Tuesday, December 11, 2012

အက်ဒမားရတီးမန်နျူဝယ်အော့ဖ်နက်ဗီဂေးရှင်း ဘီအာ ၄၅

ဖိုင်ဆိုဒ်နည်းနည်းကြီးလို့ အပိုင်းလေးတွေပိုင်းထားပါတယ်။ ဖိုင်ပြန်ဆက်တဲ့ဆော့ဝဲ ကတော့မရှိ သူများ အတွက်ပါ။ 4shared.com မှာတင်ထားခဲ့တာပါ။ အဲဒီဆိုဒ်က အပေးရှိထားမှ အယူရတာမို့သူ့ဆိုဒ်မှာ အကောင့်မရှိသူများအတွက်တော့ဒေါင်းလုပ် လုပ်ရတော့ခက်နိုင်ပါတယ်။ ဖိုင်သေးသေးတစ်ဖိုင်လောက် တင်ပြီး အကောင့်ဖွင့်ထားလိုက်ရင်တော့ အဆင်ပြေပါတယ်။ မူရင်းစာအုပ်ပါ။  vol:1 part 1(1) နဲ့part1(2) ဖြစ်ပါတယ် ။ 
LINK:  Click here to download the part!  
LINK:  Click here to download the part!  
LINK:  Click here to download the part!  
LINK:  Click here to download the part!  
LINK:  Click here to download the part!  
LINK:  Click here to download the part!
LINK:  Click here to download the part!  

LINK:  Click here to download the part!
LINK:  Click here to download the part!
LINK:  Click here to download the part!
LINK:  Click here to download the part! 
LINK:  Click here to download the part! 
LINK:  Click here to download the part! 
LINK:  Click here to download the part!  

LINK:  Click here to download file combile software! 

တစ်ဖိုင်တည်းလိုချင်ရင်တော့ ဒီမှာယူပါ

LINK:  Click here to download the book!

မာလင်းရဲ့လိုက်ဖ်ဘုတ်ထရိန်နင်ဆော့ဝဲ

LINK:  Click here to download Software!

Thursday, December 6, 2012

MSU @ facebook Achievement Title Awards 2012

MSU @ facebook Achievement Title Awards 2012

2012 ခုနှစ် MSU @ facebook အင်တာနက် အခြေစိုက် သင်္ဘောသား အတင်းအချက်အလက် ၀န်ဆောင်မှု ၏ MSU @ facebook public page fans များ ရဲ့ ကြိုက်နှစ်သက်မှု အများဆုံး သတင်းအချက်အလက် များကို 2012 ခုနှစ် ၏ မှတ်တိုင် များအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခြင်း ။

The Most Like of the Year 2012

Maritime Literature ကဏ္ဍ :

ငါတို့ ဘာကြောင့် သင်္ဘောလိုက်နေရတာလဲ by Navoski : MSU WEB DEVELOPER

သတင်းအချက်အလက် ကဏ္ဍ :

Offshore Job Photo Share by via Pedro Loyn : MSU Facebook Member

ဓာတ်ပုံ ကဏ္ဍ :

ရင်ထဲထိတယ်ဗျာ သင်္ဘောသား သင်္ဘောသား by MSU WEB DEVELOPER

Maritime Software ကဏ္ဍ :

International Maritime English Language Program by Thein Tun Oo : MSU WEB DEVELOPER

Maritime and Seafarer Guide / ရေကြောင်း နှင့် သင်္ဘောသား လမ်းညွန် ကဏ္ဍ

List of Myanmar Seamen Employment Company by MSU members

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Maritime Literature ကဏ္ဍ :

ငါတို့ ဘာကြောင့် သင်္ဘောလိုက်နေရတာလဲ by Navoski : MSU WEB DEVELOPER

( source : နိုဝင်ဘာလ ၇ ရက်နေ့တုန်းက MSU @ facebook public page မှာ တင်ဆက်ထားတဲ့ Navoski ရဲ့ ငါတို့ ဘာကြောင့် သင်္ဘောလိုက်နေရတာလဲ ဆိုတဲ့ ရေကြောင်း သုတ ရသ ဆောင်းပါး စာစုဟာ သင်္ဘောသားအများစု နဲ့ သင်္ဘောသား မဟုတ်တဲ့ သူ အများစုရဲ့ like နှိပ်မှုပေါင်း ၁၂၇ ယောက် လက်ခံ ရရှိထားပြီး ၆၆ ယောက် တဆင့် ရှယ်ယာ လုပ်ထားကာ comment 29 ခု ပေးထားတဲ့အတွက် 2012 ခုနှစ်မှာ ကျွန်တော်တို့ MSU @ facebook မှာ တင်ဆက် ဖော်ပြထားတဲ့ ဆောင်းပါး အများစုမှာ အများပြည်သူကို အဆွဲဆောင် နိုင်ဆုံး ဆောင်းပါး တစ်ပုဒ် အဖြစ် မှတ်တမ်းတင် ဂုဏ်ပြု ပါတယ် ခင်ဗျာ ။ နောက်လည်း အသိပညာ ဗဟုသုတ တွေ မျှဝေ ခံစားပေးပါအုံးလို့ ပြောကြားချင်ပါတယ် ။ ) ( 127 : like post , 66 : share and 29 : comments )

သတင်းအချက်အလက် ကဏ္ဍ :

Offshore Job Photo Share by via Pedro Loyn : MSU Facebook Member

( source : Nov 18 ရက်နေ့တုန်းက MSU @ facebook public page မှာ ဖော်ပြခြင်း ခံရတဲ့ member : Pedro Loyn ရဲ့ သင်္ဘောသား အလုပ်အကိုင် ကြော်ငြာ ပုံမှတ်တမ်းဟာ MSU @ facebook ရဲ့ 2012 ခုနှစ် ကာလ အတွင်းမှာ Share လုပ်သူ 192 ယောက် က MSU @ facebook စာမျက်နှာမှ တဆင့် ပြန်လည်ပြီး တခြား သူများသိရှိအောင် share ပေးကြတဲ့အတွက် 2012 ခုနှစ်အတွင်း share အများဆုံး ပြုလုပ်ခြင်းခံရတဲ့ ရေကြောင်း သတင်း အချက်အလက် တစ်ပုဒ် အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျာ ။ နောက်လည်း ထိုကဲ့သို့သော သင်္ဘောသား အလုပ်အကိုင် သတင်းအချက်အလက် လေးတွေ ရရှိခဲ့ရင် အများပြည်သူ အတွက် ဝေမျှ ပါအုံးလို့ ပြောကြားလိုပါတယ် ။ ) ( 192 : share , 36 like this )

ဓာတ်ပုံ ကဏ္ဍ :

ရင်ထဲထိတယ်ဗျာ သင်္ဘောသား သင်္ဘောသား by MSU WEB DEVELOPER

( source : Aug 13 ရက်တွင် MSU @ facebook public page တွင် web developer တစ်ဦး တင်ဆက်ပေးထားသော အထက်ဖော်ပြပါ ဓာတ်ပုံ ဟာ အားလုံးရဲ့ အကြိုက် နဲ့ ထပ်ထူညီမှု ရှိသွားတဲ့ ဓာတ်ပုံ တစ်ပုံလို့ ပြောရပါမယ် ။ 141 ယောက် like နှိပ် ထားပြီး 140 တဆင့် ပြန်လည် share ထားတဲ့အတွက် like နှိပ်သူ အားလုံး နီးပါး လိုလို ပြန် share ကြတဲ့ MSU @ facebook ၏ 2012 ခုနှစ်အတွင်း တင်ဆက်သမျှ ပုံတွေ အားလုံးမှာ အကောင်းဆုံး ပုံတစ်ပုံ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြု လိုက်ပါတယ်ခင်ဗျာ ။ အားလုံး ဒီထက် ကောင်းမွန်တဲ့ ပုံတွေ ကို အဖွဲ့မှာ တင်ဆက် ခြင်းဖြင့် 2013 အတွက် ဒီလို မှတ်တမ်းတင် နိုင်လောက်တဲ့ ပုံများ အများကြီး ထွက်ပေါ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ ) ( 141 like this and 140 share and 20 comments )

Maritime Software ကဏ္ဍ :

International Maritime English Language Program by Thein Tun Oo : MSU WEB DEVELOPER

( source : Oct 26 ရက်နေ့တွင် MSU @ facebook Blog မှာ တင်ဆက်ထားသော သိန်းထွန်းဦး ရဲ့ International Maritime English Language Program Software ဟာ MSU @ facebook Blog ရဲ့ 2012 ခုနှစ် သက်တမ်း တစ်လျှောက်လုံးမှာ ၀င်ရောက်ကြည့်ရှုသူ ဦးရေ အများဆုံး ( software ကဏ္ဍ တွင် ) အဖြစ် MSU @ facebook မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျာ ။ အားလုံးလည်း ဒီလိုပဲ အများပြည်သူ အကြိုက်တွေ့စေမယ့် Software ကောင်း များကို မျှဝေ ပေးနိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ) ( 245 : Page Views )

Maritime and Seafarer Guide / ရေကြောင်း နှင့် သင်္ဘောသား လမ်းညွန် ကဏ္ဍ

List of Myanmar Seamen Employment Company by MSU members

( source : Sep 30 ရက်နေ့က MSU @ facebook Blog ပေါ်မှာ ဖော်ပြ တင်ဆက်ခြင်းခံရတဲ့ MSU @ facebook member များ တဆင့် ပြန်လည် share လုပ်ပေးကြတဲ့ ပို့ဆောင်ရေး ဂျာနယ်မှ သင်္ဘောသား ကုမဏီ နေရပ်လိပ်စာ နှင့် ဖုန်းနံပါတ် ပေါင်းချုပ် ပါဝင်တဲ့ Microsoft Excel file နဲ့ Adobe Reader ( pdf ) ဖိုင် စတဲ့ formate အမျိုးမျိုး နဲ့ ပြသထားတဲ့ Maritime Company Address List ဟာ MSU @ facebook ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး သင်္ဘောသား လမ်းညွန် တစ်ခု အနေနဲ့ Blog မှာ ယနေ့ ထက်ထိ ရပ်တည်နေတဲ့ အပြင် လာရောက် ကြည့်ရှု သူ စုစုပေါင်း 379 ယောက် ဖြင့် အများဆုံး စံချိန် တင်ထားတဲ့အပြင် download ပြုလုပ်သူပေါင်းလည်း ထောင် ဂဏန်းနဲ့ ချီ၍ ရှိလောက်မည် ဟု မျှော်မှန်းရပါသည် ။ ထို့ကြောင့် MSU @ facebook ရဲ့ 2012 ခုနှစ် ရဲ့ Online Maritime Sources ကဏ္ဍ အားလုံးမှာ အကောင်းဆုံး ၊ လူကြိုက် အများဆုံးနဲ့ ဒေါင်းလုပ်ပြုလုပ် ကူးယူ မှု အခံရဆုံး အချက်အလက် တစ်ခု အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ။ သင်္ဘောသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေမှုတွင် ကျွန်တော်တို့ MSU @ facebook ၀ိုင်းတော်သားများက တစ်ထောင့် တစ်နေရာမှ ပံ့ပိုးကူညီ ခွင့် ရသည့်အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း နှင့် ထိုအချက်အလက်ကဲ့သို့ အားလုံးအတွက် အကျိုးရှိစေမယ့် သတင်းအချက်အလက်များ ပိုမို၍ တင်ဆက်နိုင်ကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါတယ် ။ )

8 - )

MSU @ facebook Amateur Photo Contest 2012

MSU @ facebook Amateur Photo Contest 2012

Start Date : 28.11.2012

End Date : 28.12.2012

Send Your Photo to : msuteam.fb@gmail.com

Place : MSU @ facebook Group and Public Page

Purpose : Show The World of The Best Photo Shooting inspired by the Sea by Myanmar Seafarers'

Read more in Burmese :



မြန်မာသင်္ဘောသားများ အပျော်တမ်း ဓတ်ပုံပြိုင်ပွဲ 2012

MSU WEB DEVELOPER တစ်ဦး၏ အကြံဥာဏ် ပေးချက်အရ မြန်မာသင်္ဘောသားများ အပျော်တမ်း ဓာတ်ပုံပြိုင်ပွဲတစ်ခု ပြုလုပ်ကျင်းပ ရန် အစီအစဉ်ရှိပါသည် ။

ဓတ်ပုံ ပေးပို့ရန် ရက်စွဲမှာ 28.11.2012 မှ 28.12.2012 အထိ ဖြစ်ပါသည် ။

ပေးပို့ရမည့် email address : msuteam.fb@gmail.com

Acknowledgement :

- ဓတ်ပုံ ပေးပို့သူသည် MSU @ facebook member တစ်ဦး ဖြစ်ရပါမည် ။

- ပေးပို့သော ဓတ်ပုံတွင် မိမိ ၏ facebook profile name , Photo Title နှင့်

- ဓတ်ပုံနှင့် ပတ်သက်၍ ပြောပြချင်သော အကြောင်း အရာ အနည်းငယ်ကို ရေးသားပြီး ပေးပို့ကြပါရန် ။

- ပြိုင်ပွဲအတွင်း ပို့ထားသော ဓတ်ပုံများကို MSU @ facebook Group and Page များတွင် MSU AMATER PHOTO CONTEST 2012 album ဖြင့် ပူးပေါင်း တင်ပြမည် ဖြစ်ပါသည် ။

- ဓတ်ပုံများအားလုံးသည် MSU @ facebook member များ၏ ရင်တွင်းဖြစ်များ ( မိမိ ကိုယ်တိုင် ရိုက်ကူး ထားသော ပုံများ ) ဖြစ်ရပါမည် ။

