Monday, October 21, 2013

MET Meeting at DMA (15.10.2013)

Credit to U Ko Ko Naing (Myanmar Ship Captain's Association)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဒီနေ့ Maritime Education and Training (MET) အစည်းအဝေးမှာ အပ်ကြောင်းထပ်သွားအောင် ကြားရတာကတော့ Administration နဲ့ Training Centre – equally responsible ရှိတယ်ဆိုတာပါပဲ။
ပြီးခဲ့တဲ့ White list audit မှာတုန်းက-
1. MMU
2. MMMC
3. PGI နဲ့
4. Uniteam Training centre တွေက STCW မှတ်ကျောက်တင်ခံနိုင်ခဲ့ကြတာမို့ White List ရခဲ့ပြီးဖြစ်ပါပြီ။

နောက်လမှာ STCW White list audit ထက်ပိုပြင်းမယ့် IMO Member State Audit လာမယ်။ STCW တင်မကပဲ SOLAS, MARPOL, LOAD LINES, TONNAGE နဲ့ COLREG အားလုံးကို Audit လုပ်မယ့်အစီအစဉ်ပါ။ ၂၀၁၅ မှာ mandatory ဖြစ်လာမယ့် IMO AUdit Scheme ဟာ ဒီအကြိမ်မှာ နမူနာပြသွားမှာ ဖြစ်ပေမယ့် ပေါ့လို့မရပါဘူး။

ဆက်တိုက်ဆိုသလိုပဲ မလေးရှားက Recognition အတွက် EMSA(EU) ကမြန်မာပြည်ကို မနှစ်ကလာစစ်ခဲ့သလို အစစ်ခံရပါဦးမယ်။ မလေးရှားဟာမြန်မာ နိုင်ငံ white list မရမီကတည်းက အနှုတ်သဘောဆောင်တဲ့ အမြင်နဲ့ ပြောဆိုခဲ့တာတွေ ရှိတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။

ဒီနေ့ အစည်းအဝေးမှာ အာမခံပြီး ရဲရဲဝံ့ဝံ့အစစ်ခံသွားမယ်ဆိုတဲ့ Training Centre တွေကတော့…
Nautical side မှာ
1. MMU
2. MMC
3. PGI
4. Uniteam
5. MES
6. JSM နဲ့
7. Success (SMA) တို့ဖြစ်ပါတယ်။

Engineering sector မှာ
1. MMU
2. MMMC
3. MMEA
4. WISE WISH တို့ဖြစ်ပါတယ်။

STCW Reg. I/8 အရ အားလုံးသော CoC သင်တန်းကျောင်းတွေမှာ QMS ရှိပြီးဖြစ်ရမှာမို့ အချိန်မီဖြည့်ဆည်းရင်း Administration နဲ့ Training Centre – equally responsible ရှိစွာ
Myanmar Maritime Industry ကောင်းသထက် ကောင်းမွန်အောင်ဆောင် ရွက်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။

No comments:

Post a Comment