Monday, October 21, 2013

4 vessels ran aground in Suez Canal ( 13th Oct. 2013 )



4 vessels following in south bound convoy ran aground in Suez Canal yesterday (13th Oct.).

“Vessel A” having a draught of 16.5 meters, ran aground at the entrance of Al Ballah Bypass East Branch.
While entering Al Ballah Bypass East Branch, she was slightly off-track to her port side and suddenly lost steerage. Master and pilot confirmed that vessel was aground and warned the following vessels behind her.

“Vessel B” knowing that “Vessel A” ran aground, immediately reduced speed and tried to let go her anchor, as advised by Pilot.
Master refused to let go anchor since the vessel was still making way about 4 knots SOG, and decided to beach just before “Vessel A”.
She beached/ran aground at the entrance of Al Ballah By Pass East Branch too.


Since 2 vessels were already aground at the entrance of East Branch , “Vessel C” following “Vessel B” decided to divert into Al Ballah Bypass West Branch even though the SCA ( Suez Canal Authority ) were asking them not to do so because of her deep draught.
Soon after entering the Al Ballah Bypass West Branch, “Vessel C” ran aground too.

“Vessel D” also decided to enter West Branch following “Vessel C”.
Seeing that “Vessel C” ran aground, she gave her engines astern and tried to stop.
Unfortunately, due to transverse thrusts, she swung to her starboard side and her bow and stern were grounded on the sides of the canal, blocking the West Branch totally.

The remaining south bound vessels managed to pass East Branch passing the small passage on the starboard side of 2 grounded vessels in East Branch.
Within few hours, all 4 vessels were towed to Great Bitter Lake and the canal was cleared.
Part of the north bound convoy was cancelled and north bound vessels remained in Great Bitter Lake and Gulf of Suez anchorages.

Today, on 14th Oct., I am on a south bound vessel and we have a delay of 6 hours awaiting all north bound vessels to clear the canal since there are double in numbers of ships following north bound convoy.

News Source – Suez Canal Pilot
Vessels’ names are kept confidential by Pilot.
No news have been published by SCA website.

NK @MSU ( currently @ Suez Canal )

MET Meeting at DMA (15.10.2013)

Credit to U Ko Ko Naing (Myanmar Ship Captain's Association)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဒီနေ့ Maritime Education and Training (MET) အစည်းအဝေးမှာ အပ်ကြောင်းထပ်သွားအောင် ကြားရတာကတော့ Administration နဲ့ Training Centre – equally responsible ရှိတယ်ဆိုတာပါပဲ။
ပြီးခဲ့တဲ့ White list audit မှာတုန်းက-
1. MMU
2. MMMC
3. PGI နဲ့
4. Uniteam Training centre တွေက STCW မှတ်ကျောက်တင်ခံနိုင်ခဲ့ကြတာမို့ White List ရခဲ့ပြီးဖြစ်ပါပြီ။

နောက်လမှာ STCW White list audit ထက်ပိုပြင်းမယ့် IMO Member State Audit လာမယ်။ STCW တင်မကပဲ SOLAS, MARPOL, LOAD LINES, TONNAGE နဲ့ COLREG အားလုံးကို Audit လုပ်မယ့်အစီအစဉ်ပါ။ ၂၀၁၅ မှာ mandatory ဖြစ်လာမယ့် IMO AUdit Scheme ဟာ ဒီအကြိမ်မှာ နမူနာပြသွားမှာ ဖြစ်ပေမယ့် ပေါ့လို့မရပါဘူး။

ဆက်တိုက်ဆိုသလိုပဲ မလေးရှားက Recognition အတွက် EMSA(EU) ကမြန်မာပြည်ကို မနှစ်ကလာစစ်ခဲ့သလို အစစ်ခံရပါဦးမယ်။ မလေးရှားဟာမြန်မာ နိုင်ငံ white list မရမီကတည်းက အနှုတ်သဘောဆောင်တဲ့ အမြင်နဲ့ ပြောဆိုခဲ့တာတွေ ရှိတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။

ဒီနေ့ အစည်းအဝေးမှာ အာမခံပြီး ရဲရဲဝံ့ဝံ့အစစ်ခံသွားမယ်ဆိုတဲ့ Training Centre တွေကတော့…
Nautical side မှာ
1. MMU
2. MMC
3. PGI
4. Uniteam
5. MES
6. JSM နဲ့
7. Success (SMA) တို့ဖြစ်ပါတယ်။

Engineering sector မှာ
1. MMU
2. MMMC
3. MMEA
4. WISE WISH တို့ဖြစ်ပါတယ်။

STCW Reg. I/8 အရ အားလုံးသော CoC သင်တန်းကျောင်းတွေမှာ QMS ရှိပြီးဖြစ်ရမှာမို့ အချိန်မီဖြည့်ဆည်းရင်း Administration နဲ့ Training Centre – equally responsible ရှိစွာ
Myanmar Maritime Industry ကောင်းသထက် ကောင်းမွန်အောင်ဆောင် ရွက်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

MET အစည်းအဝေး..(DMA) (၁၅.၁၀.၂၀၁၃)


