သင်္ဘောသားရွှေခေတ်တုန်းက ကိုက အလုပ်သင်ဘ၀ ဘဲ ရှိသေးတယ်။
မှတ်မှတ်ရရ 1987 ခုနှစ်က Publica Pick up ကား တစ်စီး နဲ့ 1989 ကMisubishi Lancer တစ် စီး ကိုယ့်နာမည် နဲ့ သွင်းဘူးတယ်။
မိဘ ပိုက်ဆံနဲ့ သွင်း ရတာ သူတို့ရောင်း ယူတာတောင် သိတ် အမြတ်မကျန်ခဲ့ပါဘူး။
နောက်တော့ ကားပါမစ်တွေ ပုံစံပြောင်းသွားရော......
၁၉၉၂ မှာ ကားမမောင်းတတ်သေးပေမဲ့ 78Publica ထ/ နံပါတ်လေးကို တစ်သိန်းတစ်သောင်းခွဲ နဲ့ဝယ်စီးတယ်
စမောင်း တော့ အင်းယားလမ်းထဲက လဘက်ရည် ဆိုင် ထဲ ကားပါတ် သွင်းတာ အုတ်နံရံကို တိုက်မိတယ်။
၁၉၉၃ ရောက်တော့ 84 DX ဖင်ထောင် ပ/ လေးတစ်စီးကို ၄သိန်း နဲ့ ၀ယ် စီးပါတယ်။
သင်္ဘော ပြန်တက် ရင် ပြန်ရောင်းတယ် ၁၉၉၄ ကျတော့ 84ဖင်ထောင် Sprinter ၅သိန်း နဲ့ ၀ယ်စီးရပြန်တယ်။
၁၉၉၅ မှာ Medium Wave က ဇော်မျိုးထွဍ်စီးတဲ့ 88 Limited SEကို ၆သိန်း ခွဲ နဲ့ ၀ယ် တယ်ဗျ။
ခဏ လေးစီးပြီး မှ ၁၉၉၆ -၉၇ မှာ 90Blue Bird ကွက်ပျောက် SSS ၃က/ ကို ၇သိန်း ၆သောင်းနဲ့ဝယ်ပြန်တယ်။
ခေတ်တိုင်းမှာ ကားကောင်းကောင်း မစီးနိုင်တဲ့ သင်္ဘောသားပါဗျာ။
တော်တော် လေး နိမ့်တဲ့ ကားတွေ နဲ့ ဘဲကျေနပ်ခဲ့ပေမဲ့
၁၉၉၉-၂၀၀၀ ပြည့်နှစ်တွေမှာ 85Town Ace တစ် စီး 90Super Saloon တစ် စီး အောက်ကား ၂စီး အိမ်မှာထားစီးနိုင်လာခဲ့တယ်။
Master စာမေးပွဲဖြေ တော့ ကားတစ် စီး ရောင်းပြီး ကောင်းကောင်းသုံးပစ်လိုက်ပြန်တယ
၂၀၀၃ မှာ 89Toyota Cresta
၂၀၀၅ မှာ 2000Suzuki R+ အဖြူ ၄ခ/ အဆင့်ဆင့် ဈေးတက် လာတာ သိန်း တစ်ရာလေးဆယ် လောက် ဖြစ်လာတယ်။
၂၀၀၇ မှာ R+ အဖြူ ပြန်ရောင်းပြီး Suzuki R- အပြာ ၀ယ်ချိန် မှာ သိန်း ၂၆၅ အထိ ဈေးတက် တယ် ပြန်ရောင်း ပြီး
၂၀၀၈ မှာ Suzuki R+ အညို ရောင် ကို သိန်း ၄၅၀ ကျနော့် ဘ၀ ရဲ့ ဈေးအမြင့်ဆုံး ကား အဖြစ် ၀ယ်ယူမိလိုက်တယ်။
အဲဒီအချိန်က ကားအကောင်း စားတွေ က သိန်း ၂၀၀၀ လောက်တော့ ရှိပါတယ်။
