Friday, December 27, 2013

ITF မှပင်လယ်ပြင်အလုပ်ထွက်လုပ်ကြမည့် ကန်ထရိုက်နှင့် ပတ်သက်သည့်အကြံပြု ချက်




ပင်လယ်ပြင်ထွက်အလုပ်လုပ်ကြမည့် ပင်လယ်ရေကြောင်း အလုပ်သမားများ၏ အလုပ်ခွင်တွင် သင့်တင့်လျောက်ပတ်သည့် အခြေအနေများဖြစ်ရန် အာမခံချက် အကောင်းဆုံးမှာ ITF ထောက်ခံသည့် စုပေါင်းသဘောတူစာချုပ် တစ်ခုခုနှင့် အညီရေးဆွဲထားသော ကန်ထရိုက်ကို လက်မှတ်ရေးထိုးခြင်းပင်ဖြစ်သည်။ ထိုသို့ဖြစ်မလာပါက အောက်ပါ တိုက်ဆိုင်ကြည့်ရမည့် စာရင်းကို လိုက်နာရန်ဖြစ်သည်။
The best guarantee of proper conditions of employment at sea is only to sign a contract drawn up in accordance with an ITF-approved collective agreement. Failing that, here is a checklist to follow.

စာရေးသားချုပ်ဆိုထားမှု မရှိသည့် ကန်ထရိုက်ဖြင့် သင်္ဘောပေါ်တွင် မည်သည့်အခါမျှ အလုပ် စခြင်း မပြုလုပ်ရ။
Don’t start work on ship without having a written contract.

အလွတ်ထားသည့် မည်သည့် ကန်ထရိုက်မျိုး ကိုမဆို လက်မှတ် မထိုးမိပါလေနှင့်။ သို့တည်းမဟုတ် မိမိတို့နှင့်အကျွမ်းတ၀င်မရှိသည့်လိုက်နာရန် စည်းမျဉ်းစည်းကမ်း အချက်အလက်များသော်လည်းကောင်း၊ သေချာတိကျစွာ ပြဌာန်းထားရှိမှု မရှိသည့် စည်းမျဉ်းစည်းကမ်း အချက်အလက်များပါဝင်နေသည့်မိမိတို့ ကိုချည်နှောင်ထားသည့် မည်သည့် စာချုပ်မျိုး ကိုမဆို လက်မှတ် မထိုးမိပါလေနှင့်။
Never sign a blank contract, or a contract that binds you to any terms and conditions that are not specified or that you are not familiar with.

မိမိတို့ လက်မှတ်ထိုးတော့မည့် ကန်ထရိုက်သည် မည်သည့် (ယူနီယံ ၏) စုပေါင်း ညှိနှိုင်း သဘောတူစာချုပ် တစ်ခုကိုညွှန်းဆိုခြင်း ရှိမရှိ ဆိုသည်ကို သေချာစစ်ဆေးပါ။ စီဘီအေ ဟုခေါ်တွင်သည့် ယူနီယံ (အလုပ်သမားသမဂ္ဂတစ်ရပ်ရပ်၏) စာချုပ်ကို ညွှန်းဆိုပါက အဆိုပါ စီဘီအေ တွင် ပြဌာန်းထားရှိသည့် လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရန်စည်းမျဉ် စည်းကမ်းအချက်အလက်များကို အပြည့်အ၀ အသေအချာနားလည်သဘောပေါက် ရန် မိမိတို့ လုပ်ဖို့လိုအပ်ပါသည်။ ပြီးလျင် အဆိုပါစာချုပ် မိတ္တူ တစ်စောင်ကို ကန်ထရိုက်မိတ္တူ နှင့်အတူ သိမ်းဆည်းထားရန်လိုအပ်သည်။
Check if the contract you are signing refers to a Collective Bargaining Agreement (CBA). If so, make sure that you are fully aware of the terms of that CBA, and keep a copy of it along with your contract.
ကန်ထရိုက်အချိန်ကာလ ကို ရှင်းရှင်းလင်းလင်းဖော်ပြထားခြင်း ရှိ၊ မရှိသေချာစေရမည်။
Make sure that the duration of the contract is clearly stated.

သင်္ဘောပိုင်ရှင်၏ ဆုံးဖြတ်ချက်တစ်ခုတည်းနှင့် ကန်ထရိုက် အချိန်ကာလကိုအပြောင်းအလဲများ လုပ်နိုင်ကြောင်း ခွင့်ပြုထားသည့် မည်သည့် ကန်ထရိုက်မျိုးကို မဆိုလက်မှတ်မထိုးမိဖို့လိုအပ်မည်။ ကန်ထရိုက်အချိန်ကာလသဘောတူသတ်မှတ်ထားချက်ကို ပြင်ဆင်သည့် အခါမျိုးတွင် နှစ်ဦးနှစ်ဖက် (အလုပ်ပိုင်ရှင်နှင့် အလုပ်သမား– သင်္ဘောပိုင်ရှင် နှင့်သင်္ဘောသား) သဘောတူညီမှုဖြင့်သာ လုပ်ဆောင်ရမည်။
Don’t sign a contract that allows for alterations to be made to the contractual period at the sole discretion of the shipowner. Any change to the agreed duration of the contract should be by mutual consent.