IMO က..ရှေ့လထဲမှာ..Voluntary Audit နဲ့ပါတ်သက်ပြီး..မြန်မာနိုင်ငံကို..လာပါ့မယ်..။
IMO အဖွဲ့ဝင်..နိုင်ငံတစ်ခု..ဖြစ်တဲ့..Malaysia ကလည်း..မြန်မာနိုင်ငံ MET (Maritime Education & Training) စနစ်သစ်..အကောင်အထည်ဖော်နေတဲ့..အနေအထားကို.. Audit လာပါ့မယ်..။
IMO ကလည်း..မြန်မာနိုင်ငံမှာ..ဖွင့်လှစ်ထားတဲ့..သင်တန်းကျောင်းများ..စာရင်းကို. .တောင်းနေတဲ့..အတွက်..စာရင်းပို့ရပါတော့မယ်..။
။။။။။။။။။။။။
အဲဒီ..သတင်းနဲ့..သင်တန်းကျောင်းများဘက်က..ပြင်ဆင်ရမဲ့..လုပ်ငန်းများကို.. DMA..က..ခေါ်ယူ..အသိပေးတာ..ဖြစ်ပါတယ်..။
။။။။။။။။။။။။
သင်တန်းကျောင်း..များဘက်မှာ..အားနည်းချက်များ..များနေခဲ့ရင်..
ချို့ယွင်းချက်..များတဲ့..သင်တန်းကျောင်းများ.မြန်မာပြည်မှာ..
.များနေခဲ့ရင်..
White List ကို..ထိခိုက်..စေမှာ..ဖြစ်ပါတယ်..။
။။။။။။။။။။။
သင်တန်းကျောင်းများ..ကို..Unscheduled Monitoring လုပ်ခဲ့တဲ့..စစ်ဆေးရေး.အဖွဲ့များ..ရဲ့..တွေ့ရှိချက်များ..တင်ပြတာကိုလည်း..နားထောင်ခဲ့ရပါတယ်..
အခြေအနေက..ကိုယ့်..အချင်းချင်းစစ်တာတောင်..လိုအပ်ချက်တွေ..ရှိနေသေးတယ်..
Documentation ပိုင်းဆိုင်ရာ..လိုက်နာမှု..ဆောင်ရွက်ထားရှိမှု..အားနည်းနေတယ်..
ဆိုတာကို..သိရှိရပါတယ်..။
။။။။။။။။။။။
လူငယ်..အများစုရဲ့..Concept ပြောရမလား..Mindset ပြောရမလား..။ ကိုယ့်..Professional အပေါ်ထားတဲ့.. ခံယူချက်..အားနည်းနေတယ်..။
စည်းကမ်း၊ ပညာရပ်အပေါ်မှာ.စိတ်ဝင်စားမှု..၊ အားနည်းပြီး..
ချောင်တဲ့..နေရာ..ကို..နှစ်သက်မှု..၊ မေးခွန်း..နောက်သာ..လိုက်နေမှု..၊ မကျပါဘူးကွာ..မအောင်တာဘဲ..ရှိပါတယ်..။ ၀င်စမ်းလိုက်ဦးမယ်..ဆိုတဲ့..အတွေး..
စတာ..စတာ..တွေ..များ..နေကြောင်း..သင်တန်းကျောင်းများဘက်မှ..အသံ. .တွေလည်း..ကြားရပါတယ်..။
။။။။။။။။။။။
စာမေးပွဲ..အောင်ချက်..%..အနည်းအများအပေါ်မှာ..မိမိ..သား၊ တူ..များ..ရဲ့..သံယောဇဉ်နဲ့..အထက်အဖွဲ့အစည်းမှ..အာဏာပိုင်များက.
.DMA အပေါ်မှာ..ဖိအား..ပေးမှုတွေလည်း..ရှိနေဆဲ..။
ပစ်စာ..များ..အပေါ်.အထက်အဖွဲ့အစည်းများက...အလေးထားနေဆဲ..
ဆိုတာကိုလည်း.နားလည်လိုက်ရပါတယ်..။
DMA ဘက်က..လုပ်သင့်တဲ့..အလုပ်မှန်းသိပေမဲ့..တိုင်စာ..ပစ်စာ. .ကြောက်နေရလို့..
လုပ်ဘို့..၀န်လေးနေရတဲ့..အခြေအနေတွေလည်း..ရှိနေပါတယ်..။
။။။။။။။။။။။
စနစ်..အောင်မြင်စေဘို့က..
မိဘ..ဆရာ..ကျောင်းသား..နိုင်ငံတော်..အားလုံး..က
စေတနာအမှန်နဲ့..စိတ်ရင်းအမှန်နဲ့..အလုပ်လုပ်မှ..ဖြစ်လာ..
အကောင်အထည်ပေါ်လာမှာပါ..။
။။။။။။။။။။။
မိဘ..တွေကလည်း..ငါ့သားထိ..ငါနဲ့..တွေ့မယ်..ဆိုတာမျိုးလျော့..ရမှာပါ..။
စာမေးပွဲ..၅ကြိမ်ဆက်တိုက်ကျတာ..သားကိုယ်တိုင်က..ညံ့နေလို့လား..
ဆိုတာမျိုးလည်း..တွေးသင့်ပါတယ်..။
။။။။။။။။။။။
ဆရာတွေ..သင်တန်းတွေကလည်း..စည်းနဲ့ကမ်းနဲ့..Professional ကောင်းတွေ..ဖြစ်လာအောင်..မွေးထုတ်ရမှာပါ..။ စီးပွားရေး..အရမ်းဆန်လို့..မရပါဘူး..။
။။။။။။။။။။။
ကျောင်းသား..လို့..ပြောရမဲ့..လူငယ်များကလည်း..ဘာသာရပ်ဆိုင်ရာနဲ့..
English မှာ..အခြေခံကောင်းအောင်..ကြိုးစားဘို့..၊ သဘောင်္ပေါ်မှာ..နေစဉ်ကထဲက..စာတွေ့..လက်တွေ့..အသိရှိရှိ..
လိုချင်စိတ်အပြည့်နဲ့..လေ့လာခဲ့ဘို့..၊
။။။။။။။။။။။။
နိုင်ငံတော်အပိုင်း၊ ဌာနဆိုင်ရာအပိုင်းကလည်း..၊ အခြားနိုင်ငံများမှာ..ကျင့်သုံးသလို..သင်တန်းကျောင်းတွေဘက်မှာ..
ဘာလိုသလဲ. .ဘာဖြည့်ဆည်းပေးနိုင်မလဲ..ဆိုတာမျိုး..ထောက်ပံ့တာ..ကူညီတာများ..လည်းလိုအပ်ပါတယ်..။
သင်ကြားတဲ့..သူတွေ..ကျောင်းတွေမှာ..ဘာဖြစ်နေလဲ..ဆိုတာမျိုး..၊ စစ်ဆေးနေသူတွေမှာ..ဘာအခက်အခဲတွေ..ရှိသလဲ..ဆိုတာမျိုး..၊
လက်အောက်ဌာနမှာ..ဘယ်လို..လုပ်နေရတယ်..ဆိုတာမျိုး..၊
ရေတို..မှာ..ဘယ်လို.ဖြစ်ပြီး..၊ အကျိုးဆက်အနေနဲ့..ရေရှည်မှာ..ဘယ်လိုဖြစ်သွားနိုင်တယ်..ဆိုတာမျိုး..ကို..၊
Policy Maker အဆင့်..အာဏာပိုင်များ..က..လေ့လာ..သုံးသပ်ပြီး.. မှန်ကန်တဲ့..လမ်းညွှန်ချက်များ..ချမှတ်ပေးရင်ဖြင့်.. စနစ်သစ်..အောင်မြင်မှုရဲ့..တွန်းအား..တစ်ခု..ဖြစ်လာစေမှာပါ..။
။။။။။။။။။။။။။
လောလောဆယ်..မဖြစ်နိုင်မှန်း..သိပေမဲ့..၊
တုတ်..လဲ..ဝေသင့်ရင်..ဝေ၊
မုန့်လည်း..ဝေသင့်ရင်..ဝေ..သင့်ပါတယ်..ဆိုတာလည်း..
စိတ်ကူးယဉ်မိပါတယ်..။
။။။။။။။။။။။။
ခြုံပြောရရင်တော့..
ရင်မော..စရာတွေ..ချည်းပါဘဲ..။
။။။။။။။။။။။။
ကြိုးစားရင်..ဖြစ်ရမှာပေါ့..ဆိုပြီး..အားတင်း..လုပ်နေရင်း..
ငါ.လုပ်နေတာ...မှား..နေပြီလား..ဆိုတဲ့
အတွေး..တစ်ချက်တစ်ချက်..မှာ..ပေါ်နေဆဲပါ..။
။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

