နားခိုခွင့်...
အနမ်းတွေနဲ့ သိပ်ပျော်ခဲ့ဖူးသပေါ့...
အလွမ်းတွေနဲ့ အိပ်မပျော်ဘူး...အချစ်ရေ...
ပင်လယ်...
သမုဒ္ဒရာ..အစင်းစင်းဖြတ်..
မတ်တပ်ရပ်..ဆိုခဲ့သောသီချင်းများ...
မိုင်ထောင်ချီ...ဟိုးအဝေး
မင်းလေးကြားစေသား....
ကြားနေကျ...ချစ်စကားသံချိုချိုများ...
ကပိုကရိုနဲ့...လှပတဲ့နံနက်ခင်းများ...
ခုတော့...
ထုသားပေသားကျနေတဲ့...တမ်းတခြင်းများ...
အိပ်မက်ထဲမှာတောင်...
လွမ်းဖျားလွမ်းနာကျနေတုန်း....
လေပြေကိုကျောခိုင်းလို့
မုန်တိုင်းမျှော်ခဲ့သူလေ...
ဖော်မဲ့တကိုယ်ရေရွက်လွှင့်
မျှော်လင့်တုန်းပေါ့ မနက်ဖြန်များ
ချစ်တဲ့သူရင်ခွင်ကြား
နားခိုခွင့်။ ။
via Kyaw Thura ( MSU @ facebook member )
No comments:
Post a Comment