Monday, October 21, 2013

New MEO Class I+II Combined Exam System



ရေကြောင်းအင်ဂျင်နီယာ စာမေးပွဲဖြေဆိုမဲ့..အင်ဂျင်နီယာများ..အတွက်..ရည်ရွယ်ပြီး..
ဒီစာစု..ကို ရေးပါတယ်..။
။။။။။။။။။။။။။။။။
စနစ်သစ် Exam System ကို..အသေးစိတ်..Notification မှာ..ဖော်ပြ..ထား.. ပေမဲ့.လို့.. သေချာဖတ်သူ..နည်းပါတယ်..။
။။။။။။။။။။။။။။။။
တနေ့က..ကျောင်းသား..(၂) ဦးလာမေးလို့..အဲဒီအချက်ကို..သတိထားမိလိုက်ပါတယ်..။
သူတို့..(၂) ယောက်လို..ဝေေ၀..၀ါးဝါး..ဖြစ်သူတွေ..ရှိနိုင်တယ်လို့လည်း..ထင်ပါတယ်..။
။။။။။။။။။။။။။။။
သူတို့မေးတာက..မေးခွန်း (၂) ခုပါ..။
(၁) အခု..Pretest အောင်ပြီးတာနဲ့..BoE ၀င်သင့်ပါသလားလို့..မေးပါတယ်..။
။။။။။။
စာပိုင်ရင်..၀င်ပါ..။ မပိုင်ရင်..မ၀င်ပါနဲ့..။ အချိန်ကန့်သတ်ချက်.ရှိပါတယ်.. လို့..အကြံပေးခဲ့ပါတယ်..။
။။။။။။။။။။။။။။
(၂) Pretest အောင်ပြီး..နောက်..BoE မ၀င်ဘဲ..နေမယ်..။ Pretest အောင်မြင်ထားတဲ့..
BoE ဖြေခွင့် Eligible Document ရဲ့..သက်တန်းက..ဘယ်လောက်ရှိပါသလဲ..တဲ့..။
။။။။။
Notification ထဲမှာ..မပါပါ..ဘူး..။
ဒါပေမဲ့..သက်တန်း (၂) နှစ်အနည်းဆုံးထားသင့်ကြောင်း အကြံပြုတင်ပြထား ပါတယ်..လို့..ရှင်းပြခဲ့ပါတယ်..
။။။။။။။။။။။။။။
ထာဝရသက်တန်းတော့..ပေးလို့..မရတော့ပါဘူး..။
BoE စာမေးပွဲဖြေပြီး..အောင်ပြီး..ရထားတဲ့..
CoC တွေရဲ့..သက်တန်းတောင်..(၅) နှစ်ဘဲရှိပါ..တယ်..။ လက်မှတ်လဲရင်တောင်..
Upgrade Course တက်ပြီးမှ..လက်မှတ်သက်တန်းတိုး..ရမယ်လို့..IMO ..က..ပြဌာန်း..ထားပါတယ်..။
အဲဒါကြောင့်..ပါ..။
။။။။။။။။။။။။။။
စနစ်သစ်..စနစ်ဟောင်း..နိုင်းယှဉ်..စဉ်းစားကြည့်..ကြရအောင်ပါ..။
စာမေးပွဲ..ဖြေမယ်ဘဲ..လုပ်နေပြီး..စာမေးပွဲစနစ်ပြောင်းတာကို..လေ့လာသူ..နည်းမယ်ထင်လို့
ကူ..ပြီး..စဉ်းစားပေး..တာလို့..သဘောထား..ပေးပါ..။ ဆရာလုပ်တယ်လို့..မမြင်စေချင်ပါ..။
။။။။။။။။။။။။။။
Approved Training Centre တွေက..
Pretest or Assessment အောင်မြင်ပြီးသူများဟာ..
BoE က ကျင်းပမဲ့.. Written Exam ကို.၀င်ရောက်.ဖြေဆိုခွင့်ရှိပါတယ်..။
။။။။။။။။။။။။။။
စနစ်ဟောင်းမှာ..
General Engineering Knowledge (GEK) ဘာသာရပ် နဲ့
Marine Engineering Knowledge (MEK) ဘာသာရပ်နှစ်ခု...ကို တွဲထားသလို
Naval Architecture & Ship Construction (NA& SC) နဲ့ Electro- technology (E-Tech) ကို..လည်းတွဲထားပါတယ်..။
။။။။။။။။။။။။။။။။
GEK အောင်ပြီး..MEK ကျရင်..အဲဒီအတွဲ..နှစ်ဘာသာစလုံး.ပြန်ဖြေ..ရပါတယ်..။
GEK ရော..MEK ရော..အောင်မှသာ..EK ဘာသာရပ်ကို..အောင်ပါတယ်..။
NA & SC နဲ့ E-Tech မှာလည်း..အလားတူ..ပါဘဲ..။
။။။။။။။။။။။။။။။။
ဖြေဆိုတဲ့..အချိန်..အကြိမ်..ကန့်သတ်မှု..မရှိခဲ့ပါဘူး..
