Showing posts with label universities. Show all posts
Showing posts with label universities. Show all posts

Tuesday, November 26, 2013

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ သင်ထောက်ကူပစ္စည်းများ ဂျပန်နိုင် Mitsubishi Electric က လှူဒါန်း

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သို့ သင်ထောက်ကူပစ္စည်းများ ဂျပန်နိုင် Mitsubishi Electric က လှူဒါန်း


   

ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက် ….

ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် သည် ၀န်ကြီးဌာန၏ ရည်မှန်းချက်တစ်ခု ဖြစ်သည့် ပြည်တွင်းရေကြောင်း ကဏ္ဍနှင့် နိုင်ငံတကာ ရေကြောင်းကဏ္ဍ ကို အကျိုးပြုနိုင်သည့် ရေကြောင်းပညာရှင်များ ကို စဉ်ဆက်မပြတ်မွေးထုတ်ပေးရာတွင် အားထားရသည့် တက္ကသိုလ် တစ်ခုဖြစ်ကြောင်း ဖြင့် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ၌ ကျင်းပသည့် Mitsubishi Electric Company ဌာနခွဲ ဖြစ်သည့် Peace Myanmar Electric Co.,Ltd က မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ရေကြောင်းလျပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာဌာန သို့ သင်ကြားရေး အထောက်အကူပြု ဓာတ်ခွဲခန်း ပစ္စည်းများဖြစ်သော Control and Automation Systems Components ၁၅ စုံ ပေးအပ်လှူဒါန်းပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က ပြောကြားသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးက တက္ကသိုလ် အနေနှင့် အရည်အချင်း ပြည့်မီသော စွမ်းရည်ပြည့်ပညာရှင် များမွေးထုတ်ပေးနိုင်ရေးအတွက် သီအိုရီပိုင်း သင်ကြားရေးကိုသာမက လက်တွေ့ပိုင်းကိုပါ လေ့ကျင့် သင်ကြားပေးရန် လိုအပ်ကြောင်း ၊ ယခု လှူဒါန်းသည့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများသည် ရေကြောင်းလျပ်စစ်နှင့် အီလက်ထရွန်နစ် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူများအတွက်သာမက ရေကြောင်း အင်ဂျင်နီယာ ၊ ရေယာဉ်ဗိသုကာ ၊ ဆိပ်ကမ်းအင်ဂျင်နီယာ ၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူမျာါး လက်တွေ့ သင်ကြားရေးတွင် ထိရောက်သည့် အထောက်အကူပြု အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် လှူဒါန်းပေးသော Mitsubishi Electric Company ဌာနခွဲဖြစ်သော Peace Myanmar Electric Co.,Ltd Marketing Director ဦးခင်အောင်မြတ်က ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဌ ဦးဇော်မင်းဝင်းက လှူဒါန်းမှု နှင့် စပ်လျဉ်း၍ လည်းကောင်း ပြောကြားပါသည် ။
ဆက်လက်၍ Marketing Dirctor ဦးခင်မောင်မြတ်က သင်ထောက်ကူပစ္စည်းများကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်ထံသို့ လွဲပြောင်းပေးအပ်သည် ။

ယင်းနောက် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်နှင့် ဂျပန်နိုင်ငံ Mitsubishi Electric ၏ Setcuo Co.,Ltd General Manager Mr.Kazuhiko Moriguchin တို့ အမှတ်တရပစ္စည်းများ လဲလှည်ကြသည် ။ ( သတင်းစဉ်)

၂၃.၀၉.၂၀၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ နံပါတ် ၂ တွင် ပါရှိသော ဆောင်းပါးကို မူရင်းအတိုင်း ပြန်လည် ရေးသားဝေမျှခြင်း ဖြစ်ပါသည် ။ 8P @ MSU

Sunday, June 10, 2012

Worldwide Nautical Schools List

Cape Town 
- Center for Maritime Studies - Cape Town , South Africa -Australian Maritime College Tasmania

United States Merchant Marine Academy

... -California Maritime Academy- Maritime College of Engineering, Business & Transportation
-Massachusetts Maritime Academy
-U.S. Merchant Marine Academy - Kings Point

United Kingdon

-Governmental Aberdeen College
-Governmental Glasgow College of Nautical Studies
-Governmental Greenwich Maritime Institute