ကျနော် တို့ ဘ၀ အခြေ အနေ အရ ကားစီးဘို့ တော်တော် ကို စုဆောင်းရပါတယ်။ဒါတောင် ဒေါ်လာစား သင်္ဘောအရာရှိ ပါ။
R+ ၀ယ်တာကနေ ကား နဲ့ ပိုက်ဆံတွေ အများနည်းတူ အရှုံးစပေါ်ပါတယ်။
၄၅၀ နဲ့ ၀ယ်တဲ့ ကားကို ၂၆၀ နဲ့ အရှုံး ခံ ရောင်း လိုက်ရတယ် ၊
ငွေပေါ် အောင် ၂၀၁၀ မှာ Town Ace အစုတ် တစ်စီးကို ၁၆၀ ၀ယ် စီး ပြီး ၁၅၀ နဲ့ ရောင်းတယ်။
နောက် တော့ ကားဈေး တွေ အကျ မှာ
၂၀၁၁ ကျမှ 92 Mark II ကို ၂၇၅ နဲ့ ၀ယ်ပြန်တယ် ပြန်ရောင်းတော့ ၁၈၀ ပဲ ရတော့ သိန်း တစ်ရာ ရှုံးတယ် ။
အဲဒီအချိန်ကစပြီး
၂၀၁၂ - ၂၀၁၃ ကားဝယ်မစီးဘဲ ပြန်ရောက်တဲ့ ခဏ မှာ ငှားစီး လာတာ ခုဆို ၂နှစ် ရှိ ပါပြီ
ကားငှားစီး Taxi စီး လမ်းလျှောက် တဲ့ အကျိုး ကျေးဇူးကတော့
ကျနော် သူငယ်ချင်း သင်္ဘောအရာရှိတွေ ကားကြောင့်သိန်း ၅၀၀ ကနေ သိန်း ၁၅၀၀ ထိ အရှုံးပေါ်ခဲ့ကြ ချိန် မှာ
ကျနော် က သိန်း ၃၀၀ လောက် အရှူံး သက်သာသွားရပါတယ်။
မဟုတ် ရင် ကျနော် သမာအာဇီဝ လို့ ဂုဏ်ယူစွာရှာဖွေခဲ့တဲ့ ငွေ တွေ ဟာ ရေစုန်မျော ပြီး ကျနော် ရဲ့ ပင်လယ်ပြင် နေ့ ရက် တွေ ဟာ ကုမဏီ မှာ အလကား ကျွန် ခံ ရသလို ဖြစ် သွားနိုင်တယ်။
အဲဒီလို မရေရာ မှူတွေ နဲ့ မြန်မာ့ နိုင်ငံ စီးပွားရေးဈေးကွက် ထဲမှာ ကျနော် တို့တွေ ကောင်းရောင်းကောင်းဝယ်
ဘာမှ လုပ် လို့ မရဘူးဆိုတာကိုတော့ ရင် နာနာ နဲ့ လက် ခံလိုက် ရပါတယ်။
အခု ကားဝယ်စီး ဘို့ကို ကျနော် တော်တော် လေးကြောက်နေမိတယ်။
အိမ်ခြံမြေ နဲ့ ကားဆို တာ လဲ ထိုက် မှ ရပါသတဲ့ ...ဟုတ် မဟုတ် တော့ မသိဘူး။
လူတွေ ယဉ် တွေ စည်းကမ်း ရှိ တဲ့ Public Transportation System ကို ဘာကြောင့် မြန်မြန် အကောင်အထည် မဖေါ် နိုင်တာလဲ..
နိုင်ငံတော် ရဲ့ ပြည်သူ့ ၀င်ငွေတွေ ဟာ မတော် သင့် တဲ့ နေရာတွေ မှာ ကုန် ကျ နေပြီး ပြည်သူတွေ ရင်းနှီး မြုပ်နှံခွင့်တွေ အများကြီး နစ်နာ သွားတာကတော့ အမှန်ပါဘဲ ဗျာ.....
ရေးသားသူ - ရာစု
No comments:
Post a Comment