Friday, December 27, 2013

( သင်္ဘောသားရေးရာ ကိစ္စများကို ကိုင်တွယ် ဆောင်ရွက်ခြင်း ။ )


ဒီ Post မရေးခင် ”CBA- COLLECTIVE BARGAINING AGREEMENT” Post မှာ Capt. Soe Nyunt Oo (MOW) ရဲ့ အောက်ပါ comment အတွက် ကျေးဇူးတင်ကြောင်း အရင် ပြောချင်ပါတယ်။

။။။။။။ ” MSF က သင်္ဘောသားအားလုံးရဲ့ ကိုယ်စားလှယ်ဟုတ်ရဲ့လား ? Myanmar Ocean Win က သင်္ဘောသားတစ်ယောက်ရဲ့ လိမ်လည်လျော်ကြေးတောင်းတာကို ဦးဆောင်သူ, တွန်းပို့သူတွေလို လူမျိုးတွေEC မှာပါဝင်နေကတဲက MSF ကိုစစ်မှန်တဲ့သင်္ဘောသား ကိုယ်စားလှယ်တွေလို့မယူဆနိုင်ဘူး။ ဒီလိုလုပ်ရပ်တွေ လုပ်နေတဲ့သူတွေကိုEC ကထုတ်ပစ်သင့်ပါတယ်။ “ ။။။။။။

ကျေးဇူးတင်ရတာကတော့ ရင်ထဲမှာ ရှိတာကို ပွင့်လင်းစွာ ရေးတဲ့ အတွက် နဲ့ လူငယ်များအတွက် ရေးပြစရာ တစ်ခု ရစေခဲ့လို့ပါ။ သင်္ဘောသား ရဲ့ အကျိုးအတွက်ဆောင်ရွက်နေတဲ့ မည်သည့်အဖွဲ့အစည်းကမဆို၊ (သင်္ဘောသား နစ်နာမဲ့ ကိစ္စများ အတွက်) သင်္ဘောသား ဘက်ကနေပြီး ကူညီဆောင်ရွက်ပေးရမှာပါ။ လိမ်လည်တောင်းဆိုသလား မှန်သလား မှားသလား ဆိုတာကတော့သက်ဆိုင်ရာကဆုံးဖြတ်ပေးပါလိမ့်မယ်။ သင်္ဘောသား အကျိုးဆောင်အဖွဲ့ အစည်းများ အနေနဲ့ အမှန်အမှား ဆုံးဖြတ် ပိုင်ခွင့်မရှိပါဘူး။

အဲဒီမှာသက်ဆိုင်ရာဆိုတာကတော့ လက်ရှိအနေအထားအရ DMA လက်အောက်ခံ၊ SECD စည်းကမ်းဌာနကနေ သင်္ဘောသားရေးရာ ကိစ္စများ ကို ကိုင်တွယ်ဆုံးဖြတ်ဖြေရှင်းပါတယ်။ အဓိကရှင်းပြချင်တာက ဘယ်သူတွေ ဘယ်လို ခုံသမာဓိ ဆုံးဖြတ်တယ်ဆိုတာပါ။ ခုံသမာဓိအဖွဲ့မှာ DMA ညွှန်မှူး၊ SECD ညွှန်မှူး၊ MSF မှကိုယ်စားလှယ်၊ MyanSea မှကိုယ်စားလှယ်၊ သက်ဆိုင် ရာသင်္ဘောကုမ္ပဏီကိုယ်စားလှယ်များ ပါဝင်ပါတယ်။ အမှန်အမှား ကို ကာယကံရှင်သင်္ဘောသားတင်ပြချက်များ၊ သက်သေထွက်ဆိုချက်များ၊ သင်္ဘောကုမ္ပဏီကိုယ်စားလှယ် လျှောက်လဲချက်များအပေါ်သုံးသပ်လေ့ လာပြီး ဆုံးဖြတ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ သက်သေ အထောက်အ ထားနှင့် လျှောက်လဲချက်ခိုင်လုံတဲ့ဘက်က အသာရမှာပါ။ မှန်ကန်တဲ့ သက်သေအထောက်အထား ကိုတင်ပြဖို့က ကာယကံရှင်များရဲ့ ကိုယ်တိုင် တာဝန်သာ ဖြစ်ပါတယ်။

သင်္ဘောသားတင်ပြချက်များခိုင်လုံတယ်လို့ယူဆရင် MSF မှမဟုတ်ပါဘူး၊ မည်သည့် သင်္ဘောသား အကျိုးဆောင် အဖွဲ့အစည်း ကဖြစ်ဖြစ်၊ သင်္ဘော သား ဘက်ကနေ၊ ဘယ်တော့မဆို ရပ်တည်ပြီး ကူညီဆောင်ရွက်ပေးနေမှာ ပါဘဲ။ ။

Capt.Win Naing Nyunt (American President Line, APL)

No comments:

Post a Comment