Showing posts with label Satire. Show all posts
Showing posts with label Satire. Show all posts

Monday, November 25, 2013

သင်္ဘောသား မိသားစုဝင်များ ၏ အိပ်ဖွင့်ပေးစာ

ပါရမီဖြည့်ဖက် မှ MSUသို့ ပေးပို့ ပါသည်။

ကျမလည်း အချို့ comment တွေကိုဖတ်ပြီး MSU ကို စာတွေမပို့တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါပေမယ့် အရက်သမား တွေလိုဘဲ ” ဒီအချိန်ရောက်ရင် ငါ့စိတ်တွေ ဖောက်ဖောက်လာတယ် ”။ စနေနေ့ည အိပ်ယာဝင်ပြီဆိုရင် မနေနိုင်တော့ဘူး။ အဲဒီစိတ်က ကျွန်မကို တော်တော်အိပ်ရေးပျက်စေပါတယ်။ နောက်ဆုံးတော့ သူဘဲ အနိုင်ရသွားပါတယ်။ ဒါကြောင့် MSU ရေ ထပ်ပို့လိုက် ပြန်ပြီနော်။

ဒီတခါရေးချင်တာကတော့ သင်္ဘောသားမိသားစုတိုင်းကြုံဖူးမည့် အခက်အခဲတစ်ခုအကြောင်းပြောချင်ပါတယ်။ ဘာလဲဆိုတော့ ရာထူးတိုး စာမေးပွဲ ကို ဖြေနေစဉ်ကာလအတွင်း တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေပါ။

ကျွန်မတို့ လင်မယားနှစ်ယောက် အဲဒီကာလမှာ အရမ်းရန်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ပိုက်ဆံကြောင့်လို့ ပြောရင်ရပါတယ်။ တော်တော် လေးကို တော်ခဲ့တဲ့ ပါရမီဖြည့်ဖက်နော်။

ကျွန်မတို့ ကလေးနှစ်ယောက်ရပြီး သူ စာမေးပွဲတစ်ခုဖြေခဲ့ပါတယ်။ စာမေးပွဲအောင်ဖို့ အတွက် ၂ နှစ်ကျော်ကျော်လောက် အချိန်ယူခဲ့ရပါတယ်။ ကျွန်မရဲ့ လခနဲ့ လည်း အသုံးစရိတ်အားလုံးအတွက် မလောက်နိုင်။ အခြားစီးပွားရေးလည်း မရှိ။ သင်္ဘောမလိုက်တာ ၂ နှစ်နီးပါးလောက် ကြာတော့ ပိုက်ဆံအိတ်က တော်တော်ပိန်နေပြီပေါ့။ အမှန်အတိုင်း ပြောရရင် ပိန်တာမဟုတ်ပါဘူး ပြားပြီး မရှိတော့တာပါ။

ကျွန်မအနေနဲ့ ပိုက်ဆံအတွက် ပူစရာမလိုဘူးလို့ ထင်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အတူနေမိဘများက ကျွေးထားတော့ စားစရိတ်နေစရိတ် မပူရဘူး။ နောက်တဖက် မိဘများက ပိုက်ဆံကို အတိုးမဲ့ ချေးပေးထားတော့ အခြားပြသနာတွေလည်း ဖြေရှင်းနိုင်တယ်။ သူစာမေးပွဲအောင်ရင် သင်္ဘောပြန်လိုက်မယ်။ ဒါဆိုရင် မိဘဆီကယူထားတဲ့ ပိုက်ဆံတွေလည်းပြန်ဆပ်နိုင်မယ်ပေါ့။ ဒါက ကျွန်မ ရဲ့ အတွေး။

သူ့ အတွေးထဲမှာက စာမေးပွဲအတွက် stress တွေ၊ ပိုက်ဆံတွေ ချေးပြီးသုံးနေရတဲ့ အတွက် လည်း သူ စိတ်ပူနေတယ်ထင်ပါတယ်။ သူက အသက်ပိုကြီးတော့ ပိုစဉ်းစားလို့နေမှာပေါ့။ တခါတလေ သူ့စိတ်တွေ မကြည်မလင်ဖြစ်နေမှာပေါ့။ ဒါတွေ ကျွန်မနားမလည် ခဲ့ပါဘူး။ ဒါကြောင့် တခါတလေ အကြောင်းအရာ ဘာမှ မဟုတ်ဘဲနဲ့ အကြီးအကျယ်စကားများတာမျိုး၊ ကလေးတွေနဲ့ ပတ်သက်ပြီး စကားများတာမျိုး၊ ခေါင်းစဉ်ပေါင်းများစွာ အောက်မှာ အပြိုင်ရန်ဖြစ်ခဲ့ကြပါတယ်။ တခါတလေ တညလုံး မအိပ်ရဘဲ ငိုခဲ့ရတဲ့ ရက်တွေတောင် ရှိပါသေးတယ်။ ခဏခဏရန်ပြီးလွန်းလို့ ကလေးနှစ်ယောက်ခေါ်ပြီးအိမ်ပေါ်ကဆင်းမယ် တောင်ပြောလိုက်မိသေး တယ်။ ပါရမီဖြည့်ဖက် တို့များ တော်ချက်....

