Thursday, May 30, 2013

''သူ့အရပ်နဲ့ သူ့ဇာတ်''



သူ့အရပ်နဲ့ သူ့ဇာတ်လို့ ခေါင်းစဉ်တပ်ထားရတာက တခြားအကြောင်း မဟုတ်ပါဘူး။ IALA မှာပါတဲ့ Region အလိုက် Buoyage System ၂ခုကွဲနေတာ ဘာလို့လဲဆိုတာ ပြောပြချင်လို့ပါ။ IALA ကို စပြီး ဖတ်ခါစက သဘောင်္တွေအာလုံးက Navigation Light တွေကို ဝဲနီ ယာစိမ်း တပ်ထားတာချည်းပဲ။ ဘယ့်နှယ့် အမေရိကန်ကောင်တွေက ယာနီ ဝဲစိမ်း region B ဆိုပြီးရှည်ကြတာလဲ။ သူတို့ကို တောသားဆိုပြီး British တွေကနှိမ်ခဲ့ဖူးလို့ ကန့်လန့်တိုက်တဲ့ သဘောလား။


 ဒါမှမဟုတ် British Colony ဖြစ်ဖူးတော့ အင်္ဂလိပ် အငွေ့အသက်တွေ မကျန်အောင် လုပ်ချင်တဲ့ သဘောလား ဆိုပြီး အတွေးခေါင်ဖူးတယ်ဗျ။
အဲ့ဒီ မကျေလည်တဲ့ ကိစ္စကို RYA က ထုတ်တဲ့ စာအုပ်တအုပ်ထဲ က IALA အကြောင်းဖတ်မိတော့မှ Region A, B က သူ့ဟာနဲ့သူ အဓိပ္ပါယ်ရှိမှန်း သိရတယ်။ စာအုပ်ထဲမှာ ရေးထားတာကို ပြောရမယ်ဆိုရင် Buoyage System ဆိုတာက ရွက်သဘောင်္ခေတ် ခုသဘောင်္တွေလောက် ရေစူးမများတဲ့ ခေတ်ထဲကကို ရှိနေခဲ့တာတဲ့။


ခုလိုတော့ international standard တွေပါတွေနဲ့ တပြေးညီတော့ ဟုတ်ဖူးပေါ့ဗျာ။ country အလိုက် ကိုယ်ပိုင် system တွေနဲ့ပေါ့။ အဲ…နိုင်ငံအလိုက်တင်တောင် မဟုတ်ဖူး…Port authority လိုက်တောင် Buoyage system ကွဲချင်ကွဲနေတတ်သေးတယ်။ ဗြိတိန် တစ်နိုင်ငံထဲတောင် system ၃ခု ရှိခဲ့တယ် ဆိုလား။


စစချင်း buoy တွေကို lateral mark အနေနဲ့ ထားတုန်းက ခုလို ဝဲနီ ယာစိမ်း မဟုတ်သေးဘူး။ starboard side မှာ အနီ port side မှာ ဆိုရင် ဆေးရောင်က ကန့်လန့်စင်း(သို့) စတုရန်းကွက်လေးတွေ ဖော်ထားတဲ့ lateral marks လေးတွေထားခဲ့တယ်။ နောက်ပြီး starboard buoy ကို Black colour တောင်ထားဖူးသေးတယ်။ အဲ့လို အရောင်တွေ ကွဲနေရတာကလဲ ခုခေတ်သဘောင်္တွေလို ဝဲနီ ယာစိမ်း navigation light တွေမပါလို့ ဖြစ်မှာပေါ့လေ။ 1970s ဝန်းကျင်လောက် မှ starboard black buoy တွေကို green buoy ပြောင်းပြီး သုံးခဲ့ကြပါတယ်။