အချစ်သာ..မဟုတ်..အခြစ်လည်း.ဘ၀မှာ..အရေးကြီးသည်..။


လူငယ်အင်ဂျင်နီယာများ..ခင်ဗျား..။
ဆရာ..ကို..မင်းဆွေ..တစ်ယောက်..လူစားမရလို့...အိမ်မပြန်ရတိုင်း.၊ စိတ်ထဲက..ရောက်နေတဲ့..အချစ်အကြောင်း..အဲ..အခြစ်အကြောင်း.
.ရေးတဲ့..စာများ..ပုံများ..
တင်တင်နေတာကို..သတိထားမိပါတယ်..
ထောက်လည်း..ထောက်ခံပါတယ်..။
။။။။။။။။။။။။။။။။။။
.များများ..ခြစ်ကြပါ..။ များများခြစ်မှ..စာမေးပွဲမှာ.ရေးဖြေ...အောင်မြင်ဘို့..အတွက်..
အထောက်အကူ.
.သေချာပေါက်ရမှာ..ဖြစ်သလို..
။။။။။။။။။။။။။။။။။။
ပစ္စည်းများပျက်လို့.
.ရုံးချုပ်..တို့..Repair တို့နဲ့..ပြောတဲ့ဆိုတဲ့..အခါမှာလည်း..အခြစ်..ကောင်းရင်. .လုပ်ငန်းအဆင်ပြေပါတယ်..Impression ..လည်း..ရပါတယ်..။
။။။။။။။။။။။။။။။။။။
ဘာသာစကားမတူတဲ့..အင်ဂျင်နီယာ..(၂) ယောက်ကြားမှာ..စကားမပေါက်တဲ့..အခါ..၊ လုပ်ငန်းနဲ့ ပါတ်သက်ပြီး..နားလည်မှုလွဲတဲ့အခါ..အခြစ်က..ကြားက..အောင်သွယ်ပါ..။
အခြစ်ကျွမ်းရင်..
အောက်လူက..အထင်ကြီး.သလို..
အပေါ်လူ.ဥိးစူပါ.(Superintendent) .ကလည်း..လေးစားပါတယ်..။
။။။။။။။။။။။။။။။။
တို့..ဆရာ..engineering drawing ဆွဲတာ..သိုးမွှေးချည်လုံး..ပြုတ်ကျသလိုဘဲ..တို့..။
စိတ္တဇ..ပန်းချီ..ဆွဲနေတာ..ထင်တယ်..လို့..
အများက.?.ဘေးက..? ထင်...ကြ...လျှင်ဖြင့်..
ရှိစု..မဲ့စု..သိက္ခာ..လက်ကျန်လေးများ..ဟာ..ပဲ့ကြ..လွင့်ကြေ..
အခြစ်ရေ..နင်နဲ့ငါ..ဒီဘ၀..ဒီမျှသာ..လို့..ပြောချင်စိတ်ပေါက်လာနိုင်ပါတယ်..။
။။။။။။။။။။။။။။။
ဒါကြောင့်..စီနီယာ..ဘ၀..မရောက်ခင်...များများ..ချစ်ကြပါ..။
အဲ...များများ...ခြစ်ကြပါ..။
။။။။။။။။။။။။။။။
စီနီယာ..ဖြစ်ပြီး..မခြစ်တတ်တဲ့..သူ..များ..များလား..နေတာဟာ..Myanmar Marine Engineer တွေရဲ့..Impression ကို..ထိခိုက်စေပါတယ်..။
အရည်အသွေး..ကျဆင်းတယ်..။ လူကြိုက်နည်းလာမယ်..ဆိုတဲ့..သင်္ကေတ..တွေ..ပါ..။
။။။။။။။။။။။။။။။
ဒီတော့..မခံချင်စိတ်နဲ့..ခြစ်လိုက်ကြစမ်းပါ..။
။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ.

မြန်မာ့ သင်္ဘောလောက တစ်ခေတ်ဆန်းစေချင် . .

ရေးသူ - Tin Htut Naing

===========================

နယ်မြို့လေးမှာမွေးဖွားခဲ့သော ကျွန်ုပ် . . .
ငယ်စဉ် ကလေးဘ၀တုန်းက ဂွေလှိမ့် ကစားရင်း မိန်းမများကားမောင်းသည်ကို မြင်လျှင် မောရမှန်း မသိ အပြေးအလွှား လိုက်ကြည့်တတ်ခဲ့သည်။ အံ့မခန်း၊ အထင်တကြီး ငေးမောကြည့်တတ်ခဲ့သည်။ ယခုသော်ကား . . . မိန်းမမောင်းတာ ပိုစိတ်ချရ၊ ပို အန္တရာယ်ကင်းသည် ဆိုကာ ဘေးတွင်ထိုင်စီးတတ်လာပြီ။

ဆိုလိုချင်သည်မှာ . . မိန်းမများသည် ယောက်ျားများနှင့် ရင်ဘောင်တန်း၍ နယ်ပယ် အသီးသီးတွင် တန်းတူ ရည်တူ ၀င်ရောက် လုပ်ကိုင်နေကြလေပြီ။
ဗြဟ္မစိုရ်တရား ထွန်းကားရာ၊ ယဉ်ကျေး သိမ်မွှေ့လှသော ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ယခုအခါ အမျိုးသမီး ဗိုလ်လောင်းများ စတင်ခေါ်ယူနေလေပြီ။ ၀မ်းမြောက်ဖွယ် အတိပင်။

ထို့အတူပင် ကျွန်ုပ် ဆန္ဒမှာကား အမျိုးသမီးများ သင်္ဘောသမီးဘ၀ခံယူကာ၊ သင်္ဘောပေါ်ကိုလဲ ရောက်လာစေချင်လှသည်။

ပထမဆုံး ပြေးမြင်မိသည်မှာ “ဇီးရိုး အယ်လ်ကိုဟော ပေါ်လစီ” ။ လိုက်နာပြီးသားမို့ စည်းကမ်း ထုတ်စရာ မလိုလောက်အောင်ပင်။ “အယ်လ်ကိုဟော တက်စ်” ဆိုတာပင် လိုတော့မည်မဟုတ်။ ခေတ်မှီ ကိရိယာများနှင့် “ပေပါ ၀ပ်ခ်” များပြားလှသော ယနေ့ ခေတ်ကာလတွင် သင်္ဘောအလုပ်မှာ မိန်းမများနှင့် လိုက်ဖက်လှသည်။

နောက်တစ်ခုက သွေးထွက်သံယို ခိုက်ရန်ဖြစ်ပွားခြင်း ပပျောက်သွားလိမ့်မည်။ လွန်ရော ကျွံရော ဆံပင်ဆွဲ ပါးရိုက် ကုတ်ခြစ်လောက်ပဲ ရှိမည်။ စိတ်ဆိုး စိတ်ကောက်ကြတာပဲ များမည်။ ဒါသည်ပင် တနည်းအားဖြင့် သင်္ဘောအတွက် ပို အကျိုးဖြစ်ထွန်းစေသည်။ စကားနည်းတော့ အလုပ်ပိုတွင်မည်။ တစ်ဘက်တွင်လည်း အလွမ်းသင့်သူချင်း အတင်းတုတ်ချင်သော ၀ါသနာကြောင့် ဘာသာစကား အရာတွင် ပိုထူးချွန်လေမည်။

