"ကျွန်တော် သေဘာၤသား"...

 
 
 ကိုုသေဘာၤသီးတေယာက္ခုု့မွဝယ္လာတဲ့ ဂျစ်ပုလေးကို လှည့်ပတ်ကြည့်နေရင်းနဲ့ 
တယောက်ထဲသဘောတွေကျနေလေသည်.. ကားလေးကအနီရောင်ရဲရဲလေး 
အမိုးကလည်းတာလပတ်နဲ့ဆိုတော့ အလွယ်တကူဖြတ်တပ်လုပ်လို့ရသည်... သိန်း ၄၀ 
ဆိုတာကို ၃၆ သိန်း နဲ့မနဲဆစ်ပြီး ဝယ်လိုက်တာဖြစ်သည်... 
 
 
ကားဆိုတာတခါမှဝယ်ဖို့စိတ်မကူးရဲဖူးတော့လည်းဒီ 
ဂျစ်ကားလေးဝယ်နိုင်တာကိုပဲအရမ်းကိုကြေနပ်ပြီး ပီတိတွေဖြစ်နေလေသည်... 
ဟုတ်တော့လည်းဟုတ်သည် သူ့လို တ လ $800 သာရသော OS တယောက် အဖို့ 
အိမ်ကိုပြန်ထောက်ပံ့ရတာနဲ့ ဟိုနည်းနည်းဒီနည်းနည်းကုန်တာနဲ့က 
တခေါက်တခေါက်ဘာမှစုမိဆောင်းမိမရှိ... ဒါတောင်မှ 10% 
အခွန်မဆောင်ရတော့လို့.. 
သူငယ်ချင်းအပေါင်းအသင်းတွေထဲမှာမှတချို့အစိုးရဝန်ထမ်းသူငယ်ချင်းတွေ 
ကုန်သည်ပွဲစားလုပ်တဲ့သူတွေအတွက်ကတော့အရမ်းကိုဝင်ငွေတွေကောင်းပြီးသုံးလိုက်ဖြုံးလိုက်နဲ့နောက်ဆုံးပေါ်ကားအကောင်းစားတွေနဲ့ဖြစ်နေတာကြာလှပေါ့...
 
 အရင်က ကိုသဘောင်္သီးသူတို့ကိုအရမ်းအားကျတာပေါ့.. သူတို့ကကိုသဘောင်္သီးရဲ့
 တလလုံးလုံးချွှေးနဲ့သွေးနဲ့ရှာရတဲ့ပိုက်ဆံကို 
တညထဲနဲ့ဟောကနဲသုံးလိုက်နိုင်တာကိုး... 
ကိုယ့်မှာတော့မိသားစုတွေချစ်သူခင်သူတွေသူငယ်ချင်းတွေနဲ့အကြာကြီးခွဲနေရပြီး
 ရာသီဥတုဒဏ်လှိုင်းဒဏ်လေဒဏ်ခံပြီးတော့မှဒီပိုက်ဆံလေးကိုရှာရဖွေရတာ
 သူတို့ကတော့ကံကောင်းလိုက်ကြတာဆိုပြီးမနာလိုလည်းဖြစ်နှမြောလည်းနှမြောကိုယ့်ဘဝကိုယ့် အလုပ်ကိုလည်းမကြေနပ်ဖြစ်နဲ့ပေါ့ 
 
 သူတို့သွားကြလာကြတဲ့ဆိုင်တွေ club တွေဆိုတာကလည်းလွှတ်ဈေးကြီးတာကလား 
သီချင်းသွားဆိုတဲ့ KTV လိုနေရာတွေဆိုလည်း 
တစ်နာရီကိုစားတာသောက်တာမပါပဲနဲ့ကို 30000 40000 ဗျာ 
လာထိုင်တဲ့ကောင်မလေးတွေကိုမုန့်ဖိုးပေးရတာတင် 15000 20000 
ဒါတောင်သူတို့ကနည်းလို့ဆိုပြီးပြောနေဆိုနေသေးတာ 
သဘောင်္သီးစိတ်ထဲမှာတော့ကို့လုပ်ခနဲ့တွက်ကြည့်မိတော့ 
ဘုရားဘုရားကိုယ့်ရဲ့တနေကုန်လုပ်ခနီးနီးပါလား... 
ကိုသဘောင်္သီးတော်တော်တော့စိတ်ဓာက်ကျရသည်.. 
 
