Showing posts with label events. Show all posts
Showing posts with label events. Show all posts

Friday, May 10, 2013

Tom Hanks သရုပ်ဆောင်ထားတဲ့ Captain Phillips ရုပ်ရှင် Trailer...


Tom Hanks သရုပ်ဆောင်ထားတဲ့ Captain Phillips ရုပ်ရှင် Trailer ပါ...

ဒီရုပ်ရှင်ဟာ  Maersk Alabama သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက ၂၀၀၉ ခုနှစ်က

ပြန်ပေးဆွဲခဲ့တဲ့ တစ်ကယ့် အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။

ရုပ်ရှင်မထွက်ခင် အမြည်းသဘောလေး ကြည့်ကြရအောင်ဗျာ...

Maersk Alabama သင်္ဘော အကြောင်းနဲ့  တိုက်ခိုက်ခံရတဲ့ အကြောင်း အကျဉ်းကို ဒီမှာ ဖတ်ပါ။

NK @MSU

Saturday, March 23, 2013

Voting for MSF's committee members...


All Myanmar seamen are eligible and requested to vote for MSF's ( former MOSA) committee members on 12th May 2013. All the contenders name are displayed at the MSF office in 37th street, in Yangon.

Photo shared by - U Kyaw Mya Oo

Sunday, March 17, 2013

လူချွန် လူကောင်းများ ပေါင်းစုထားသော M.S.U ။ (နှစ်ပတ်လည် သ၀ဏ်လွှာ)

ဆရာမြို့မငြိမ်းသည် "လူချွန် လူကောင်း "သီချင်း ကို အမျှော်အမြင်ရှိစွာ ကြိုတင်ရေးသွားခဲ့လေသည်။
အမှန်က " လူချွန် လူကောင်း "သီချင်း ကို မနက် ခင်းတွေ မှာ ...ဂျပန်တွေ လုပ်ငန်း မ၀င်ခင် ၁၀မိနစ် ခန့် လေ့ကျင့်ခန်းလုပ်သလို ကျနော် တို့ တွေ အားလုံး နားထောင် သင့်လှပေသည်။

"ရူမဆုံးတော့သည် စိမ်းလဲ့လဲ့နှစ် စဉ် နှင့် စပြီး ....အလေးပြု လျက် ပဲ အစဉ်" နှင့် ဆုံးသော
ဒီသီချင်းလေးကို အစအဆုံး လူတိုင်းလိုလိုရလေသဖြင့်.....မရေးပြချင်ပါ သို့သော်

ကျနော် တို့ ပညာရှာ ၀မ်းဆာ ရှာ မိသားစု အကျိုး နှင့် တိုင်းပြည် အကျိုး သယ်ပိုး ထမ်းရွက်နေသော
သင်္ဘောသား တို့နှင့်ဆိုင်သော အပိုဒ်လေးကိုသာ ကျနော်က နှမ်းဖြူးရေးလိုက်ပါသည်။

"ကမ္ဘာ့ရေကြောင်း သင်္ဘော မောင်းနှင် တွင် တွင် ကျယ်ကျယ် အထက်အောက်ရေပြင်
ခေတ်မီမီကမ္ဘာ အကြည့်ကြည့်မြင် သန်မြန်ယောက်ကျားဘသားပင်..." ဆိုပြီး
(နဲနဲ မှားရင် ခွင့် လွတ်ပါဗျာ ကျက်မှတ်ရတာတွေ များလို့ပါ)..
အနာဂတ် မှာ ကမ္ဘာ့ အဆင့်မီ သင်္ဘော ကြီးတွေ မောင်းနှင်ကြမည် မြန်မာ့ လူရည်ချွန် များကို
ကြိုတင် နမိတ်ပြ သွားခဲ့သော ဆရာ မြို့မငြိမ်းပေတကား။

(Human Resource ) ဟု ခေါ်ဆို သော၊ လူတစ် ဦး ၏ စွမ်းအားကို ကြံဖတ်ညှစ် သလို နေ့ ညမအား အသုံးချခံ ကာတာဝန် ထမ်းနေရသူများထဲ တွင် သင်္ဘောသားများလည်း ထိပ်ဆုံးမှ ရှိသည် ကို စစ်ဆေးလေ့လာကြည့် ရင် တွေ့ရလိမ့် ဦးမည်။

လူအများ စားဝတ်နေမှူ အတွက် (လယ်သမား၊ အလုပ်သမားထု) က ကျေးဇူးရှင်များဟု ဆိုပါရင်
ကမ္ဘာ့ကြီးပေါ်တွင် နေထိုင် သမျှ လူထုအ၀၀ တို့၏ စားဝတ်နေ မှု အတွက်
ကမ္ဘာ ကုန်သွယ်မှု ၇၅% ကို ၀န်ဆောင် မှု အတွင် ကျယ် ဆုံး ပို့ဆောင်ပေးနေတဲ့ Shipping Industry ကိုမမေ့မလျော့ကျေးဇူးတင် သင့်လှပေသည်။

