Thursday, May 2, 2013

လှပတဲ့ တနင်္ဂနွေ .....။( Its a Beautiful Day)



သင်္ဘောသား ရပိုင်ခွင့်တွေ ပိုမိုကောင်းမွန် လာတဲ့ Maritime Labor Convention 2006
ပါ မူတွေ ကို ၂၀၁၃ သြဂုတ်လကစတင် မှာဖြစ်ပါတယ်။

အဓိကကတော့ သင်္ဘောသားများအလုပ် အကိုင် ပိုကောင်း ဘို့
လစာတွေ အနည်းဆုံးမည်မျှထားသတ်မှတ်ပြီး ရပိုင်ခွင့်တွေ နေရာထိုင်ခင်းတွေ
အလုပ်လုပ်ရမယ့် စည်းမျဉ်း တွေ ကို ကာကွယ်ပေးရုံ မက
အိပ်ချိန် နားချိန် တွေ ကို ပါ လောက် င လာအောင် သာသာထိုးလမ်းကြောင်းပေးထားတာမို
သင်္ဘောသားတွေ တနင်္ဂနွေ နေ့ လေးတွေမှာ အပြည့် သို့မဟုတ်
နေ့ တစ်ဝက် နားခွင့် ရတာမို့ အုပ်ချုပ်သူတွေ ပါ အနားရလေ၏...

ထို့ကြောင့် သီချင်းဆိုသူ ဂစ်တာတီးသူ ရုပ် ရှင် ကြည့်သူ စာဖတ်သူ ၀ိုင်းဖွဲ့စကားပြောသူ
နေပူဆာ လှုံသူ အ၀တ်လျှော်သူ အိပ်ရေး၀၀ အိပ်သူတွေ နဲ့ အမှန်တကယ်
သာယာလှပသော Beautiful Sunday လေး ဖြစ် ခဲ့ရပြန်၏။

ကျနော် တို့ ငယ်ငယ်တုန်း က Sunday off ၁၃ လ တွင်း မှာ တစ် ခါ သာ ရခဲ့ဘူးသည်။

ဒါတောင် မနက် ပိုင်း အလုပ် လုပ်ခိုင်းပြီး ညနေ ၆ နာရီ တွင် ကုန်းကြောင်က
ရည်ရွယ်ချက် ရှိရှိ နဲ့ ကျနော့် တို့ Cadet ၃ ယောက် အား လာဆဲ သွားသည်ကို
ပြန်ပြောင်းသတိရမိပါ၏

နှစ် ၂၀ ကြာအတွင်း တိုးတက် ပြောင်းလဲ မှု များတွင် သင်္ဘောသားလစာ တိုးခြင်း များ
သင်္ဘောသား ရပိုင် ခွင့်ြော့င်းလဲ ခြင်း များသည် လွန်စွာ နှေးကွေးလှသည်။

ကမ္ဘာ့ သင်္ဘော ကုမဏီကြီးတွေ ချမ်းသာသလောက်....
သင်္ဘောသား တွေ ဘ၀ မလှပကြချေ

Super Market တွေ များလာသလောက်
လယ်သမား များ စားစရာ မရှိ

ပင်လယ်စာ စားသောက် ဆိုင်ကြီးတွေများပြား
ဈေးအလွန် ကြီးသလောက်
ပင်လယ် တံငါတွေ မုန် တိုင်းတွေ မိ..မွဲတေ ဆင်းရဲလှပါ၏

ဗိုလ်ချုပ် ကြီး တွေ အမျိုးတွေ အပန်းဖြေ ခရီး
နိုင်ငံခြားတွေ အနှံ့ ထွက်နေသလောက်
စစ်သား သားသမီးတွေ ရ ရာပေါင် နှံ မလောက်ငကြ

ဒါတွေ ဟာ ခေတ် ကြောင့်စနစ်ကြောင့် မဟုတ်ပါဘူး

လူလူခြင်းလှည့်စားခြင်းဆိုတဲ့ လူတွေ ရဲ့သူတစ်ပါးအပေါ် စောကြော လိုတဲ့ Witty ဥာဏ် ကစားပွဲတွေ ကိုပိုမို တီထွင် လာနေကြ လို့ ပါ.....

ကျနော် တို့ သင်္ဘောကြီး ပင်လယ်ပြင် ခရီး Deep Sea နက် နက် ကို ၁၇ ရက်နေ့ ထဲက
စထွက် ခဲ့ ပါတယ် ။
ညကတော့ စနေနေည သူများတွေ လို သောက်စားမူးယစ်ခွင့်မရပေမဲ့
မြင်းလောင်းပွဲ ဆင်နွဲ ပျော်ပါးကြပါတယ်။

အပြောကျယ်ပါတယ်ဆိုတဲ့ Atlantic တောင် ပိုင်း အာဖရိက ဘက် မှာ ကျွန်း တစ်ကျွန်းတွေ့တယ်
လူတွေ ရဲ့ မတော် လောဘ မသိသူကို အနိုင် ကျင့် ပြယုဇ် ကတော့
အာဖရိက တိုက် ပင်လယ်ထဲ က ကျွန်း ကို ဥရောပ ပေါ်တူဂီ က ပိုင် ဆိုင်ပါသတဲ့ ဗျားးးး

ဒီလိုပါဘဲ Indian သမုဒ္ဒရာထဲ့ ပြင်သစ်ပိုင် ကျွန်းတွေ
အာရှ ထဲက အမေရိကန် ပိုင် ကျွန်း တွေ ဟာ .....
သဘာဝ အလှတွေ ကို ပျက်စီးစေပါတယ်....

ဘာပဲပြောပြော ပင် လယ် ရေပြင် ပြာပြာ မြင် ကွင်းလေး ငါလက် ထဲက ဘယ်သူ မှ မလု နိုင် ခင်ကလေး ကြည့်မ၀ သာယာလှပေစွ......
It's a beautiful Sunday Anyway......

ရာစု

No comments:

Post a Comment