Friday, May 10, 2013

လူ့ပြည် မှ နတ်ပြည်သို့ ...


တစ်နေ့ သောအခါ နတ်ပြည် ကို အုပ်ချုပ်တဲ့ နတ်မင်းကြီး က လူပြည် ကို ဖုန်းလှမ်း ဆက်တယ် .......


တီ....တီ....
လူပြည်။ ။ဟယ်လို ....အမိန့်ရှိပါ..(လူပြည်မှပြန်ထူးသံ)

နတ်ပြည်။ ။အေး.... ခု ပြောနေတာ နတ်ပြည် ကိုအုပ်ချုပ်နေတဲ့ နတ်မင်းကြီးပဲ
လူပြည်မှာ အုပ်ချုပ်နေတဲ့ ဆိုင်ရာပိုင်ရာ နဲ့ စကား ပြောချင်တယ် .....

လူပြည်။ ။ဟုတ်ကဲ့ ခုလူပြည် က သေသွား တဲ့လူတွေကို နတ်ပြည်နဲ့ ငရဲပြည် ဘယ်ကိုပို့ ရမလဲ ဆိုပြီး ခွဲခြား ဖို့ ခုံရုံးတင်ပြီး စစ်ဆေးနေးတဲ့ နေရာ ရောက်နေတယ်။

နတ်ပြည်။ ။သေချာမကြား ရဘူး ။မိုးရွာနေလို့လား ပြတ်တောင်းပြတ်တောင်း နဲ့ဖုန်းလိုင်းမမိဘူးလား။ နတ်ပြည် မှာ တော့ ဖုန်းလိုင်း မိတယ်။ မင်းတို့လူ ပြည်မှာ ပဲ ဖုန်း လိုင်းမမိတာနေမှာ။ ဖုန်းလိုင်းမိတဲ့နေရာ မှာ ပြောပေးပါလား။

လူပြည်။ ။ နတ်မင်းကြီး ခင်ဗျား နတ်မင်းကြီး အရေး ကြီးဖုန်း ဆို လို့ ကျွန်တော် မျိုး ကြီး ဖုန်း တာဝါတိုင်ပေါ် တက်ပြောနေတာ ခုအောက်မှာ လူတွေ အများကြီး မီးသတ်ကား တွေရော ပိုက်ကွန်တွေနဲ့ ရောက်နေ ကြတယ်။ ကျွန်တော်မျိုး ခုန်ချမယ်ထင်လို့နဲ့ တူတယ်နတ်မင်း ကြီး။ မကြား ရတာ နည်းနည်း ဝေးနေလို့နဲ့တူတယ်။ နတ်မင်းကြီး စိတ်မရှိပါနဲ့ ဖြစ်နိုင်ရင် နတ်ပြည်အောက်ဆုံး ထက် ကနေ ဆင်းပြောပေး ပါလား။လူပြည်နဲ့ ပိုနီးလာ မလားလို့ပါ

နတ်ပြည်။ ။အေးကွာ ထားပါတော့။ငါဆင်းပြီးပဲပြောပါတော့မယ်။ဒါတောင် ဟိုးနေ့က ရောက်လာတဲ့ သင်္ဘောသား အင်ဂျင်နီယာ အုပ်စု ပြင်ပေးလို့ ဓာတ်လှေကား ကောင်းသွားလို့ ဆင်းလို့ ရတာ။ ခုတောင် အဲ့အုပ်စု ပူလို့ဆိုလား AIR CON တွေ ပြင်နေကြတယ်။
အဓိကအကြောင်း အရာ က မင်းတို့ စစ်ဆေးပြီး ပို့လိုက်တာ နတ်ပြည်မှာ လူတွေတအား များ နေတယ်ကွ။ နတ်ပြည် ခြောက်ထပ်မှာ မင်းတို့လူပြည် ကလူတွေ ချည်းပဲ အထူး သဖြစ်မင်းတို့ လူပြည် က သင်္ဘော သားဆိုတဲ့ GUY တွေချည်း ပါလား ကွ။ ကျန်ခဲ့တဲ့ ၁၀ရက်က သင်္ဘေားသား ဆို ငရဲပြည် ပဲပို့တာဆို ကွ။(နတ်ပြည်မှ ၁၀ရက်သည် လူပြည်မှ ရက်တစ်ရာနှင့်တူသည်)

