Thursday, December 6, 2012

သင်္ဘောသားတစ်ယောက်ရဲ့ အတိတ်ကို ပြန်လည်ခံစားကြည့်ခြင်း...



သူ့ ကိုစသိကတည်းက... တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ... ဒီလို ဒါဏ်ရာဒါဏ်ချက်တွေနဲ့ တွေ့ ကြုံလာနိုင်တယ်ဆိုတာကို ကျနော် ကြိုတွေးထားမိတယ်...

ဒါပေမယ့်...

သူ့ ကိုမစွန့် လွှတ်နိုင်ခဲ့ဘူး...

သူက ကျနော့် အတွက်မရှိမဖြစ်တော့ မဟုတ်ခဲ့ပါဘူး...

ဒါပေမယ့်... သူနဲ့ အမြဲလိုလို တွေ့ ဖြစ်ခဲ့တယ်...

သူ့ ရဲ့နွေးထွေးမှူက ဘာနဲ့ မှနှိုင်းယှဉ်လို့ မရလောက်အောင်ပါပဲ...

ဒါပေမယ့်လည်း... အဲဒီ့ နွေးထွေးမှူတွေက...

ရုတ်တရက် ချက်ချင်းဆိုသလို ပူလောင်မှူတွေ ဖြစ်သွားခဲ့တယ်...

ဒီလို ဖြစ်လာနိုင်တယ်ဆိုတာ သိနေပေမယ့်...

ကျနော်.... မျက်စိစုံမှိတ်ပြီး... ရှေ့ဆက်ခဲ့တယ်...

ဦးနှောက်ရဲ့ အသိဥာဏ်... စဉ်းစားဥာဏ်တွေကို....

ကျနော်မသိတဲ့ တစ်စုံတစ်ရာက ဖုံးလွှမ်းသွားတယ်...

လျှပ်တစ်ပြက်... ရေတစ်ပွက် သာသာပါပဲ...

အဲ့လို  တစ်ခဏတာလေးအတွင်းမှာပဲ... သူ ကျနော့်ကို ဒဏ်ရာတွေပေးခဲ့တယ်...

ကျနော့် အတွက် အဲ့ဒီဒဏ်ရာတွေကို ကျော်လွှားပြီး ပုံမှန်ပြန်ဖြစ်ဖို့ အချိန် အတော်ယူခဲ့ရတယ်...

တစ်ခဏတာ အတွင်းသူပေးခဲ့တဲ့ ဒဏ်ရာတွေက...

ကျနော့်အတွက်တော့ တစ်ဘဝစာ ထင်ကျန်သွားခဲ့တယ်...

အဲ့ဒီ့နေ့ ရာသီဥတုက လည်း ကဗျာတွေဝတ္ထုတွေထဲကလို မသာယာခဲ့ပါဘူး...

ပြန်တွေးမိတိုင်း တော်တော်ခံရခက်ခဲ့တဲ့ ခံစားချက်တွေကို ပြန်ခံစားလိုက်ရသလိုပါပဲဗျာ...

စာဖတ်သူတွေလည်းကျနော့်လို အဖြစ်မျိုးနဲ့ မကြုံရအောင်...

နွေးထွေးမှူနောက်ကွယ်က ပူလောင်မှူဆိုတာကို သတိထားကြပါလို့ ...

ဘဝနဲ့ ရင်းပြီး ရခဲ့တဲ့ ဘဝ သင်ခန်းစာလေးပေါ့ဗျာ...

ကျနော် deck cadet ဘဝ တုန်းက ရေနွေးငွေ့ နဲ့ မောင်းတဲ့ pump (Steam driven pump) တစ်လုံးကို မောင်းဖို့ ပြင်ဆင်ရင်းနဲ့ 

လက်ကို ရေနွေးငွေ့ လောင်ခဲ့တာကို အမှတ်တရ အဖြစ်... လက်က အမာရွတ်လေးကို ကြည့်ရင်း...

ရေးမိရေးရာ ရေးမိပါသည်...

စာဖတ်နေရင်း တစ်ယောက်တည်း ကြိတ်ပြီး လွမ်းဆွေးနေမိတဲ့ တိုက်ဆိုင်တဲ့ သူတွေရှိရင် ခွင့်လွှတ်ကြပါလို့ ... :P
via Navi Kyaw

No comments:

Post a Comment