Thursday, May 9, 2013

ဝေလငါးလေးရဲ.အိပ်ရာဝင်ပုံပြင် ။


အသိခက်တဲ့မျက်ဝန်းတွေနဲ့ 
ငါ့ကို ပစ်ပေါက်မထားခဲ့ပါနဲ့ 
တကယ်တော့ .. ငါက
မြို့ ပြရဲ့နီယွန်မီးတွေက ဥပက္ခာပြုခံရသူ
ပင်လယ်လေကို တ၀ကြီးရှူရှိုက်
အဝေးကလက်ပိုက်ကြည့်နေသူ
နီဝါပြာရောင်စုံတွေရဲ့ကြားမှာ
အဖြူရောင်ဖျော့ဖျော့လေးနဲ့ 
တရွေ့ ရွေ့ သွားနေတဲ.သူပါ

ယာခင်းစိမ်းတွေထက် ၀ါခင်းပြင်တွေကို
ပိုခင်တွယ်သူလို့ 
မယိုးစွပ်လိုက်ပါနဲ့ ကောင်မလေးရယ်
တကယ်ဆို ငါက
မင်းရဲ့နက်မှောင်တဲ့ ဆံနွယ်တွေကိုတောင်
တယုတယ ပွေ့ ပိုက် မနမ်းရှိုက်လိုက်ရသူ
ပြီးတော.
ညဥ့်ဦးယံရဲ.မှိတ်တုပ်မှိတ်တုပ်လေး
အိပ်ရာဝင်ပုံပြင်ကလေး
မနက်ခင်းမိုးလင်းကြေးစည်သံလေး
ဖြစ်ချင်ခဲ. တဲ.သူပါ

ငါလေ
လွမ်းတဲ့အခါ တိမ်တွေနဲ့ အိမ်ပြန်
နွမ်းတဲ့အခါ မြူတွေနဲ့ မျက်နှာသစ်
ချမ်းတဲ့အခါ မီးပြတိုက်တွေနဲ့ မီးလှုံရင်း
ကြယ်ညီလာခံတွေကို စောင့်ရှောက်နေခဲ့သူပါ

ဒါပေမယ့်
နင်ထားခဲ့တဲ့ ပင်လယ်ပြာကတော့
ပတ်ဝန်းကျင်မျက်စေ့တစ်ဆုံး
အေးစက်ငြိမ်သက် တဲ.အပြုံးတွေနဲ့ 
အိန္ဒြရေမပျက်
တစ်ရက်ပြီးတစ်ရက်
ရက်စက်လို့ ကို မ၀နိုင်ရှာဘူး

ငါ.ကို
လွတ်လပ်စွာပျံသန်းသွားတဲ့
ငှက်တွေရဲ့ အကြောင်း မပြောစေချင်ဘူး
ငါဟာ
ပင်လယ်ပြာကလွဲ
ဦးတည်ရာ နည်းခဲ့တဲ.သူ ။

လွန်လေပြီးသောကဗျာဆရာ ( The Dead Poet )

No comments:

Post a Comment