- မြန်မာသင်္ဘောသားများ၏ ပင်လယ်ပြင် အတွေ့အကြုံများ ၊ ရင်တွင်း ခံစားချက်များ ၊ ပင်လယ်ပြင် ဗဟုသုတများကို ဝေမျှခံစားနိုင်ကြစေရန် ရည်ရွယ်ပြီး ထို အပျော်တမ်း ဓာတ်ပုံပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါသည် ။

- Group နှင့် Page တွင် ဖော်ပြမည့် ပြိုင်ပွဲဝင်များ၏ ဓတ်ပုံများတွင် MSU @ facebook ၏ logo ကို ရေစာ အနေဖြင့် MSU @ facebook မှ ပုံမှန်း သိသာစေရန်အတွက် ထည့်သွင်း သွားမည် ဖြစ်ပါကြောင်း ။



Awards များမှာ

MSU @ facebook group members’ Choice ,

MSU @ facebook page fans’choice ,

The best Like Awads ,

The best Remarkable Photo ,

Top 10 Photo List စသည်ဖြင့် ကဏ္ဍများစွာ ထည့်သွင်း ရွေးချယ်သွားမည်ဖြစ်ပါသည် ။

အပျော်တမ်း ဖြစ်သည့်အတွက် ကျွန်တော်တို့ဘက်မှ မည်သည့် ဆုလက်ဆောင်မျှ ပေးအပ်နိုင်မည် မဟုတ်သော်လည်း အင်တာနက် စာမျက်နှာပေါ်ရောက် သင်္ဘောသားများ၏ ရင်တွင်းဖြစ်များ ထွက်ပေါ်လာစေရန် အတွက် ရည်ရွယ် ပြုလုပ်ရခြင်း ဖြစ်ပါတယ် ။

အားလုံး ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲကြပါရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ။
ထပ်မံ၍ အသေးစိတ် သိရှိလိုပါက MSU @ facebook Group တွင် စုံစမ်းမေးမြန်း နိုင်ပါသည် ။ လိုအပ်ချက်များ ရှိလျှင်လည်း အကြံပြုနိုင်ပါသည် ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

https://www.facebook.com/groups/mmseamanunion/ သို့ အဖွဲ့ဝင် အဖြစ် ၀င်ရောက်ပြီး ပြိုင်ပွဲဝင်နိုင်ကြပါပြီ ။

ရင်ထဲထိတယ်ဗျာ သင်္ဘောသား သင်္ဘောသား

MSU @ facebook Achievement Title Awards 2012

2012 ခုနှစ် MSU @ facebook အင်တာနက် အခြေစိုက် သင်္ဘောသား အတင်းအချက်အလက် ၀န်ဆောင်မှု ၏ MSU @ facebook public page fans များ ရဲ့ ကြိုက်နှစ်သက်မှု အများဆုံး သတင်းအချက်အလက် များကို 2012 ခုနှစ် ၏ မှတ်တိုင် များအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုခြင်း ။

The Most Like of the Year 2012


ဓာတ်ပုံ ကဏ္ဍ :

ရင်ထဲထိတယ်ဗျာ သင်္ဘောသား သင်္ဘောသား
by MSU WEB DEVELOPER

( source : Aug 13 ရက်တွင် MSU @ facebook public page တွင် web developer တစ်ဦး တင်ဆက်ပေးထားသော အထက်ဖော်ပြပါ ဓာတ်ပုံ ဟာ အားလုံးရဲ့ အကြိုက် နဲ့ ထပ်ထူညီမှု ရှိသွားတဲ့ ဓာတ်ပုံ တစ်ပုံလို့ ပြောရပါမယ် ။ 141 ယောက် like နှိပ် ထားပြီး 140 တဆင့် ပြန်လည် share ထားတဲ့အတွက် like နှိပ်သူ အားလုံး နီးပါး လိုလို ပြန် share ကြတဲ့ MSU @ facebook ၏ 2012 ခုနှစ်အတွင်း တင်ဆက်သမျှ ပုံတွေ အားလုံးမှာ အကောင်းဆုံး ပုံတစ်ပုံ အဖြစ် မှတ်တမ်းတင် ဂုဏ်ပြု လိုက်ပါတယ်ခင်ဗျာ ။ အားလုံး ဒီထက် ကောင်းမွန်တဲ့ ပုံတွေ ကို အဖွဲ့မှာ တင်ဆက် ခြင်းဖြင့် 2013 အတွက် ဒီလို မှတ်တမ်းတင် နိုင်လောက်တဲ့ ပုံများ အများကြီး ထွက်ပေါ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ ) ( 141 like this and 140 share and 20 comments ) 
 

Four die, while 12 remain missing as cargo ship sinks near Turkey

Four die, while 12 remain missing as cargo ship sinks near Turkey

via Russia Today

Published: 04 December, 2012, 15:20

Edited: 04 December, 2012, 23:15


One sailor and three rescuers have died during a rescue operation off Turkey’s Black Sea coast, where a cargo ship had capsized. Twelve people – nine crew members and three rescuers – are still unaccounted for.

The vessel went down in stormy waters near Sile, in the Istanbul province.

The Volgo-Balt 199, a cargo ship, was carrying 33 tons of coal from Russia to Antalya. Radio contact with the crew was lost at around 10am local time. Reports differ on whether the crew sent out an SOS signal.

Out of 12 crew members, 11 Russians and one Ukrainian, three sailors were reportedly saved, while one died on the way to hospital.

A rescue operation is ongoing, but is being hindered by harsh weather conditions. The weather caused a lifesaver boat to hit a rock and sink 12 miles off the coast while searching for the crew, say Turkish media. Three rescuers died, while three more are missing.

Another cargo ship, reportedly Russian, with 14 crew on board, had a mechanical failure and was also in danger of sinking in the same area.

The crew reportedly lost control of the ship’s rudder, and the vessel was driven into the shoreline, local station NTV said. Turkish TV showed footage of a second ship also in difficulty amid the stormy conditions.

Istanbul and nearby areas have been battered by strong winds and storms since Monday evening. Sporadic gusts reached speeds of 80 kilometers per hour, tearing off roofs and bringing down trees. Ferry services across the Bosporus Strait were suspended Tuesday due to the severe weather.

သင်္ဘောသားတစ်ယောက်ရဲ့ အတိတ်ကို ပြန်လည်ခံစားကြည့်ခြင်း...



သူ့ ကိုစသိကတည်းက... တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ... ဒီလို ဒါဏ်ရာဒါဏ်ချက်တွေနဲ့ တွေ့ ကြုံလာနိုင်တယ်ဆိုတာကို ကျနော် ကြိုတွေးထားမိတယ်...

ဒါပေမယ့်...

သူ့ ကိုမစွန့် လွှတ်နိုင်ခဲ့ဘူး...

သူက ကျနော့် အတွက်မရှိမဖြစ်တော့ မဟုတ်ခဲ့ပါဘူး...

ဒါပေမယ့်... သူနဲ့ အမြဲလိုလို တွေ့ ဖြစ်ခဲ့တယ်...

သူ့ ရဲ့နွေးထွေးမှူက ဘာနဲ့ မှနှိုင်းယှဉ်လို့ မရလောက်အောင်ပါပဲ...

ဒါပေမယ့်လည်း... အဲဒီ့ နွေးထွေးမှူတွေက...

ရုတ်တရက် ချက်ချင်းဆိုသလို ပူလောင်မှူတွေ ဖြစ်သွားခဲ့တယ်...

ဒီလို ဖြစ်လာနိုင်တယ်ဆိုတာ သိနေပေမယ့်...

ကျနော်.... မျက်စိစုံမှိတ်ပြီး... ရှေ့ဆက်ခဲ့တယ်...

ဦးနှောက်ရဲ့ အသိဥာဏ်... စဉ်းစားဥာဏ်တွေကို....

ကျနော်မသိတဲ့ တစ်စုံတစ်ရာက ဖုံးလွှမ်းသွားတယ်...

လျှပ်တစ်ပြက်... ရေတစ်ပွက် သာသာပါပဲ...

အဲ့လို  တစ်ခဏတာလေးအတွင်းမှာပဲ... သူ ကျနော့်ကို ဒဏ်ရာတွေပေးခဲ့တယ်...

ကျနော့် အတွက် အဲ့ဒီဒဏ်ရာတွေကို ကျော်လွှားပြီး ပုံမှန်ပြန်ဖြစ်ဖို့ အချိန် အတော်ယူခဲ့ရတယ်...

တစ်ခဏတာ အတွင်းသူပေးခဲ့တဲ့ ဒဏ်ရာတွေက...

ကျနော့်အတွက်တော့ တစ်ဘဝစာ ထင်ကျန်သွားခဲ့တယ်...

အဲ့ဒီ့နေ့ ရာသီဥတုက လည်း ကဗျာတွေဝတ္ထုတွေထဲကလို မသာယာခဲ့ပါဘူး...

ပြန်တွေးမိတိုင်း တော်တော်ခံရခက်ခဲ့တဲ့ ခံစားချက်တွေကို ပြန်ခံစားလိုက်ရသလိုပါပဲဗျာ...

စာဖတ်သူတွေလည်းကျနော့်လို အဖြစ်မျိုးနဲ့ မကြုံရအောင်...

နွေးထွေးမှူနောက်ကွယ်က ပူလောင်မှူဆိုတာကို သတိထားကြပါလို့ ...

ဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ ဘဝ သင်ခန်းစာလေးပေါ့ဗျာ...

ကျနော် deck cadet ဘဝ တုန်းက ရေနွေးငွေ့ နဲ့ မောင်းတဲ့ pump (Steam driven pump) တစ်လုံးကို မောင်းဖို့ ပြင်ဆင်ရင်းနဲ့ 

လက်ကို ရေနွေးငွေ့ လောင်ခဲ့တာကို အမှတ်တရ အဖြစ်... လက်က အမာရွတ်လေးကို ကြည့်ရင်း...

ရေးမိရေးရာ ရေးမိပါသည်...

စာဖတ်နေရင်း တစ်ယောက်တည်း ကြိတ်ပြီး လွမ်းဆွေးနေမိတဲ့ တိုက်ဆိုင်တဲ့ သူတွေရှိရင် ခွင့်လွှတ်ကြပါလို့ ... :P
via Navi Kyaw

Monday, November 26, 2012

Sunday, November 25, 2012

မုန်တိုင်းထဲ က ပန်း ပွင့်များ ။




သင်္ဘော စက်သံ ကတစ်ဒုန်းဒုန်း၊ လူသံတွေ၊ ကလေးအော်သ၊ံ ဗီဒီယို ထဲက အသံ
နောက်ဖက် မီးဖိုခန်းကကြော်လှော်သံတွေ ၊ချွေးနံ့၊ အိမ်သာနံ့၊ နေလောင် နံ့တွေ အပြင်..
ထင်းရူးသားသေတ္တာ ဘုံးတွေ ထဲက ဂဏန်း ကောင် အရှင်တွေ ..ရေခဲရိုက် ပလတ်စတစ် ဘုံးတွေ ထဲက ညှီနံ့တွေ ရှူ ရှိက် ရင်း 
င၀န်မြစ် ကမ်းပေါ် က ထိန်ထိန်သာနေသော လ ၀ါဝါ ကြီးကိုငေးကြည့် ရင်းနဲ့
ငါ ဒီမှာဘာလာလ
ုပ်နေလဲဟူသော မေးခွန်းကို ကျနော့် ကိုယ်ကျနော် အကြိမ်ကြိမ်မေးခဲ့ဘူးပါသည်။

ရန်ကုန်မှာ မနက်နိုးရင် အနီးနားက Lucky Seven မှာထိုင်၊ နေ့ လည် ဘက်အားရင် YCDC မှာရေကူး Sauna သွားလိုက် အနှိပ်ခန်းသွားလိုက်၊
ညနေဆို Prome မှာ ဘီယာသောက်လိုက် Golf Club သွား ဂေါက် ရိုက် လိုက် နဲ့ နေနိုင်ရဲ့သား နဲ့အခုလို ငါ့အခြေအနေ ကို မြင် ရင် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ..အသိမိတ်ဆွေတွေ ဘာပြောကြမည်နည်း..ဟု

ဟိုင်းကြီး ကျွန်း ဘက် ဆီသို့ တစ်ဘုတ်ဘုတ် နှင့် ခုတ် မောင်းနေသော
ပြည်တွင်းသွား တစ်ထပ် သင်္ဘောလေး ရဲ့ တစ်ယောက်လှဲစာနေရာ ၀က်ခြံ အခန်းလေးထဲမှာ လဲလျောင်းနေရင်း နဲ့လဲ
ကျနော် မကြာခဏ စဉ်းစား နေခဲ့ဘူးသည်။

သစ်သား နှင့် သံထည် အချို့ရောစပ်ကာ တည်ဆောက်ထားသော မြစ်တွင်းသွား တစ်ထပ် သင်္ဘောကလေးများသည်
ပေ ၉၀ ၀န်းကျင် ခန့် သာရှိတတ်ပါသည် ရေဆူး မှာ လဲ ၈ ပေ ခန့် သာသာ ဖြစ်သည်။
သင်္ဘော၏ စလင် ခန်း တွင်းတွင် ရင်းနှီးသူများ စီးနင်းကာ ၊ အထူးခန်းခေါ် သင်္ဘောသားများ အခန်း များကို သင်္ဘောခ ၂၀၀၀ အပြင်
အခန်းခ ၃၀၀၀ ထပ်ပေးရ သော ပိုက်ဆံ ရှိသူများစီးသည့် အခန်းသေးလေးတွေ ကလည်း သင်္ဘော တစ်စီးလုံးတွင် ၆ ခန်းခံ့ ရှိပါသည်။