 
ဒီလိုနဲ့တရက်ကိုသဘောင်္သီးဘုန်းကြီးဝတ်ဖြစ်သည် 
ကျောင်းထိုင်ဘုန်းကြီးနဲ့ကလည်းရင်းနှီးနေတော့ တရားအကြောင်း 
ကို့ရဲ့သဘောင်္သားအလုပ်အကြောင်းတွေပြောဆိုဖြစ်ရင်းနဲ့ကိုသဘေင်္ယသီးဘုန်းဘုန်းကိုပြောလိုက်မီသည်...
 တပည့်တော်တို့ကကံမကောင်းပါဘူးဘုရားပေါ့ ပင်ပင်ပန်းပန်းနဲ့ သမာအာဇီဝ 
လုပ်ကိုင်စားပေမယ့်လည်းငွေရေးကြေးရေးမှာပူပင်နေရတုန်းပါဘုရားပေါ့... 
အဲ့ဒီမှာတင်ဘုန်းကြီးက ကိုယ်တော်ကတော့အယူမှားနေပြီ ဘုန်းကြီးပြောပြမယ် 
ကိုယ်တော်ကသမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေတယ် သို့ပေမယ့် 
လည်းကိုယ်တော်စိတ်ကြေနပ်တဲ့ချမ်းသာကြွယ်ဝမှု့မျိုးမရရှိမခံစားရဘူးဆိုတာကအတိတ်ဘဝ
 ကုသိုလ်ကံနဲ့ဆိုင်သွားပြီ 
 
 သို့သော်လည်း 
အခုဘဝမှာကောင်းရောင်းကောင်းဝယ်သမာအာဇီဝ လုပ်ကိုင်စားသောက်တာဟာနောင်ဘဝ 
တွေအတွက်ပါ အကြိုးသက်ရောက်မှာဖြစ်တယ် အခုဘဝမှာပဲ 
ဘယ်လိုနည်းနဲ့ပဲငွေကြေးစီးစိမ်တွေရရ တရားဧ။်မတရားဧ။် မတွေးပဲ တဘဝစံဆိုတဲ့
 ဘဝမျိုးကိုလိုချင်လို့လား အများသူငါရဲ့ မျက်ရည်တွေသွေးချွေးတွေ 
ရင်းပြီးမှရမဲ့ငွေကြေးချမ်းသာတွေကိုမလိုချင်ပါနဲ့ ရှေးဘဝကုသိုလ်ကံ 
အကုသိုလ် ကံတွေကြောင့် ပင်လယ်ထဲလှိုင်းထဲလေထဲမှာလုပ်ကိုင်စားရပေမယ့် 
ကိုယ်တော်တို့စားတာဟာထမင်းဖြစ်တယ် သောက်တာဟာရေဖြစ်တယ်
 
  
တချို့မတရားရယူထားတဲ့သူတွေလို ထမင်းမဟုတ်ပဲနဲ့ ပြည်သူ့ဘဏ်ဏာတွေ 
သံချောင်းတွေ သံပူတွေ ပြည်သူ့ပစည်းတွေ မဟုတ်ဘူး သောက်တဲ့ရေဟာလည်းရေ စစ်စစ်
 ဖြစ်တယ် တပါးသူရဲ့မျက်ရည်တွေ မဟုတ်ဘူး ကို့ရဲ့ဖြူဖြူစင်စင်နဲ့သမာအာဇီဝ 
ရှာဖွေလို့ရတဲ့ ငွေတစ်ကျပ်က 
အကုသိုလ်စွက်နေတဲ့ငွေတသိန်းထက်ပိုတန်ဖိုးရှိပါတယ် 
မိမိရဲ့ဖြူစင်တဲ့အလုပ်အကိုင်ပေါ်မှာဂုဏ်ယူပါ ကိုယ်တော် 
ဆိုပြီးတရားချပြီးတဲ့နောက်ပိုင်းမှာ ကိုသဘောင်္သီးတယောက် 
ကို့ကိုယ်ကိုဂုဏ်ယူလိုက်တာများလေ ပြောမပြတတ်ဘူး.. 
 
