Friday, May 10, 2013

အလုပ် ကထွက် ပြီး အိမ်ပြန် ချင်တယ် (၂)။


"ကျနော် ကုန်းဘတ် အရာရှိ ဘ၀ က အင် ဂျင် နီယာတွေ က မေးတတ် တယ်
အရာရှိ ဘယ်တော့ သင်္ဘော ပြန် ထွက် မလဲ တဲ့....

ကျနော် က ကြိုး ဖြည် တဲ့ အချိန် ထွက် မှာပေါ့ ဗျ လို့ဖြေရင်သူတို့ သိတ် စိတ်ဆိုးကြတယ်"
ဟဲဟဲ...

သင်္ဘောသား တစ်ဦး အတွက် က မိမိ အလုပ် တာဝန် ချိန် Contract ပြီး လို့
ဘာ ထိခိုက် မှု တစ်စုံတစ်ရာမှမရှိ သင်္ဘောသားတွေ ရော သင်္ဘော ကုန် တွေ
စက်ပစ္စည်းတွေ သင်္ဘော ကြီး အစိတ်ပိုင်း အစစအရာ ရာ အထိအခိုက် အပြစ် ကင်းကင်း
နဲ့ တာဝန် လွဲပြောင်း ပေးပြီး မှ စိတ်အေးရတာပါ။

အခု ရက် ပိုင်း အတွင်း တာဝန် ချိန် စေ့ ပြီမို့
လူစားလဲကာ အိမ် ပြန် ရန် အတွေးတွေ များနေလို့
ဘာမှ ရေးချင် စိတ် မရှိ လို့ Sound Cloud ဘက်မှာ သီချင်းအဟောင်းတွေ တင် နေမိတယ်...

သင်္ဘော ပေါ်မှာ တာဝန် လွဲပြောင်းချိန် ဆိုတာ ရှိပါသည်။

ကုန်းဘတ် အရာရှိ ၊စက်ခန်း အရာရှိ ၊သင်္ဘောသား ၊ဆီလောင်း၊ ဖြုတ် တတ်
ဓါတ်ကြိုး အလုပ် သင် ထမင်းချက် ၊
မည်သူ မဆို မိမိ ယူထားတဲ့ တစ် နိုင် တစ် ပိုင် တာဝန် ကို
စနစ်တကျ လာရောက် လွဲပြောင်းပေးတဲ့ လူရှိမှ
Article of Agreement AOA လို့ ခေါ် တဲ့
တာဝန် မှတ်တမ်း စာအုပ် ထဲမှာ စာရင်းသွင်း စာရင်း ထုတ် ရပါသည်။

ကျနော် တို့ ဘ၀ တွေ မှာ အဲဒီလို တာဝန် လွဲပြီးလို့
Gangway လို့ ခေါ်တဲ့ သံလှေကား အလူမီနီယံ လှေကားကြီး ပေါ်က ဆင်း ပြီး
လေဆိပ် အသွားမှာ
မိမိပြန်ရမဲ့ လေယဉ်ပေါ် မတက် ရဘဲ ကုမဏီ က အရေးပေါ်
ညွန်ကြားချက် အရ နောက် သင်္ဘောတစ် စီး ကို တစ်ပတ် လောက် သွားပေးဖို့
လမ်းလွှဲ ပြောင်း ပြီး လေယဉ် ခရီးစဉ် Divert လုပ် ခဲ့ သွားခဲ့ရတာတွေ လဲရှိ ပါတယ်။

ရန် ကုန် လေဆိပ် ရောက်တော့
လ၀က ဆိုးတဲ့ ခေတ် တုန်းက တံဆိပ် အင်တွေ ကြောင့် အချုပ် ကားထဲ တန်း ပို့ ခေါ်သွားလို့ လိုက် ရွေးရတာတွေ နဲ့ ဆို တော့ လေ...

သင်္ဘောသားတစ် ဦး ပြည်တော် ပြန် ရတာလဲ အိမ်မရောက်ခင် အထိ ကတော့ ကံသေကံမ ပြောမရ လှဘူး

လွန် ခဲ့တဲ့ ၂ပတ် လောက် ကတည်း က နောက်ရောက်မဲ့ဆိပ်ကမ်း မှာ လူစားလွဲပြောင်းမယ် ပြောပြီး လို့ အစစ အရာရာ ပြင်ဆင် နေခဲ့ရတယ်။

ရောက် ခါနီး လေး ငါးရက်မှ ကိုရီးယား အထိ ၁၀ ရက် ဆက် လိုက် ပေးပါ ဆို တော့
ရုံးနဲ့ ဥပဒေ တွေ သူပြောကိုယ်ပြော ရပိုင်ခွင့်တွေ ရန်ဖြစ် ပြီးတော့
ကိုယ် အနိုင် ရလေတော့တကယ်ပြန်ရတော့ မယ်ပေါ့။

ရောက် မဲ့ ဆိပ် ကမ်း က မလေး ရှား (ဂျို ဟိုး ဘာရူး )သင်္ဘောပေါ်ကဆင်း Cause Way ကို မိနစ် ၃၀ လောက် ဖြတ်လိုက် ရင် စင်္ကာပူ က Casino ထဲ ၀င် မလားကဲ လို့ ရပြီ ပနင်ဆူလာမှာ မုန့်ဟင်းခါး စားမလား
ဘော်ဘော်တွေ နဲ့ နယူတန် ဆပ်ကပ် မှာ ဘီယာသောက် ဖို့ ချိန်းမယ် အားရ၀မ်းသာ တွေးနေတုန်း