ရရှိမည့် အခြေခံလုပ်အားခ လစာကို ကန်ထရိုက်ထဲတွင် တိတိကျကျ ရှင်းရှင်းလင်းလင်း ပြဌာန်းထားခြင်းကိုလည်းကောင်း အခြေခံအလုပ်ချိန်အတိအကျ သတ်မှတ်ချက်တစ်ခုခု (ဥပမာ ရက်သတ္တပတ် နာရီ (၄၀)နာရီ (၄၄)သို့ နာရီ (၄၈) အစရှိသည်တို့ကို လည်းကောင်းထည့်သွင်းထားခြင်း ရှိမရှိအမြဲမပြတ် သေချာအောင်ကြည့်ရှုရမည်။
Always ensure that the contract clearly states the basic wages payable and make sure that the basic working hours are clearly defined (for example 40, 44 or 48 per week). The International Labour Oraganisation state that basic working hours should be a maximum of 48 per week (208 per month).

အချိန်ပိုလုပ်အားခကို မည်သို့ တွက် ချက်ပေးမည်၊ မည်သည့် နှုန်းထားဖြင့်ပေးမည်ဆိုသည်ကိုလည်း အတိအကျ ပြဌာန်း ပါရှိစေရန်သေချာစေ့ငှ ကြည့်ရှု့ရမည်။ အခြေခံ အလုပ်ချိန်ထက်ပိုမိုသည့် အချိန်ပိုများ အားလုံးအပေါ် (ပိုသောနာရီအလိုက်) တွက်ချက်သည့် နည်းလမ်းဖြစ်နိုင်သည်။ သို့ တည်းမဟုတ် သတ်မှတ်ချက်ထား၍ အချိန်ပိုနာရီများအလိုက် တစ်လတာ ပုံသေတွက်ချက်သည့် နည်းလမ်းလည်းရှိနိုင်သည်။ထိုသို့ပုံသေပုံစံမျိုး ဖြစ်က သတ်မှတ်ထားသည့် အချိန်ပိုနာရီကျော်လွန်သွားသည့် (နာရီများ) ကို ရှင်းရှင်းလင်းလင်းအတိအကျဖော်ပြရမည်။ အိုင်အယ်လ်အို အနေဖြင့်အချိန်ပို နာရီများ အားလုံးအတွက် တွက်ချက်နည်းမှာ အခြေခံလစာ (တစ်နာရီစာ)၏ တစ်ဒသမ နှစ်ပေါင်း (၁ ဒသမ ၂၅) အဆ အနိမ့်ဆုံးဖြင့်သာ တွက်ချက်ရမည်ဟု ဆိုသည်။
Make sure that the contract clearly stipulates how overtime will be paid and at what rate. There could be a flat hourly rate payable for all hours worked in excess of the basic. Or there may be a monthly fixed amount for a guaranteed number of overtime hours, in which case the rate for any hour worked beyond the guaranteed overtime should be clearly stated. The ILO states that all overtime hours should be paid at minimum of 1.25 x the normal hourly rate.

ကန်ထရိုက်ထဲတွင် လစာပေးခွင့်ရက်မည်မျှ ရမည်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းရှိ မရှိ သေချာအောင်ကြည့်ရှုရမည်။
Make sure that the contract states how many days paid leave per month you will get.

အိုင်အယ်လ်အိုအနေဖြင့် (လစာပေး) ခွင့်ရက်တစ်နှစ်ရက်ပေါင်း (၃၀)ထက်မနည်းစေရ ဟု ပြဌါန်းသည်။ (တစ်လကို ရက်ပေါင်း ၂ရက်ခွဲ — ၂ဒသမ၅ ရက်) သတ်မှတ်ထားသည်။
The ILO states that paid leave should not be less than 30 days per year (2.5 days per calendar month).

အခြေခံ လုပ်အားခ လစာ၊ အချိန်ပို လစာ၊ (လစာပေး) ခွင့်ရက်အစရှိသည်တို့ကို တစ်ခုချင်းစီ အလိုက် ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ဖော်ပြထားခြင်းရှိမရှိ သေချာအောင်ကြည့်ရှုပါ။
Make certain that the payments for basic wages, overtime and leave are clearly and separately itemised in the contract.

ကန်ထရိုက် ကာလအချိန် အတောအတွင်းမိမိ၏ လုပ်အားခ ငွေကြေးများထဲမှာ အစိတ်အပိုင်း တစ်ရပ်ရပ်ကို သင်္ဘောပိုင်ရှင်တို့က ထိန်းသိမ်းထားခြင်းမျိုး ခွင့်ပြုသည့် ကန်ထရိုက်ကို မည်သည့်အခါမျှ မထိုးပါနှင့်။ လတစ်လ ကုန်ဆုံးတိုင်းမိမိတို့ ကန်ထရိုက်ပါ အကျုံးဝင်ရရန်ရှိမည့်။ လစာငွေကြေး၊ အချိန်ပိုလစာ၊ (လစာပေး) ခွင့်ရက်တို့ ရပိုင်ခွင့်ရှိသည်။Don’t sign a contract that allows the shipowner to withhold or retain any portion of your wages during the period of the contract. You should be entitled to full payment of wages earned at the end of each calendar month.