ဆေးဖ်တီး ရှုထောင့်မှကြည့်လျှင်လည်း ကြောက်တတ်သူများ ပီပီ “ချက်ခ်လစ်” များကို ၃-ခါပြန်လောက် အဖန်ဖန် ပြန်သုံးသပ်ခြင်းကြောင့် အလုပ်မတွင် စေကာမူ “ဇီးရိုး အက်စီးဒင့် တားဂက်” ဆိုတာကြီး နှင့် နှစ်ပါးဂဟေဆော်နိုင်မည်။

အနားယူ အပန်းဖြေခြင်း (Recreation) အနေဖြင့်လည်း ကိုးရီးယားဇါတ်လမ်းတွဲများတင်ထားပေးရုံနှင့် လုံလောက်လေပြီ။ မီးဖိုချောင်(Galley) တွင် ဇါတ်လမ်းအကြောင်းပြောရင်း ဟင်းကောင်းများ ဖန်တီးနိုင်လာမည်။ သင်္ဘောသားတိုင်း ငြီးငြူလေ့ရှိသော အစားအသောက်ကိစ္စ သင်္ဘောသမီးများခေတ်တွင် ပူပင်စရာမလိုတော့ပေ။ မိန်းမ များသာ သင်္ဘောပေါ် ရောက်လာလျှင်ဖြင့် ချက်ကြီး ရာထူးပင် R/O များ တိမ်မြုပ်သလို ပျောက်ကွယ်သွားနိုင်သည်။ အလှည့်ကျ ချက်နေကြရုံပင်။ လက်ရာလဲပြောင်း၊ တောင့်တ လိုက်ကြသည့် အိမ်ထမင်း အိမ်ဟင်း၊ ဗိုက်ရိုက်စား ဟု ဆိုရမည်ပင်။

ယနေ့ခေတ်ကာလတွင် Seamanship ထက် ပိုအရေးပါနေသော House keeping။ ပင်လယ်ထဲ ဖြစ်ချင်ရာဖြစ်၊ ဆိပ်ကမ်းဝင်လျှင် လာစစ်ကြသူများ သန့်ရှင်းမှုကို အကြိုက်တွေ့လေမည်။ နဂို လှချင် ပချင် ၀ါသနာနှင့်လည်း ကိုက်ညီလှပေသည်။ မိန်းမသားပီပီ အိမ်မှုကိစ္စလုပ်၊ တရားနှင့်မွှေ့လျော်၊ အိုးအိမ်မကွာ သင်္ဘောမောင်းနှင် အင်မတန်မှ လိုက်လျောညီထွေ လှပေသည်။

ဟော၊ ISPS အရရော ကြည့်ဦးမည်လား။ အိမ်မှာ မီးခံ သေတ္တာသော့လေး တကိုင်ကိုင် လုပ်သလိုမျိုး အရာရာကို ဂရုစိုက်တတ်ပုံနှင့် မည်မျှ ကိုက်ညီပါသနည်း။ အမြင်စူးရှမှု၊ ဖျတ်ကနဲ ကြည့်လိုက်ရုံနှင့် ဘယ်လောက်တန် အင်္ကျီဝတ်ထားသည်၊ စီးထားတာက ဘာဖိနပ် ဒက်ကနဲ မြင်တတ်ကြသေးသည်။ လူကဲခတ်တော်ခြင်းသည်ကား Security breach ကို တားဆီးနိုင်မည့် အဖိုးမဖြတ်နိုင်သော အရည်အချင်းပင်။

ယခုတဖန် ခေတ်ထလာသော MLC 2006 ၏ စာရွက်ပေါ် လိမ်လည်မှုများကိုလဲ မိန်းမဥာဏ်ဖြင့် ပိပိရိရိ ဟာကွက်မရှိအောင် ရွက်ဆောင်နိုင်လေမည်။

ကျွန်ုပ်တို့ အဖို့မှာကား ငြင်းနိုင်စရာပင်မရှိလောက်အောင်၊ အထူးပင် လျော်ကန်သင့်မြတ်လှပေသည်။ သင်္ဘောသမီး ခင်ပွန်း အနေဖြင့် ဘ၀ကို လုံခြုံအေးချမ်းစွာဖြတ်သန်းနိုင်မည်။

သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော မိမိဇနီး မိန်းမသား များ အတွက် အဖွဲ့အစည်းများဖွဲ့၊ လူ့အခွင့်အရေး တောင်းဆိုမှုများ ပိုမို ဆောင်ရွက်ပေးနိုင်မည်။

ကျားသဘာဝ အရ အိမ်မကပ်ပဲ ရောက်လေရာ လ္ဘက်ရည်ဆိုင်၊ ဘိလိယက်ခုံ၊ ကေတီဗွီ၊ မာဆတ် မကျန်၊ အာဘောင်အာရင်း သန်သန် ဆွေးနွေး နိုင်မည်။

မိတ်ဆွေ အပေါင်းအသင်းများနှင့် သောက်စားကြရင်း သင်္ဘောပေါ်ကသူတို့လေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရစေမည်။ ဒေသခံ ကိုယ်စားလှယ်ထံတွင် ပုံမှန် လစာသွားထုတ်ရာတွင်လည်း လူရှိန်မည်။

တက်ရောက်ရမည့် သင်တန်းများအား စုံစမ်း၊ စာရင်းပေးသွင်းထားနိုင်မည်။ လူကိုယ်တိုင်မလာနိုင်မှီ ကြိုတင်ပြင်ဆင်ခြင်းဖြင့် သင်္ဘောတွင်တာဝန်ထမ်းဆောင်ရန် အချိန်များလေလွှင့်မှု နည်းစေမည်။ မိန်းမသားများဖြစ်ခြင်းကြောင့် ကိုယ်တိုင်မလာနိုင် ရကောင်းလားဟု စိတ် ဖု ခြင်းလည်း ပပျောက်စေမည်။

သူတို့ထားရစ်ခဲ့သော လူမမယ်ကလေးများကို အဖိုးအဖွား၊ နာနီများ အကူဖြင့် လူချွန်လူကောင်းလေးများ ဖြစ်စေရန် သွန်သင်ဆုံးမပေးမည်။ ကိုယ်ဝန်လွယ်သွားလျှင်လည်း မိန်းမတောထဲမှာ ဂရုစိုက်စောင့်ရှောက်မှု ပိုမို ရရှိကာ နွေးထွေးကြင်နာမှုကို ရရှိစေမည်။
မွေးဖွားလွယ်စေရန် လေကောင်းလေသန့်နှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေမည်။ ကလေး အကြီးများ၏ ဒုက္ခပေးမှုမှ ကင်းဝေးမည်။ မွေးဖွားချိန် နီးလျှင်လည်း Maternal Leave အရ လွယ်လင့်တကူ သင်္ဘောဆင်းခွင့် ရနိုင်မည်။ Paid Leave အတွက်လည်း တောင်းဆိုပိုင်ခွင့် ရှိလာမည်။