ဒီလိုနဲ့ ကျွန်မရဲ့ မိဘ၊ မောင်နှမ တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခု သွားဖြစ်ခဲ့ပါတယ်။ အဲဒီပွဲလေးကို မသွားခင်လမ်းမှာ လင်မယားနှစ်ယောက် စကားများခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ပွဲကိုရောက်တော့ ရန်ဖြစ်ပြီးခါစ ဆိုတော့ မျက်နှာတွေ ပျက်နေမှာပေါ့။ ကျွန်မကလည်း ဟန်ဆောင်ထားပေမယ့် ကိုယ့်အစ်ကို၊ ကိုယ့် အမေအဖေတွေ ဆိုတော့ သူတို့လည်း သိမှာပေါ့။ နောက်နေ့ ကျတော့ ကျွန်မ အစ်ကို နဲ့ဖုန်းပြောဖြစ်တော့ နင်တို့ မနေ့ကရန်ဖြစ်ထားကြတာလားတဲ့။ ရုပ်တွေကသိသာနေတယ်တဲ့။ အဲဒါနဲ့ ကျွန်မလည်း ဟုတ်တယ် ကိုကိုရေ သမီးတို့ အခုတလော အရမ်းရန်ဖြစ်နေကြတယ်။ ဘာဖြစ်လို့လည်း မသိဘူးလို့ ပြောတော့ ။

သူပြန်ပြောလိုက်တဲ့ စကားတွေက ကျွန်မအတွက် အရမ်းအထောက်အကူ ဖြစ်သွားခဲ့ပါတယ်။ ကျွန်မအစ်ကို က ” ဒီလိုအချိန်မှာ မှာ ညီမလေးကအရမ်းသတိထားရမယ်။ ဒီအချိန်မှာ သူက stress တွေများပြီး depression ၀င်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ တတ်နိုင်သလောက် ကိုယ်က အလျှော့ပေးရမယ်၊ အပြိုင်ရန်ပြန်ဖြစ်ဖို့ မကြိုးစားနဲ့တဲ့။ ” သူက ယောင်္ကျားချင်းဆိုတော့ ပိုမြင်တယ်ထင်တယ်။ ကျွန်မ ခေါင်းထဲမှာ လင်းကနဲ ဖြစ်သွားသလို ခံစားရတယ်။

ကျွန်မ စိတ်ထဲမှာ ” သူသည် စာမေးပွဲကို အောင် အောင်ဖြေနိုင်မည့်သူ၊ အချိန်တန်ရင် ဒီပိုက်ဆံ ပြသနာ ပြေလည်သွားမယ် လို့ ” ယုံကြည်ထားပြီးသား။ ကျွန်မ သူ့ကို ဒီလောက်ယုံကြည်ထားတာကို လည်း သူသိလိမ့်မယ်လို့ လည်း ကျွန်မ ယူဆခဲ့တယ်။ ဒါပေမယ့် သူက ” ငါ့ မိန်းမက ငါ့ကို ယုံကြည်အားကိုးတဲ့ မိန်းမ လို့ ” သူ မယူဆခဲ့ဘူး။ ကျွန်မလခထဲက ခွဲသုံးနေရတာ ဘ၀ ဆိုတော့ ယောင်္ကျားမာနကို ထိခိုက်နေမှာပေါ့။ အဲဒီလို depression ၀င်နိုင်တယ်ဆိုတာတွေကို ကျွန်မ နားမလည်ခဲ့ဘူး။

နားလည်လိုက်တဲ့ အချိန်မှာ ရန်တွေ တော်တော်ဖြစ်ခဲ့ပြီးပါပြီ။ အဲဒီနောက်ပိုင်းတော့ ကျွန်မတတ်နိုင်သလောက် ရှောင်ပါတယ်။ ရန်ဖြစ်တာ တော်တော်လေး နည်းသွားခဲ့ပါတယ်။ မရှောင်နိုင်တော့လည်း ဖြစ်ကြပြန်ရောပေါ့။ ဒီလိုနဲ့ဘဲ ကျွန်မတို့ ဒီနှစ်ပိုင်းလေးကို ရန်ဖြစ်ရင်းနဲ့ဘဲ အောင်မြင်စွာ ဖြတ်သန်းခဲ့ပါတယ်။