နောက်ကျတော့ ဒီလို ဟိုနေရာမှာ တစ်မျိုး ဒီနေရာမှာ တစ်မျိုး ဖြစ်နေတာတော့ မကောင်းပါဘူးဆိုပြီး International Association of Lighthousing Authorities ခုတော့ International Association of Marine Aids to Navigation and Lighthousing Authorities (IALA) ဆိုပြီးဖွဲ့…ကမ္ဘာ အရပ်ရင်က buoyage system တွေထဲက ကောင်းနိုးရာရာလေးတွေကို စုပြီး system သတ်မှတ်ခဲ့ကြတယ်ပေါ့။ အဲ့မှာတောင်မှ American system (region European system(region A) ဆိုပြီး ထပ်ကွဲတော့တာပဲ။
Region B အမေရိကန်ကောင် က ဘာပြောလဲဆိုတော့ ငါ့ system က မင်းတို့နဲ့ မတူအောင် တမင်ဖန်တီးထားတာ မဟုတ်ပါဘူးတဲ့။ ဗြိတိသျှရဲ့ ဝိတိုရိယခေတ်က system ကိုအခြေခံတာပါတဲ့။ 


အင်း…ညာဘက်မှာ အနီရောင် Buoy ကြီးထား ထားတော့ သူပြောတာလဲ ဟုတ်သား…နောက်ပြီး ခုလိုထားရခြင်းဟာလဲ မင်းတို ဥရောပကကောင်တွေ အဆင်ပြေဖို့ပါ တဲ့…သူ့ကိုတောင် ဥရောပသဘောင်္သားတွေက ကျေးဇူးတင်ရမလိုဖြစ်နေပြီ …နောက်ပြီး သူကဆက်ပြောသေးတယ် ခုငါ့ system B ယာနီ ဝဲစိမ်းက အမေရိကန် ဆိပ်ကမ်းကို အဝင်မှာသာ မင်းတို့ ဇဝေဇဝါဖြစ်နိုင်တာ အထွက်မှာ ဆိုရင် ဝဲနီ ယာစိမ်း နဲ့ထွက် Atlantic ocean တဖက်ကမ်း မင်းတို့ ဥရောပ Home Port အထိ ဝဲနီ ယာစိမ်း နဲ့ပြန်ဝင်ပေတော့တဲ့။ အဲ့လို အလျောက်ကောင်းခဲ့ တော့လဲ ကျွန်တော်တို့တွေ region A, B ဆိုပြီးခုထိ မှတ်နေရတာပေါ့ဗျာ။

ဒါနဲ့ ဟုတ်ပါပြီ region B က American countries တွေ အနေနဲ့ reasonable ဖြစ်တန်သလောက် ဖြစ်နေတော့ လက်ခံနိုင်ပါတယ်။ ကမ္ဘာ့ အရှေ့ဖျားက ဂျပန် ကိုရီးယား ဖိလစ်ပိုင် ထိုင်ဝမ် တို့က ဘယ့်နှယ် မဆီမဆိုင် လိုက် B ကြတာလဲ။


 ဒီမေးခွန်းကိုတော့ ကျွန်တော့ ဆရာတစ်ယောက် ဖြေပြဖူးတယ်ဗျ။ အာရှမှာ region B သုံးတဲ့ နိုင်ငံ တွေကို မင်းကြည့်လိုက် တောင်တရုတ်ပင်လယ်နဲ့နီးတဲ့ နိုင်ငံတွေ Typhoon အချိန်မရွေးဝင်နိုင်တဲ့ နိုင်ငံတွေတဲ့။ အဲ့ဒီ နိုင်ငံတွေရဲ့ Harbour Approach မှာ region B ဆိုပေမယ့် Pilot ပါနေတော့ ရေကြောင်းအန္တရာယ်အတွက် အတိုင်းအတာ တခုထိတော့ စိတ်ချရတယ်။ ဆိုပါစို့ ရုတ်တရက် Typhoon ဝင်လာပြီ ကမ်းကပ်ကြိုးဖြုတ်ပြီး Typhoon Shelter ကို ကိုယ့်ဘာသာမောင်းပြီးပြေးရမယ့် အခြေအနေရောက်ရင် Region B အထွက် ဝဲနီ ယာစိမ်း ကြည့်ပြီး ပြေးရလွယ်အောင် လုပ်ထားတာ ငါ့တပည့်ရ။ They intend to make our lives easier ပါကွာတဲ့။

 သြော်…သူ့အရပ်နဲ့ သူ့ဇာတ်နဲ့တော့ အကိုက်သား ပါလား။

A.M.M @ MSU


No comments:

Post a Comment