သင်္ဘောသမီး ခင်ပွန်းများသည်ကား နှစ်ဘက်သောဆွေမျိုးများ သာရေးနာရေး ကိစ္စများတွင်လည်း အားတက်သရော ရွက်ဆောင်ကြမည်။ သားမက်နှင့်ယောက္ခမ၊ ယောက္ဖချင်း မတည့်စရာ အကြောင်းမမြင်။ ၀ါသနာတူလျှင် ပုလင်းတောင် ထောင်လို့ ရနိုင်သေးသည်။ ခယ်မနှင့် အတည့်လွန်မှာပင် စိုးရိမ်ရသည်။

သင်္ဘောသမီး အသက်နှင့် ရင်းရှာထားသမျှမပျောက်ပျက်ရလေအောင် မော်ဒယ်မြင့် ကားများ ၀ယ်စီးရောင်း လုပ်ခြင်းဖြင့် တတ်စွမ်းသမျှ ပံ့ပိုးမည်။ အလှူအတန်းများလှည့်လည်စားခြင်း၊ ကောင်းစားနေသူ ငယ်ပေါင်းတို့၏ သောက်စားပွဲများ တက်ရောက်ချီးမြှင့်ခြင်းဖြင့် စားစရိတ်ကို ချွေတာမည်။

ဆတိုး တိုးပွားစေရန် ထိရောက်သော ကြိတ်ဝိုင်းလေးများဖွဲ့မည်။ အကောက် ရငွေများကို လူမှုဝန်ထမ်း၊ သာရေးနာရေး အသင်းအဖွဲ့ တို့ထံ လှူဒါန်းခြင်းဖြင့် အများအကျိုးဆောင် အာပတ်ဖြေမည်။
အတ္တ ပရ မျှ၍ နှစ်ဖြာသော အကျိုးကို တစ်ပြိုင်နက်တည်း ထမ်းရွက်မည်။

မြန်မာ့ သင်္ဘောလောက မည်မျှ ငြိမ်းအေးသာယာလေမည်နည်း။

THE PROBLEM WITH OILY WATER SEPARATORS!



The Oily Water Separator (OWS) sits ‘unloved’ in the bottom of the Engine Room. It performs its task well, filtering off the oil so that clean water can be legally discharged overboard in the correct sea areas. But the OWS might have a nasty surprise for unsuspecting Chief Engineers and Masters! Breaches of MARPOL regulations for the correct use and operation of the OWS have recently resulted in prison sentences in the USA for Masters, Chief Engineers and crew members. Fines in excess of many millions of USD levied on the ship owner or management company and so called ‘compliance programmes’ inflict unbearable costs and make it impossible to trade to the United States. Making a false entry in the oil record book resulted in a f ine of US$5.5 million for one ship owner. In Europe, a fine of Euro 600,000 was recently imposed by the Spanish courts on a vessel found guilty of flushing oily sludge directly into the sea. So what can you do to ensure that your vessel is not breaching MARPOL regulations on the OWS?


Here are FIVE golden rules:

1. Check around! When you get on board, have a good check of the OWS and make sure it is working properly. Is it clean? Have the correct routine maintenance procedures such as internal cleaning and regular checks on the parts per million (ppm) alarm been made? Are there any unusual or unauthorized modifications to the OWS equipment or piping that are not in line with the approved drawings? Check underneath the OWS for unauthorized connections or f langes that should not be there. Check that there are no ‘magic pipes’, hoses or other connections in the Engine Room, in the store or in the bilges that could be used for illegal transfer. If found, they should be removed and destroyed and the matter raised immediately with your Technical Superintendent and the DPA. How is the crew training? Can everyone use the OWS and does everyone know how to test it? If it malfunctions, do they know the correct procedure for discharging sludge to barges or for burning in the incinerator? What has to be recorded in the Oil Record Book (ORB)?

2. Make sure the overboard discharge valve is marked and chained/padlocked. The overboard discharge valve should be clearly marked and have the necessary warning notices posted close to it. It should be chained and padlocked so it cannot be opened accidentally.

3. Check the piping and flanges Many Owners and Managers now insist that all the flanges on the OWS pipes are fitted with ’anti-tamper’ numbered seals so that it is immediately clear if a flange has been broken (for example to illegally bypass the OWS). If your company follows this policy, the seals should be installed under the Chief Engineer or Superintendent’s personal supervision and the number of the seal and the corresponding flange carefully recorded. If the flange has to be broken for any reason, then the Technical Superintendent must be informed in advance. Paint and colour code the OWS inlet/ outlet pipes in signal red/yellow bands to highlight that they are special pipes and must not be tampered with. Keep records on board of the flanges and the number of the seals and handover the same record to your relief.

4. OWS Approval Certificate Confirm that the OWS approval certificate is available on board.

5. Oil record book Make sure the Oil Record Book is carefully checked for accuracy of entries and that engine sludge generation matches the quantity of sludge on board in tanks.

