Thursday, May 2, 2013

ပင်လယ်ကြီးက မရိုင်းဘူး။


MSU နဲ့ MSF အဖွဲ့ ကို တည် ထောင်သူတွေ ဟာ လူငယ်ခြေတက် ကလေးတွေ ပါ။
ပြီးတော့ ဒီလို ဖွဲ့စည်း ထားတဲ့ အွန်လိုင်း အဖွဲ့တွေ အများကြီးရှိနေတယ်ခင်ဗျ၊

သူကြီးတွေ အဖွဲ့ ၊ Electrician တွေ အင်ဂျင်နီယာတွေ အဖွဲ့၊သင်္ဘောသားတွေ ပြီးတော့ ဆိုင်ရာဆိုင်ရာသင်္ဘောလိုင်းတွေ
သီးသန့်ဖွဲ့ကြတာ အများကြီးပါဘဲဗျာ။ အားရကျေနပ်စရာကောင်းအောင် တိုးတက် လာပါတယ်။

ကျနော် တို့ ဘ၀ က ပင်လယ် ပြင်မှာ ၂၅ နှစ် ကျော် လာလို့ ဘ၀ဆုံး နေပြီ မီးဇာကုန် ဆီခန်းနေတော့ သိသလောက်
တတ်သလောက် လေးတွေ ကို ပြန် လည် မျှဝေ ပေး ချင်တဲ့ သဘောလေးနဲရော
MSU နဲ့ MSF က ညီငယ်တွေ ကို ညီအစ်ကို အရင်းလိုချစ်ခင် မင် မိသောကြောင့် ကျနော် တို့စာတွေ ကြိုးစားရေးနေပါသည်။
စိတ်မကောင်းတာက ကျနော်ရေးတဲ့စာတွေ ကို အခြောက်တိုက်ဝင်ဆဲနေတဲ့ လူငယ်တွေ ရှိနေတာကိုပါ
ကျနော် တို့ စာကို စေတနာ အပြည့်နဲ့ ရေးပါတယ် အမှားမပါအောင် Misleading မဖြစ်အောင်တော့ စစ်ပါတယ်
လူတွေ ရဲ့ Concept မတူတာကတော့ ဗျာ ။

Profile ကြည့်တော့ အခု မှ သင်္ဘော လိုက်ကာစဘ၀ကို ခက်ခက် ခဲခဲ ရုန်းနေရ တဲ့ သူတွေဖြစ်နေတော့
သူတို့ခံစားချက်ကို ခွင့်လွှတ်ပေးလိုက်ပါတယ်။ ရိုင်းတာတော့ တော် တော် ရိုင်းတဲ့သူတွေ လဲ ရှိနေပါတယ်။
အဲဒီလို စိတ်ဓါတ် မျိုးတွေ နဲ့ အပေါ်ထပ် တက် နိုင်ဘို့တော့တော်တော် ပြုပြင် ကြမှ ဖြစ်ပါမယ်။

ရေကြောင်းသိပံဆင်းတွေ က အမှတ်အရ မြန်မာပြည်ရဲ့ အတော်ဆုံးလေးတွေ ဖြစ်နေတော့ကျန်တဲ့လူတွေ ဆို
ကြားလိုင်း အပြင် လိုင်းဆို ပြီး အထာကိုင်တာလေးတွေ ကလည်း တစ်ချို့ မြင်နေရပါတယ်။ မရှိသင့်ပါဘူး
သင်္ဘောပေါ်မှာ လူမျိုးအစုံတွေ့ရမှာပါ။

ကျနော် တို့ စာတွေ ရေးဖြစ်ရခြင်းအကြောင်းရင်း တွေကတော့ သင်္ဘောသားတွေ ကို နှိမ်ချပြောဆို နေတာတွေ ကို
မခံစားနိုင်လို့ရေးမိကြတာပါ ၊ သင်္ဘောသားကောင်းကြောင်းတော်ကြောင်းတတ်ကြောင်း ကိုသာရေးချင် မိပါတယ်။

သင်္ဘောပေါ် က အရက်သောက် ပွဲတွေ ရန်ပွဲတွေ အသုံးမကျတာတွေ၊တစ်လွဲ လုပ်တာတွေကိုသာ ရေး ရင်
ကျနော် တို့ ဘာ ပညာ ရနိုင် မှာလဲ အဓိကက To Motivate ,To Train and Progress ဖြစ်အောင်ပါ။

Negative Point of View ထက် Constructive View အပြုသဘောကိုဆောင်ပြီးရေးတဲ့အတွက
တစ်ချို့ ကံ၊ဥာဏ်၊ ၀ီရိယ နဲ့ လမ်းကြောင်းရွေးချယ်မှု လွဲမှားနေသူတွေ ရှိနေရင်တောင် သူတို့တွေ အမှားကိုသိ အမှန်ပြင် ၊
စိတ်ဓါတ်ဆို လဲ စိတ်ဓါတ်အရ ၊ နေရာ၊ဒေသ ၊ အခြေ နေတွေ လွဲ မှား နေခဲ့ရင်လဲ ကြိုတင်ပြင်ဆင်၊
ပြု ပြင် ထိန်းကျောင်းပြီး၊မတိမ်းစောင်းအောင် ဘိမ်းမောင်းတီးပေး တဲ့ သဘောမျိုး နဲ့ရေးကြတာပါ။