။။။။။။။။။။။။။။။။။
အခု..စနစ်သစ်မှာ..
GEK, MEK, NA&SC, E-Tech ဘာသာရပ်အားလုံးကို..တစ်ခုစီ..ထားလိုက်ပါတယ်..။ နှစ်ဘာသာစီ တွဲထားတာကို..ဖြုတ်လိုက်ပါတယ်..။ တစ်ဘာသာခြင်းစီ..ကို..သာ..အအောင်..အရှုံးဆုံးဖြတ်ပါ့မယ်..။
ဒါကြောင့်..စာမေးပွဲဖြေဆိုရာမှာ..တစ်ဘာသာ..အောင်ရင်..ကျန် (၃) ဘာသာ.ကိုသာ..ဖြေဆိုရပါ့မယ်..။
(၃) ဘာသာ..အောင်ရင်လည်း..ကျန်တဲ့..(၁) ဘာသာ..ကိုသာ..ဖြေဆိုရပါ့မယ်..။
ကျောင်းသားများ..အတွက်.အောင်ဘို့..အခွင့်အရေး..ပို..ကောင်းပါတယ်..။
။။။။။။။။။။။။။။။။။။
ဒါပေမဲ့..ဖြေဆိုတဲ့..အချိန်..ကန့်သတ်မှု..ရှိနေတာကို..သတိမူ…မိသူ..နည်းပါလိမ့်မယ်..။
။။။။။။။။။။။။။။။။။။။
BoE စာမေးပွဲ..စတင်ဝင်ရောက်ဖြေဆိုချိန်မှ..တစ်နှစ်အတွင်းမှာ.. ဘာသာ..အားလုံးကို..ပြီးပြတ်ရပါ့မယ်..။
အောင်မြင်ရပါ့မယ်..။ တနှစ်..ကျော်တဲ့အထိ..စာမေးပွဲမပြီးပြတ်ခဲ့ ရင်..။ ဘာသာအားလုံးကို..ပြန်ဖြေရပါ့မယ်..လို့.Notification မှာ..ဆိုထားပါတယ်..။
။။။။။။။။။။။။။။။။။။။
အဲဒါ..အရေးကြီးပါတယ်..။
Notification အရ..စာမေးပွဲများက..(၄)လ..တစ်ကြိမ်ကျင်းပမယ်လို့..ဆိုထားပါတယ်..။ ဒီတော့..တစ်နှစ် မှာ..စာမေးပွဲ (၃) ကြိမ်ရှိပါ့မယ်..။
မပိုင်ဘဲနဲ့..စာသိပ်မကျက်ဘဲနဲ့..တစ်ဘာသာခြင်း..အေးအေးဆေးဆေး.၀င်စမ်းမယ်..
ဝင်ဖြေမယ်ဆိုသူတွေ..၊ တစ်ပွဲတိုး..သမားတွေ..၊
သတိထားရမဲ့ အချက်ပါ..။
စာမေးပွဲ..(၃) ကြိမ်..အတွင်းမှာ. ဘာသာ..အားလုံးပြီးပြတ်ရမဲ့သဘော.ကို.ဆောင်နေပါတယ်..။
။။။။။။။။။။။။။။။။။။။။
(၃)ကြိမ်ဆိုတာ.က.နည်းနေပါ..တယ်.
ခြေချော်လက်ချော်..ဖြစ်တဲ့..အင်ဂျင်နီယာများအတွက်.. နစ်နာနိုင်တယ်..လို့.Working Committee အဟောင်းမှာ.ပါခဲ့သူ.ဆရာများ၊ DMA က.ဆရာများက.. ယူဆပါတယ်..။
အဲဒီအတွက်..တစ်နှစ်ကနေ..(၂) နှစ်တိုးပေးဘို့..Working Committee အဟောင်း..အနေနဲ့..အထက်ကို..တင်ပြထားပါတယ်..။ အထက်အဖွဲ့အစည်းများကလည်း..ခွင့်ပြုမယ်လို့..ထင်ပါတယ်..။
။။။။။။။။။။။။။။။။။။။
တစ်နှစ်..ဘဲ..ဆက်ရှိရှိ..(၂) နှစ်ဘဲ..ပြောင်းပြောင်း..
မိမိစတင် ၀င်ရောက်…ဖြေဆိုသော..BoE Exam မှ..စတင်..ပြီး..အချိန်..ရေတွက်မှာမို့
စဉ်းစားပါ..။ အရင်လို..ထင်ပြီး..၀င်မရမ်းကြပါနဲ့လို့..
စေတနာနဲ့..သတိပေးပါတယ်..။
။။။။။။။။။။။။။။။။။။။။
နောက်တစ်ခု..ဆက်ပြောပါရစေ..