ကုန်ပေါက် များ အဖုံး အပေါ်နှင့် သင်္ဘော အရှေ့ ဘက် TV အနီးနား တွင် အမျိုးသမီးများထိုင်ကြလေ့ ရှိသည်..
အနောက် ဘက် ကုန်ပေါက်အပေါ် စက်ခန်းရှေ့ နှင့်အပေါ်စင်ပေါ်တွင် သံဃာတော်များနဲ့ ယောက်ကျားများထိုင်ကြပြီး ၊
ဘေးနစ်ဖက် ၀ဲယာ မှ ခုံတန်းရှည်များတွင် ကြုံသလို ထိုင်ကြရင်း ကုန်တွေ ကိုတော့ ဘေးဘီဝဲယာခုံအောက်များ ခေါင်မိုးနှင့်
သင်္ဘောဝမ်းဘိုက် အတွင်း ကြုံသလို တင် ဆောင် ကြသည်။

နောက်ဘက် သင်္ဘော ဖင်ပိုင်း သင်္ဘော ၏ စက်ခန်းနောက် နားတွင် စားသောက်ဆိုင်ကလေးနှင့်အိမ်သာများ
လူနေခန်းကျဉ်း ၀က်ခြံလေးများ နှင့်အတူ ကုန်ပစ္စည်းများလည်း အဆင်ပြေသလို ထား ရှိပါသည်။

ညနေစောင်း ပုသိမ်မြို့ ဆိပ်ကမ်း မှ ထွက် ကာ ညအိပ် ခရီး ဖြစ်သော မြစ်ဝကျွန်းပေါ် ရေငံပိုင်း ကမ်းရိုးတန်း တံငါ ရွာများဆီ သို့
သွားသော တစ်ခုတည်းသော လမ်းပန်း ဆက် သွယ်ရေး ပြည်တွင်း ကုန်နှင့် ခရီးသည် တင် တစ်ထပ်ရေယဉ် များ၏ သဘောသဘာဝ နှင့်
စီးနင်းလိုက်ပါလာကြသူများ၏ မြင် ကွင်း များပင်ဖြစ်ပေတော့သည်။

ကျနော်သည်... ကမ္ဘာ့နိုင်ငံ မြို့ရွာ နေရာအနှံ့အပြား တွင် သင်္ဘောများ၊ ဖယ်ရီ ၊စက်လှေ၊ မော်တော် ဘုတ်၊ ရေယဉ် ပုံပန်း သဏ္ဍန်
အမျိုးမျိုးတို့ ကို တွေ့မြင်ကြုံတွေ့ဘူးခဲ့ပါသော်လည်း
ကျနော်တို့ မြန်မာပြည် ရဲ့ ဆင်းရဲမွဲတေမှုပြယုဇ် ဖြစ်သည့် အနှီ မြင်ကွင်းတို့ သည် သာ ကျနော့် အတွက်
အလွမ်းပုံပြင် ပမာ အကြိမ်ကြိမ် ခံစားမိသော အကြောင်းရင်း တရားများလည်း ဖြစ်နေ ခဲ့ပါသည်။

ကျနော်သည် စိတ်ကူးအလွန်ယဉ်တတ်သူ လူတစ်ဖက် သား အား စာနာသောစိတ်ထား ဖြင့် ပရဟိတ
လူမှုဝန်ထမ်းကိစ္စများကို အခါအားလျှော်စွာ တစ်တပ်တစ်အားပါဝင် ကူညီ ရန် ရည်သန်ထားသည့် အလျှောက် ...
၂၀၀၆ ခုနှစ် မှ စတင် ကာ တွင် ဘိုးဘွားလက်ငုပ် ..ရေငံပိုင်း ရှိဆားကွင်းများကို အမွေဆက်ခံပြီး
ပင်လယ်ကူးသင်္ဘော ကြီးပေါ်မှာ တာဝန် ၃လ ထမ်းဆောင်ပြီး ၃ လ အနားရခိုက် ကာလများ အတွင်း
မြန်မာပြည် မြစ်ဝကျွန်းပေါ် အောက်ဘက် ခြမ်း တံငါ ရွာငယ်ကလေးများ ဘက်ဆီ သို့ သွားရောက်နေထိုင် ကာ

ကိုယ်စွမ်းရှိ သမျှ ပရဟိတ ၀န်ဆောင် ကူညီပေး ၍ ရလိုရညား ဆောင်ရွက်မည် ..
စီးပွားရေးလုပ်ကိုင်ရင်း ဆင်းရဲသောထို အရပ် ဒေသများတွင် မိမိလေ့လာသိရှိခဲ့သော ပညာရပ် ဗဟုသုတ တို့ဖြင့်
ကူညီပေးမည့် စိတ်ကူး ကို စတင်အကောင်အထည် ဖော်မိပါတော့သည်။

လက်တွေ့ တွင် ထို ကိစ္စ သည် အတော်ခက်ခဲကြောင်းတွေ့လာရတော့သည်။
ထို အရပ်ဒေသတွင် နေထိုင်သူ (အလုပ်သမား လက်လုပ်လက်စား လူတန်းစား) တော်တော် များ များ တို့သည်
ပညာသင်ခွင့် မရ သူများကြ ပါသည်။ ထို့ ကြောင့် ဘာသာရေး အသိဥာဏ် ပါခေါင်းပါးသွား ကြသည်မှာ
ကိုးကွယ်မှု သည် မိရိုးဖလာ အဆင့်တွင် ပင် မရှိချင်တော့ပေ..
ထို့ကြောင့် ဘုန်းကြီးကျောင်းပွဲ ဘုရား ပွဲတော် များတွင် လောက်သာ အပျော်အပါး ရှိပြီး
အလှူ အတန်း ဆိုသည် ထက် စားကြမည် သောက်ကြမည် ဆိုသောအဆင့်မျှသာ ရှိလေတော့သည်။

အဆိုးဆုံး က မိသားစု တော်တော် များများတွင် အခြေတကျ အိမ်ခြေ ယာခြေ မရှိ ကျဘမ်း အလုပ် ကြုံသလိုလှည့် လည်
လုပ် ကိုင်စားသောက်ကြခြင်း၊မိုးအခါ ရေကြည် ငသိုင်းချောင်း အသုတ် ပန်းတနော် များဘက် တွင် စပါးစိုက်ခြင်း၊
နွေ အခါ ...ဟိုင်းကြီး၊ လပွတ္တာ၊ ငပုတော၊ ပြင်ခရိုင၊် ပြင်စလူ များဘက် ဆင်းကာ ဆားလုပ်ငန်း တွင် ၀င်ရောက် လုက်ကိုင်ကြခြင်း တို့ ဖြင့်

မိမိ မိသားစု ဘုစု ခရုတို့ကို ခေါ်ဆောင်ကာ နှင့် ဒံအိုးတစ်လုံး ရေအိုးတစ်လုံး အ၀တ်တစ်ထည် ကိုယ်တစ်ခု
ဖိနပ်ပင် မစီး ဂျစ်ပစီ များသဖွယ် နယ် လှည့်လည်ကာ အသက်မွေးဝမ်းကျောင်းရင်း ဘ၀ ကိုယ် ရှင်သန်နေကြသူများ ဖြစ်ကြလေသည်။

တံငါ သမားများ၍ ဘုရားရှစ်ခိုး အလှူတန်းကုသိုလ် များကင်း ဝေး ကာ
အိမ်တွင် ဘုရားစင်ပင် မရှိသူများပြားသော အလုပ်သမားမားရှိရာ အကုသိုလ် အစုစု တို့ ပေါင်းစုရာ အရပ်ဒေသလည်းဖြစ်သည်
ဟု ကျနော်က ရေး လျင် မကျေနပ် ကောင်း မကျေနပ် ဖြစ် ကြပေမဲ့ မတတ်နိုင်
သူတို့ သားသမီးများ ကလည်းစာမတတ် ဘုရားမရှစ်ခိုးတတ် မွေး ဖွားသည်နှင့် စားဝတ်နေရေး ရုန်းကန်
လှုပ်ရှား ၀မ်းဝရေး ကို ဦးစားပေးကာ ဘ၀တွင် ဦးတည်ရာ မဲ့နေသူများစွာ လည်း ရှိနေသည်ကို တွေ့ရပါသည်။

ထို့ထက် အဆိုးဆုံးမှာ သူတို့ တွင် မွေးစာရင်း၊ သန်းခေါင်စာရင်း နှင့် နိုင်ငံသားကဒ် (သို့) မှတ်ပုံတင် မရှိကြပေ။
(နာဂစ်ကာလ အတွင်း က လူ သိန်း ချီ လူပျောက် စာရင်းဝင်သွားကြ ခြင်းမှာ ထိုသို့ လ၀က စာရင်း မ၀င်ခြင်းကြောင့် ပင် ဖြစ်လေသည်။)
ရခိုင် မှာဖြစ်နေသော လူမျိုးခြားဝင်မှု အသာထားလို့
ကိုယ့်ပြည်မ မှ မြန်မာလူမျိုး များပင် နိုင်ငံ မဲ့ ဖြစ်နေရခြင်းကားမည်သူ့ တွင် တာဝန်ရှိသလဲမေးရ မည်

ထို မိသားစု တို့ အားကယ်တင် မည့် သူမရှိ ဆင်းရဲမွဲတေ မှု ကား ကုန်းကောက်စရာပင် မရှိ သောအနေအထားကြောင့်
ဘာသာခြားများအလွယ်တကူ သိမ်းသွင်းနိုင်ပါသည်။
အုပ်ချုပ် သူ တွေ တန်ခိုးထွားကာ နှင့် ဘာမှ ပြောပလောက် အောင် ပင် ပညာမတတ်သော ရဲ သားများတန်ခိုးထွားသည် ကား
ဆို စရာ မရှိတော့...ချေ

(နာဂစ် ကာလ အတွင်းက ကျနော့်တို့ ဘိုးဘွားပိုင် ရေလုပ်ငန်းများ မှ အလုပ်သမား ၆၂ ဦး အနက် ၅၇ ဦး သေဆုံး သွားသော်လည်း
ယနေ့ အထိ ဆွေမျိုးသားခြင်း မိဘမောင်ဘွား မည်သူ တစ်ဦးတစ်ယောက် ကမှ လာရောက် မေးမြန်း စုံစမ်းခြင်းမရှိသည်က ပင်
မြန်မာနိုင်ငံ ၏ ပြည်တွင်း ကာကွယ်ရေး လ၀က၊ ရဲ နှင့်အုပ်ချုပ်သူလူတန်းစားတို့ ၏ တာဝန်မဲ့ခြင်း
လူသားမဆန်ခြင်းတို့ ၏ ပြယုဒ် များလည်းဖြစ်လေတော့ သည်။

ကျနော် တို့ သင်္ဘောသားတွေ ကြုံ ဘူးကြသည့် ပင်လယ် ပြင် မှာတိုက်သော လှိုင်း မုန်တိုင်းတို့ သည်
လေအရှိုန် မိုင် ၆၀ ၊၇၀ ခန့် ထိုသို့ ကြုံရလျင် ပင် ရေတွင် ပေါ်နေသော အရှိန် ပြင်းပြင်း ခရီး နှင်နေသော ပင်လယ်ကူး သင်္ဘောကြီးတို့
ပင် ကြောက်ခမန်း လိလိ တုန်ခါနေကြ ရုန်းကန် နေကြရလျှင် ..
ရန်ကုန် ကိုမြို့ ကို ဖြတ် သန်းသွားသော လေတိုက်နုံး သည် တစ်နာရီ မိုင် ၁၀၀ ကျော် ဖြစ်ခဲ့ သော
ကျနော်တို့ အလုပ်သမား များရှိရာ ဟိုင်းကြီး ဘက်တဖက် ကမ်း ဆားကွင်း ဘက် တံငါ ရွာများ အား မိုင် ၁၂၀ ဖြင့် ဖြတ်သန်းသွားသော
နာဂစ် ကြီး ၏ ဖျက်ဆီး တိုက်ခိုက် နိုင် စွမ်း ၊လေရေ အရှိန်ဟုန်တို့ကြောင့် ကြုံတွေ ရမည့် ကံကြမ္မာ ရိုင်း ကိုကား ကျနော်
မခံ့မှန်းရဲတော့ပေ.....

