Thursday, May 16, 2013

ပင်လယ် နဲ့ ကောင်းကင်...


ဟိုးကမ္ဘာဦးအစတုန်းက ပင်လယ် နဲ့ ကောင်းကင်က အခုလို မဝေးကွာကြသေးပါဘူးး။တစ်ခုနဲ့တစ်ခု နီးကပ်စွာတည်ရှိနေကြပြီးသူတို့ဟာသိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြသတဲ့။
တနေ့မှာ ချစ်သူနှစ်ယောက်ကို မနာလိုတဲ့ နတ်ဆိုးတစ်ပါးက ကမ္ဘာစောင့်နတ်မင်းကြီးဆီကိုသွားပြီးကောင်းကင်ပြာ နဲ့ ပင်လယ်ပြာ ချစ်သူနှစ်ဦးဟာနေ့စဉ် နေ့တိုင်းပျော်ရွှင်မြူး ထူးနေကြပြီးနတ်မင်းကြီးပေးအပ်ထားတဲ့တာဝန်တွေကိုလစ်ဟင်းနေတယ်လို့ကုန်းချောပါသတဲ့။ထိုအခါ နတ်မင်းကြီးကကောင်းကင်ပြာနဲ့ပင်လယ်ပြာကိုစိတ်ဆိုးပြီးတန်ခိုးနဲ့အချင်းချင်းဝေးကွာအောင် လုပ်လိုက်ပါတော့တယ်။
နတ်မင်းကြီးအမိန့်ကြောင့်ကောင်းကင်ပြာဟာအထက်ကို မြင့်တက်သွားတဲ့အတွက် အမြဲပျော်ရွှင်နေတဲ့ချစ်သူနှစ်ဦးဟာ ရုတ်တရက်အံ့သြသွားကြပြီးဝေးရတော့မည်ဟုသိသဖြင့်စိုးရိမ်ကြောက်ရွံလာကာငိုကြွေးကြပါတော့တယ်။
အပြင်းထန်ဆုံးက ပင်လယ်ပြာပါပဲ။သူသိပ်ချစ်ရသူကောင်းကင်ပြာမလေးအထက်သို့တဖြေးဖြေးမြင့်တက်သွားလေလေ ပင်လယ်ပြာက ရင်ထဲမှာ ပိုပြီးပူလောင်လေလေပါပဲ။
သူ့ဒေါသတွေ ငိုကြွေးမည်တမ်းမှုတွေကြောင့်ပင်လယ်ပြင်မှာ လှိုင်းတံပိုးတွေ မုန်တိုင်းတွေ ဖြစ်ပေါ်လာပါတော့တယ်။
ထိုအခါ သူ့ချစ်သူပင်လယ်ပြာရဲ့ နာကျင်ဝမ်းနည်းမှူကိုမမြင်ရက်နိုင်တဲ့ကောင်းကင်ပြာဟာ စတင်ငိုကြွေးပါတော့တယ်။ကောင်းကင်ပြာရဲ့  မျက်ရေတွေဟာပင်လယ်ပြာပေါ် မိုးရေအဖြစ်ကျဆင်းလာတဲ့အခါ ပင်လယ်ပြာဟာ သူ့ချစ်သူ အငိုတိတ်စေဖို့သူဒေါသတွေကိုလျော့ချပြီးလှိုင်းတံပိုးမုန်တိုင်းတွေကိုငြိမ်သက်စေပါတယ်။
ချစ်သူနှစ်ဦးရဲ့  အဖြစ်ဆိုးကိုကြည့်ပြီးသနားသွားတဲ့ ကမ္ဘာစောင့်နတ်မင်းကြီးက အရောင်၇မျိုး ပါတဲ့ တံတားကြီးကိုဖန်တီးပြီး ချစ်သူနှစ်ဦးကို ဆုံဆည်းစေပါတယ်။
ဒါ့ ကြောင့် ဖိလပိုင် လူမျိုး သဘောင်္သားများက ပင်လယ်ပြင်မှာလှိုင်းထန်တဲ့အခါမိုးရွာပြီဆိုရင် လှိုင်းလေငြိမ်သက် တော့မည်။
ပင်လယ်ပြင်မိုးကုတ်စက်ဝိုင်းမှာ သက်တံ့ကြီးပေါ်လာသည့် အခါ ချစ်သူနှစ်ဦးဆုံတွေ့  ရသဖြင့် ရာသီဥတုသာယာတော့မည်လို့ ယုံကြည်ကြပါတယ်။
တစ်ကယ်တော့ ကြင်နာသူ နှစ်ဦးဆုံနိုင်ရင် လောကကြီးသာယာလှပနေမှာ မဟုတ်ပါလား ခင်ဗျာ။

ဟန်မင်းကြည်

No comments:

Post a Comment