Tuesday, May 7, 2013

သင်္ဘောသားရင်ဖွင့်သံ (၄)... Seamen's Voice-4...


သဘောင်္သားလောကမှာ အလုပ်အကိုင်ရှားပါးတာဟာ သင်္ဘောသားတွေရဲ့ quality ကျလာတယ်လို့ အများကပြောတယ် ပြောတဲ့အတိုင်းလည်း ဒါကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမယ့် ဘာကြောင့် အရည်အသွေးပိုင်းမှာ တခြားနိုင်ငံတွေထက် ကျလာတာလဲ။

 ကျွန်တော့်အမြင်မှာတော့ Human Resource Development အပိုင်းမှာ အားနည်းလာတာပါ။ ဆိုလိုတာက သင်္ဘောသားဘက်ကရော အလုပ်ရှင်ဘက်ကပါ HRD ကို အလေးမထားပဲ ရိုက်ကြေးရဖို့ ရိုက်ကြေးပေးဖို့ အလိမ်မခံရဖို့ ဘယ်လိုလိမ်ရမလဲ အဆက်အသွယ်ရှိဖို့ အဆက်အသွယ်ရှိမှ အလုပ်ရမယ် စတဲ့ အရည်အသွေးကို ဂရုစိုက်ဖို့ထက် တခြားဟာတွေက ပိုအရေးကြီးနေတော့ သင်္ဘောသား(အထူးသဖြင့် လူသစ်တန်း)တွေအတွက်တော့ အရည်အသွေးက သိပ်အရေးမကြီးသလိုဖြစ်နေတယ်။ အဆက်အသွယ်လေးရှိတော့ သင်္ဘောမြန်မြန်လိုက်နိုင်တာပေါ့ ဆိုတဲ့ အစွဲဟာ လူတိုင်းမှာရှိနေပါတယ်။ ဒါကိုပြင်ဖို့လည်း တော်တော်လေး ခက်ခဲပါတယ်။

အလုပ်ရှင်တွေဘက်ကသာ တကယ်လုပ်နိုင်တဲ့သူတွေ ခန့်ထားနိုင်မယ်ဆိုရင် (ဆိုလိုတာက ရိုက်ကြေးလည်းမပေးရ ၊ အဆက်အသွယ်လည်းရှိရန်မလိုပဲ) သင်္ဘောသားတွေဖက်ကလည်း တဖြည်းဖြည်း အရည်အသွေးပိုင်းကို အတိုင်းအတာတစ်ခုထိ ထိန်းထားနိုင်ပါမယ်။

အရည်အသွေးဆိုတာ ဘာလဲ ?? ။

 Experience ရှိမှ လက်မှတ်တွေရှိမှ Quality ရှိတယ်ဆိုတာ အတိုင်းအတာတစ်ခုထိပဲ မှန်ပါတယ်။ လူတစ်ယောက်ဟာ အလုပ် လုပ်နိုင်တယ် မလုပ်နိုင်ဘူးဆိုတာ အဲ့ဒီလူရဲ့ တာဝန်သိတတ်မှု ၊ ကြိုးစားမှု ၊ ဆက်ဆံရေး ပြေပြစ်မှုတွေနဲ့တော့ တော်တော်လေး သက်ဆိုင်ပါတယ်။ အလုပ်ရှင်တွေဘက်ကသာ တကယ် ရိုးသား ကြိုးစားတဲ့သူကို ပိုပြီးရွေးချယ်လာမယ်ဆိုရင် သင်္ဘောသားတွေဘက်ကလည်း တဖြည်းဖြည်း မိမိအရည်အချင်းကို ကောင်းသထက်ကောင်းလာအောင် ကြိုးစားကြလာမှာ မလွဲမသေမုချဖြစ်လာမှာပါ။ ဒါဆိုရင် ကျွန်တော်တို့ မြန်မာသင်္ဘောသားဈေးကွက်ကလည်း တဖြည်းဖြည်း တိုးတက်တဲ့ အပိုင်းကို ရောက်လာမှာပါ မလွဲပါဘူး။

ပန်းသတင်း လေညှင်းဆောင်သလို လူသတင်း လူအချင်းချင်းပဲ ဆောင်တာပါ။ တကယ်အလုပ်လုပ်နိုင်တဲ့သူတွေရဲ့ စာရင်း(white list)တွေသာ ကုမ္ပဏီတိုင်းမှာရှိမယ်ဆိုရင် အရည်အချင်းရှိသူတွေဟာ အလုပ်အကိုင်မရှားသလို အလုပ်ရှင်တွေဘက်ကလည်း တကယ်တော်တတ်တဲ့ သူတွေ ရရှိလာမှာ အသေအချာပါပဲ။

နောက်ပြီး အလုပ်ရှင်ဘက်ကနေ သေသေချာချာ စီစစ်ရွေးချယ်ပြီး လူသစ်တန်းတွေအတွက် တကယ်လုပ်နိုင်တဲ့သူကို အလုပ်ပေးဖို့ အခွင့်အရေးလေးပေးသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လူသစ်တစ်ယောက်ပါ အခုချိန်ထိ အလုပ်ရှာနေတုန်းပါပဲ။ မှားတာရှိရင်လည်း တောင်းပန်ပါတယ် ကျွန်တော့်အတွေး ကျွန်တော့်အမြင်သက်သက်ပါ။

Bee Gran (MSU FB Page Member)

No comments:

Post a Comment