Friday, December 27, 2013

ပင်လယ်ကြီးကကျယ်တယ်...ဓါးပြတွေကတိုက်တယ်။



ကျယ်တိုက်...ကြိုက်တယ်
ဆိုတာ က ရှေးတုန်း က ရည်းစားစကားပြောတဲ့နည်းလေ
အခု ကတော့ တကယ် ဆော် နေတာဗျ။

၁၉၈၀ လောက်မှာ အင်ဒိုနီးရှား နိုင်ငံက လူမွဲတွေက ရေတပ်က တစ်ချို့
တာဝန်မဲ့တွေ စစ်တပ်ကလက်နက်တွေနဲ့ ပေါင်းမိပြီး
ကမ်းခြေကနေ ထွက် မလက္ကာရေလက်ကြားတို့
အင်ဒိုနီးရှားကျွန်းတွေ တစ်ဝိုက် က သင်္ဘောတွေပေါ်တက်ပြီး ပစ္စည်းယူ
သူကြီး Safe ထဲ က သင်္ဘောသားလစာတွေတောင်းတာကနေ (ပင်လယ်ဒါးပြ)
ခေတ်ပြန်ထလာခဲ့တယ်။

နောက်တော့ စစ်တစ်ကောင်းတို့ ကိုလံဘို တို့
အနောက်အာဖရိ နိုင်ငံတွေ
အစရှိတဲ့ စစ်ဖြစ်ပြီးဆင်းရဲနေတဲ့ကမ်းခြေမြို့နိုင်ငံတွေ ကိုမှာ ပါ ဒီမီးကူးသွားတယ်။

အဆိုးဆုံးကတော့ Somali မရပ်သေးတဲ့ စစ်ပွဲတွေ ရဲ့ အဆက်
ဥပဒေမဲ့တဲ့ လက်နက် ကိုင် ဆရာသမားတွေကို
နိုင်ငံတစ်ကာက ထုံးစံအတိုင်း လက်နက်တွေရောင်း ကုလားဖန်ထိုးတယ်
မြှောက်ပေးတယ် Mastermind လုပ်ပြီး
Gulf of Aden နဲ့ Indian Ocean , African Coast တစ်ဝိုက်မှာ ဒါးပြတိုက် ပြန်ပေးဆွဲလာရာကနေ
အရမ်း ကို Pro ဆန်လာတယ်

ရုရှ တို့ အမေရိက တို့က စိတ်နာထားတဲ့ စစ်မှုထမ်းဟောင်းတွေ ကလဲ
Private Trainer တွေ လုပ် နည်းလမ်းတွေ သင်ပေး လက်နက်ပွဲစားတွေ လုပ်
ကိုယ်ကျိုးရှာရကနေ
သင်္ဘောကြီးငယ်တွေ ကို ၀င်စီးပြီး ငွေညှစ် တောင်းတဲ့ နည်း ကနေ တဆင့်တက်ပြီး
အသက်တွေကိုပါရန်ရှာလို့
ဒေါ်လာတွေ သန်းချီတောင်းတဲ့ အဆင့်ကိုရောက်လာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ လောက်မှာတော့ အဆိုးရွားဆုံးအခြေအနေကိုရောက်သွားတယ်
သင်္ဘောသားတွေ အသတ်ခံရတယ် လက်ဖြတ်ခံရတယ် အစာရေဆာငတ် လပေါင်းများစွာ
ထိန်းသိမ်းနှိပ်စက်ခံရတယ် ကုမဏီတွေက သူတို့တောင်းတဲ့ငွေကိုမပေးမခြင်းပေါ့

USA UK INDIA JAPAN အစ ရှိတဲ့ နိုင်ငံတွေက စစ်သင်္ဘောတွေ မကြာခဏ
ရောက်လာကူညီ စောင့်ရှောက်ပေးပေမဲ့ ရေနံ နဲ့ သင်္ဘောဆီ ဈေးတွေက
တစ်စည် ကို ဒေါ်လာ ၇၀၀ ကျော် ရှိလာတော့
ကင်းလှည့်စောင့်ရှောက်တဲ့ သင်္ဘောနဲ့ သူတို့ စစ်သားတွေရဲ့ နေ့စဉ်ကုန်ကျစားရိတ်ကို
ကျခံပေးဘို့ ကြတော့ သင်္ဘော ကုမဏီတွေက လက်တွန့်နေကြပြန်လေတယ်။

ဒါနဲ့ တွဲရေးခွဲရေးတွေအောက်မှာ
သင်္ဘောတွေနဲ့ သင်္ဘော သားတွေ အပေါ်ကိုဘဲ ပြန်လည် ခုခံ ရမဲ့တာဝန်တွေက ပုံကြလာပါတယ်။

