Tuesday, November 20, 2012

လှိုင်သာယာမှ စဥ့်အိုးတန်းသို့ ရေယာဉ်ခရီးစဉ်သစ် ဖွင့်ပွဲကျင်းပ

လှိုင်သာယာမှ စဥ့်အိုးတန်းသို့ ရေယာဉ်ခရီးစဉ်သစ် ဖွင့်ပွဲကျင်းပ

 November 14, 2012
ဌာနဆိုင်ရာသတင်း, ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ လှိုင်သာယာ (ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်း) ဆိပ်ကမ်းမှ ရန်ကုန်-စဥ့်အိုးတန်း ဆိပ်ကမ်းသို့ တံလျှပ် ရေယာဉ် ခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲရေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက် (၇)နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်း ဆိပ်ကမ်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ဦးတင်အောင်နှင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားမှူး ဦးဝင်းဖေ၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဆက်လက်ထွက်ခွာခဲ့ရာ နံနက်(၇း၄၅)နာရီတွင် ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ညနေ(၅)နာရီတွင် စဥ့်အိုးတန်း မှ ပြန်လည်ထွက်ခွာပြီး လှိုင်သာယာသို့ ညနေ (၆) နာရီတွင် ရောက်ရှိပါမည်။ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၅၀ိ/၊ နိုင်ငံခြားခရီးသည် တစ်ဦးလျှင် (၂)ဒေါ်လာကောက်ခံပါမည်။ ခရီးစဉ် တံလျှပ် ရေယာဉ်၏ အတိုင်းအတာများမှာ အလျား (၉၄ ) ပေ ၊ အနံ (၂၂)ပေ ၊ စောက် (၇) ပေ (၆) လက်မ၊ ကုန်တန်ချိန် (၅၀)တင်ဆောင်နိုင်ပြီး ခရီးသည်မှာ (၂၈၀) ဦး လိုက်ပါစီးနင်းနိုင်ကြောင်းနှင့် လှိုင်သာယာမြို့နှင့် အင်းစိန်မြို့အနီး တစ်ဝိုက်မှ ခရီးသွားများ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးသွားချိန်ကြာမြင့်ခြင်းကို ရေကြောင်းလမ်းမှ စရိတ်သက်သာ၊ အချိန်ကုန်သက်သာစွာဖြင့် ခရီးသွားလာနိုင်ရေး ဦးတည်ရည်ရွယ် ပြေးဆွဲပေးခြင်းဖြစ်သည်။

 via The Transport News Journal

1 comment:

  1. Hey there I am so delighted I found your website, I really
    found you by accident, while I was searching on Yahoo for
    something else, Anyways I am here now and would just like to say
    thanks for a tremendous post and a all round exciting
    blog (I also love the theme/design), I don't have time to read it all at the minute but I have saved it and also added in your RSS feeds, so when I have time I will be back to read more, Please do keep up the fantastic work.
    Also visit my site :: real money slots

    ReplyDelete