ဒါက ကျွန်မ အတွေ့အကြုံ ပါးပါးလေးပါ။ ကျွန်မထက် ပိုဆိုးတဲ့ မိသားစုတွေ ရှိနိုင်ပါတယ်။ ကျွန်မက နှစ်ဖက်မိဘရဲ့ အကူအညီ အများကြီးရခဲ့တာပါ။ ကျွန်မတို့လို မိဘအကူအညီ မယူနိုင်ဘဲ ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့ ဘ၀တွေ အများကြီးရှိနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုတစ်ကွေ့ ကတော့ သင်္ဘောသားမိသားစု တိုင်းကြုံတွေ့ ကြမှာပါ။ တချို့ အစ်မတွေဆို အရမ်းတော်ပါတယ်။ ပိုက်ဆံ အတွက် မပူရအောင် စုစုဆောင်းဆောင်းလေးနဲ့၊ ယောင်္ကျားကို စိတ်အေးလက်အေးစာမေးပွဲ ၀င်နိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မကြုံခဲ့ရတဲ့ အတွေ့အကြုံ လေးနဲ့ ရခဲ့တဲ့ အသိတရား ကတော့ ” ညီမလေးတို့ ပိုက်ဆံများများစုပါ။ စာမေးပွဲ ဖြေချိန်မှာ တတ်နိုင်သလောက် သူတို့ကို ခွင့်လွှတ်ထားပေးကြပါ။ နောက်မှ သူရှာသမျှ ပိုက်ဆံတွေကို ကောင်းကောင်းသုံးပေးလိုက်ကြပါ ” လို့ ပြောချင်ပါတယ်။

Credit to ပါရမီဖြည့်ဖက်

Sunday, June 9, 2013

ရေထဲကသံပုရာသီးများ...


သင်္ဘောသီးဆိုတာ
တကယ်တော့သံပုရာသီးပဲ
အချဉ်လေးဆိုပြီးဝိုင်းညှစ်တာ
သင်္ဘောသီးစသန္ဓေတည်စ
မျက်စီအစစ်ခံရခြင်းကစတယ်
ဓာတ်ပုံရိုက်တော့လည်း အညှစ်ခံရတယ်
စာရွက်စာတန်းတွေလုပ်တော့လည်းအညှစ်ခံရတယ်
မိတ္တုဆိုင်မှာလည်း သင်္ဘောသီးစာရွက်စာတန်းမှန်းသိရင် ပိုအညှစ်ခံရတယ်
သင်တန်းတွေတတ်တော့လည်းအညှစ်ခံရတယ်
ကိုယ်စားလှယ်ကလည်းညှစ်တယ်
ပွဲစားကလည်းညှစ်တယ်
သင်္ဘောကျင်းလို့ ပြောလိုက်ရင် တက္ကဆီသမားကလည်းညှစ်တယ်
အထွက်လုပ်တော့လည်းညှစ်တယ်
လေဆိပ်ရောက်တော့လည်းညှစ်တယ်
သင်္ဘောပေါ်ရောက်တော့လည်းအညှစ်ခံရတယ်
ပြန်လာတော့လည်း လေဆိပ်မှာ အညှစ်ခံရတယ်
လေဆိပ်က တက္ကဆီကလည်းညှစ်တယ်
ဆီစာအုပ်ပြန်အပ်တော့လည်း ညှစ်တယ်
အမျိုးတွေကပြန်လာပြီဆိုတော့လည်းလာညှစ်တယ်
နောက်ဆုံးသင်္ဘောသားဟာလက်ထဲမှာ အချဉ်ကုန်ပြီး အခါးပဲကျန်တဲ့
သံပရာခွံပါပဲဗျာ...........။
လူသစ်ဆိုရင်တော့ သံပုရာသီး လက်လက်ဆတ်ဆတ်လေးပေါ့ဗျာ...။

လင်းလက်

Monday, May 20, 2013

တစ်ထောင့် တစ်ည ... [ သင်္ဘောသားရင်ဖွင့်သံ (၁၂)... Seamen's Voice-12 ]


အလုပ်လာလျှောက်သူ သင်္ဘောသား လေး ရဲ့ စာရိတ္တ နဲ့ အရည်အချင်းကို သိချင်လို့
အလုပ်ရှင်ကမေးတယ်။

အလုပ်ရှင် … “ ညီလေး နဂို ဘယ်လိုင်း မှာ လိုက်ခဲ့ လဲ။.......
ဘာသင်္ဘော တွေ စီးခဲ့ လဲ။......(CDC မိတ္တူ ကို ကြည့်ပြီး )
ညီလေး စား ဗစ် ကနည်းတယ်။ ......