ကျနော့် နှင့် လုပ်ဖော် ကိုင်ဘက် ကိုစိုင်း နှင့် အလုပ် သမား ၆၀ကျော် တို့သည် ထိုနေ့တွင် ကံကြမ္မာငင်လေပြီ.
သူတို့သည် ဒီရေ သည်လေ သည် မုန် တိုင်း ၏ ရိုင်းဆိုင်း မှုအောက် တွင် အသက် ရှင် ကျန် နိုင် ရန်
မလွယ်ကူဟု ကျနော့် အိမ်သားများအား ပြောပြ ရန် စကားစရှာမရခဲ့ပေ............ဆက်ရန်

via Yar Zu : MSU WEB DEVELOPER

အနှောက်အယှက် အဟန့်အတားများ



ခလုတ်တိုက်လဲခြင်းသည် ကျဆုံးခြင်းမဟုတ် 

( ပေါ်တူဂီ စကားပုံ ) 

လောကတွင် ဘယ်သူမှ အမှားအယွင်း မကင်းနိုင် ။ အမှားလုံးဝ ကင်းချင်လျှင် ဘာမှ မလုပ်ပဲ နေဖို့သာ ရှိသည် ။ သို့သော် လူ့ဘ၀ ရောက်လာပြီး ဘာမှ လုပ်မသွားဘူး ဆိုလျှင် အဲဒါသည်ပင် လူတကာထက် မှားသည့် အကြီးဆုံး အမှားကြီး ဖြစ်သွားလိမ့်မည် ။

ထို့ကြောင့် အလုပ်လုပ်ရလိမ့်မည် ။
လမ်းလျှောက်သောသူ ခလုတ်တိုက်သလို အလုပ်လုပ်သောသူသည် တခါတရံ အမှားအယွင်း ကြုံရမည် ။ အမှား၏ဒဏ်တွေလည်း ခံရမည်သာ ဖြစ်သည်။

သည်အတွက် စိုးရိမ်စရာမလိုပါ ။ ဒါသည် လောက၏ ဓမ္မတာ တစ်ခုသာ ဖြစ်သည် ။ ရာသီဥတု ဟူသည် အမြဲမသာယာ ဆိုးသည့်အခါ ဆိုးသလို ၊ ဘ၀မှာလည်း မုန်တိုင်းထန်သည့်အခါတွေ ရှိပေဦးမည် ။ သို့သော် သည်လေဒဏ် မိုးဒဏ် မုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခံရင်းပင် လူက ရင့်ကျက်ဖွံ့ဖြိုးရသော သဘောရှိသည် ။

မီးဒဏ် တူဒဏ်ကို နာနာခံပြီးမှ အသားကောင်းသော ဓားတစ်ချောင်း ဖြစ်လာသည် ။ လှိုင်းကြမ်းလေကြမ်းကို အကြိမ်ကြိမ် ဖြတ်သန်းပြီးမှ ကြံ့ခိုင်ကျွမ်းကျင်သော သင်္ဘောသားကောင်း ဖြစ်လာသည် ။ အခက်အခဲ အကျပ်အတည်းတွေသည် အတွေ့အကြုံနုနယ်သူ လုလင်ငယ်တစ်ဦးအား ရင့်ကျက်ထက်မြက်သော ယောက်ျားကောင်းတစ်ဦး အဖြစ်သို့ ပြောင်းလဲပေးနိုင်သော စွမ်းအားရှိကြ၏ ။

သို့သော် အခက်အခဲတွေအပေါ် ထားရှိသည့် တစ်ဦးချင်း၏ သဘောကတော့ အရေးကြီးသည် ။ မတော်တဆ ခြေချော်ကျသည်ကို ငါကျဆုံးပြီဟု မြင်၍ မရ ။ ခလုတ်တိုက်လဲသည့်နေရာမှာ ဆက်လှဲနေမှ တကယ် ကျဆုံးခြင်း ဖြစ်သည် ။

ထို့ကြောင့် ၊ လူ၏ စွမ်းရည်ကို ခလုတ်တိုက် လဲခြင်း မလဲခြင်း နှင့် ဆုံးဖြတ်၍မရ ၊ ခလုတ်တိုက်လဲပြီး ပြန်ထ မထ ဟူသော အချက်ဖြင့်သာ ဆုံးဖြတ်၍ ရနိုင်သည် ဟု ဆိုကြခြင်းဖြစ်သည် ။ နောက်တစ်နေ့တွင် စတိုးဆိုင်တွဲ လုပ်ငန်းရှင် သူဌေးကြီး ဖြစ်လာမည့် ( Frank Woolworth ) ကုန်စုံဆိုင် စဖွင့်တော့ ငါးဆိုင် တွင် သုံးဆိုင်က အရှံးပေါ်သည် ။ သို့သော် သည်လုပ်ငန်းကိုက်မှာမဟုတ်ဘူး ဟူ၍ သူနောက်ဆုတ်မသွား ။ နည်းနာတွေ ပြုပြင်ကာ ဆိုင်အလုပ် ကို ဆက်လုပ်သည် ။ သည့်နောက်တော့ သူ့ဆိုင်တွေ ထင်ရှားအောင်မြင်လာပြီး အမေရိကန် ပြည်အနှံ့မှာ ဆိုင်ခွဲတွေ မှိုလိုပေါက်သည်အထိ ဖြန့်ကျက်နိုင်ခဲ့သည် ။

သည်လူတွေက အနှောက်အယှက် အဟန့်အတား ကို ပဓာန မထား ၊ ကိုယ့်ခရီး ကိုယ်ဆက်နိုင်အောင်သာ အားထုတ်ကြိုးပမ်းတတ်သူမျိုး ဖြစ်သည် ။ သူတို့ကို မအောင်မြင်အောင် တားဆီးထား၍ မရ ။ သူတို့ရှေ့မှာ ခလုတ်ကန်သင်းတွေ ၊ သစ်တုံးကျောက်ခဲတွေ မည်မျှ ချထားထား သူတို့ စိတ်ပျက်မသွား ။ ဒါတွေကိုပင် လှေကားထစ်များပမာ နင်းတက်သွားဦးမည် ဖြစ်သည် ။

အခက်အခဲ ကြောင့် နောက်တွန့် မသွားကြသူတွေမှာ အဓိက အားက ရည်မှန်းချက်ခိုင်မာခြင်း ဖြစ်သည်။ ပန်းတိုင်ကို သူတို့ အာရုံထဲတွင် ရှင်းလင်းစွာ မြင်ထားပြီး ယင်းပန်းတိုင်သို့ ချီတက်ရန် လမ်းကြောင်းများ ၊ လုပ်ငန်းအစီအစဉ်များ လည်း တိတိကျကျချထားပြီး ဖြစ်ရာ ၊ အတွန်းအထိုး အတိုက်အခိုက်တွေကြောင့် လဲတာ ပြိုတာ ရှိချင် ရှိမည် ဖြစ်သော်လည်း ဘေးဘီသို့ ကား တိမ်းချော်ကွေ့ကောက်သွားခြင်း မရှိ ။ တွေ့သမျှ အတားအဆီးကို ကျော်တန်ကျော် ၊ ဖောက်တန်ဖောက်ထွင်းကာ အဖြောင့်အတိုင်း ချီတက်မြဲ ချီတက်ဖြစ်လေသည် ။

စွန်ဆိုသည်မှာ လေစုန်တွင် မတက် ၊ လေကို ဆန်၍သာ တက်စမြဲဟူသော စကားရှိရာ ၊ ရည်မှန်းချက် စွဲမြဲခိုင်မာသူတို့မှာလည်း စွန်များနည်းတူ အခက်အခဲ တွေများလေ ယင်းတို့ကို ထိုးဖောက် ကျော်လွားကာ ပို၍ မြင့်မားသော အောင်မြင်မှု ဆုလာဘ်တွေကို ရရှိလေ ဖြစ်ချေသည် ။ ။

ဆရာ ဖေမြင့် ၏ အားပြင်းသော မြှားတစ်စင်း စာအုပ်မှ

အောင်မြင်ရေးသမားများအတွက် ထက်သန်နိုးကြားရေးစာများ

ကို မူရင်းအတိုင်း ကူးယူ တင်ပြပေးခြင်း ဖြစ်ပါသည် ။ :)

Tuesday, November 20, 2012

နားခိုခွင့်... ( MSU POEM )

နားခိုခွင့်... အနမ်းတွေနဲ့ သိပ်ပျော်ခဲ့ဖူးသပေါ့... အလွမ်းတွေနဲ့ အိပ်မပျော်ဘူး...အချစ်ရေ... ပင်လယ်... သမုဒ္ဒရာ..အစင်းစင်းဖြတ်.. မတ်တပ်ရပ်..ဆိုခဲ့သောသီချင်းများ... မိုင်ထောင်ချီ...ဟိုးအဝေး မင်းလေးကြားစေသား.... ကြားနေကျ...ချစ်စကားသံချိုချိုများ... ကပိုကရိုနဲ့...လှပတဲ့နံနက်ခင်းများ... ခုတော့... ထုသားပေသားကျနေတဲ့...တမ်းတခြင်းများ... အိပ်မက်ထဲမှာတောင်... လွမ်းဖျားလွမ်းနာကျနေတုန်း.... လေပြေကိုကျောခိုင်းလို့ မုန်တိုင်းမျှော်ခဲ့သူလေ... ဖော်မဲ့တကိုယ်ရေရွက်လွှင့် မျှော်လင့်တုန်းပေါ့ မနက်ဖြန်များ ချစ်တဲ့သူရင်ခွင်ကြား နားခိုခွင့်။ ။ via Kyaw Thura ( MSU @ facebook member )

လှိုင်သာယာမှ စဥ့်အိုးတန်းသို့ ရေယာဉ်ခရီးစဉ်သစ် ဖွင့်ပွဲကျင်းပ

လှိုင်သာယာမှ စဥ့်အိုးတန်းသို့ ရေယာဉ်ခရီးစဉ်သစ် ဖွင့်ပွဲကျင်းပ

 November 14, 2012
ဌာနဆိုင်ရာသတင်း, ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ လှိုင်သာယာ (ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်း) ဆိပ်ကမ်းမှ ရန်ကုန်-စဥ့်အိုးတန်း ဆိပ်ကမ်းသို့ တံလျှပ် ရေယာဉ် ခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲရေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက် (၇)နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်း ဆိပ်ကမ်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ဦးတင်အောင်နှင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားမှူး ဦးဝင်းဖေ၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဆက်လက်ထွက်ခွာခဲ့ရာ နံနက်(၇း၄၅)နာရီတွင် ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ညနေ(၅)နာရီတွင် စဥ့်အိုးတန်း မှ ပြန်လည်ထွက်ခွာပြီး လှိုင်သာယာသို့ ညနေ (၆) နာရီတွင် ရောက်ရှိပါမည်။ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၅၀ိ/၊ နိုင်ငံခြားခရီးသည် တစ်ဦးလျှင် (၂)ဒေါ်လာကောက်ခံပါမည်။ ခရီးစဉ် တံလျှပ် ရေယာဉ်၏ အတိုင်းအတာများမှာ အလျား (၉၄ ) ပေ ၊ အနံ (၂၂)ပေ ၊ စောက် (၇) ပေ (၆) လက်မ၊ ကုန်တန်ချိန် (၅၀)တင်ဆောင်နိုင်ပြီး ခရီးသည်မှာ (၂၈၀) ဦး လိုက်ပါစီးနင်းနိုင်ကြောင်းနှင့် လှိုင်သာယာမြို့နှင့် အင်းစိန်မြို့အနီး တစ်ဝိုက်မှ ခရီးသွားများ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးသွားချိန်ကြာမြင့်ခြင်းကို ရေကြောင်းလမ်းမှ စရိတ်သက်သာ၊ အချိန်ကုန်သက်သာစွာဖြင့် ခရီးသွားလာနိုင်ရေး ဦးတည်ရည်ရွယ် ပြေးဆွဲပေးခြင်းဖြစ်သည်။

 via The Transport News Journal

Workship Skills Training : Vaccancy Announcement

WISE WISH Marine Engineering Training Centre

Workship Skills Training : Vaccancy Announcement

1. Job Title :Demonstrator (Electrical, Electronic & Control Shop)

2. Required Experience : Retired Electrician or Retired E/O or
Experience electronic and control engineer

3. Education : Must have Marine Electrical COC (or) Elec
t: Dip
( or ) Elect:Degree
4. No age limit

Contact Address:
WISE WISH Marine Engineering Training Centre
No (5), Say Soe Street, (E/A) Block, Thingangyun Township, Yangon.
(Near Dental University, Bus (62) Gate, Than Thu Mar Road)
Contact Number:
Training Centre Ph: 09- 49246117 ( 09:00 - 15:00) Weekdays.

MSU POEM

အချိန်တန်အိမ်ပြန်ရမှာပါပဲတဲ့
ဇိမ်ခံရမှာဘယ်အချိန်မှလဲ
တခါတရံ နှိမ်ခံနေရတာတော့အမှန်ပါ
နှိမ်ခံရတာ ကြိမ်ဖန်များလာသော်လည်း
အချိန်တန်အိမ်ပြန်ရမှာပဲဆိုတဲ့ အတွေးနဲ့
ငြိမ်ခံနေခဲ့ရတာလည်းကြာလှပေါ့
သြော်...စိန်သံပတ္တမြားတွေလည်း မလိုချင်တော့ပါဘူး
တိမ်ယံအထက်ဖျားဆီကိုတော့ ကြိမ်ဖန်အချက်များစွာ ပျံသန်းပြီး
အိမ်ပြန်အကွက်ဇယားကိုပဲ ရေးဆွဲချင်မိပါတော့တယ်။

by Theik Di
via Zarni Tun : MSU WEB DEVELOPER

မြန်မာ..သဘောင်္သားနှင့်.. အနာဂတ်..အလုပ်အကိုင်အခွင့်အလမ်း..။

SELF INTERVIEW
။။။။။။။။။။။။။။
မြန်မာ..သဘောင်္သားနှင့်.. အနာဂတ်..အလုပ်အကိုင်အခွင့်အလမ်း..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြဿနာ..တစ်ခုကို..စဉ်းစားတဲ့..အခါမှာ..ဇစ်မြစ်ကို.ကျကျနန..စဉ်းစားမယ်..။ ဘက်ပေါင်းစုံက..မြင်မယ်..။ စေတနာထား..သုံးသပ်မယ်..ဆိုရင်တော့..။ ဖြေရှင်းရမဲ့လမ်း..။ပေါ်လာမှာပါ..။ ပေါ်လာယုံနဲ့..မပြီးသေးပါ..ဘူး.အကောင် အထည် ဖော်ရဦးမှာပါ..။ ဝေလေ..လေ..ဆိုပြီး..အော်နေတဲ့..လေနဲ့ချည်းမရပါ..ဘူး..၊ လုပ်
ကြရအောင်လို့..ဆော်သြနေယုံနဲ့..မရပါဘူး..။

အကောင်အထည်ဖော်ဆောင်မှုဆိုတဲ့..လက်လည်းပါရဦးမှာပါ..။ ကိုယ်တိုင်..ကိုယ်ကျ..၀င်လုပ်ကြရပါမယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်က..သာမာန်..ကျောင်းဆရာတစ်ယောက်ပါ..။ အရေးမပါ..အရာမရောက်တော့..ဘယ်သတင်းထောက်မှ..လာမမေးပါဘူး..။ဘယ်သူမှ..လာမမေးလို့..