သင်္ဘောကိုသွားရောက်အလုပ်လုပ်ရာတွင်လည်းကောင်း သင်္ဘောဆင်း၍ အိမ်အပြန်တွင်လည်းကောင်းခရီးစရိတ်ကုန်ကျငွေ တချို့တ၀က်ကို ပေးဆောင်ရန် မိမိတွင် တာဝန်ရှိသည်ဟု ပြဌါန်းထားရှိသည့် မည့်သည့် ကန်ထရိုက်ကိုမဆို လုံးဝ လတ်မှတ်မထိုးပါနှင့်။
Never sign a contract that contains any clause stating that you are responsible for paying and portion of your joining or repatriation expenses.

မိမိတို့၏ရပိုင်ခွင့်အခွင့်အရေးဖြစ်သည့် မိမိတို့ကြိုက်နှစ်သက်ရာ အလုပ်သမားသမဂ္ဂ တစ်ရပ်ရပ်ကိုပါဝင်ခြင်း၊ ဆက်သွယ်ခြင်း၊ တိုင်ပင်ခြင်း နှင့် ကိုယ်စားပြု ခံခြင်းတို့ကို တားမြစ်ထားသည့် ဥပဒေပြဌါန်းချက်တစ်ခုပါသော
မည်သည့် ကန်ထရိုက်မျိုးကိုမဆိုလက်မှတ်မထိုးပါနှင့်။
Don’t sign a contract that contains any clause that restricts your right to join, contact, consult with or be represented by a trade union of your choice.

မိမိတို့သက်ဆိုင်ရာ အလုပ်ကန်ထရိုက်ထဲတွင်အပိုဆောင်းရပိုင်ခွင့် ငွေကြေးများ အသေးစိပ်ကို ထည့်သွင်းထားလေ့ထားထ မရှိကြပါ။ ထို့ကြောင့်အောက်ပါ တို့နှင့်ပတ်သက်လာသည့် မိမိတို့ ရသင့်ရထိုက်သော နစ်နာကြေးများကို အလုပ်ရှင်ထံမှ အတည်ပြုချက်ကြိုတင်ရယူထားသည့်သည်။ (အကောင်းဆုံးနည်းမှာ ကန်ထရိုက်ကဲ့သို့အကျုံးဝင်သည့် ရသင့်ရပိုင်ခွင့် ငွေကြေးများ အဖြစ် စာသားများအား ဖြင့်ရေးသားထားသည့် တရားဝင်စာမျိုး လက်ဝယ်ရရှိသင့်သည်။
- ကန်ထရိုက် အချိန်ကာလ အတောအတွင် နာမကျန်းမှု နစ်နာကြေးသို့ မတော်တဆဖြစ်မှု နစ်နာကြေး
- သေဆုံးနစ်နာကြေး (ကျန်ရစ်သူ အမွေဆက်ခံပိုင်ခွင့်ရှိသူထံပေးရန်)
- သင်္ဘောဆုံးရှုံးမှုနစ်နာကြေး
- သင်္ဘောဆုံးရှုံးမှုကြောင့် ပေါ်ပေါက်လာသည့် မိမိကိုယ်ပိုင်ပစ္စည်း များဆုံးရှုံးနစ်နာကြေး
- ကန်ထရိုက်မတိုင်မှီ အလုပ်မှ ရပ်ဆဲသည့် နစ်နာကြေး

Be aware that and individual employment contract will not always include details of additional benefits. Therefore you should try to obtain confirmation (preferably in the form of a written agreement or contractual entitlement) of what compenstaion will be payable in the event of:
- Sickness or injury during the contractual period
- Death (amount payable to the next of kin)
- Loss of the vessel
- Loss of personal effects resulting from the loss of the vessel
- Premature termination of the contract.

မိမိတို့ ကိုယ်တိုင် သဘောတူ လက်မှတ်ထိုးထားသည့် ကန်ထရိုက် မိတ္တူ တစ်စုံ မိမိနှင့်အတူရှိနေရမည်။
Ensure that you are provided with and retain a copy of the contract you have signed.

မှတ်ရန်မှာ မိမိတို့ကိုယ်တိုင်သဘောတူလက်မှတ်ထိုးထားရှိပြီး ဖြစ်သည့်မည်သည့် ကန်ထရိုက်သို့သဘောတူညီချက်တွင် ပါရှိ ပြဌါန်းထားသော စည်းမျဉ်း စည်းကမ်းများသည်
နှစ်ဦးနှစ်ဖက်လိုက်နာကြရမည့် ဥပဒေတစ်ရပ်ပင်ဖြစ်သည်။
Remember— whatever the terms and conditions, any contract/ agreement that you enter into voluntarily would, in most jurisdictions, be considered legally binding.

ဦးဝေဖြာထွန်းထွန်းလင်း

No comments:

Post a Comment