ကိုရီးယား တွေနဲ့ မစီးဘူး ဘူး ဆိုတော့......

ညီလေး စီးခဲ့ တဲ့ သင်္ဘောတွေ ကလည်း ဆပ်ပြာ ခွက်လောက်လေး တွေလေ။ အကို တို့ လိုင်း ကသင်္ဘော တွေ က အကြီး ကြီး တွေ လေ။........

ညီလေးတို့ သိတဲ့ အတိုင်း cargo တွေ မရှိ လို့ owner တွေ မွဲ နေ ကြ ပြီ လေ......

COC အသစ် ဆိုတော့ 3/O စားဗစ်လဲ မရှိဘူး ပေါ့။.......

ခု အကိုတို့ လိုင်း မှာ က COC အသစ်တွေ တော့ တင်ပေးပါတယ်။ ဒါဆို A/B နဲ့ တင်ခဲ့လေ သင်္ဘော ရရင် ဆက်သွယ် လိုက်မယ်။

ဟိုတိုင်ဒီတိုင် တိုင်ဖက်တမ်း ကစား ဘူး လား။ (နိုင်ငံခြားအဖွဲ့ အစည်း ကို လစာမရ ။စားစရာ မရှိ လို့ တိုင်သည် ကို ဆိုလို ပါသည်)

သင်္ဘော ရော အဖမ်း ခံ ရဘူး လား။......

မောင် သင်္ဘောသား အတွေး ထဲ တွင် ပြောတာတော့ စုံ နေ ပါရော နောက်ဆုံး တော့ RANK ကျတော့ A/B တဲ့။ အွန့် .... (COC) လေး တော့ မသုံး ရပဲ သက်တမ်း တိုး ရတော့ မယ် ထင်တယ်။.....
A/B နဲ့ တော့ လုပ်တော့ ဝူး။ အေးဂျင့် ကို ကြီး နောက်နေတာ နေမှာ ပါ။ ငါလည်း ပြန် နောက်လိုက်အုန်း မယ်။

အလုပ်လျှောက်သူ မောင်သင်္ဘောသား … "အဖမ်းမခံရဖူးပါဘူး ခင်ဗျ။ ”

အလုပ်ရှင်အေးဂျင့်က သေချာအောင်ထပ်မေးတယ်
… “ ဘာကြောင့်လဲ။ ”

အလုပ်လျှောက်သူ မောင်သင်္ဘောသား ကဂုဏ်ယူစွာဖြင့် … “ ဘယ်တော့မှ မမိ ခဲ့ လို့ပါ ခင်ဗျ။ ”

အလုပ်ရှင်... “ မင်း ရာထူး နဲ့ ပတ်သက်တဲ့ လုပ်ငန်းတာဝန် အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။ ဥပမာ 3/O တစ်ယောက် ရဲ့ တာဝန် တွေ ပေါ့ ကွာ”

အလုပ်လျှောက်သူ မောင် သင်္ဘောသား … “ ဟုတ်ကဲ့ လုပ်နိုင်ပါတယ်ခင်ဗျ။ ကျွန်တော်က ၁၀ လ အတွင်း
သင်္ဘော ကုမ္ပဏီ ၃ ခု ပြောင်းလုပ်ခဲ့သူပါ။အစီးတိုင်း ရိုက်ကြေးပေး ပြီ တက် ရတာ တစ်စီးပြီး တစ်စီး ၂လ ၃လ လောက် အတွင်းဟသံရည်ကြို စက် ရောက် သွား လို့ ပါ။ ရိုက် ရလွန်း လို့ ခု ကျွန်တော့ကို ခြင်ကိုက် ရင်တောင် မရိုက် ဘူး ငြိမ် ပြီး ကြည့် နေတော့ တာ ထပ်ပြီး ရိုက်ရမှာ ဆိုး လို့ပါ။ အဖွား ရဲ့ အမွေ တိုက်ခန်း လေး ရောင်း ပြီး ခု ဆို အဆောင် မှာ နေ တယ် အကို ကြီး”

အလုပ်ရှင်အေးဂျင့်။ ။ ဟုတ်ပါ ပြီ ....ညီလေး
A/B ရာထူးဟနဲ့ အခြေခံလစာ ဘယ်လောက်မျှော်မှန်းပါသလဲ။

