင်းတစ်ခု ကြောင့်လေပြင်းတွေတိုက်လာပြီ သဘောင်္တစ်စင်းလုံးလှုပ်ရမ်းနေပြီ
သဘောင်္ပေါ်က လုပ်သက်နုတဲ့ သဘောင်္သားလေးတွေ ရေပုံးခေါင်းထိုးလို့ 
ဆန်ပြုတ်ရောင်းနေကြပြီ ပစ္စည်းတွေလည်းပြုတ်ကျကုန်ပြီ မတ်တပ်ကိုမနည်းရပ်ပြီးမောင်းနေရပြီ ဘုရားစာတွေလည်း ရောကုန်ပြီ ဒါသဘောင်္သားတွေရဲ့ ဘဝပါ စားထားသမျှအကုန်လုံး ရေပုံးထဲအန်နေကြပြီ
ဒါကပင်လယ်ပြင်မှာတွေ့ ကြုံ ရတာရိုးအိနေပြီဆိုပေမယ့်
စောစောက ငှက်ကလေးတွေရဲ့ ဒုက္ခကိုတွေးပေးသလို သဘောင်္သားရဲ့  မိသားစု
ဖြစ်တဲ့ မိဘမောင်ဘွား ဇနီးသားမယား ဆွေမျိုး သူငယ်ချင်းအပေါင်းတွေက သဘောင်္သားတွေအတွက် တွေးပူနေကြမလား
နားလည်ပေးနိုင်ကြမလားဆိုတာ တွေးမိတယ်
သဘောင်္သားငွေရတာမှန်ပေမယ့် ဒုက္ခတွေကိုသိပါ့မလားလို့ 
ဘာပဲပြောပြော သဘောင်္သားကတော့ သူ့ အတွက်ဘယ်သူက တွေးတွေး မတွေးတွေး နောက်နေ့ ငှက်ကလေးတွေကိုတွေ့ ရင် အရင်လိုပဲ စာနာ သနားစိတ်
နဲ့ တွေးတော ပြောနေမိမှာပဲ
ဘာကြောင့်အဲ့လို ကိုယ်ချင်းစာပြီးတွေးမိတာလဲဆိုတော့
ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်နေလို့ ပါ အဲဒါကိုဂုဏ်ယူကြပါ
ဗုဒ္ဓဘာသာဖြစ်ပေမယ့် မြန်မာမဟုတ်ရင် စာနာတာတို့  ကိုယ်ချင်းစာတာတို့ 
သည်းခံခွင့်လွတ်တာတို့ မရှိဘူးဆိုတာယုံပါ
အင်ဒိုနီးရှား မလေးရှား ဖိလစ်ပိုင် ဗီယက်နမ် နိုင်ငံတွေမှာပင်လယ်ဓါးပြတွေရှိနေတယ်
မြန်မာပြည်သာအကောင်ဆုံးပါ အယဉ်ကျေးဆုံးပါ
မြန်မာဖြစ်ရတာ ဂုဏ်ယူကြပါ

ဖတ်ပေးတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်

No comments:

Post a Comment