 
သားရေ...ဗျာ ဗျာအမေ... ကိုသဘောင်္သီးတယောက်အတွေးလွန်နေရာကနေ အမေလာခေါ်မှပဲ 
သတိပြန်ဝင်လာတော့သည်.. ထမင်းစားရအောင်လေကွယ် ဟုတ်အမေ ဟုတ်.. 
ထမင်းစားခါနီးတော့လဲ ဘုန်းဘုန်းပြောတာ တွေးမိရင်းပြုံးမိသေးသည်... 
ငါအခုစားမှာထမင်းကွ အပင်းမဟုတ်ဘူး 
ရေသောက်တော့လည်းတွေးမိသည်ငါအခုသောက်မှာရေကွ မျက်ရည်မဟုတ်ဘူး.. 
ကိုယ့်ရဲ့ဂျစ်ကားလေးနဲ့နေပူပူမှာ ချွှေးတလုံးလုံးနဲ့ 
သွားဖြစ်လာဖြစ်တော့လည်းတွေးမိသည် ငါစီးနေတဲ့ကားလေး ကမငြိမ့်မငြောင်းနဲ့ 
ဝုန်းဒိုင်းကြဲသွားနေပေမယ့်လည်း 
 
 ငါမောင်းနေရတာကအတက်လမ်း 
နောင်သံသရာထိပါတက်နေတဲ့အတက်လမ်း တချို့မသထာရေစာစားထားသူတွေရဲ့ကားတွေလို 
ကားတွေကတော့ကောင်းပါရဲ့ အဝီစိကိုဇောက်ထိုးဆင်းနေတာ.. 
အရင်တုန်းကဆိုကိုယ့်ဘဝကိုကိုယ်မကြေနပ် 
သဘောင်္သားဖြစ်ရတာငါကံဆိုးလိုက်လေချင်းလို့လည်းမတွေးမိတော့ပါ 
 
 
အခုဆိုရင်သဘောင်္သားဖြစ်ကြောင်းပြောရတာတော်တော်ကိုကြေနပ်နေပြီ.. 
သဘောင်္သားဆိုတာရဲ့နောက်မှာကျွန်တော်ဟာပိုက်ဆံမချမ်းသာပါဘုးဒါပေမယ့်ကျွန်တော်ရဲ့ငွေကြေးတွေဟာဖြူစင်ပါတယ်
 ကျွန်တော်ဟာဘယ်သူ့ရဲ့ကြိမ်ဆဲမှု့မှမပါတဲ့ထမင်းကိုစားပါတယ် ရေဆိုရင်လည်း 
ဘယ်သူ့မျက်ရည်မှမပါတဲ့ 
ရေစစ်စစ်ကိုသောက်တာပါလို့ပြောပြီးသားဖြစ်မှန်းသိခဲ့ပြီ.. 
နေပူပူမှာဖုန်ထူထူနဲ့ကိုသဘောင်္သီးတယောက် 
သူ့ဂျစ်ကားလေးကိုသီချင်းလေးတိုးတိုးဖွင့်ရင်းမောင်းလာနေတယ်
 
 
မီးပွိုင့်တခုအရောက်မှာ ဘေးနားမှာကားအကောင်းစားကြီးတစီးလာရပ်တယ် 
ကားပေါ်အမှတ်မထင်ကြည့်မိတော့ ဟောခုတလောလူပြောများနေတဲ့ 
ပြည်သူတွေကိုမတရားလုပ်တယ်ဆိုတဲ့ခရိုနီ တယောက်ပဲ 
သူကလည်းသူ့ကိုပြူးတူးပြဲတဲကြည်နေတဲ့ဂျစ်ကား 
စုတ်လေးနဲ့ချွှေးတွေသံတွေနဲ့ကိုသဘောင်္သီးကိုပြန်ကြည့် တယ်သူ့ကို 
သဘောင်္သီးအရမ်းသနားပြီး ကြည့်နေမိတယ် သူထမင်းစစ်စစ် ရေစစ်စစ် 
မသောက်ရရှာဘူးလို့ပေါ့ မီးပွိုင့်စိမ်းတော့ 
သူ့ကားကငြိမ့်ငြိမ့်ငြောင်းငြောင်းနဲ့ ထွက်သွားတယ်... 
 
 
သဘောင်္သီးလည်းသူ့ကားနောက်ကိုကြည်နေရင်းနဲ့သူသွားရမဲ့လမ်းကိုမြင်ယောင်ကြည့်
 ရင်းကားကိုကွေ့ကြောကိုယူလိုက်တယ် 
အသံအကျယ်ကြီးနဲ့လည်းဂုဏ်ယူရင်းအော်လိုက်မိတယ်.... "ကျွန်တော်သဘောင်္သားပါ".
 P2O 14.5.2013
ရေးသားသူ - Phyo Paine
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment