Monday, October 21, 2013

MET အစည်းအဝေး..(DMA) (၁၅.၁၀.၂၀၁၃)


IMO က..ရှေ့လထဲမှာ..Voluntary Audit နဲ့ပါတ်သက်ပြီး..မြန်မာနိုင်ငံကို..လာပါ့မယ်..။
IMO အဖွဲ့ဝင်..နိုင်ငံတစ်ခု..ဖြစ်တဲ့..Malaysia ကလည်း..မြန်မာနိုင်ငံ MET (Maritime Education & Training) စနစ်သစ်..အကောင်အထည်ဖော်နေတဲ့..အနေအထားကို.. Audit လာပါ့မယ်..။
IMO ကလည်း..မြန်မာနိုင်ငံမှာ..ဖွင့်လှစ်ထားတဲ့..သင်တန်းကျောင်းများ..စာရင်းကို. .တောင်းနေတဲ့..အတွက်..စာရင်းပို့ရပါတော့မယ်..။
။။။။။။။။။။။။
အဲဒီ..သတင်းနဲ့..သင်တန်းကျောင်းများဘက်က..ပြင်ဆင်ရမဲ့..လုပ်ငန်းများကို.. DMA..က..ခေါ်ယူ..အသိပေးတာ..ဖြစ်ပါတယ်..။
။။။။။။။။။။။။
သင်တန်းကျောင်း..များဘက်မှာ..အားနည်းချက်များ..များနေခဲ့ရင်..
ချို့ယွင်းချက်..များတဲ့..သင်တန်းကျောင်းများ.မြန်မာပြည်မှာ..
.များနေခဲ့ရင်..
White List ကို..ထိခိုက်..စေမှာ..ဖြစ်ပါတယ်..။
။။။။။။။။။။။
သင်တန်းကျောင်းများ..ကို..Unscheduled Monitoring လုပ်ခဲ့တဲ့..စစ်ဆေးရေး.အဖွဲ့များ..ရဲ့..တွေ့ရှိချက်များ..တင်ပြတာကိုလည်း..နားထောင်ခဲ့ရပါတယ်..
အခြေအနေက..ကိုယ့်..အချင်းချင်းစစ်တာတောင်..လိုအပ်ချက်တွေ..ရှိနေသေးတယ်..
Documentation ပိုင်းဆိုင်ရာ..လိုက်နာမှု..ဆောင်ရွက်ထားရှိမှု..အားနည်းနေတယ်..
ဆိုတာကို..သိရှိရပါတယ်..။
။။။။။။။။။။။
လူငယ်..အများစုရဲ့..Concept ပြောရမလား..Mindset ပြောရမလား..။ ကိုယ့်..Professional အပေါ်ထားတဲ့.. ခံယူချက်..အားနည်းနေတယ်..။
စည်းကမ်း၊ ပညာရပ်အပေါ်မှာ.စိတ်ဝင်စားမှု..၊ အားနည်းပြီး..
ချောင်တဲ့..နေရာ..ကို..နှစ်သက်မှု..၊ မေးခွန်း..နောက်သာ..လိုက်နေမှု..၊ မကျပါဘူးကွာ..မအောင်တာဘဲ..ရှိပါတယ်..။ ၀င်စမ်းလိုက်ဦးမယ်..ဆိုတဲ့..အတွေး..
စတာ..စတာ..တွေ..များ..နေကြောင်း..သင်တန်းကျောင်းများဘက်မှ..အသံ. .တွေလည်း..ကြားရပါတယ်..။
။။။။။။။။။။။
စာမေးပွဲ..အောင်ချက်..%..အနည်းအများအပေါ်မှာ..မိမိ..သား၊ တူ..များ..ရဲ့..သံယောဇဉ်နဲ့..အထက်အဖွဲ့အစည်းမှ..အာဏာပိုင်များက.
.DMA အပေါ်မှာ..ဖိအား..ပေးမှုတွေလည်း..ရှိနေဆဲ..။
ပစ်စာ..များ..အပေါ်.အထက်အဖွဲ့အစည်းများက...အလေးထားနေဆဲ..
ဆိုတာကိုလည်း.နားလည်လိုက်ရပါတယ်..။
DMA ဘက်က..လုပ်သင့်တဲ့..အလုပ်မှန်းသိပေမဲ့..တိုင်စာ..ပစ်စာ. .ကြောက်နေရလို့..