ကိုယ့်ဖာသာမေးပြီး..ကိုယ့်ဖာသာ..ဖြေထားတာလေးတွေ..ကို..ခပ်တည်တည်နဲ့..တင်လိုက်ပါတယ်..။ မနှစ်သက်ရင်..ရီမောလိုက်ပါ..။ အတွေးလေး..တစ်ခု..ရသွားရင်. ကြေနပ်ပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေး..။ မြန်မာသဘောင်္သားတွေအတွက်...အနာဂတ်မှာ..အလုပ်အကိုင်..အခြေအနေ..ကောင်းလာစရာရှိပါသလား..



ဖြေ..။ လာမဲ့..တစ်နှစ်..နှစ်နှစ်အတွင်းမှာ..မရှိနိုင်ပါဘူး..။

ကမ္ဘာ့စီးပွားရေးနဲ့..ရေကြောင်းကုန်သွယ်မှုကဏ္ဍမှာ..သိသိသာသာ..တိုးတက်မှု..ပြောင်းလဲမှု..မရှိသလို. သဘောင်္သစ်တည်ဆောက်မှု..ကိန်းဂဏန်း..က..ပုံမှန်ဖြစ်ပါတယ်..။

နောက်တစ်ချက်က..မြန်မာ.သဘောင်္သား..အများစု..ရဲ့..Professional Qualification, English Language, Mind Set, စတာတွေကလည်း.. သဘောင်္ပိုင်ရှင်တွေ ကြိုက်လောက်အောင်..၊ ခေါ်ယူချင်လောက်အောင်.၊ ထင်ထင်မြင်မြင်.. တိုးတက်လာမှုမရှိသေးတာကြောင့်..ပါ..။

အရင်အတိုင်းပါဘဲ..။ လစာများများ..လိုချင်တယ်..၊ အလုပ်သိပ်မကြိုးစားချင်..ဘူး..၊ ဆိုတဲ့သူက.. အများစု..ရှိနေတုန်းပါဘဲ..။

အဲဒီအချက်က..Professional Image ကို..တက်မလာစေပါဘူး..။ ဒီတော့.. Job Opportunity နည်းပါတယ်..။ အလုပ်အကိုင်ဈေးကွက်ထဲ..မှာ..”မြန်မာတွေ.တော်တယ်.ဆိုပြီး ဖြစ်လာမှ.မြန်မာ.ဆို.ခေါ်မယ်”..ဖြစ်လာမှာပါ..။

နံမည်ကောင်းရဘို့..တည်ဆောက်ယူရပါမယ်..။ အခုက..ကျွန်တော်တို့..အကိုတွေရဲ့..နံမည်အရှိန်နဲ့..ကျွန်တော်. တို့..လုပ်စားနေခဲ့တာပါ..။ အရှိန်..မကုန်ခင်..ပြန်တင်ဘို့..လုပ်ရတော့မဲ့..အချိန်ရောက်နေပါပြီ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေး..။အလုပ်အကိုင်အခွင့်အလမ်း..တိုးတက်လာဘို့.. ဌာနဆိုင်ရာတွေက..ဘယ်လို..ဆောင်ရွက်သင့်ပါသလဲ..။



ဖြေ..။လက်တွေ့ကျကျပြောရမယ်ဆိုရင်.ဒီကိစ္စက.ဌာနဆိုင်ရာတွေက.လုပ်ပေးနိုင်တဲ့.အနေအထားမဟုတ်ပါဘူး။

လုပ်ပေးနိုင်တယ်လို့..ပြောနေရင်..၊ ထင်နေရင်..မှားပါတယ်..။ ဘယ်ဘက်ကပဲ..ထင်ထင်ပါ..။



အလုပ်ရှင်တွေများများ..လာခေါ်မှ..အလုပ်အကိုင်အခွင့်အလမ်း.က..များလာမှာပါ..။ အလုပ်ရှင်တွေ..သဘောကျလောက်တဲ့..အရည်အချင်းတွေရှိလာအောင်..လုပ်ဖို့က.ပြောနေလို့.မရပါဘူး..။ လုပ်ပြရမှာ..ဖြစ်ပါတယ်..။ ကာယကံရှင်တွေ. သဘောင်္သားတွေကိုယ်တိုင်က..မိမိ ရဲ့..Professional Spirit.. မြှင့်ဘို့..တာဝန်ယူစိတ်.၊ တာဝန်သိစိတ်ရှိဘို့..။ ကိုယ်ယူထားတဲ့..ရာထူး..လစာနဲ့..ထိုက်တန်တဲ့.ကျွမ်းကျင်မှု..ပြနိုင်ဘို့..က..ပထမအရေးကြီးဆုံးပါ..။



ဈေးကွက်ထဲမှာက..တစ်ခြားနိုင်ငံသားတွေလည်း..ရှိနေတယ်လေ..မြန်မာ..လူမျိုးတစ်မျိုးထဲမှ..မဟုတ်တာ..။

ဈေးခြင်းတူရင်..သာတဲ့သူကို..သုံးမှာပေါ့..။ လူချင်းတူရင်..ဈေးပေါတာ.ကို...သုံးမှာပေါ့..၊ ဒါက..ကမ္ဘာဦးကထဲက..ရှိခဲ့တဲ့..စီးပွားရေးသီအိုရီဘဲ..။

ညံ့ညံ့လေးတွေကို..ဈေးကောင်းပေးပါလို့..အော်နေလို့..၊ ညံတာလေးတွေကို..သုံးကြပါလို့..၊တောင်းဆိုလို့..

ရတာမျိုး..မှ..မဟုတ်တာ..။

ကျောင်းတစ်ကျောင်းရဲ့..1st Batch က..အလုပ်၊ စိတ်ဓါတ်၊ တာဝန်ယူမှု..မှာ..စံပြလုပ်ပြရင်..နောင်ညီလေးတွေ.. ကိုပါ..အလုပ်ရှင်.ကုမ္ပဏီက..ခေါ်ဘို့..စိတ်ကူးလာမှပေါ့..။

အခု..လက်တွေ့မှာ..ကိုယ့်တက်ခဲ့တဲ့..ကျောင်းတော်ကြီးရဲ့..ဂုဏ်သိက္ခာ..ကို..ထိန်းတဲ့သူ.အရေအတွက်က..နည်းလာ..ဟန်..တူရဲ့..။



ညံ့တာတွေကို..တော်အောင်အရင်လုပ်ရမှာ..ကျောက်ရိုင်းတွေကို..သွေးလိုက်မှ..တန်ဘိုးတက်သလိုပေါ့.။



ဒါပေမဲ့..သွေးနေတဲ့..ကျောက်က..လမ်းခင်းကျောက်ဆိုရင်တော့.လည်း.တန်ဘိုးတက်မလာနိုင်ပါဘူး..။ ဒါကို..လည်း..မေ့ထားလို့..မရပါ..။



အလုပ်အကိုင်.အခွင့်အလမ်းကို..ဌာနဆိုင်ရာတွေက..တိုက်ရိုက်..မဖန်တီးနိုင်ပေမဲ့..Quality Control ကိုတော့..ဌာနဆိုင် ရာတွေက..လုပ်ရပါ့မယ်..။

Quality ကောင်းတဲ့..နိုင်ငံတစ်ကာအဆင့်..ရေကြောင်းပညာရှင်တွေ..များလာရင် ရေရှည် မှာ..အလုပ်အကိုင်အခွင့်အလမ်းကောင်းလာမှာပါ..။ ချက်ခြင်းမမြင်နိုင်ပါ..၊ စောင့်ရမှာပါ..။ သစ်ပင်စိုက်သလို..ကြာပါ့မယ်..။



Quality ကောင်းလာဘို့က..ကျောင်းတွေမှာ..သမာရိုးကျ..လမ်းဟောင်း သင်ကြားမှု..ကနေ..ပြောင်းရပါ့မယ်..။ ခေတ်မီတဲ့..စနစ်ကိုပြောင်းရပါမယ်..။ Multimedia တို့..Power Point တို့.. CBT တို့.. Simulator..တို့..။ သုံးရပါမယ်..။

စည်းကမ်းပိုင်းမှာ..တင်းကြပ်ဘို့..လိုပါတယ်..။ စစ်ရေးပြလေ့ကျင့်ရေးကို..နေပူလောင်မှာ..စိုးလို့..အသားမဲမှာ..စိုးလို့..ထီးဆောင်းပြီး..ဘယ်ညာ..နင်းနေတာ..။ ကျောင်းသား..အပြစ်မဟုတ်ပါဘူး..။ ခွင့်ပြုထားတဲ့..ဆရာ..တွေရဲ့..အပြစ်ပါ..။

နိုင်ငံတိုင်းရဲ့..ရေကြောင်းဘက်ဆိုင်ရာ..ကောလိပ်..တက္ကသိုလ်တွေ..အားလုံးမှာ.. (ကိုရီးယား..ပူဆန်တက္ကသိုလ်..၊ မလေးရှားက..ALAM.၊ ဥရောပက..ကျောင်းတွေ..) Merchant Navy ကျောင်းသားတွေဟာ..ရှေ့တစ်လက်မ..နောက်ပြောင်..ဗိုလ်ကေနဲ့..ယူနီဖောင်းနဲ့..လေ့ကျင့်ပေးတာပါ..။

နံကထိုင်လေးကို..လျော့လျော့လေးစီး..ကိုရီးယား..F4 မင်းသား..ကေ..လေးနဲ့.. ဘယ်ခြေထောက်က.. ညာခြေထောက်ကို..နွဲ့နွဲ့လေး..ကွေ့ပတ်ရင်း..လမ်းလျှောက်နေတဲ့..ကျောင်းသားတွေကို..မြင်တော့..ရင်ထားမှာ.. မကောင်းဘူး..၊ သူတို့အတွက်ကော..သူတို့..မိဘတွေအတွက်ပါ..ကြားက..စိတ်ပူမိတယ်..။

တကယ့်လုပ်ငန်းခွင်မှာက..ကျားကျားလျားလျား..မာမာထန်ထန်..လှိုင်းနဲ့.လေနဲ့..သက်စွန့်ဆံဖျား..လုပ်ကြရမှာ.။

လုပ်ငန်းခွင်ထဲမှာ..အဆင်မပြေကြမှာ..စိတ်ဆင်းရဲကြမှာ..ကို..မြင်ယောင်မိရဲ့..။



နောက်တစ်ချက်က..စာသင်ကြားမှုရဲ့..မဏ္ဍိုင်.တစ်ခုဖြစ်တဲ့..Teaching Staff တွေထဲ..မှာ.. လက်တွေ့.အတွေ့အကြုံရှိ.လုပ်ငန်းအတွေ့အကြုံရှိ..ဆရာ.. ခါးဆက်ပြတ်နေပါတယ်..။ ဆရာ..ဆိုတဲ့..အသက်မွေးဝမ်းကျောင်းကို..ရွေးချယ်သူ..နည်းလာပါတယ်..။ အထူးသဖြင့်..ကျောင်းဆရာ..တွေ..တစ်ဖြေးဖြေးနည်းလာ..နေပါတယ်..။

မှားယွင်းခဲ့တဲ့..စနစ်ရဲ့..အကျိုးဆက်အနေနဲ့..တစ်ကျပ်ဆရာ..က..ငါးမူး..တပည့်တွေ..မွေးထုတ်..။ ငါးမူး..တပည့်.တွေ...ဆရာဖြစ်လာတော့..။ တမတ်..တန်..တပည့် တွေ..မွေးထုတ်..၊ စတဲ့..ဖြစ်စဉ်က.. မရပ်သေးပါဘူး..။ လည်နေတုန်းပါ..။ ရပ်အောင်ဘာတွေ..လုပ်နေကြပြီလဲ..။ မေးဘို့..လုပ်ဘို့..လိုနေပါတယ်..။



ရှေးစကားပုံရှိပါတယ်.. “ဆရာ့ထက်..တပည့်လက်စောင်းထက်.” .တဲ့..။ တစ်ကျပ်ဆရာ..ရဲ့..တပည့်တွေက..ငါးမတ်..ဖြစ်လာမှ..တိုင်းပြည်တက်လာမှာပါ..။

အဲဒီ..ဆရာ..ခါးဆက်ပြတ်..ပြဿနာ.ကို..ဘယ်သူမှ..အရေးကြီးတယ်..မထင်ကြပါဘူး..။ နောက်ပြီး..