သင်္ဘော ပုံစံအနေထားကို လိုက်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ရတယ်
တစ်ချို့က လက်နက်ကိုင် အစောင့်တွေကို ခရီးတစ်ထောက် ငှားရမ်းခေါ်ဆောင်လာတယ်
တစ်ချို့က သင်္ဘောသားတွေ ကို လက်နက်ကိုင်တပ်ဆင်ပေးတယ်
တစ်ချို့ကတော့ ကိုင်တွယ်နည်း Negotiate လုပ်ဖို့ သင်တန်းတွေပေး
အစရှိတဲ့ နည်းမျိုးစုံနဲ့ ကာကွယ် ဖို့ ပြင်ဆင်ရတော့တယ်။

HRA High Risk Area လို့ခေါ်တဲ့ သင်္ဘောတွေ အတွက် ဓါးပြရန်ရှိတဲ့ နေရာကို သတ်မှတ်ပြီး
ရှောင်ရန် ဆောင်ရန် ညွန်ကြားချက်တွေ စောင့်ကြည့်နေတဲ့ အကူညီပေးမဲ့အဖွဲ့စည်းတွေ
စစ်ရေယဉ်တွေ ရဲ့ စောင့်ရှောက်မှုလက်အောက်ကနေ သွားနေတဲ့ Convoy ယဉ်တန်းတွေ
နဲ့ စည်ကား နေရာ Gulf Of Aden ကို ကျနော် တို့ မကြာခဏ ဖြတ်သန်းကြရပါတယ်။

အခု ၂၀၁၃ နှစ်ထဲ မှာတော့ တစ်ခါမှ အောင်မြင်စွာ စီးနင်းနိုင်တယ်လို့ မကြားမိသေးပါဘူး
ဒီနေ့ မနက်တော့ Red Sea ကနေ Gulf Of Aden ကို ကျနော် တို့ သင်္ဘော ထွက်လာပါတယ်
ကံကောင်းစွာ Maersk ရဲ့ အပြာရောင် ကိုယ်ထည် ကြီး ကြောင့်လား Tom Hank ရဲ့
Captain Philip ရုပ်ရှင်ကြောင့်လားမသိပါဘူး
American ရေတပ် သင်္ဘောတစ်စီး ကျနော် တို့ သင်္ဘော ကို ဘေးက လမ်းကြုံ လို့
စောင့်ရှောက် လိုက်ပါလာပြန်ပါတယ်။

တကယ်တန်း ကံခေပြီ ဆိုရင် တော့ သင်္ဘော ပေါ်က
ကျနော် တို့ အနေနဲ့ မခုခံနိုင်ပါဘူး သူတို့က AK-47 လို M-16 တို့လို
Lethal Weapon တွေ နဲ့ ပစ်ခတ် ပြီး Gun Boat တွေ Speed Boat တွေ နဲ့ ၀ိုင်းလာတာကို
ငြိမ်ခံနေပြီး ကောင်းကောင်းမွန်မွန် အသာတကြည် လိုက်ရော ကြရမှာပါ
စိတ်မထင်ရင် လက်ဖြတ်မယ် အသတ်ခံရမယ်လေ။

ကျနော် တို့ ရတဲ့ ပိုက်ဆံတွေ ဟာ ကုမဏီ ကြီးရဲ့ လူကြီးလူကောင်းတွေ
စားပွဲအောက်ကနေ သဲ့ယူနေတဲ့ ပိုက်ဆံတွေ နဲ့ စာရင် မပြောပလောက်ပါဘူး။

သင်္ဘောကြီးတွေက သန်း ၈၀ လောက်တန်တယ်
ကုန်တွေက သန်း ၂၀၀ လောက်တန်ပါတယ်
ကျနော်တို့လစာတွေ လူ အယောက် ၂၀ ပေါင်းမှ တစ်လကို ၅သောင်းမရှိပါဘူး

လူအသက်ကို သိတ်တန်ဘိုးထားတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေ ဆိုပေမဲ့လဲ
လေယဉ်တွေပေါ်မှာ တောင် လူတိုင်းအတွက် လေထီး မပေးထားတဲ့
စည်းမျဉ်းတွေ ကြားမှာ ကျနော် တို့ သင်္ဘောသားတွေ ဟာလည်း

မြန်မာပြည်က ကိုယ်ထူကိုယ်ထလမ်းတွေ လိုပါဘဲ
လစာ ၂ပြားတစ်ပဲ နဲ့ ကိုယ့် အသက်ကို ကိုယ်စောင့်ရှောက်လို့ ဟန်ကို့ကာ
ဆိုမာလီ ညတွေ မှာ မသိချင်ဟန်ဆောင်လို့
တံခါးတွေပိတ် မီးတွေမှိတ်လို့သာ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြ
နဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းနေနေကြတုန်းပါဘဲ ဗျာ။

No comments:

Post a Comment