ဒါပေမဲ့ တစ်ချို့ သင်္ဘောသားတွေ ဟာ မိမိ ရောက်ရှိနေတဲ့ နေရာ အလုပ် အကိုင် ကို မပျော်မွေ့ စိတ်ဆင်းရဲနေကြရင်
ပင်လယ်ကြီးနဲ့ ပတ်ဝန်းကျင် ကို တွင်တွင် ကြီး အပြစ်တင်နေကြတော့ တာ ကို တွေ့ ရသလို ။
ဘေးပတ်ဝန်းကျင်ကိုပါ ရမ်းချင်နေတာတွေကိုလဲ တွေ့ရပါတယ်။

အမှန်ကတော့ အားလုံး အသက် ၁၈ နှစ် ပြည့် ပြီး ကို့ အတွေးအခေါ် နဲ့ ကိုဝင်လာတာဘဲ။
ပထမဦးဆုံး ဒီအလုပ် မလုပ်ချင် ဘဲ ပင်လယ် ထဲ လာလုပ် နေတယ် ဆို ရင်တော့ စကတည်းက
ပလပ် ပေါက် အ၀ိုင်း ကို အပြားနဲ့ အတင်းသွပ်နေတာ ဖြစ်နေလို့ ရှေ့လျှောက် သိတ်အဆင်မပြေ နိုင်လောက်ပါဘူး။

သင်္ဘောသားအလုပ် က ဂုဏ်မငယ်ပါဘူး၊သိမ်ငယ်ချင်နေတာ မိမိ တို့ရဲ့စိတ်ပါ။
သင်္ဘောသားတွေမညံ့ပါဘူး ညံ့ အောင် လုပ်ပစ်တဲ့ သူဟာ မိမိ တို့ကိုယ်ကိုယ်တိုင်ပါဘဲ။
ပြီးတော့.....ကုန်ကုန်ပြောရရင် ပင်လယ် ကြီးက မရိုင်းဘူး ..ရိုင်းတာက သင်္ဘောပေါ်က အုပ်ချုပ် သူလူတစ် ချို့တွေပါ
သူတို့ အသုံးမကျ တာ နဲ့တော့ မဆီမဆိုင် သင်္ဘော အသက်မွေးဝမ်းကျောင်းမှုကို လာ မပုတ်ခတ် သင့်ပါဘူးဗျာ။

ကိုယ့် တုန်း က ခံခဲ့ရလို့ လက်စားချေချင်ပါသလား ၊သူတို့ လိုနေရာရောက်အောင်တက် ပြီးတော့ ၊
အဲဒီ မကောင်းဘူး ထင်ခဲ့တဲ့ သူတွေ မလုပ်နိုင်ခဲ့တဲ့ ငါ့ညီ တို့လိုချင်တာမျိုးတွေ
ကိုယ် လက်အောင် ငယ်သားတွေ ကို လူကြီးလူကောင်းတစ်ယောက် ဆိုတာ ဒီလိုကွ လို့နေပြ၊ဆက်ဆံပြ။
အဲဒါမှမျိုး ကမှ လက်စားခြေတာ။ အဲဒါ မျိုး ကိုမှ တော် လှန်တာလို့ခေါ်ပါသည် ။

ပြီးတော့ မိမိဖြတ်သန်း ခဲ့ရတဲ့ နှစ်တိုလေးတွေ အတွင်း ဆင်းရဲဒုက္ခခံရတာကို
ပင်ပန်းလှချည် ရဲ့ လို့ ကိုယ့်ကိုယ်ကို သနားနေတာ တွေ ဟာ သဘာဝ သိတ်မဆန်လှဘူး။

ပင်လယ်ထဲမှာမှ မဟုတပါဘူး ဘ၀က ဘယ်တုန်း ကမှ မတရားခဲ့ပါဘူး ဗျာ။
ဘာလို့ လဲ ဆိုတော့ လူအလိုကို နတ်မလိုက်နိုင်လို့ပါဘဲ ၊
လူတွေ က ကိုယ်သာလျင် အကောင်း ကျန်တဲ့ လူ ဘယ်သူ့မှမကောင်းဘူး လေ
အဲလို အတ္တ ရှိနေ ရင် မစ္ဆရိယ ကို မဖြုတ် နိုင် တဲ့ အတွက် လူတော်တော် များများဟာ စိတ်ဆင်းရဲကြရတယ်။