တိကျ.ရေရာတဲ့..ပေါ်လစီလည်း.မမြင်ရ..သေးပါဘူး.။ အဲဒီတော့..မျှော်တာတောင်.. ဝေးနေ..ပါသေးတယ်..။



Professional Field တွေမှာ..Professional Experienced ရှိတဲ့..ဆရာတွေ..များများလိုပါတယ်..။ အခု..ရေကြောင်း..တက္ကသိုလ်မှာရော..ရေကြောင်းကောလိပ်မှာပါ.. ၁၀% အောက်မှာဘဲ..ရှိပါတယ်..။ ဒါ..ပိုပို..သာသာ..ပြောထားတာပါ..။

ကျောင်းမှာ..ရှိတဲ့..ဆရာ.ဆရာမတွေကို.Sea Time/Sea Service ရအောင်..COC holder တွေဖြစ်အောင်..စီစဉ်မလား..။

ဒါမှမဟုတ်..Sea service ရှိသူတွေကို..ကျောင်းလာချင်အောင်..လုပ်မလား..။ တစ်ခုခုတော့..လုပ်ရမှာပါ..။



ကျွန်တော်တို့.ကို..တစ်ချို့..လူကြီးတွေ..၊ Academic သက်သက်ဘက်က..လာတဲ့..ဆရာတွေ..ဆရာမတွေ..က.. အထင်လွဲတတ်ပါတယ်..။ ကျွန်တော်တို့က..ဒီ.Field မှာ..သိပ်နေရာယူချင်..လွန်းတယ်..လို့..။ သူတို့လည်း..လုပ်ရင်လည်း..ဖြစ်ပါတယ်..တို့..စသဖြင့်ပေါ့..။ မှန်ပါတယ်..လုပ်ရင်ဖြစ်ပါတယ်..။ မလုပ်ဘဲနဲ့..ပြောနေလို့.က..တော့..မဖြစ်ပါ..။ စာတွေ့..သက်သက်သာရှိတဲ့..ဆရာ..မှာ..အားနည်းချက်..သေချာပေါက်..၂၀၀%လောက်..ရှိပါတယ်..။

ဆရာလူထုစိန်ဝင်းက..ပြောပါတယ်..။ အင်္ဂလိပ်စာသိပ်ကျွမ်းတဲ့..လူတစ်ယောက်..Surgery လက်စွဲကျမ်းကို.ကြည့်ပြီး..ခွဲစိတ်ရင်..လူနာကောင်းလာ..မလားလို့..သေသွား..မလားလို့..မေးဘူးပါတယ်..။ မဖြေပါနဲ့..၊

ငါသာ..လူနာဆိုရင်..အခွဲခံရဲလားလို့..တွေးပါ..။

စာတွေ့..အရေးကြီးသလို..လက်တွေ့..အတွေ့အကြုံလည်း..အရေးကြီးပါတယ်..။ ဘယ်ဟာက..သာတယ်လို့.ငြင်းနေတာ..မဟုတ်ပါဘူး..။ ကောင်းဘို့.လုပ်ဘို့...မြင်တာကို..ပြောတာပါ..။

နောက်တစ်ချက်က..ယနေ့ခေတ်..

စာသင်ကြားမှု..ဆောင်ရွက်နေရတဲ့..Work Load ကတော်တော်ကြီးပါတယ်..။ အဲဒါ့အပြင်...ဒီနေ့ခေတ်မှာ.. IMO တို့.. ISO တို့..Auditable ဖြစ်ရမယ်ဆိုတာ..တို့..နဲ့..အတူ..Documentation တွေ..ကပ်ပါလာပါတယ်..။

တကယ်လုပ်နေရတဲ့..သူတွေရဲ့..အနေအထားကို. တာဝန်ရှိသူ.များက.. သဘောမပေါက်ကြ တာ.. မကူညီကြ.တာကလည်း.. အခက်အခဲ.တစ်ခုပါ.။ Teaching Staff သာလိုတာမဟုတ်ပါ..ဘူး.. သူတို့ကို.. ကူမဲ့..Staff တွေ.ပါ..လိုအပ်ပါတယ်..။

နောက်..အခက်အခဲတွေက..ဘတ်ဂျက်..Teaching Aids, Library, Reference books.၊ နိုင်ငံခြားငွေ..သုံးစွဲခွင့်..စတာ..တွေပါ.ပါတယ်...။



။။။။။။။။။။။။။။။။။။။။။။။။။။။။။



မေး..။ Local Representative ဌာနေကိုယ်စားလှယ်တွေက..ရော..လုပ်ပေးလို့..မရဘူးလား..။



ဖြေ..။ ရှင်းရှင်းပဲ..ပြောပါ့မယ်..မရပါ.ဘူး..။ ရတယ်ထင်ရင်..လုံးဝ..မှားပါတယ်..။

ဥပမာပေးရရင်…စာရေးက..သူဌေးကို..ခိုင်းလို့..မရပါ.။ လုပ်ငန်းရှင်ရဲ့..လိုအပ်ချက်ကို..ဌာနေကိုယ်စားလှယ်က..ဖြည့်ဆည်း..ဆောင်ရွက်ပေးရသူပါ..။ သူ့လုပ်ပိုင်ခွင့်က..အရမ်းနည်းပါတယ်..။ တစ်ချို့ဆို..နိုင်ငံခြား.သဘောင်္ကုမ္ပဏီရဲ့..Crew Manager ကို..ဆရာတင်.ထားရတဲ့..အနေအထားပါ..။ သူ့ လိုင်းက..လူခေါ်ရင်.သုံးရင်..၊ သဘောင်္သား…ဆီ က..သူတောင်းလို့..ရမဲ့.မုန့်ဘိုး.ထဲက၊ ဘယ်ရွေ့..ဘယ်မျှ..ပူဇော်ပသပါ့မယ်လို့..အောက်လေ.လေး နဲ့.. ကျို့ထားရပါတယ်..။

အမှန်အကန်..လုပ်ခ..လစာနဲ့..တရားဝင်..ဌာနေကိုယ်စာလှယ်..အဖြစ်လုပ်နေသူ..အရေအတွက်..တော်တော် နည်းပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



မေး..။ သဘောင်္သားတွေ..အလုပ်အကိုင်ရတာ..နည်းတာ..DMA က..စာမေးပွဲတွေကြောင့်၊ စာမေးပွဲတွေ..

ခက်လို့..ဆိုပြီး..ပြောတဲ့..အသံတွေကြားရပါတယ်..။ ဟုတ်ပါသလား..။



ဖြေ..။ တော်တော်..ဂွကျတဲ့..မေးခွန်းပါ..။

ဒီကလေး..ယားနာပေါက်မှာပေါ့..သေသွားတဲ့..သူ့အဖိုးက..သစ်ပင်တက်တာ..၀ါသနာပါတာကိုး..ဆိုသလိုပါဘဲ.။ဘာမှမဆိုင်ပါဘူး.။

တစ်နေ့ကဘဲ..ကျွန်တော့် သင်တန်းကျောင်းလေးကို..လာလည်တဲ့..သဘောင်္လောကထဲက.. မိတ်ဆွေ.. တစ်ချို့နဲ့..ပြောဖြစ်ပါတယ်..။ သူက..အပေါ်က..လေ..အတိုင်းပြောလာလို့ပါ..။

ကျွန်တော်..Examiner လုပ်ခဲ့ဘူးပါတယ်..။ ရံဖန်ရံခါမှာ..လူအင်အားလိုတဲ့..အခါမှာ..External Examiner အနေနဲ့..သွားကူပါတယ်..။ ရေကြောင်းကောလိပ်မှာလည်း...ဆရာ.Visiting Lecturer.လုပ်ပါတယ်..။ လုပ်ဆဲပါ..။ အပျော်..၀င်..လုပ်နေတာမဟုတ်ပါဘူး..။ တကယ်လုပ်နေတာပါ..။

စာသင်သူ..လုပ်ပါတယ်..။ စာစစ်သူလုပ်ပါတယ်..။ ကိုယ်တိုင်လည်း..ကျောင်းသား..လုပ်ခဲ့ပါတယ်..။ ကျောင်းသားများနဲ့လည်း.ယနေ့...ထိတွေ့နေ ပါတယ်..။ ဆိုလိုတာက..အကြားတွေကို..ပြောမှာမဟုတ်ပါဘူး..။ ထိတွေ့မြင်သိတာတွေကို..ပြောပါ့မယ်..။

အနိုင်ရဘို့..ငြင်းချင်တယ်ဆိုရင်တော့..။ ကျွန်တော်..ငြင်းဘို့..အချိန်မပေးနိုင်ပါ.ဘူး..။ ပြဿနာ..ကိုအဖြေရှာတာ..ဆိုရင်တော့..ပြောချင်ပါတယ်..။ ဆိုတော့..သူက..လက်ခံပါတယ်..။ ကျွန်တော်သူ့ကို..မေးခွန်းလေးတွေ..အရင်မေးပါတယ်..။

(၁) အရင်က..ဆယ်တန်းမှာ..၁၅% အောင်တယ်..အခု..၅၀% အောင်တယ်..။

အခုခေတ်လူတွေ..အရင်လူတွေထက်တော်လာတာလား..။အင်္ဂလိပ်စာတွေ..ပိုကောင်းလာကြတာလား..။

(၂) MOT Exam အင်ဂျင်နီယာဘက်မှာ..အရင်က..အောင်ချက် ၅% ကနေ..၁၅% ရှိတယ်..။ ယနေ့..3E

အောင်ချက်ဟာ..၄၀%ကနေ..၇၅% ထိရှိတယ်..။

အခုခေတ်လူတွေ..အရင်လူတွေထက်တော်လာတာလား..။

(၃) အောင်ချက်တွေ..ဒီထက်တိုးဘို့..အမှန်တစ်ကယ်လိုအပ်နေပြီလား..။

(၄) အောင်ချက်% တိုးတာနဲ့..အလုပ်ခန့်ထားမှု..များလာမယ်လို့..ဘယ်သူက..ဘာကြည့်ပြီး..ပြောတာလဲ..။

(၅)အရည်အချင်းမပြည့်သူတွေ..အောင်တာများလာ.ခဲ့.ပြီး..လက်တွေ့လုပ်ငန်းခွင်ထဲ..၀င်သွား..တဲ့..အခါမှာ..

ရလာမဲ့.ဖြစ်လာမဲ့..အကျိုးဆက်တွေက..အလုပ်အကိုင်အခွင့်အလမ်းကို..တိုးစေမှာလား၊ လျော့စေမှာလား..။



သူကျွန်တော်မေးတာတွေကို..မဖြေပါဘူး..။ မိတ်ဆွေလည်း..မဖြေပါနဲ့..တွေးပါ..။



ကျွန်တော်..ဆက်ပြောပြပါတယ်..။

ယနေ့ခေတ်..လူငယ်တွေက..IQ မြင့်ပါတယ်..။ Calculation ကောင်းပါတယ်..။ အရင်လူတွေက..Sea time ပြည့်နေတာတောင်..နေဦး..ငါ့အတွေအကြုံက..လိုသေးတယ်..ဆိုပြီး..သင်္ဘောထပ်လိုက်ပါသေးတယ်..။ အခုက..လက်ပတ်နာရီကြည့်ပြီး..သဘောင်္လိုက်တာပါ..။ အချိန်စေ့ပြီ..။ဒေါင်..ဆိုတာနဲ့..ဆင်းလာတာပါ..။စာမေးပွဲဖြေဘို့..လုပ်တော့တာပါ..။

Certificate is Money လို့..မြင်ထားသူတွေ..အများကြီးရှိနေတာပါ..။

Life Boat ထဲမှာ..ရှိတဲ့..ပစ္စည်းတွေကို.. (အမည်နဲ့ပစ္စည်းတွဲပြီး) မသိတဲ့.. Second Mate ကြုံခဲ့ဘူးပါတယ်..။

Air Compressor ကို..Generator Engine လို့..ပြောတဲ့..3E ရှိနေပါတယ်..။ အားလုံးကို.ပြောတာ..မဟုတ်ပါ.။

ကြိုးစားတဲ့..လူငယ်တွေ..ရှိဆဲပါ..။ ရာခိုင်နှုန်း..တော်တော်..နည်းလာတာတော့..၀မ်းနည်းစရာပါ..။

ကိုယ့် Professional ကိုတန်ဘိုးမထားဘဲ.. ငွေရလွယ်တဲ့..အလုပ်အဖြစ်..ပေါ့ပေါ့တန်တန်..သဘောထားတဲ့.. လူငယ်တွေ..ရှိလာနေတာကို..၀န်ခံ ကြ..ရမှာပါ..။

တနေ၀င်ရင်..တရာ ၀င်ပြီ. ..(ဒေါ်လာတစ်ရာ).ဆိုပြီး..အလုပ်ကို..အချိန်ဆွဲ..လုပ်တဲ့..ပြီးစလွယ်..လုပ်တဲ့.. ၊ လေ့လာဆည်းပူးမှု..မရှိတဲ့..၊ မင်းအဆင့်နဲ့..ဒါလေးကို..မလုပ်တတ်ဘူးလားလို့..မေးတဲ့အခါ.. မခံချင်စိတ်မမွေးဘဲ..၊ ခံချင်စိတ်ဘဲ..မွေးထား..တဲ့..အရာရှိငယ်တွေ.. အင်ဂျင်နီယာငယ်တွေ.. ရှိနေတယ်လို့..ပြောရင်.၊ ဘယ်သူငြင်းနိုင်မလဲ..၊ ဒီလူတွေဟာ..မိမိ Professional Image ကို.မြှင့်တင် နေသူတွေလား..၊ ထိခိုက်အောင်..လုပ်နေသူတွေလား..၊ အလုပ်အကိုင်အခွင့်အလမ်းတိုးအောင်လုပ်နေတာလား..လျော့အောင်လုပ်နေတာလား..။

။။။။။။။။။။။။။။။။။။။။။။

2E စာမေးပွဲဖြေသူဟာ..3E အောင်ပြီး..အင်ဂျင်နီယာအနေနဲ့..sea service ရှိပြီးသားသူပါ..။ စာမေးပွဲမှာ..မေးတဲ့..GEK, General Engineering Knowledge တို့.၊ MEK, Marine Engineering Knowledge ဆိုတာက..တံတားဆောက်တာ..၊ ၀ါးဂွမ်းစက်ရုံအကြောင်းမေးတာ..မဟုတ်ပါဘူး..။ သဘောင်္ပေါ်မှာရှိတဲ့..အသုံးပြုခဲ့တဲ့..မောင်းခဲ့တဲ့..စက်ယန္တရား..နဲ့..စနစ်တွေကို..မေးတာပါ..။