လုပ်ဘို့..၀န်လေးနေရတဲ့..အခြေအနေတွေလည်း..ရှိနေပါတယ်..။
။။။။။။။။။။။
စနစ်..အောင်မြင်စေဘို့က..
မိဘ..ဆရာ..ကျောင်းသား..နိုင်ငံတော်..အားလုံး..က
စေတနာအမှန်နဲ့..စိတ်ရင်းအမှန်နဲ့..အလုပ်လုပ်မှ..ဖြစ်လာ..
အကောင်အထည်ပေါ်လာမှာပါ..။
။။။။။။။။။။။
မိဘ..တွေကလည်း..ငါ့သားထိ..ငါနဲ့..တွေ့မယ်..ဆိုတာမျိုးလျော့..ရမှာပါ..။
စာမေးပွဲ..၅ကြိမ်ဆက်တိုက်ကျတာ..သားကိုယ်တိုင်က..ညံ့နေလို့လား..
ဆိုတာမျိုးလည်း..တွေးသင့်ပါတယ်..။
။။။။။။။။။။။
ဆရာတွေ..သင်တန်းတွေကလည်း..စည်းနဲ့ကမ်းနဲ့..Professional ကောင်းတွေ..ဖြစ်လာအောင်..မွေးထုတ်ရမှာပါ..။ စီးပွားရေး..အရမ်းဆန်လို့..မရပါဘူး..။
။။။။။။။။။။။
ကျောင်းသား..လို့..ပြောရမဲ့..လူငယ်များကလည်း..ဘာသာရပ်ဆိုင်ရာနဲ့..
English မှာ..အခြေခံကောင်းအောင်..ကြိုးစားဘို့..၊ သဘောင်္ပေါ်မှာ..နေစဉ်ကထဲက..စာတွေ့..လက်တွေ့..အသိရှိရှိ..
လိုချင်စိတ်အပြည့်နဲ့..လေ့လာခဲ့ဘို့..၊
။။။။။။။။။။။။
နိုင်ငံတော်အပိုင်း၊ ဌာနဆိုင်ရာအပိုင်းကလည်း..၊ အခြားနိုင်ငံများမှာ..ကျင့်သုံးသလို..သင်တန်းကျောင်းတွေဘက်မှာ..
ဘာလိုသလဲ. .ဘာဖြည့်ဆည်းပေးနိုင်မလဲ..ဆိုတာမျိုး..ထောက်ပံ့တာ..ကူညီတာများ..လည်းလိုအပ်ပါတယ်..။
သင်ကြားတဲ့..သူတွေ..ကျောင်းတွေမှာ..ဘာဖြစ်နေလဲ..ဆိုတာမျိုး..၊ စစ်ဆေးနေသူတွေမှာ..ဘာအခက်အခဲတွေ..ရှိသလဲ..ဆိုတာမျိုး..၊
လက်အောက်ဌာနမှာ..ဘယ်လို..လုပ်နေရတယ်..ဆိုတာမျိုး..၊
ရေတို..မှာ..ဘယ်လို.ဖြစ်ပြီး..၊ အကျိုးဆက်အနေနဲ့..ရေရှည်မှာ..ဘယ်လိုဖြစ်သွားနိုင်တယ်..ဆိုတာမျိုး..ကို..၊
Policy Maker အဆင့်..အာဏာပိုင်များ..က..လေ့လာ..သုံးသပ်ပြီး.. မှန်ကန်တဲ့..လမ်းညွှန်ချက်များ..ချမှတ်ပေးရင်ဖြင့်.. စနစ်သစ်..အောင်မြင်မှုရဲ့..တွန်းအား..တစ်ခု..ဖြစ်လာစေမှာပါ..။
။။။။။။။။။။။။။
လောလောဆယ်..မဖြစ်နိုင်မှန်း..သိပေမဲ့..၊
တုတ်..လဲ..ဝေသင့်ရင်..ဝေ၊
မုန့်လည်း..ဝေသင့်ရင်..ဝေ..သင့်ပါတယ်..ဆိုတာလည်း..
စိတ်ကူးယဉ်မိပါတယ်..။
။။။။။။။။။။။။
ခြုံပြောရရင်တော့..
ရင်မော..စရာတွေ..ချည်းပါဘဲ..။
။။။။။။။။။။။။
ကြိုးစားရင်..ဖြစ်ရမှာပေါ့..ဆိုပြီး..အားတင်း..လုပ်နေရင်း..
ငါ.လုပ်နေတာ...မှား..နေပြီလား..ဆိုတဲ့
အတွေး..တစ်ချက်တစ်ချက်..မှာ..ပေါ်နေဆဲပါ..။
။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

No comments:

Post a Comment