လူပြည်။ ။နတ်မင်းကြီး ခင်ဗျာ။ လူပြည်မှာ စစ်ဆေး လို့ ရသလောက်တော့ သူတို့ (သင်္ဘောသား) တွေ ဟာ ဟိုးအရင်တုန်း ကလို မျိုး သင်္ဘောသား တွေလို တစ်ရွာတစ်ကျီ စောက်ဖို့ နေနေသာသာ ကမ်းရောက်ရင် သင်္ဘောပေါ် မှာ မစားရတဲ့ စားစရာ လေးပြေးဝယ်။ အိမ်က ချစ်ဇနီးနဲ့ သားသား မီးမီး တွေနဲ့ ဖုန်း ပြောပြီး အမောဖြေ ရအောင် ပြေးလွှား ဖုန်းဆက်။ အချိန်တန် လို့ သင်္ဘောပြန် ရတယ်လို့ ဖြေလို့ ပါ။

အရက် ဘီယာ ဆိုလို့ တစ်ချို့သင်္ဘော ပေါ် မှာ ဟင်းချက်ရင်သုံးတဲ့ ဝိုင် တောင် သင်္ဘောသူဌေး ကမထားခိုင်း ဘူးတဲ့။
ဘာတဲ့ drug and alcohol policy ကို လိုက်နာ ပါ့မယ်ဆို
ပြီး သင်္ဘော ပေါ် ရောက်ရောက် ချင်းစာရွက်
ပေါ် မှာ လက်မှတ်ထိုး ထား ရတယ် တဲ့ ခင်ဗျာ။ ချွေးထွက်လွန်လို့ ရေဓာတ် ခန်းခြောက်တာ ကို ကာကွယ်ပေးတဲ့ ရေဆူဆေးပြား ဖျော်ထား တဲ့ ဘူး တောင် အဝါရောင် ပေါက်နေလို့ အခန်းလိုက်စစ်တဲ့ ကုန်း ဘက် အရာရှိချုပ် က ဖွင့်နမ်း သွား ပါသေး သတဲ့ ။ ဝီစကီဆို သူလဲ ကပ်တွယ်သွားမဲ့ ရုပ် လို့ ပြော ပါတယ်နတ်မင်းကြီး။

နတ်ပြည်။ ။ နေစမ်းပါအုန်း ဒီအချက် နဲ့ပဲ ဘာလို့ နတ်ပြည် ကို ချည်း စွတ်ပို့ နေရတာလဲ။ ဒီမှာ သင်္ဘောသား တွေ တော်တော်များ နေပြီ။ ကုန်းဘက် ကအုပ်စု တွေလည်း ဆေး ချည်းစွတ် သုတ် တာ လကုန် ရင် နတ်ပြည် အသုံး စရိတ်တက်တယ်ကွ။ ကုန်း ဘက်က အုပ်စု လည်း သစ်သစ်လွင် လွင် ဖြစ်တာ ကြိုက်လား မသိဘူး ကွာ။ ခုလဲ သင်္ဘော ဆေး မှာထား တာ ဘုံး ၁၀၀၀ကျော်နေပြီ ။ ဘယ်လိုပြောပြော မရဘူး သုတ်မှာ ပဲ တဲ့။ မင်းတို့ လူပြည် ကို နည်းနည်းပြန် ခေါ် ကွာ။ ဒီမှာ အတော်များ နေပြီ တဲ့။ ပြီးတော့ မင်းလူ တွေ က RIGHT ဆို ရင်FIGHT မယ်ဆိုတာချည်း ပဲ။ ငြိမ်ခံတာ မဟုတ်ဘူး ကွ။ ငါ နတ်မင်းကြီး တောင် ဘယ်ပြေး ရမှန်း ကို မသိတော့ဘူး။ နည်းနည်း တော့ပြန်ခေါ် ကွာ မင်းလူ ပြည် ကို မင်းနတ်ပြည်ကို ရောက်ရင် ရှယ်ပြုစု မယ် ကွာ။

လူပြည်။ ။စိတ်မကောင်းစွာပဲ ငြင်းမိပါတယ် နတ် မင်းကြီး။ လာဒ်ပေး လာဒ်ယူ ဆို တာ မရတော့ဘူး။ ဖိုင်အောက်မှာ ၅၀၀၀ တန် ထိုးပေးတာ တို့။ ဘာတို့ ညာတို့ မရတော့ ဘူး။ အခြား တော့ ဟုတ်ပါ ဘူး ။ ၅၀၀၀ ကနည်း လို့တဲ့။ ၅၀၀၀ နဲ့ နာမည် အပျက်မခံ ပါဘူး တဲ့။ ၁၀၀၀၀လောက်ဆို တော်သေး တဲ့ ။ စာရေး မလေး တွေ ကား ဓာတ်ဆီဖိုး သင်္ဘောသားဖြည့် ပေးလိုက်ရတာပါ။