ရေးဖြေမှာ.၊အဖြေလွှာပေါ်မှာ.ပုစ္ဆာနံပါတ်..1.2.3. နံပါတ်တော့..ရေးသွားတယ်..။ A.b.c. စာတစ်လုံးမှ..မရေးသွားပါဘူး..။စာရွက်အလွတ်..တွေချည်းဘဲ..အပ်သွားတဲ့..ပုဂ္ဂိုလ်တွေ..ရှိလာပါတယ်..။

တစ်ပွဲတိုး..စပေါ့ရိုက်ကျက်မယ်..။ တိုးရင်..အောင်မယ်..။ မတိုးတော့လည်း..ဘာဖြစ်လဲ..ဆိုတဲ့.. သဘော ကို..အဲဒီမှာ..တွေ့နိုင်သလို..။ အင်ဂျင်နီယာတစ်ဦးအနေနဲ့..သဘောင်္ ပေါ်မှာ..ဘာမှ..မလုပ်ခဲ့ဘူး..နေသာသလို.. နေခဲ့ တယ်..ဆိုတာကို..လှစ်ပြလိုက်တာပါ..။

Professional Pride ဆိုတာ..ဂျိုနဲ့လား..ဆိုတဲ့သူမျိုးတွေပါ..။

ပြီးရင်..အဲဒီလို..လူမျိုးတွေက..ဘဲ..ကျွန်တော်..စာမေးပွဲဖြေတာ..၆ကြိမ်ရှိပြီတို့..ဘာတို့..တိုင်တတ်..ကြားတတ် ပါတယ်..။



ကျွန်တော်တို့..စာမေးပွဲတွေမှာ..Penalty System ရှိပါတယ်..။ ဖြေဆိုမှု..ညံ့လွန်းရင်..စာမေးပွဲ..ဖြေဆိုခွင့်..တစ်ကြိမ်ရပ်ဆိုင်းတယ်..။ နောက်တစ်ခေါက်ကျော်မှ..ဖြေပါ..။

Sea Service ပြန်ယူပြီးမှ..ဖြေပါ..ဆိုတာမျိုးကို..Resault Sheet မှာ..ရေးပေးပါတယ်..။ ကျောင်းသားတွေက..တော့..ပိန္နဲသီးကျွေးခံရတယ်..လို့ခေါ်ပါတယ်..။

ကိုယ့်..အသက်မွေးဝမ်းကျောင်းကို..အလေးအနက်မထား..စော်ကားတဲ့သူ..၊ နှိမ့်ချ..ဖျက်ဆီးသူကို..ပိန္နဲသီး..လောက်နဲ့..မရဘူး..ဒူးရင်းသီးကျွေးရမှာလို့..ကျွန်တော်..စာသင်ခန်းထဲမှာ..

ပြောဘူးပါတယ်..။ သစ်ပင်ကို..ခုတ်တဲ့..ပုဆိန်ရိုးက..သစ်သားနဲ့..လုပ်ထားတာ..ဆိုတာကို.မေ့မထားပါနဲ့..။

။။။။။။။။။။။။။။။။။။။။။။။

မေး..။ စာမေးပွဲ..တွေကို..လွယ်လွယ်..မေးသင့်လား..။



ဖြေ..။ ကျွန်တော့်အမြင်မှာ..မလုပ်သင့်ဘူး..ရေရှည်ပြဿနာကို..ရှေရှည်စဉ်းစား..ကိုယ်တွယ်သင့်တယ်..။

Teaching ပိုင်းကို..မြှင့်ရမယ်..။ ပန့်ပိုးရမယ်..။ Teaching ပိုင်းနဲ့..Exam ပိုင်းမှာ.နားလည်မှု..ကူညီရိုင်းပင်းမှု ရှိရမယ်..။ အပြန်အလှန်..အချက်အလက်ဖလှယ်ရမယ်..။ ကျောင်းသားက..ကျွဲနှစ်ကောင်ခတ်တဲ့ကြားက..မြေဇာပင်မဖြစ်သင့်ဘူး..။ ကျောင်းသားကလည်း..စာမကျက်..အလုပ်မလုပ်ဘဲနဲ့..မြေဇာပင်လေးတွေကို..သနားကြပါလို့..ထ.ထ..အော်နေလို့မရဘူး..။ လုပ်သင့်တာ..လုပ်ရပါ့မယ်..။ (အခုလက်ရှိမှာ..စာသင်တဲ့..ကျောင်းနဲ့..စာစစ်တဲ့..ရုံးကြားက..ဆက်ဆံရေး..ကောင်းပါတယ်..။)

သားသား..စာမေးပွဲဖြေမယ်..၊ သားသားကို..မေးခွန်းပေး..ဆိုတာမျိုး..မလုပ်သင့်တော့..ပါ..ဘူး..။ မုန့်ခွံကျွေးတာ..စောင့်နေတဲ့.သူက...ဘယ်က..လာ..ပညာရှင်ဖြစ်ပါ့မလဲ..။

စာနားမလည်ရင်မေးသင့်တယ်..။ Dictionary ကြည့်ရာမှာ..ပျင်းလို့..ဆရာကို..မေးတာတော့.. မေးသင့်..မမေးသင့်..ကိုယ့်ဘာသာ..စဉ်းစားဘို့ကောင်းနေပါ..ပြီ..။



တန်းခုန်ခိုင်းရာမှာ..၄ပေလောက်ရှိတဲ့တန်းဆိုရင်..ခုန်ဘို့အတွက်..ပြင်ဆင်တာ..လေ့ကျင့်တာ..လုပ်ရမှာပါ..။ ကျော်သွားနိုင်သူရဲ့..အရည်အချင်းက..မသေးပါဘူး.။



၆လက်မလောက်..အမြင့်ရှိတဲ့..တန်းဆိုလို့..ကတော့..လူတော်တော်များများက..တင်ပါးလေး..လိန်ကျစ်..လိန် ကျစ်.တွန့်လျှောက်ပြီး.ဂန်ဒူး.ကျော်နည်းလေးနဲ့.ကျော်သွားမှာပါ..။ တစ်ဘက်ကျော်သွားပေမဲ့..လမ်းလျှောက်ရင်း ခဲနဲ့..ခလုပ်တိုက်မိရင်..သွပ်ပြား.ကို..ခဲကြီးက..လာတိုက်တယ်..အဟင့်..အဟင့်..နဲ့..ငိုမှာပါ..။

ဟိုး..အမြင့်ကြီးတွေကနေ..ကျွန်တော့်.အမျိုး..လေး..စောင်မ..ပေးပါ..ဆိုတာတွေလည်း..မလာသင့်..တော့ဘူး..။

တိုင်စာကို..အရေးယူသင့်ပေမဲ့..ပစ်စာတွေ..ကိုတော့..လစ်လျှူရှုသင့်ပါတယ်..။ အခြေအနေမှန်ကို..တာဝန်ရှိသူများက..သိသင့်ပါတယ်..။ သိအောင်လည်း..လုပ်ရမှာပါ..။ တစ်ခါတစ်ရံမှာ..၀န်ထမ်းတွေဟာ..တစ်ကယ်..လုပ်ရမဲ့.လုပ်သင့်တဲ့.အလုပ်တွေကို..ပစ်ပြီး.၊ ပစ်စာကို..ရှင်းနေရတာတွေ.. ရှိပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။



မေး..။ စာမေးပွဲတွေကို..(၂)လ..တစ်ခါ..(၃) လ..တစ်ခါ..လုပ်သင့်တယ်လို့..မြင်ပါသလား..။



ဖြေ..။ မြင်ပါတယ်..ဗျာ..။ ဖြစ်နိုင်ရင်..တစ်လ.တစ်ခါ..လုပ်သင့်ပါတယ်.။ ဒါမှ..ကျသွားတဲ့..ကလေးတွေ..မြန်မြန်..ပြန်ဖြေနိုင်..မယ်..။ ကမ်းနားမှာ..စောင့်ရမဲ့..ကာလတွေ..နည်းမယ်..။ ကုန်ကျစားရိတ်တွေ..မထောင်းတော့ဘူးပေါ့..။

ဒါပေမဲ့..အဲဒါက..Examiner တွေလုပ်လို့..မရဘူး..။ နိုင်ငံတော်က..လုပ်ပေးရမှာ..။

ကျွန်တော်လုပ်ခဲ့ဘူးတဲ့...Engine Dept: ဘက်မှာ..ဟိုး..အရင်က..CE exam ဖြေသူ..(၁၅) 2E exam ဖြေသူ (၂၅) 3E exam ဖြေသူ (၅၀)..လောက်ရှိပေမဲ့..။

ဒီနေ့ခေတ်တွေမှာ..CE exam ဖြေသူ (၅၀) , 2E exam (၁၂၀) 3E exam (၃၀၀)..ဆိုတာမျိုးဖြစ်လာတော့..။ ရေးဖြေစစ်ရတာ..နှုတ်ဖြေစစ်ရတာမှာ..အချိန်တွေ..အလုပ်တွေ..အဆများစွာပိုလာပါတယ်..။ အတိုင်းအတော..တွေရှိတဲ့..အတွက်..Answer Paper ကို..နောက်တစ်ဖွဲ့က..Counter Check ထပ်စစ် ရ ပါတယ်..။ အလုပ်..အဆင့်တွေလည်း..ပိုလာပါတယ်..။ ဒီတော့..လက်တွေ့မှာ.ပိုကြာလာပါတယ်..။

Deck Dept ဘက်မှာ..ပိုဆိုးတယ်.လို့..ကြားပါတယ်.။



(၁) Examiner အရေအတွက်..တိုးမလာသေးပါဘူး..၊ အရင်..နှစ်(၂၀)လောက်က..အတိုင်းပါဘဲ..။

(၂) Examiner တွေဟာ..တစ်ခြား..ရုံး..အလုပ်တွေ..ရှိပါသေးတယ်..။စာမေးပွဲ..တစ်ခုထည်း..လုပ်ရတာ

မဟုတ်ပါဘူး..။ တစ်ခြား..ရုံးအလုပ်တွေလည်း..ခေတ်ကာလ..အလျှောက်..တိုး..နေပါတယ်..။



ဒီတော့..ကြာနေဦးမှာပါ..။ Examiner လူအင်အားတိုးရင်…ရမယ်ဆိုပေမဲ့.. ဘယ်လိုလူတွေ..တိုးမှာလည်း..တကယ်အလုပ်လုပ်နိုင်မဲ့သူတွေ..ရနိုင်မှာလား..။ လာမဲ့သူ..ရှိလား..။ ရှိသူက..Qualified ဖြစ်ရဲ့.လား..။ ကြယ်ငါးပွင့်ကလည်း..နိုင်ငံပိုင်ဌာန..မဟုတ်တော့တဲ့..အတွက်..DMA ရဲ့..ပညာရှင် Resources ကို..ဘယ်က..ပြောင်းယူကြမှာလဲ..။ စဉ်းစားကြရမဲ့..အချက်ပါ..။ မေ့ထားလို့..မရပါ..။ ပြင်ပသဘောင်္လိုင်း..က..ရေကြောင်းပညာရှင်တွေကို..၀န်ထမ်းရွေးချယ်ရေး (PSC) ကနေ..ခေါ်မှာလား..။ တစ်ချိန်မှာ..ကြုံရမဲ့..ပြဿနာအကြီးကြီး..တစ်ခုပါ..။ နောက်မကျခင်..စဉ်းစားသင့်.ပါတယ်..။

။။။။။။။။။။။။။။။။။။။

မေး..။ အောင်ချက်မြင့်မားလာဘို့..၊ ရေကြောင်းလောကမှာ..ကျွမ်းကျင်ပညာရှင်တွေ..ပေါ်ထွန်းလာဘို့.. ဘယ်လို..လုပ်ရမယ်..ဆိုတာ..ပြောပြပေးပါ..လား..။



ဖြေ..။ ဟုတ်ကဲ့..အခြေခံပညာရေးစနစ်ကို..အရင်..စပြင်ရပါ့မယ်..။

တချိန်ထည်းမှာဘဲ..အဆင့်မြင့်ပညာရေး..လည်း..လိုက်ပြင်နေရပါမယ်..။ တော်ရိ..ရော်ရိ..တူးထား.. စီထားတဲ့..မဆလာမပါတဲ့..အုတ်မြစ်ပေါ်မှာ..တိုက်အမြင့်ကြီး..ဆောက်လို့..မရပါဘူး..။

ကျွန်တော်တို့..ဆရာများကလည်း..Well Prepared လုပ်ထားတဲ့..Lesson Plan နဲ့..Lecture Notes နဲ့..စာသင်သင့်ပါတယ်..။ အတွေ့အကြုံတွေ..လျှောက်ပြောနေလို့..မရတော့ပါဘူး..။



တိုင်းပြည်..တို့..၊ ကိုယ့်အသက်မွေးဝမ်းကျောင်း..တို့..၊ တာဝန်ဝတ္တရားတို့..ဆိုတာဟာ..ချစ်ရမဲ့..တန်ဘိုးထားရမဲ့..အရာတွေ..ပါ..။

