Tuesday, May 7, 2013

ကျနော်တို့အကြောင်း။


တစ်ညတာဝေးလို့ ရက်ပေါင်း ၇၀၀ ဆွေးရတယ်တဲ့
ချစ်သူတွေ တစ်ခဏတာလေး ခွဲခွာကြရရင်တောင် အရမ်း ၀မ်းနည်းကြေကွဲ ဖြစ်ကြရတယ် ဆိုရင်

ချစ်သူ နဲ့ အကြိမ်ကြိမ်ခွဲခဲ့ရတဲ့ ကျနော် တို့သင်္ဘောသားတွေ၊
ဇနီးမယား ကိုမွေးကင်းစလေးနဲ့ ထားခဲ့ရတဲ့ ကျနော် တို့သင်္ဘောသားတွေ
တစ်ယောက် ထဲ အရှုပ်ထုတ်ပေါင်းစုံ ကို လွယ် ခရီးရှည်တွေ မကြာခဏဆက်ခဲ့ရတဲ့ကျနော်တို့သင်္ဘောသားတွေ

အဲဒီလိုဘ၀ မှာ နှစ်ပေါင်း များစွာ ကြင်လည် ဘူးတဲ့ ကျနော်တို့နှလုံးသား တွေ ထဲ
ဘယ်လို အထီးကျန်ကြေကွဲမှုတွေ ဒဏ်ရာတွေ အနာတရတွေ နဲ့ ပြည့်နေမလဲဆိုတာကို
ကုန်းပေါ်မှာနေနေရတဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေ တွေ သိစေချင်မိတယ်။

အဲဒီလို ရင်ထဲက ကြေကွဲမှု ထုထည် ကြီးကိုမှန်းဆ ကြည့်ပြီးရင်...
အိမ်ပြန်ရောက်တဲ့ ခဏလေးမှာ..
ကျနော်တို့တွေ ဘာကြောင့် ပျော်ပျော်နေတတ်လဲ၊အမှန်တရားကို မြတ်နိုးလဲ၊ထိခိုက် ပွန်းရှ လွယ်သူဖြစ်နေရလဲဆိုတာ တွေကို နားလည်စေချင်ပါသည်။

ကျနော်တို့ထားခဲ့ရတဲ့နေရာက နွေးထွေးလုံခြုံမှုတွေ ရှိတဲ့ ချစ်စံအိမ်ပါ
တစ်ဖက်မှာ စောင့်ကြိုနေတာက ဘာမှန်းမသိတဲ့ တစ်စိမ်းတွေ ရှိတဲ့နေရာ၊
အမှားများများလုပ်ခွင့်မရှိတဲ့နေရာ၊တွေဝေ နေခွင့် မရှိတဲ့နေရာ၊
ကိုယ်ခြင်းစာတရားထက် တစ်ကိုယ်စာ နေရာလေးကို မနည်းနွေးထွေးအောင်နေနေရတဲ့နေရာ
စည်းကမ်း တာဝန် နဲ့ ရပိုင်ခွင့်တွေ ကိုယ်စွမ်းဥာဏ်စွမ်းတွေ အမြဲ အစမ်းသပ်ခံနေရတဲ့နေရာ
စိတ်ဓါတ်အင်အားနည်းခွင့်မရှိတဲ့နေရာ ဆိုတာကို.. ဘယ်သူမှ သေချာမသိနိုင် ခံစားမပေးနိုင်ပါဘူး။

အနီးစပ်ဆုံးသိနိုင်သူဆိုတဲ့အေးအတူ ပူအမျှ လက်တွဲခဲ့ရတဲ့
နေ့စဉ် ကိုယ်ပြန်လာမဲ့ရက်ကို လက်ချိုးရည်စောင့်နေရတဲ့
ကျနော်တို့ ဇနီးမယား ချစ်သူတွေ ကတောင် အပြည့်အ၀နားလည်မယ်မထင်ပါဘူး။

သင်္ဘောသားတွေ အတွက် သင်္ဘောဆင်းရတဲ့နေ့ဟာ တကယ်ကိုဘဲ ထောင်ကထွက် တဲ့နေ့ ပါဘဲ။
သင်္ဘောသားတစ်ယောက်ဟာ Contract ပြည့်ပြီး ပြသနာကင်းကင်း အလုပ်က ခတ္တအနားယူလို့
နောက်တစ်ကြိမ်သင်္ဘော ပြန်တက် ရဖို့နာမည် ကောင်းလက်မှတ်ရ ၊ငွေကြေး ပြည့်စုံ စွာ နဲ့မင်္ဂလာရှိသော အိမ်ပြန်ခရီးဟာ အသက်အန္တရယ်ကင်း အထိအခိုက်ကင်းနဲ့ရွာအ၀င်လမ်းမှာ
အိုးစည်ဗုံမောင်း နဲ့ ဆီးကြိုတာခံရမယ့် စစ်ကြောင်း ပြန်အ၀င် စစ်သည်လိုဘဲ ကြည်နူးမှူတွေ စုံလင်ပါတယ်။

ကျနော် တို့တွေ ဟာ အကျဉ်းသားတွေ လို အခန်းကျဉ်းလေးထဲမှာ
တစ်ကိုယ်ရည်စိတ်ဓါတ်တွေ မပြိုယိုင်လဲအောင် လပေါင်းများစွာ တစ်ချို့ဆို နှစ်နဲ့ချီ နေကြသူတွေ ဆိုတော့
Psycho အနည်းအများတော့ ရှိတာပေါ့ဗျာ...ခံစားချက် နဲ့ မကင်းတဲ့ လူသားတွေပါဘဲလေ။

ရာစု

No comments:

Post a Comment