Pretest အောင်မြင်မှုကို..သက်တန်းသတ်မှတ်သင့်တယ်လို့..
ထင်မြင်ရတဲ့..အကြောင်းက..
အင်ဂျင်နီယာများဟာ..စာမေးပွဲဖြေဆိုဘို့..အတွက်..သင်တန်းတက်ရပါတယ်..။ ၈လ.၁၀ လ..ကြာပါတယ်..။
သင်တန်းတက်တာ..Pretest Exam ဖြေတာ..Result စောင့်ရတာ..ရှိပါတယ်.။ သင်တန်းတက်ဘို့ကလည်း..စောင့်ခဲ့ရတာ..၃လ..ကနေ..၆လ..ထိ..ရှိပါတယ်..။ Pretest အောင်ပြီးတဲ့..အချိန်မှာ..သဘောင်္က.ဆင်းတာ...တစ်နှစ်ကျော်.နှစ်နှစ်နီးနီး
.ရှိနေနိုင်ပါတယ်.။
။။။။။။။။။။။။။။။။။။။။။။။
လူတိုင်း..မိဘ..နောက်ခံ..စီးပွားရေးမတောင့်နိုင်ပါဘူး..။
BoE ကိုဝင်လိုက်ရင်..သူ့..အနေနဲ့..အားလုံးပြီးပြတ်တဲ့..အထိ. .ကြိုးစားရမှာမို့..နောက်တစ်နှစ
လောက်ထပ် ကြာနိုင်ပါသေး တယ်..။
ဒါက..ကျွန်တော်တို့...အတွေးပါ..
(၂) နှစ်ကျော်..၀င်ငွေမရှိဘဲ..နေရတာ..မလွယ်ပါဘူး..။
(၂) နှစ်ကျော် (၃) နှစ်နီးနီး.. သဘောင်္နဲ့ကင်းပြတ်နေတဲ့..အတွက်..အလုပ်ရှာရာမှာ..စကားပြောတတ်ပါတယ်..။
။။။။။။။။။။။။။။။။။။
ဒါကြောင့်..Pretest အောင်မြင်ပြီး..၊ BoE မ၀င်သေးဘဲ.. သဘောင်္ပြန်တက်လိုသူများရှိလာနိုင်ပါတယ်..။
သူတို့အတွက်..စဉ်းစားပေးသင့်ပါတယ်..။
သင်တန်းတက်စဉ်..Pretest ဖြေစဉ်..ရခဲ့တဲ့..အတွေ့အကြုံအရ..သူ့ရဲ့..အားနည်းချက်ကို..သဘောင်္ပေါ်မှာ ပြန်လည်.လေ့လာခွင့်..ဆည်းပူးခွင့်ရမှာဖြစ်သလို.. သူ့..အတွေးအမြင်ကလည်း.အရင်ထက်စာရင် .ရင့်ကျက်နေမှာမို့..သဘောင်္ကဆင်းပြီး..BoE Exam ၀င်တဲ့အခါ.. သူ့အတွက်လည်း..ပိုကောင်းသလို..၊
Exam အောင်မြင်မှု ရာနှုန်းလည်း..များလာ..ကောင်းလာ..နိုင်ပါတယ်.။
။။။။။။။။။။။။။။။။။
အမြင်မတူ..သူ..ရှိနိုင်ပါတယ်..။ လွတ်လပ်စွာ..အမြင်ကွဲနိုင်ပါတယ်..။
ကျွန်တော်..အင်ဂျင်နီယာကျောင်းသား..များကို..ရည်ရွယ်ပြီး..ရေးပါတယ်..။
ရှေ့နောက်..သေချာ..မတွေးဘဲ..လုပ်တတ်တဲ့..လူငယ်တွေ..များလာလို့..ရေးပါတယ်..။
သူတို့…စဉ်းစား..ချင့်ချိန်နိုင်အောင်..ကူတွေးပြီး..ရေးပါတယ်..
ကျောင်းဆရာ..တစ်ယောက်အနေနဲ့..ရေးပါတယ်..။
။။။။။။။။။။။။။။။။။။။
Deck Officer များအတွက်..စနစ်ကိုတော့.ကျွန်တော်..ကောင်းကောင်း..မသိပါဘူး..။
ထပ်တူ..မဟုတ်ဘူး ဆိုတာဘဲ..သိပါတယ်..။
။။။။။။။။။။။။။။။။
စာမေးပွဲ..အောင်မြင်ကြပါစေ..။
။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ
WISE WISH Marine Engineering Training Centre
အမှတ်(၅)၊ ဆေးဆိုးလမ်း၊ (င/က) ရပ်ကွက်၊ သင်္ကန်းကျွန်း၊ သုဝဏ္ဏ။
09-4924 6117, 09- 7301 2239

No comments:

Post a Comment