Saturday, May 11, 2013

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော Cyclone Mahasen သတင်း... ( မေလ ၁၁ ရက် နေ့  )


ဘင်္ဂလားပင်လယ်အော် မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် 01B13 ဟာ ဒီကနေ့ မေလ ၁၁ ရက်နေ့ အစောပိုင်းမှာ
ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲလာခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (Mahasen) အဖြစ်သို့ 
အဆင့်တိုးမြှင့် အမည်ပေးခံခဲ့ရပါတယ်။

ခန့် မှန်းချက်
========
ဆိုင်ကလုန်းမုန်တိုင်း မဟာစင် ဟာ မေလ ၁၂ ရက်နေ့ အထိ အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့ လျားနိုင်ပြီး...
အဲဒီ့နောက်မှာတော့ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားပြီး မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ မြန်မာနိုင်ငံ နယ်စပ်ကနေ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့် မှန်းထားကြပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် မှတ်တမ်း
========================
မေ  ၄ - အိန္ဒိယ သမုဒ္ဒရာ အီကွေတာမြောက်ဘက်ခြမ်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက် တွင် လေစီးကြောင်းဧရိယာ ( Area of Convection ) တစ်ခုကို စတင်တွေ့ ရှိ...

မေ  ၈ - လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိ...

မေ ၁၀ - အမေရိကန်နိုင်ငံ Joint Typhoon Warning Center (JTWC) မှ Tropical Cyclone Formation Alert (TCFA)  အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်မှုသတိပေးချက်ထုတ်ပြန်...

မေ ၁၀ - JTWC မှ Storm Warning (မုန်တိုင်းသတိပေးချက်) ထုတ်ပြန်... 01B ဟု သတ်မှတ်...

မေ ၁၁ - အပူပိုင်းမုန်တိုင်းငယ် 01B13 မှ အားကောင်းလာပြီး ဆိုင်ကလုန်း Mahasen အဖြစ်သို့ ပြောင်းလဲခဲ့...

မေ ၁၁ - တိုင်းတာချက်များ အရ Cyclone Mahasen ရဲ့ အချက်အလက် အချို့ ...
Minimum Central Pressure : 989 hPa.
Estimated Maximum Surface Wind Speed : 50 Knots( 92 km/hr.) / Gusting up to 65 Knots ( 120 km/hr.)
Present Position : 8.8N 88.8E
MOVEMENT PAST SIX HOURS : 305 DEGREES AT 15 KTS.
Updated @ 111200Z. ( မေ ၁၁  ရက် မြန်မာစံတော်ချိန် ၁၈း၃၀ နာရီ )

အချက်အလက်များ ကို SkyNet Up To Date Channel, Wikipedia, JTWC နဲ့  NOAA website များမှ ရယူပါသည်။

NK @MSU

No comments:

Post a Comment