New MEO Class I+II Combined Exam System



ရေကြောင်းအင်ဂျင်နီယာ စာမေးပွဲဖြေဆိုမဲ့..အင်ဂျင်နီယာများ..အတွက်..ရည်ရွယ်ပြီး..
ဒီစာစု..ကို ရေးပါတယ်..။
။။။။။။။။။။။။။။။။
စနစ်သစ် Exam System ကို..အသေးစိတ်..Notification မှာ..ဖော်ပြ..ထား.. ပေမဲ့.လို့.. သေချာဖတ်သူ..နည်းပါတယ်..။
။။။။။။။။။။။။။။။။
တနေ့က..ကျောင်းသား..(၂) ဦးလာမေးလို့..အဲဒီအချက်ကို..သတိထားမိလိုက်ပါတယ်..။
သူတို့..(၂) ယောက်လို..ဝေေ၀..၀ါးဝါး..ဖြစ်သူတွေ..ရှိနိုင်တယ်လို့လည်း..ထင်ပါတယ်..။
။။။။။။။။။။။။။။။
သူတို့မေးတာက..မေးခွန်း (၂) ခုပါ..။
(၁) အခု..Pretest အောင်ပြီးတာနဲ့..BoE ၀င်သင့်ပါသလားလို့..မေးပါတယ်..။
။။။။။။
စာပိုင်ရင်..၀င်ပါ..။ မပိုင်ရင်..မ၀င်ပါနဲ့..။ အချိန်ကန့်သတ်ချက်.ရှိပါတယ်.. လို့..အကြံပေးခဲ့ပါတယ်..။
။။။။။။။။။။။။။။
(၂) Pretest အောင်ပြီး..နောက်..BoE မ၀င်ဘဲ..နေမယ်..။ Pretest အောင်မြင်ထားတဲ့..
BoE ဖြေခွင့် Eligible Document ရဲ့..သက်တန်းက..ဘယ်လောက်ရှိပါသလဲ..တဲ့..။
။။။။။
Notification ထဲမှာ..မပါပါ..ဘူး..။
ဒါပေမဲ့..သက်တန်း (၂) နှစ်အနည်းဆုံးထားသင့်ကြောင်း အကြံပြုတင်ပြထား ပါတယ်..လို့..ရှင်းပြခဲ့ပါတယ်..
။။။။။။။။။။။။။။
ထာဝရသက်တန်းတော့..ပေးလို့..မရတော့ပါဘူး..။
BoE စာမေးပွဲဖြေပြီး..အောင်ပြီး..ရထားတဲ့..
CoC တွေရဲ့..သက်တန်းတောင်..(၅) နှစ်ဘဲရှိပါ..တယ်..။ လက်မှတ်လဲရင်တောင်..
Upgrade Course တက်ပြီးမှ..လက်မှတ်သက်တန်းတိုး..ရမယ်လို့..IMO ..က..ပြဌာန်း..ထားပါတယ်..။
အဲဒါကြောင့်..ပါ..။
။။။။။။။။။။။။။။
စနစ်သစ်..စနစ်ဟောင်း..နိုင်းယှဉ်..စဉ်းစားကြည့်..ကြရအောင်ပါ..။
စာမေးပွဲ..ဖြေမယ်ဘဲ..လုပ်နေပြီး..စာမေးပွဲစနစ်ပြောင်းတာကို..လေ့လာသူ..နည်းမယ်ထင်လို့
ကူ..ပြီး..စဉ်းစားပေး..တာလို့..သဘောထား..ပေးပါ..။ ဆရာလုပ်တယ်လို့..မမြင်စေချင်ပါ..။
။။။။။။။။။။။။။။
Approved Training Centre တွေက..
Pretest or Assessment အောင်မြင်ပြီးသူများဟာ..
BoE က ကျင်းပမဲ့.. Written Exam ကို.၀င်ရောက်.ဖြေဆိုခွင့်ရှိပါတယ်..။
။။။။။။။။။။။။။။
စနစ်ဟောင်းမှာ..
General Engineering Knowledge (GEK) ဘာသာရပ် နဲ့
Marine Engineering Knowledge (MEK) ဘာသာရပ်နှစ်ခု...ကို တွဲထားသလို
Naval Architecture & Ship Construction (NA& SC) နဲ့ Electro- technology (E-Tech) ကို..လည်းတွဲထားပါတယ်..။
။။။။။။။။။။။။။။။။
GEK အောင်ပြီး..MEK ကျရင်..အဲဒီအတွဲ..နှစ်ဘာသာစလုံး.ပြန်ဖြေ..ရပါတယ်..။
GEK ရော..MEK ရော..အောင်မှသာ..EK ဘာသာရပ်ကို..အောင်ပါတယ်..။
NA & SC နဲ့ E-Tech မှာလည်း..အလားတူ..ပါဘဲ..။
။။။။။။။။။။။။။။။။
ဖြေဆိုတဲ့..အချိန်..အကြိမ်..ကန့်သတ်မှု..မရှိခဲ့ပါဘူး..
။။။။။။။။။။။။။။။။။
အခု..စနစ်သစ်မှာ..
GEK, MEK, NA&SC, E-Tech ဘာသာရပ်အားလုံးကို..တစ်ခုစီ..ထားလိုက်ပါတယ်..။ နှစ်ဘာသာစီ တွဲထားတာကို..ဖြုတ်လိုက်ပါတယ်..။ တစ်ဘာသာခြင်းစီ..ကို..သာ..အအောင်..အရှုံးဆုံးဖြတ်ပါ့မယ်..။
ဒါကြောင့်..စာမေးပွဲဖြေဆိုရာမှာ..တစ်ဘာသာ..အောင်ရင်..ကျန် (၃) ဘာသာ.ကိုသာ..ဖြေဆိုရပါ့မယ်..။
(၃) ဘာသာ..အောင်ရင်လည်း..ကျန်တဲ့..(၁) ဘာသာ..ကိုသာ..ဖြေဆိုရပါ့မယ်..။
ကျောင်းသားများ..အတွက်.အောင်ဘို့..အခွင့်အရေး..ပို..ကောင်းပါတယ်..။
။။။။။။။။။။။။။။။။။။
ဒါပေမဲ့..ဖြေဆိုတဲ့..အချိန်..ကန့်သတ်မှု..ရှိနေတာကို..သတိမူ…မိသူ..နည်းပါလိမ့်မယ်..။
။။။။။။။။။။။။။။။။။။။
BoE စာမေးပွဲ..စတင်ဝင်ရောက်ဖြေဆိုချိန်မှ..တစ်နှစ်အတွင်းမှာ.. ဘာသာ..အားလုံးကို..ပြီးပြတ်ရပါ့မယ်..။
အောင်မြင်ရပါ့မယ်..။ တနှစ်..ကျော်တဲ့အထိ..စာမေးပွဲမပြီးပြတ်ခဲ့ ရင်..။ ဘာသာအားလုံးကို..ပြန်ဖြေရပါ့မယ်..လို့.Notification မှာ..ဆိုထားပါတယ်..။
။။။။။။။။။။။။။။။။။။။
အဲဒါ..အရေးကြီးပါတယ်..။
Notification အရ..စာမေးပွဲများက..(၄)လ..တစ်ကြိမ်ကျင်းပမယ်လို့..ဆိုထားပါတယ်..။ ဒီတော့..တစ်နှစ် မှာ..စာမေးပွဲ (၃) ကြိမ်ရှိပါ့မယ်..။
မပိုင်ဘဲနဲ့..စာသိပ်မကျက်ဘဲနဲ့..တစ်ဘာသာခြင်း..အေးအေးဆေးဆေး.၀င်စမ်းမယ်..
ဝင်ဖြေမယ်ဆိုသူတွေ..၊ တစ်ပွဲတိုး..သမားတွေ..၊
သတိထားရမဲ့ အချက်ပါ..။
စာမေးပွဲ..(၃) ကြိမ်..အတွင်းမှာ. ဘာသာ..အားလုံးပြီးပြတ်ရမဲ့သဘော.ကို.ဆောင်နေပါတယ်..။
။။။။။။။။။။။။။။။။။။။။
(၃)ကြိမ်ဆိုတာ.က.နည်းနေပါ..တယ်.
ခြေချော်လက်ချော်..ဖြစ်တဲ့..အင်ဂျင်နီယာများအတွက်.. နစ်နာနိုင်တယ်..လို့.Working Committee အဟောင်းမှာ.ပါခဲ့သူ.ဆရာများ၊ DMA က.ဆရာများက.. ယူဆပါတယ်..။
အဲဒီအတွက်..တစ်နှစ်ကနေ..(၂) နှစ်တိုးပေးဘို့..Working Committee အဟောင်း..အနေနဲ့..အထက်ကို..တင်ပြထားပါတယ်..။ အထက်အဖွဲ့အစည်းများကလည်း..ခွင့်ပြုမယ်လို့..ထင်ပါတယ်..။
။။။။။။။။။။။။။။။။။။။
တစ်နှစ်..ဘဲ..ဆက်ရှိရှိ..(၂) နှစ်ဘဲ..ပြောင်းပြောင်း..
မိမိစတင် ၀င်ရောက်…ဖြေဆိုသော..BoE Exam မှ..စတင်..ပြီး..အချိန်..ရေတွက်မှာမို့
စဉ်းစားပါ..။ အရင်လို..ထင်ပြီး..၀င်မရမ်းကြပါနဲ့လို့..
စေတနာနဲ့..သတိပေးပါတယ်..။
။။။။။။။။။။။။။။။။။။။။
နောက်တစ်ခု..ဆက်ပြောပါရစေ..
Pretest အောင်မြင်မှုကို..သက်တန်းသတ်မှတ်သင့်တယ်လို့..
ထင်မြင်ရတဲ့..အကြောင်းက..
အင်ဂျင်နီယာများဟာ..စာမေးပွဲဖြေဆိုဘို့..အတွက်..သင်တန်းတက်ရပါတယ်..။ ၈လ.၁၀ လ..ကြာပါတယ်..။
သင်တန်းတက်တာ..Pretest Exam ဖြေတာ..Result စောင့်ရတာ..ရှိပါတယ်.။ သင်တန်းတက်ဘို့ကလည်း..စောင့်ခဲ့ရတာ..၃လ..ကနေ..၆လ..ထိ..ရှိပါတယ်..။ Pretest အောင်ပြီးတဲ့..အချိန်မှာ..သဘောင်္က.ဆင်းတာ...တစ်နှစ်ကျော်.နှစ်နှစ်နီးနီး
.ရှိနေနိုင်ပါတယ်.။
။။။။။။။။။။။။။။။။။။။။။။။
လူတိုင်း..မိဘ..နောက်ခံ..စီးပွားရေးမတောင့်နိုင်ပါဘူး..။
BoE ကိုဝင်လိုက်ရင်..သူ့..အနေနဲ့..အားလုံးပြီးပြတ်တဲ့..အထိ. .ကြိုးစားရမှာမို့..နောက်တစ်နှစ
လောက်ထပ် ကြာနိုင်ပါသေး တယ်..။
ဒါက..ကျွန်တော်တို့...အတွေးပါ..
(၂) နှစ်ကျော်..၀င်ငွေမရှိဘဲ..နေရတာ..မလွယ်ပါဘူး..။
(၂) နှစ်ကျော် (၃) နှစ်နီးနီး.. သဘောင်္နဲ့ကင်းပြတ်နေတဲ့..အတွက်..အလုပ်ရှာရာမှာ..စကားပြောတတ်ပါတယ်..။
။။။။။။။။။။။။။။။။။။
ဒါကြောင့်..Pretest အောင်မြင်ပြီး..၊ BoE မ၀င်သေးဘဲ.. သဘောင်္ပြန်တက်လိုသူများရှိလာနိုင်ပါတယ်..။
သူတို့အတွက်..စဉ်းစားပေးသင့်ပါတယ်..။
သင်တန်းတက်စဉ်..Pretest ဖြေစဉ်..ရခဲ့တဲ့..အတွေ့အကြုံအရ..သူ့ရဲ့..အားနည်းချက်ကို..သဘောင်္ပေါ်မှာ ပြန်လည်.လေ့လာခွင့်..ဆည်းပူးခွင့်ရမှာဖြစ်သလို.. သူ့..အတွေးအမြင်ကလည်း.အရင်ထက်စာရင် .ရင့်ကျက်နေမှာမို့..သဘောင်္ကဆင်းပြီး..BoE Exam ၀င်တဲ့အခါ.. သူ့အတွက်လည်း..ပိုကောင်းသလို..၊
Exam အောင်မြင်မှု ရာနှုန်းလည်း..များလာ..ကောင်းလာ..နိုင်ပါတယ်.။
။။။။။။။။။။။။။။။။။
အမြင်မတူ..သူ..ရှိနိုင်ပါတယ်..။ လွတ်လပ်စွာ..အမြင်ကွဲနိုင်ပါတယ်..။
ကျွန်တော်..အင်ဂျင်နီယာကျောင်းသား..များကို..ရည်ရွယ်ပြီး..ရေးပါတယ်..။
ရှေ့နောက်..သေချာ..မတွေးဘဲ..လုပ်တတ်တဲ့..လူငယ်တွေ..များလာလို့..ရေးပါတယ်..။
သူတို့…စဉ်းစား..ချင့်ချိန်နိုင်အောင်..ကူတွေးပြီး..ရေးပါတယ်..
ကျောင်းဆရာ..တစ်ယောက်အနေနဲ့..ရေးပါတယ်..။
။။။။။။။။။။။။။။။။။။။
Deck Officer များအတွက်..စနစ်ကိုတော့.ကျွန်တော်..ကောင်းကောင်း..မသိပါဘူး..။
ထပ်တူ..မဟုတ်ဘူး ဆိုတာဘဲ..သိပါတယ်..။
။။။။။။။။။။။။။။။။
စာမေးပွဲ..အောင်မြင်ကြပါစေ..။
။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ
WISE WISH Marine Engineering Training Centre
အမှတ်(၅)၊ ဆေးဆိုးလမ်း၊ (င/က) ရပ်ကွက်၊ သင်္ကန်းကျွန်း၊ သုဝဏ္ဏ။
09-4924 6117, 09- 7301 2239

ကြိုက်မှာတော့..မဟုတ်ပါဘူး..


ကျွန်တော်တို့..စီနီယာများကော..ကျွန်တော်တို့..၀န်းကျင်..အထိကော..၊ စာမေးပွဲဖြေဘို့ကို..Sea time ပြည့်တာနဲ့..ခုန်ဆင်းလာပြီး..ဖြေသူ..အင်မတန်နည်းပါတယ်..။
Sea time ပြည့်နေ..ကျော်နေတာတောင်..၊ ငါ့မှာ..အတွေ့အကြုံလိုသေးတယ်..။ ဒီလောက်နဲ့ဖြေလို့..မဖြစ်သေးဘူး..ဆိုပြီး..Sea Service ဆက်ယူနေသူတွေ..များပါတယ်..။
။။။။။။။။။။။
စာမေးပွဲ..ခဏခဏ..ကျမှာကို..စိုးရိမ်ကြပါတယ်..။ ကိုယ့်ကိုယ်ကို..လက်တွေ့ကော..စာတွေ့ပါ..အားရမှ..စာမေးပွဲဖြေဘို့..
သင်တန်း..တက်ကြပါတယ်..။ စိတ်ဓါတ်ပိုင်းဆိုင်ရာ..အယူအဆ..Professional ဆန်ပါတယ်..။
။။။။။။။။။။။။
အခုတွေ့..နေရတဲ့..လူငယ်အများစု (အားလုံးမဟုတ်ပါ)..က..Sea time ပြည့်တာနဲ့..ခုန်ဆင်းလာပါတယ်..။ စာမေးပွဲဖြေဘို့..ကြိုးစားပါတယ်..။
သဘောင်္ပေါ်မှာ..လေ့လာမှုနည်းပြီး..ကျူရှင်တက်ရင်..အဲဒီက..အကုန်သင်မှာဘဲ..လို့..ထင်ထား..ပုံရပါတယ်..။
Academic Education နဲ့..သူတို့..ဖြတ်သန်းခဲ့တဲ့..ပညာရေးစနစ်ပုံစံအတိုင်း. .တွေးထား..မှတ်ထား..ပါတယ်..။
။။။။။။။။။။။။
စိတ်ဓါတ်ပိုင်းဆိုင်ရာ..အယူအဆ..Business ဆန်ပါတယ်..။
နားလည်..တတ်သိတာထက်..လက်မှတ်ရဘို့..အရေးကြီးတယ်..။ လက်မှတ်မြင့်ရင်..ပိုက်ဆံပိုရတယ်..ဆိုတဲ့..အတွေးက..အလေးသာပါတယ်..။
။။။။။။။။။။။။။
အဲဒီ..Mindset အမှားတွေ..ကလည်း.. စာမေးပွဲကျသူ..ရာနှုန်းများစေတဲ့..ထဲမှာ..အဓိက..နေရာက..ပါမဲ့..အချက်..
တစ်ချက်..ဖြစ်ပါတယ်..။
။။။။။။။။။။။။။
သဘောင်္ပေါ်မှာ..၀တ်ကျေတန်းကျေလေး..လုပ်ခဲ့..ဘာမှ..မလေ့လာခဲ့သူများဟာ..
သက်ဆိုင်ရာ..Term များကို..မသိခဲ့ပါဘူး..။ အဲဒီလို..လူမျိုးတွေကို..စာသင်ရတာ..
ည..အခါ..လသာသာ..၊ ကောင်းကောင်း မသိတဲ့သူကို.. ဇိနတ္ထပကာသနီ..ဖတ်ပြီး..ရှင်းပြနေရသလိုပါဘဲ..။
။။။။။။။။။။။။။
ကုန်းပတ်ပေါ်မှာ..သံချေးဘဲခေါက်နေပြီး.ငါ့ရတဲ့..လခနဲ့..တန်သလောက်ဘဲ..လုပ်မယ်..ဆိုတဲ့..အတွေးသာ..ရှိသူတွေ..။

.Deck Officer တွေ..ဘာလုပ်နေလဲ..မလေ့လာခဲ့သူတွေ..?

စက်ခန်းထဲမှာ..ကြမ်းဘဲ..တိုက်နေပြီး..Engineer Officer တွေ.. ဘာလုပ်နေလဲ ဆိုတာကို..ကူညီဘို့..မေးဘို့..၀န်လေးသူတွေ..။

ကိုယ်က..တစ်ချိန်မှာ..အင်ဂျင်နီယာစာမေးပွဲ..၀င်ဖြေဘို့..ရည်ရွယ်ချက်ရှိတယ်..ဆိုတာကို..ပျင်းပျင်းနဲ့..မေ့ထားခဲ့သူတွေ..။

အဲဒီ..ပေါက်လွတ်ပဲစား..စိတ်ဓါတ် လို့..ပြောလို့ရမဲ့..Mind Set , Behavior, Practice နဲ့..Professional Exam (CoC) စာမေးပွဲ..ဆင်းဖြေတဲ့..အခါ.. အကြိမ်........များမှာ..သေချာပါတယ်..။
။။။။။။။။။။။။။။
ကုန်းပေါ်မှာ..စာမေးပွဲတွေ..အကြိမ်များများ..ဖြေ.၊ပြီး..နှစ်ပေါက်..
.နေမဲ့..အစား..Sea service ကို..ပိုယူခဲ့တာက.. ၊
။။။။။။။။။။။
သဘောင်္ပေါ်မှာ..လေ့လာခဲ့တာက..၊
။။။။။။။။။။။။။
English စာ လေးကိုလည်း..အားတဲ့အခါ..နည်းနည်း..ဖတ်ပါ..ရေးကြည့်ပါ..။ ၀တ္ထုရေးသလို..အဆင့်မလိုပါ..။ Instruction Manual လေးတွေထဲက..Simple English လောက်ဆို..ရပါပြီ.။ အဆင့်မမြင့်ပါ..။
။။။။။။။။။။။။။။။။။
အဲဒီလို..လုပ်ပြီးမှ..ပိုင်မှ..၀င်ဖြေရင်..၊ ငွေကြေးလေးကလည်း..တောင့်နေ..၊ အသိပညာ ကလည်းမြင့်နေတော့..၊ စာမေးပွဲ..အကြိမ်နဲနဲ နဲ့..အောင်မှာပါ..။
..ရေရှည်တွက်ကြည့်ရင်..
ကာယကံရှင်များအတွက်..ပိုအကျိုးရှိမှာပါ..။
။။။။။။။။။။။။။။။။။
စာမေးပွဲ..ခဏခဏ..ကျနေချိန်မှာ..
စာမေးပွဲ..မအောင်သေးဘူးလား..?
သဘောင်္..ပြန်မတက်သေးဘူးလား..? လို့..အမေးခံရတဲ့..အချိန်မှာ..
လူကလည်း..ဘိုင်ကပြတ်..၊ စာ..က..လည်း..အကြွေးတွေများပြီး..ရူးချင်သလိုလို..ဖြစ်နေ...
အဲဒီအချိန်မှာ..ရှိမဲ့..ရင်ထဲက..
နာကြင်မှုတွေ...ခံရခက်မှု..တွေကို..ရင်ဆိုင်နိုင်ဘို့..အင်အား..ရှိတယ်..
ဆိုရင်တော့..
Sea Time ပြည့်ပြီ..ဒေါင်..ဆိုတာ..နဲ့..ဆင်းလာခဲ့..ပါ..။
။။။။။။။။။။။။။။။။။။။
ပြီးမှ..သမတကြီး..ကယ်ပါ..။ ဟိုလူယုတ်မာတွေ..ကျွန်တော့်ကို..သဘောင်္အကြောင်းတွေ..မေးနေတယ်..။
ကျွန်တော် နံမည်တောင်...မခေါ်တတ်တဲ့..စက်ကြီး.တွေ.. .ပြင်တာကို...မေးနေတယ်..။
မတရားပါဘူး..။
သိပ်ခက်တာဘဲ..။
ဆိုတာမျိုး..မလုပ်ကြစေချင်..မဖြစ်စေချင်ပါ..။
။။။။။။။။။။။။။။။။။။။
ဒေါ်လာ..ထောင်ချီ..စားချင်ရင်..
ဒေါ်လာ..ထောင်ချီတဲ့..အလုပ်နဲ့..တန်တဲ့. Theory & Practical Knowledge ရအောင်..ရှိအောင်..လုပ်ရမှာ..က..Professional တွေရဲ့..အလုပ်..ပါ..။
။။။။။။။။။။။။။။။။။။။
ကြိုက်မှာတော့..မဟုတ်ပါဘူး..
ပြောကြည့်တာပါ..အကြံပေးတာပါ..။
။။။။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..