ဘယ်သူတွေ မေ့မေ့ မမေ့မေ့ ကျနော် တို့ ကတော့ မမေ့ပါ၊
ကိုယ့် တာဝန် ကို ထမ်းရွက် ရင်း အများအကျိုး ကို သယ်ပိုးနေသော သမာအာဇီဝတစ်ခု အဖြစ် ဂုဏ်ယူပါ၏ သင်္ဘောသားတွေ ကို လေးစား အလေး ပြု လျက် ပဲ အစဉ် ဖြစ်လေသည်။

အခုလာမည့် မတ်လ (၁၈) ရက် မှာ ကျနော် တို့ MSU ကတော့ နှစ်ပတ်လည် ခဲ့ပြီဟု စတင် တည်ထောင်သူလူငယ်များကပြော၏

Admin တစ်ယောက် အနေနဲ့ ရော လူကြီးတစ်ယောက်အနေနဲ့ ပါ သူတို့လုပ်အားနှင့်စေတနာ အပတ်တကုတ် ပြုမူ ကြိုးစား ဆောင်ရွက် အားစိုက်မှုတွေ အတွက် ကျနော့် အနေနှင့် လေးစား စွာ ဂုဏ်ပြု သ၀ဏ်လွှာပါး ရေးသားပေးချင်သော်လည်း ..

ကိုကလည်း ခံစားချက်တွေ နဲ့ ဖွဲ့စည်းထားတဲ့လူဆိုတော့ အတည်အတန့်ရေးရန်တော့ ခက်နေသေးသည်။အမှားပါသော် သည်းခံကြစေလိုပါသည်။

ကျနော်တို့M.S.U ၏ ရည်ရွယ်ချက် သည် ။

အစည်းပြေသလို ဘ၀ မှာ အမိမြေ ကစွန့်ခွာ မိဝေးဖဝေး
ဆွေမျိုး ချစ် ခင် သူတွေ ဝေးကွာနေသော၊ တစ်စိမ်းတွေ ကြားထဲမှာ အဆင်ပြေ သဏ္ဍန်ရုပ် နှင့် ဟန်လုပ်ကာကြိုးစားရုန်းကန်နေရသော၊

ပင်လယ်ရပ်ခြား "လူချွန်လူကောင်း"များ အတွက် အကျိုးရှိ အထောက်အကူ တစ်ဖက်တစ်လမ်းမှ ပံပိုးကူညီ ပေးနိုင်သော စိတ်အပမ်းဖြေရာ၊ပညာ ဗဟုသုတရှာမှီးရာ၊ သူငယ်ချင်းမိတ်ဆွေ များနှင့် ဆုံစည်းရာ၊သတင်း အချက်လက်မျာကြည့်ရှူစုဆောင်းရာ
နေရာလေး တစ်ခု ဖြစ်စေချင်သော "ဆန္ဒ" ထီးထီးနဲ့စတင် ခြေလှမ်းခဲ့ခြင်းဖြစ်သည်။

ရည်ရွယ်ချက်ကောင်း၊ စေတနာ ကောင်းတို့ကြောင့် တစ်နှစ်ပတ်လည် အတွင်း အဖွဲ့ဝင် တွေ တိုးပွားစည်ကားလှသောအွန်လိုင်း ကွန်ယက်တစ်ခု အဖြစ် ရပ်တည်လာနိုင်ခဲ့ပါပြီ။

ကလေးတစ်ဦး ကြီးပြင်း လာသည့် ပမာ ကျနော် တို့လဲ မကြာခင် လမ်းစမ်းလျှောက်မည်။စကားတွေ ပြောမည်၊ဗဟုသုတတွေ လေ့လာ၊ ဝေမျှ ၊ပေးကမ်း ၊သင်ယူ ၊ချီးမြှောက် ၊ ဂုဏ်ပြု ၊ စွန့်လွှတ်၊ နာခံ ကြရင်း ကြီးပြင်းပါတော့ မည်။

ကျနော် တို့ ညီ အစ်ကို တွေ ဘ၀တိုက်ပွဲ ကို ရိုးသားစွာ ဆက် လက် တိုက်ပွဲ ၀င် ကြရင်း ချီတက် ကြပါစို့ ..ပါဝင်ကူညီ လက် ဆင့် ကမ်း ကာ ချစ်ချစ် ခင် ခင် ခရီးဆက် ရန် ရည်သန် လျက်။

M.S.U အဖွဲ့သားတစ်ဦး။