အဲဒါကို..စာသင်ခန်းထဲမှာ..လူကြီးအရွယ်တွေကို..သင်ပေး..နေရပါတယ်..။



လက်ရှိအနေအထားက..၊ ကျွန်တော်တို့..ပြောင်းလဲမှုရဲ့..အဆင်..ကို..မြင်နေရတာပါ..။

အသွင်..ပြောင်းဘို့..၊ အနှစ်သာရ..ပြောင်းဘို့..က..၊ တော်တော်လေး..လုပ်ကြရဦးမှာပါ..။

အပေါ်က..စပြီး..လုပ်မှ..အောက်ကလည်း..လိုက်လုပ်လို့..ရမှာပါ..။

။။။။။။။။။။။။။။။။။





မေး..။ ခင်ဗျားတို့..ရေကြောင်းပညာရေး..က..နိုင်ငံအတွက်..ဘယ်လောက်အရေးပါ..တယ်လို့..ထင်ပါသလဲ..။



ဖြေ..။ ထိပ်တန်းလို့..မပြောလိုပါဘူး..။ ခပ်ညံ့ညံ့..မဟုတ်ဘူး..ဆိုတာတော့..ပြောချင်ပါတယ်..။

လွန်ခဲ့တဲ့..ဆယ်နှစ်က.ဆောင်းပါးတပုဒ်မှာ..ဖတ်မိ..မှတ်မိတာလေး..ပြောပါ့မယ်.။

ဖိလစ်ပိုင်မှာ..Mariners တွေက..နိုင်ငံကို..ပြန်ပို့တဲ့..Hard Currency က..တစ်နှစ်ကို.. ဒေါ်လာသန်းလေးထောင် ကျော်ပါတယ်..။ အခု..ဆို..တွေးကြည့်..နိုင်ပါတယ်..။

Natural Resources is limited, Human resources is unlimited တဲ့..။ ကျောက်မျက်ရတနာ..ရောင်းတာ..၊ကျွန်းသစ်ရောင်းတာ..ထက်..ရေရှည်မှာ..နိုင်ငံကို..အကျိုးပြုမဲ့..လုပ်ငန်းပါ..။



မေး..။ တစ်ခြား.အကြောင်းအရာ..လေးတွေကော..ဆရာ့ကို..မေးလို့..ရမလား..ခင်ဗျာ..။



ဖြေ..။ ဟုတ်ကဲ့..၊ ဖြေချင်ပါတယ်..။

ဒါပေမဲ့..မိန်းမချက်တဲ့..ထမင်းလေး..စားချင်လို့.. ဒီမှာဘဲ..ရပ်လိုက်ပါတော့မယ်.။ ခွင့်လွှတ်ပေးပါ.နော်..။

။။။။။။။။။။။။။

ဝင်းအောင်

၁၅၆၆၈

iPIRB (individual position indicating rescue beacon)

EPIRB ထက်ပိုကောင်းတဲ့ iPIRB (individual position indicating rescue beacon) ဆိုတာမကြာခင်သဘောင်္တွေပေါ်သို့ရောက်လာပါတော့မယ်..သူ့ရဲ့အားသာချက်တွေက EPIRB တွေလိုအရွယ်အစားမကြီးမားဘဲ သယ်ဆောင်ရလွယ်ကူပါတယ်တဲ့...အရေးအကြောင်းသဘောင်္နစ်လို့ရှိရင် life-jacket ဝတ် iPIRBကိုင်ပြီး ခုန်ချလိုက်ပါ...ကိုယ်ရဲ့position ကို iPIRBကအတိအကျဖော်ပြပေးပါလိမ့်မယ်......

via navoski : MSU WEB DEVELOPER

Workshop Skills Training

Workshop Skills Training ဖွင့်ပြီ။ဒီနေ့သတင်းစာမှာကြော်ငြာထားတာပါ။နာမည်ကMercury training centre;ဖုန်း - ၂၉၄၄၂၀ ၊ ၂၀၁၄၆၄ ၊ ၀၉၄၂၁၁၆၅၆၅၆ ။ နေရာကဒေါပုံသဘောင်္ကျင်းဝင်းလို့ပဲရေးထားပါတယ်။ကျွန်တော်စုံစမ်းကြည့်တော့သင်တန်းကြေးသိန်း၂၀လို့ပြောပါတယ်။သင်တန်းကာလကတော့၆လ၃ပတ်ပါ။

via Kyaw Soe Han : MSU @ facebook member

Port State Control - A Guide for Members on Scribd !!

Port State Control - A Guide for Members

Stop Oil Pollution on Scribd !

Stop Oil Pollution

I.S.M Code 10 Min Guide

I.S.M Code 10 Min Guide

Maritime Ebooks and Software Collections

1. ဒါလေးကိုကြိုက်ကျမယ်လို့ထင်ပါတယ်၊ CES 4.1 ပါ။ Word file မှာ ကီး ပါပါတယ်။ ရုရှားစာလုံးတွေကိုနားလည်ချင်ရင်တော့ Ace Translator, Babylone တို့ လိုမျိုး ဘာသာတော်တော် များများကနေ English ကိုဘာသာပြန်ပေးတဲ့ Software တွေကိုသုံးပါလို့ (မသိသေးသူများအတွက် သာလေကြောရှည်မိပါသည်)
LINK:  Click here to download the Software !


2. SHIPBOARD AUTOMATIC IDENTIFICATION SYSTEM DISPLAYS ကို Download လုပ်ရခက်နေရင် ဒီကနေယူလိုက်ပါ -
LINK:  Click here to download the book!

3. IMO Ship's Routeing 8th Edition ပါ -
Link: Click here to Download the book !!!




4. RADAR SIMULATOR Software လေးပါ။ Windows XP နဲ့ဘဲရပါလိမ့်မယ်။


LINK:  Click here to download Software!




5. Maritime Progress Book ပါ၊( IMO symbol , safety poster ...etc)
LINK:   Click here to Download !!!

6. ကျွန်တော် လွန်ခဲ့တဲ့နှစ်တွေက Internet မှာ Surfing လုပ်ရင်းနဲ့ သူ့နိုင်ငံ သူ့လူမျိုး သဘောင်္သားတွေ တိုးတက်ရေးအတွက်လုပ်ထားကြတဲ့ forum တွေ ကိုစမ်းတ၀ါးဝါးနဲ့ရောက်ခဲ့ပါတယ်၊ အဲဒီတုန်းက အော်... ငါတို့ဆီမှာလည်း ဒီလိုအကျိုးပြု forum တွေရှိရင်ကောင်းမှာဘဲလို့တွေးမိခဲ့ပါတယ်။ မိမိအနေနဲ့လဲ စပီး အကောင်အထည် မဖေါ်တတ်လေတော့ အတွေးမှာဘဲေ၀၀ါးပျောက်ကွယ်ခဲ့ရပါတယ်။ ခုတော့ Myanmar Seamen Union လိုမျိုး ဖြစ်ပေါ်လာတာကိုတွေ့ရတော့ အတော့်ကို ၀မ်းသာမိခဲ့ပါတယ်။ သိလို့ဒီကိုရောက်ခဲ့တာတော့မဟုတ်ပါဘူး၊ Internet မှာ စမ်းတ၀ါးဝါး လမ်းသလားရင်း တွေ့လိုက်ရတာပါ။
ဘာကိုဘယ်လိုလုပ်ရမယ်မသိတော့ SHOUT BOX ကနေ ကျွန်တော်သိထားတဲ့ Link တွေကို တင်တာပေါ့။
အရမ်းကို မြင်ချင်တဲ့ အရာကိုမြင်လိုက်ရတာကိုး၊ လုပ်မိတော့တာပေါ့၊ ဒီမှာဘဲ အီးမေးနဲ့ ပေးပို့လို့ရတယ် ဆိုလို့လဲ ပို့တာပေါ့၊ အ၇မ်းကိုပို့ချင်နေတာလေ၊ ဖိုးပို့ချင်ဆိုပါတော့၊ ဆရာ Hlaing Pyae ကိုအရမ်းကျေးဇူး တင်ပါ တယ်။ ကျွန်တော်ကို Blogger လုပ်တတ်သွားအောင် Invite လုပ်ပေးတယ်လေ၊ Scribe.com မှာ ဆရာစုဆောင်းထားတာတွေကိုလည်း ကျွန်တော်တွေ့ခဲ့ download လုပ်ခဲ့တာကြာခဲ့ပါပြီ။ ကျေးဇူးကျိတ်တင်နေခဲ့တာပါ။ ခုတော့အွန်လိုင်းကနေကျေးဇူးတင်ပါကြောင်းပြောခွင့်ရလိုက်ပြီလေ။ အဲဒီမှာလည်း bear7 ဆိုတဲ့nick name နဲ့ကျွန်တော်upload လုပ်ထားတာတွေရှိပါတယ်။   လူတွင်ကျယ် ကိုစာတတ်ကြီး လုပ်တာတော့ မဟုတ်ပါဘူး၊ အချိန်ကုန် ငွေကုန် ကျန်းမာရေးထိခိုက်မှန်းမသိထိခိုက် ခံပီး သဲကြီး မဲကြီး မိမိအတွက် Essential, Non-essential ခွဲခြားမနေဘဲ Surfing လုပ်ရင်း တွေ့ထားသမျှတွေ ကို SHARE ပေးတာပါ ဆိုတာကိုပြောပါရစေ၊ ဘယ်အရာမဆို မသိရင်ခက်တယ်မဟုတ်ပါလား၊ သိသွားရင်တော့ easy going ပေါ့၊ အရာအားလုံးကိုတော့ ပြီးပြည့်စုံအောင် မသိနိုင်ပေမဲ့လည်း သိသမျှကို Share ပေးတာပါ။ ဒီလိုသူသိ ကိုယ်သိတွေကို share ကျရင် ဘယ်လောက်တောင်ကောင်းလိုက်သလဲဗျား။ သိထားတာတွေထပ်တူကျနေရင်လဲ ဘာဖြစ်လဲ၊ ကိုယ့်အတွက်မလိုပေမဲ့လည်း လိုတဲ့သူတော့ ရှိအုံးမယ် မဟုတ်လားနော်။
" MYANMAR SEAMEN UNION " အဓွန့်ရှည်တည့်တံ့ခိုင်မြဲပါစေ လို့လှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ ဆုတောင်းပါတယ်။

ဒါကတော့ Stability and Trim for the ship's officer ဆိုတဲ့စာအုပ်ပါ-
LINK: Click here to Download !!!

7. ဒါလေးကတော့ CHART WORK ပါ-
LINK:   Click here to Download !!!


Thursday, November 15, 2012

Maritime Ebooks List !

Union ကနေခုလိုဖိတ်ခေါ်လို့ လေးစားစွာနဲ့ကျေးဇူးတင်ရှိပါတယ်၊ အင်တာနက်မှာတွေ့ရှိထားသမျှတွေကို အချိန်ရတာနဲ့အမျှညီနောင်များကို လက်ဆင့်ကမ်းပေးပါမယ်။ မိမိရဲ့ကွန်ပျူတာနဲ့Certificateတွေအားလုံးသူခိုးအခိုးခံရပြီး အရမ်းကိုစိတ်ညစ်နေလို့ အင်တာနက်တောင်သိပ်သုံးဖြစ်မယ်မထင်တော့ပါဘူး။

ဒီ link ကတော့ ဖေါ်ပြပါ ပုံ ခေါင်းစဉ်အတိုင်းဘဲဖြစ်ပါတယ်။ အဆင်ပြေစွာနဲ့ဒေါင်းနိုင်ကြပါစေ။
click here to download!!!


နောက်ထပ် link တစ်ခုကတော့ -
Nautical Chart User's Manual ဖြစ်ပါတယ်။ အရင်ကတော့ မိမိ download လုပ်ထားပြီးသားပါ၊ ခုတော့ ခုတော့ အားလုံးကို တစ်ကစပြန်ဒေါင်းရပါတော့မယ်၊ 500 Gb external HDD ပါ ခိုးရာပါသွားလေတော့ အကုန် ကုန်ပါပြီဗျား။ မိမိဒေါင်းရင်းနဲ့ ဒေါင်းသမျှအားလုံးကို မျှဝေပေးသွားပါမယ်၊


Link:  click here to download

ဒါလေးလဲလိုအပ်ကြလိမ့်မယ်လို့ထင်ပါတယ်-

Link: click here to download !!!

Link တွေက click လို့မရရင် copy လုပ်ပီး Search engine ရဲ့ box တွေထဲကိုထည့်ပြီးဒေါင်းရင်ရသလို ဒါမှမဟုတ် မိမိတို့ gtalk မှာတယောက်နဲ့တယောက်စကားပြောတဲ့ပုံစံအတိုင်း link ကိုထည့်လိုက်ပြီး enter ခေါက်လိုက်ရင် ဒီလင့်ကactive ဖြစ်သွားပီး တိုက်ရိုက် gtalk boxထဲမှာအပြာရောင်လေးနဲ့ပေါ်လာမှာဖြစ်ပြီး Mouse Cursor ထောက်လိုက်ရင် လက်ပုံပေါ်လာမှာဖြစ်ပါတယ်။ click လိုက်ရင် မီဒီယာဖါးယား ဆီရောက်သွားပါလိမ့်မယ်၊ သိသူများအတွက်တော့မရည်ရွယ်ပါဘူးနော်၊ တချို့မလုပ်တတ်မှာ စိုးလို့သာ လေကြောရှည်မိတာပါ၊ နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်။

ဒါလေးလဲ အသုံးဝင်ကြမှာပါ-


Link: click here to download

မရှိသေးရင်တော့ ဒေါင်းပေါ့-

Link:  click here to download !!!

ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ပြန်ပါတော့မယ်၊ သုံးစရာကိုယ်ပိုင်စက် မရှိတော့လေတော့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေလို့..