၂ရက် အလိုကြမှ (မလေးရှားမှာ) ရွေးကောက်ပွဲ က တစ်မျိုး ၊ Black out နဲ့ ဆန္ဒပြကြ နဲ့
သင်္ဘော တွေ အကုန် ကျပ် ညှပ် ပိတ်မိ ကုန် လေတော့
ရုံး က ဖုန်း ၀င်လာတယ် စင်္ကာပူ ကို Divert လုပ် မယ် ဖြစ် မလားတဲ့

သင်္ဘော က ပင် လယ် ထဲ ရက် ၄၀ လောက် ဖြတ် လာတာ
ငွေတွေ ဆီတွေ စားစရာတွေ ကုန် တော့ မယ် ပြီးတော့
အိမ်ပြန် မဲ့ သင်္ဘောသား၅ ယောက် အချိန် မီ လာလဲရမယ့် လူ က၅ ယောက် ။
တင် လာတဲ့ တူနာငါး ကုန်သေတ္တာ ဒေါ်လား သန်း ၂၀၀ ကျော် ကလဲ မလေးမှာ ချရမှာ ..

၂ရက် လုံး မရပ် မနား စာတွေ အသွားအပြန် နဲ့ လူတွေ အလဲ လှယ် အတွက်
လေယဉ် တွေ ပြောင်း ဗီဆာတွေပြောင်း
လုပ် ကြ သင်္ဘောမှာ ယူရမယ် စတိုးတွေ အရေး ပေါ် ပစ္စည်းတွေ စာရွက် စာတမ်းကိစ္စ များမြောင် ကို လုပ် ပြီးကာမှ ..

စင်္ကာ ပူ မှာ သင်္ဘော ကပ် ရန် နေရာ မအားလပ် ပါ ၂ရက် ၃ ရက် အတွင်း ပြည့်နေသည်တဲ့။

ကွန် တိန် နာဆိုတာက အချိန် ကိုက် တစ် နေရာမှ တစ်နေရာ သင်္ဘော တစ် စီး နဲ့ တစ် စီး
သူ့ဟာ ကို တင် ကိုယ့် ဟာ သူယူ သွားရတာ ။

တရုတ် ပြည် ဘက် မှာ ဆီးနှင်းတွေ ပိန်း ပိတ် လို့ သင်္ဘော တွေ ကျပ်ခဲနေလို့ကုန် တွေ လဲရောက်မလာတော့
နောက် ဆုံး တစ် ရက် အလို မှ သင်္ဘော ကို မလက္ကာ နားက Port KLang မှာ ရှောင် တစ်ခင် ၁၀ နာရီ ၀င် ကပ် မယ် ဖြစ် သွားရတယ်။

မနေ့ က ဆို တစ် နေ့ လုံး တစ် ညလုံး ကြေနန်း တွေ အသွားအပြန်
တယ်လီဖုန်း တွေ တစ် ဂွမ်ဂွမ် နဲ့ သုံးနေရင်းက
Face Book မှာ တော့ တစ်ချက် တစ် ချက် ၀င်ဝင်ကလိ လိုက် သေး၏

ဒီမနက် က ၄ နာရီ မှာ သင်္ဘော ကျောက် ချ သည်။ ၅နာရီ ခွဲ မှာ အိပ်ယာဝင် ခဲ့၏
အခု ၈နာရီ ခွဲ ကော်ဖီသောက် ရင်း ရောက်တတ်ရာရာအတွေးတွေထဲမှာ

အချိန်လု နေရ၍ လူစားလဲ အစီအစဉ် ထဲမယ် သူများတွေ အတွက် တော့ လုပ် နိုင်ခဲ့ပေမဲ့
တာဝန် လွဲ ရမယ့် အချိန် နဲ သွားလို့ ကို ကတော့ မဆင်းရတော့
မလေးဗီဇာ အချိန် မီ မရတဲ့ လူစားကြောင့် ဆက် နေရဦး မယ့်

ထမင်းချက် နှစ် လေးရယ် သူကြီး ရယ် ၂ယောက် ကတော့
မနက်စာစားတဲ့ ထမင်းဝိုင်း မှာ အစခံ အနောက် ခံ Topic တွေ ဖြစ် သွားရပြန်တယ်။

ကျနော် ကုန်းဘတ် အရာရှိ ဘ၀ က အင် ဂျင် နီယာတွေ က မေးတတ် တယ်
အရာရှိ ဘယ်တော့ သင်္ဘော ပြန် ထွက် မလဲ တဲ့....
ကျနော် က ကြိုး ဖြည် တဲ့ အချိန် ထွက် မှာပေါ့ ဗျ ဆို သူတို့ သိတ် စိတ်ဆိုးကြတယ်
ကျနော် ကတော့ ဟဲဟဲဟဲ ရယ် နေမိတယ်..

အခု လဲ သူကြီးရေ ဘယ်တော့အိမ်ပြန်ရောက်မလဲဆို ....
ဖိနပ် ကြိုး ဖြည် တဲ့ အချိန် ပေါ့ (မိန်းမ) ရေ လို့ ဘဲ ရူးသလို ပေါသလို ပြော ရတော့ မှာဘဲကွယ် ။

No comments:

Post a Comment