Friday, May 17, 2013

....သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်.... သင်္ဘောသားရင်ဖွင့်သံ (၁၁)... Seamen's Voice-11


Credit to Winhtut Oo

....သင်္ဘောသားတစ်ယောက်၏ဖွင့်ဟ၀န်ခံချက်....

လမင်းကို Port Door အပေါက်ဝကချောင်းကြည့်တော့
အရှ့အရပ်ကနေ၀န်းထွက်သည့်ပမာ ဒေါ်လာဈေးကိုတွေ့ ရတယ်.....။

ညွှန်မှူးတို့ ၏မယားငယ်များ ရွှေတွဲလွဲ ငွေတွဲလွဲ
လူပုံအလည်မော်ကြွားနိုင်ကြပေမယ်
သင်္ဘောသီးဖေါင်းပွမှုလှိုင်းရိုက်ချက်အောက်မှာ
သင်္ဘောသားနှင့်အလုပ်အကိုင်ရရှိရေးဆိုတာ
ရွှေပြည်တော်မျှော်တိုင်းဝေး ပါပဲ.....။

BAK က သင်္ဘောသီးထန်ကုန်းမှာ
မိုးခေါင်လို့ အော်တဲ့ဖားသံလို သင်္ဘောသားတွေရဲ့အော်သံဟာ
ဒေါ်လာဈေးတတ်လဲ လဲ လဲ လဲ လဲ လဲ လဲ လေ
သင်္ဘောသားတွေထပ် ထပ် ထပ် ထပ် ဆဲပဲလေ

**** ကျဆုံးခန်းကို မမျှော်ကိုးပါဘူး
မိထွေးနှင့်တူသော စာရေးမများအား CDC အပ်ရန်
သံပြားကိုနင်းလျှက်
ပင်လယ်ကိုကျော်ဖြတ်
ဒေါ်လာငွေအကြွေအချို့ ဆုပ်ကိုင်
ကျွန်တော်လေလှော်ခတ်လို့ လာနေပြီ
ဒေါပုံမြောက်ဖျားက မိခင်ဌာနချုပ်ဆီ.........။

For Seamen may come and Seamen may go
But #### go on forever

လင်းလက်
17.05.2013

No comments:

Post a Comment