Friday, December 27, 2013

Seamen Voice

Mg Tauk

အားလုံးလဲ သိကြပါတယ် ကျွန်တော်တို့ BESTသမား(အုတ်ကြား မြက်ပေါက်)တွေက seaservice တစ်ခေါက်ရပြီးရော အရင်းမကျေလဲ လိုက်ကြရပါတယ် ခုETH တက်ပြီး service တစ်ခေါက်ရှိသွားပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ပြန်တက်ရန်လုပ်တဲ့အခါမှာ ရိုက်ကြေး သိန်း၃၀ လစာ၄၀၀ ရမယ်ဆိုတဲ့စကားဟာ ကျွန်တော်တို့ ပြန်ကြားရတဲ့လူတွေရဲ့နားထဲမှာ ဗုံးတစ်လုံးပေါက်သလိုပါ. ကွန်တော်တို့ ဘယ့်သူ့ကို ဘာပြောရမှာလဲ. ကွှန်တော်တို့ ဘ၀တွေဟာ ဆိတ်ဂွေးစိလိုပါပဲ ဘယ်ပေါင်ကပ်လို့ ကပ်ရမှန်းကို မသိပါဘူး ဒီစာကို ဘာကိုမှ မျှော်ကိုးလို့ရေးတာမဟုတ်ပါ မတက်ရသေးတဲ့ ညီအစ်ကိုများ စလုပ်မယ့်ညီအစ်ကိုများ သိစေချင် လို့ပါ ခုကျွန်တော်ကတော့ ၇၂မှာ ရေချတဲ့ grt 2000ကြီးများတောင်ရှိတဲ့ သင်္ဘောပေါ်ကို ရိုက်ကြေး သိန်း၄၀(အသားတင် ထွက်ကြေးမပါ)ကို အလုအရက်တိုးဝှေ့ပေးပြီး ဒီနေ့မနက် ၁နာရီခန့် ဗီယက်နမ်ကျောက်ကွင်းမှာ မုန်တိုင်းဒဏ်ခံထားရတဲ့ အညတရ အုတ်ကြားမြက်ပေါက်လေးတစ်ယောက်အနေဖြင့် ရင်ဖွင်လိုက်ပါတယ်။ ဒီမနက်သာ ကျွန်တော်သေသွားခဲ့ရင် အိမ်ကမိဘတွေ ရိုက်ကြေးအတွက် ချေးထားတဲ့ပိုက်ဆံ သူတို့ကိုတိုင်ဆပ်ရဦးမှာပါ.

No comments:

Post a Comment