မောင်သင်္ဘောသား ။ ။ (ဟားဟား ဂွင်ထဲ ဝင်လာပြီ A/B နဲ့ ခန့် ရင်ခန့် ပေါ့ လစာ တော့ Captain လစာ ကို ပြော လိုက် အုန်း မယ်...)
တစ်လ ဒေါ်လာ ၁၀၀၀၀ ရယ်။ သင်္ဘော ကုမ္ပဏီရဲ့ အမြတ်အပေါ် မူတည်းပြီးရတဲ့
အပိုဆောင်းလေးရယ်ပေါ့ဗျာ။

အလုပ်ရှင် အေးဂျင့် ။ အင်း ... ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။

ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။

မိသားစု ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။

မြန်မာပြည်မှာ ပြန်နား တဲ့ အချိန် မှာ ညီလေး လစာ ရဲ့ ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။

ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် AUDI ဇိမ်ခံကားတစ်စီးထုတ်ပေးမှာပါ။

မောင်သင်္ဘောသား လေး(မျက်လုံးပြူးလျက်) ။ ။ အကို ကြီး... နောက်များနောက်နေတာလား။

အလုပ်ရှင်အေး ဂျင့် ။ အင်းလေ .... မင်းကပဲ ... အရင်စ နောက်တာလေ။

မောင်သင်္ဘောသားလေး။ ။
အရှင် ...ရုတ် ကစိုးနတ်မင်း ကြီး ခင်ဗျာ ကျွန်တော်သင်္ဘောသား အမိုက်အမဲ လေး မို့ ဗွေ မယူပါနဲ့ ။ ကျွန်တော့ အိမ်မှာ ဆန် မရှိ လို့  အရှင့် ရဲ့ လိုင်း မှာ လာလျှောက် ခဲ့ မိပါတယ် ။

အလုပ်ရှင် အေးဂျင့်။ ။
အောင်မယ် ......အောင်မယ်......ငါ့ကို များ စွပ်စွပ် ဆွဲဆွဲ
ကိုယ်ဘာသာ ကိုယ် အားအား ယား ယား စာမေးပွဲ ဝင်ဖြေ

အောင်တော့ သင်္ဘော ကတက်စရာမရှိ
ဆန်အိုး ထဲ မှာ ဆန် မရှိတာငါနဲ့ ဘာဆိုင်လဲကွ။

အဲ မြန်မာဗွီဒီယို ကား တွေ ထဲ က ဝမ်း ရော ဂါ ပညာ ပေး နဲ့ မှား သွား လို့ ပါ။
မှားတာ ရှိ ရင် တောင်းပန်ပါတယ်။(အောင်လ)

Friday, May 17, 2013

....သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်.... သင်္ဘောသားရင်ဖွင့်သံ (၁၁)... Seamen's Voice-11


Credit to Winhtut Oo

....သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်....

လမင်းကို Port Door အပေါက်ဝကချောင်းကြည့်တော့
အရှ့အရပ်ကနေ၀န်းထွက်သည့်ပမာ ဒေါ်လာဈေးကိုတွေ့ ရတယ်.....။

ညွှန်မှူးတို့ ၏မယားငယ်များ ရွှေတွဲလွဲ ငွေတွဲလွဲ
လူပုံအလည်မော်ကြွားနိုင်ကြပေမယ်
သင်္ဘောသီးဖေါင်းပွမှုလှိုင်းရိုက်ချက်အောက်မှာ
သင်္ဘောသားနှင့်အလုပ်အကိုင်ရရှိရေးဆိုတာ
ရွှေပြည်တော်မျှော်တိုင်းဝေး ပါပဲ.....။

BAK က သင်္ဘောသီးထန်ကုန်းမှာ
မိုးခေါင်လို့ အော်တဲ့ဖားသံလို သင်္ဘောသားတွေရဲ့အော်သံဟာ
ဒေါ်လာဈေးတတ်လဲ လဲ လဲ လဲ လဲ လဲ လဲ လေ
သင်္ဘောသားတွေထပ် ထပ် ထပ် ထပ် ဆဲပဲလေ

**** ကျဆုံးခန်းကို မမျှော်ကိုးပါဘူး
မိထွေးနှင့်တူသော စာရေးမများအား CDC အပ်ရန်
သံပြားကိုနင်းလျှက်
ပင်လယ်ကိုကျော်ဖြတ်
ဒေါ်လာငွေအကြွေအချို့ ဆုပ်ကိုင်
ကျွန်တော်လေလှော်ခတ်လို့ လာနေပြီ
ဒေါပုံမြောက်ဖျားက မိခင်ဌာနချုပ်ဆီ.........။

For Seamen may come and Seamen may go
But #### go on forever

လင်းလက်
17.05.2013