လောက နိယာမတွေ ရှိတယ်။

ဆရာဝန် ဖြစ် ချင် ရင် ၇နှစ် တက် ရတယ် ၂ နှစ် House Surgeon နဲ့ပင်ပင် ပန်းပန်း အခြေခံ တွေ သင်ရသလိုပါဘဲ ၊
အင်ဂျင်နီယာ တွေ ပင် ပင် ပန်းပန်း ၆နှစ် သင် ရတယ် Work Shop တွေ သွား Field ဆင်း Dock yard ၀င် ၊
စက်ဆီတွေ ၊အညစ်ကြေးတွေ သုတ်သင် ၊အောက်ခြေသိမ်းလုပ်ရပါတယ်။

Lawyers တွေ ဆို လဲ ပွဲ မ၀င် ခင် လေ့ ကျင့် ခန်းဝင် ၊ အဆူအဆဲ အထေ့ အရိ ခံရတယ်။
Banker တွေ တောင် ထိုနည်းလည်းကောင်း၊အောက်ခြေ ကနေ ငွေ အစုတ်တွေ ဖာထေး၊ စက်တွေ ရှိရဲ့နဲ့ လက် နဲရေတွက် ၊
စာရင်းကွာရင် ပြန်မတွေ့မချင်း အိမ်မပြန်ဘဲရှာရတယ်။

ဆိုလိုတာက ဘယ်နေရာမဆို အောက်သက်ကျေ ဘို့ လုပ်ကြ၊ခိုင်းကြရတယ်၊ အနစ်နာခံကြရတယ်။

စစ်တပ် နဲ့ သင်္ဘောသားဆိုတာလဲ ဒီလိုပါဘဲ။
သင်္ဘော မှာ ကြမ်းတိုက်တယ် ဆိုတာ ကိုလုပ်နေတဲ့ အလုပ်ခန်း ကိုနေတဲ့နေရာ ကိုအလုပ်ထဲကနေရာ ၊
ကိုယ်သုံးတဲ့ အိမ်သာ ကို တိုက်ရတာ ဆေးရတာ။ဘာမှ ရှက်စရာမရှိဘူး။

အိမ်မှာလဲ ကိုယ့် အမေ အစ်မတွေ အိမ်သာဆေး၊ကြမ်းတိုက် ကြတာပါဘဲ ၊
သန့်ရှင်းကျန်းမာစွာနေဘို့ စစ်တပ် နဲ့ သင်္ဘော တွေ မှာ ဂျူနီယာ အကျဆုံး၊ရာထူးအနိမ့်ဆုံး လူက လုပ်ဆောင်ရတာ စနစ်ပဲဗျ။
ညီတို့လူကြီးဖြစ်သွားရင် ဘယ်သူမှ လာမလုပ် ခိုင်းဘူး။ ခိုင်းလဲမခိုင်းရဲတော့ဘူးလေ။

အခုမှ သင်္ဘောစတက် ပြီး ငါ ကို လေးစား ကျ ၊ ငါ သိပြီးသားတတ်ပြီးသားကွ
ဒီကောင်တွေ ငါ လောက်တတ် ပါ့မလား Attitude နဲ့ လူကြီး တွေ ခေါင်းတက်ပုတ်မယ်ဆိုတဲ့ အချိုးနဲ့ကတော့
ဘယ်ဌာန သွားသွား ချီးထုတ်လေးအ ဖြစ်ကနေ ချီးထုတ်ကြီးဖြစ်လာယုံပါဘဲ။

မနာလို မစ္ဆရိယ စိတ်ဝင်ပြီး ၊တစ်နေကုန် ထိုင်ဆဲနေ ပြီး ..ကိုယ့်ဇာတိ ကို ကိုယ်ပြနေတဲ့ လူတွေ လဲ အများကြီးဘဲ။
သူတို့တွေကြောင့် ကျနော် တို့ ၀န်းကျင် တွေ ဟာ ပိုမိုညစ်နွမ်း ပြီး ပိုမို မှောင် မိုက်လာပါတယ်။

မှားသွားတယ် ထင် ရင် ထောက်ပြ ရဲရတယ်၊ ဆွေးနွေး ရဲ ရမယ် ၊ အချက် အလက်တွေ နဲ့ ငြင်းဆိုတတ်ပါစေ။
Assertiveness is a Value but Arrogant is Bad attitude ဆို တာလေး လောက် သဘောမပေါက်စေချင်ပါသည် ။

Tidal Stream ဆို တာ အလှည့်ကျ ၊ လူ့ဘ၀ ကို လဲ အဲလို ဆို ပြီး ကျားကန်တတ်ရပါတယ်။

ဒီလောက် ဆို ရင် ပင်လယ် ကြီး ကို အပြစ် မမြင် သင့်တော့ပါဘူး။
သူက သူ့ဘ၀ နဲ့ သူနေတာလေ .....ကျနော် တို့ ကသာ သူ့ ရင်ခွင် ထဲတိုးဝင်လာကြတာပါ..။

ရာစု။

No comments:

Post a Comment