မလာပါနဲ့(တေးရေး-ကေအေတီ...တေးဆို -မျိုးကြီး မဟုတ်ပါဘူးလို့)
Best အောင်သင်္ဘောသားအသစ်ဆိုတော့ ထုံးစံအတိုင်း ရိုက်ကြေးပေးပြီးကြားလိုင်းမှာ တတ်ရတာပေါ့။
ရှေ့က သွားတဲ့နောင်တော်တွေလို မလေးပေါ့ဗျာ။လစာကိုတော့ ဘယ်လောက်ရမယ် ဘယ်၍ရမယ်ဆိုပြီးစာချုပ်ပါတယ်။ သူတို့ပြောတဲ့အတိုင်းပါပဲ တစ်ခါမှ မှန်မှန်ကန်ကန်မရပါဘူး။ ဘုရားစူးပါဗျာ။ ဒါတင်ဘယ်ကမလဲ ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိ
ဒါဆို သ င်္ဘောပေါ့။ဒါလဲ မဟုတ်ပြန်ဘူး။ သင်္ဘောပုံချိုးထားတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်းပါ။ဒါဆ
ကြော်ငြာ ဝင်မယ်ဗျာ။ ကျွန်တော်က ကဗျာသမားဆိုတော့ ကဗျာတစ်ပုဒ်ရေးပီး တင်ဖြစ်တယ်။ ဟီဟိ ပင်လယ်ထဲလဲမသွား ကုန်ကုန်ပြောရရင် ပင်လယ်ကိုတောင်ရုပ်ရှင်တွေထဲပဲ မြင်ဖူးတဲ့ ကျွန်တော်က အောက်က ကဗျာကို စိတ်ကူးယဉ်ရေးသဗျ။
ပင်လယ်လှောင်အိမ်ထဲက ကောင်လေး
လွမ်းသသ ခေါ်သံတွေသူ့ရင်ထဲမှာပဲ့တင်လို့ ချစ်သူမကြားနိုင်ပေမယ့်
သူ နေဝင်ချိန်ရောက်တိုင်း တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးညည်းဆိုဟစ်အော်
အလှမ်းဝေးလိုက်တာလေ
မိုင်တွေ ဘယ်လောက်ခြားနေပီလဲသူ မသိဘူး
ကြည့်လေရာရာကအနက်ရောင်ရေတွေ
ဘယ်ကို ဦးတည်နေသလဲ ဆိုတာ
သူ တကယ် မသိဘူး
သက်ပြင်းမောတွေ ရှိုက်လို့မနက်ခင်းတိုင်းက ပူလိုက်တာကွယ်ချစ်သူနဲ့တွေ့ရဖို
သူ မရေတွက်တတ်ဘူး
ကိန္နရီ ကိန္နရာ မဟုတ်ပေမယ့်
ဒီလောက်ထိ အနေဝေးရတာ မွန်းကြပ်လွန်းပါရဲ့
သူ ဆုတောင်းမမှားခဲ့သလား
ဟင့်အင်းဆုပေးမှားခဲ့တာ ထင်ရဲ့ခုတော့ အလွမ်းပင်လယ်ဝေနေပြီကွယ်
အဲလိုပါဆို။ထားပါဗျာ ။
ကျွန်တော်တို့ ဖားတပိုင်းငါးတပိုင်း ပိုင်တဲ့ သူဌေးအကြောင်းပြောရဦးမယ်ဗျ။ လစာကို တတ်နိုင်သမျှ နည်းနည်းလေးပေးတယ်။ ဒီကြားထဲ ဟိုဟာဖြစ်လို့ ဒါဖြစ်လို့ ဆိုပြီး လစာထဲက ဖြတ်ချင်သေး။ အဲလိုကောင်းတာကလား။ ကျွန်တော်လဲ သိလိုက်ပါတယ်။ တစ်နှစ်နေရုံဖြင့်မည်သို့မျှ ရိုက်ကြေးမကျေနိုင်လို့ပေါ့။ အဲ တစ်ခုတော့ ကောင်းသဗျာ။ ကျွန်တော်တို့ သင်္ဘော(ထားပါတော့ဗျာ)မှာ ကျွန်တော် အပါဝင် AB လေးယောက်ပဲရှိတာ။အားလုံး ရွှေချည်းပဲ။လေးယောက်ထဲရှိတဲ့ သင်္ဘော ခင်ဗျားတို့ကြားဖူးမယ်မထင်ဘူးဗျ
ကျွန်တော်တို့ကို ဆူဆဲအော်ဟစ်ကြိမ်းမောင်း မတရားခိုင်း မယ့်သူမရှိဘူး။crane man ကလဲ အေးဆေးပဲ။ ဘယ်သူမှအနိုင်ကျင့်မခံရဘူး။အဟဲ လစာကလွဲလို့ပေါ့ဗျာ။ အလုပ်ကတော့ ဟိုစပ်စပ်ဒီစပ်စပ်ပါ့။ ပင်ပန်းတဲ့အချိန်ကတော့ crane wire လဲတဲ့အချိန်ပေါ့ဗျ။ဒါကလည်း သိပ်မကြာပါဘူး။ အလုပ်က မဆိုးလှဘူးဗျ။ ခုတော့ ကျွန်တော်လဲ လမ်းတစ်ဝက်ရောက်ပီဗျာ။တစ်နှစ်ပြ
ကုမ္ပဏီနာမည်က Jin Fiat Gravel ပါ သင်္ဘောတွေနာမည်က Jin Fiat Satu,Kin Jaya 6 နဲ့ Kin Jaya 7 ပါ။ Kin Jaya 7 က လစာမဆိုးဘူး ပျိုင်းတယ်ဗျ။ဆူဆူပူပူတွေရှိတယ်
အေးဂျင့်နာမည်က MR WILLIAN ။သင်္ဘောက SIBU မှာဆိုတော့SIBU ကို ထပ်သွားရပါတယ်။ကားနဲ့ အေးဂျင့်ကတင်ပေးလိုက်တယ်။ Sibu မှာဆင်း လာခေါ်မယ့်သူဖုံးနံပါတ်ပေးတယ်။ ဖုန်းဆက်ရင်လာခေါ်မယ်မဆက်ရင်မခေါ်
၄၂ လမ်းက အေးဂျင့်က ဒီကုမ္ပဏီနဲ့ချိတ်တာများပါတယ်။ရိ
ရေးသားသူ - Aung Naing Htun
No comments:
Post a Comment