နတ်မင်းကြီး ပြန်တော့မခေါ် ပါရစေနဲ့။ လူပြည် မှာ တောင် အဲ့ သင်္ဘောသား အုပ်စု အလုပ်ရှား နေလို့ အော်နေကြတာ ဖားလေးတွေ မိုး ခေါ် နေတာကျနေတာပဲ။

နတ်ပြည်။ ။ ဒါနဲ့ပဲ နတ်ပြည်ကို မြန်မြန် စစ်ဆေးပြီး လွှတ် လိုက်တာလား။

လူပြည်။ ။မဟုတ်ပါဘူး နတ်မင်းကြီး။ သင်္ဘောသား အခွန်ထမ်း တွေမလို့ပါ။
နတ်မင်းကြီးနား လည်အောင် အကြမ်း ဖျင်း လေး တွက်ပြပါ့မယ်။

ဥပမာ ပေါ့ အရင်တုန်း က နော် ခု တော့ မထမ်း ရတော့ပါဘူး။

CAPTAIN တစ်ယောက် တစ်လ$ ၆၀၀၀ဆိုတစ် လ $ ၆၀၀ နိုင်ငံတော်ကို ပေး ရတယ်၁၀ ရာခိုင်နှုန်း ပေါ့။
အင်ဂျင်နီယာချုပ်ဆို လဲ။ တစ် လ $၆၀၀ ပဲ။

CADET လဲ တစ် လ ရတဲ့ လစာငွေ $၄၀၀ ထဲက $၄၀ ပေးရတယ်။
အားလုံး ကျေကျေနပ်နပ် အခွန်ထမ်း ကျရတယ်။

ရာထူး ကြီးငယ်အလိုက် နော်။
လူပြည်မှာ အခြား စီးပွား ရေးလုပ်နေတဲ့ လူတွေ ပေါ့ နော်ကုန်သည်တွေ ပေါ့။ ဥပမာ တစ်ရက် ၁၀သိန်းဖိုး အမြတ်ကျန်တဲ့ ဆိုင်တစ်ဆိုင်ပေါ့ တစ်လ အမြတ်ငွေ သိန်း ၃၀၀ပေါ့ အခွန် ထမ်းတော့၁၀ရာခိုင်နှုန်း တစ်လသိန်း ၃၀ ဆောင်ရမယ်ဆို ပါတော့ ၁၀သိန်း လောက်ဆောင်ပြီး(နတ်မင်းကြီး အခြားလူတွေလဲ အခွန်ထမ်း ပါတယ် မထမ်းဘူးလို့  ပြောတာ ဟုတ်ပါဘူး) ခုန ပြောသလို ပေါ့နော် UNDER TABLE လုပ်လိုက်တာ ဆိုတော့ သူတို့ ကို နတ်ပြည်ပို့ မလား သင်္ဘောသား နတ်ပြည်ပို့ မလား ဆိုတော့ နတ်မင်းကြီး စဉ်းစား ကြည့်ပေါ့။

ခု ဆောက်ထား တဲ့ လှည်းတန်း ဂုံးကျော်တံတား တောင် စဉ်းစား ကြည့်ရင် ပိုင်တိုင် ၁၀ တိုင်စာ လောက်တော့ သင်္ဘောသား အခွန်ပါမလား လို့။

နတ်မင်းကြီး အကူအညီ တစ်ခု လောက် ကူညီပေးပါလား။ မြန်မာပြည် ရန်ကုန် ဒေါပုံ တံတားဘေး နားမှာ လမ်းပေါ် ကျောပိုး အိပ်လွယ်။ လွယ်အိပ်တစောင်း လွယ် ပြီး အိမ် က မိသား စု စားဝတ်နေရေးအတွက် နေပူ ထဲ လျှောက်နေတဲ့ သင်္ဘောသား တွေ အတွက် ကွက်ပြီး မိုးလေး ညဘက် တိတ်တိတ် ရွာ ပေး ပါ လို့ ရမလားခင်ဗျာ။

ပူလွန်းလို့ ပါ......ရာသီဥတု...မိသားစု အရေး....အလုပ်အကိုင်....စာမေးပွဲ.....သင်တန်းတက်ခွင့်....သင်တန်းကြေး......စုံလို့ ဗျာ

No comments:

Post a Comment