Tuesday, November 26, 2013

MEO Class I ,MEO Class I+II , MEO Class III သင်တန်းသား.များ..သိသာရန်.. အပိုင်း ၂

ရကြောင်းအင်ဂျင်နီယာ..အလုပ်သင်..များ..နှင့်..အကြီးတန်း..အင်ဂျင်နီယာ စာမေးပွဲ..၀င်ရောက်ဖြေဆိုမည့်..သူများ..အတွက်..ရည်ညွှန်းပါသည်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူတိုင်းဟာ..စာမေးပွဲတွေ..မြန်မြန်အောင်..ရာထူးတွေ..မြန်မြန်တက်..လစာတွေ..များများရ..ဆိုတာမျိုး..စိတ်ကူး..မိတာ..သဘာဝပါ..။
ဒါကြောင့်လည်း..လူငယ်အများစု..ဟာ..
သတ်မှတ်...ပင်လယ်ပြင်လုပ်သက်.ကာလ..ပြည့်တာနဲ့..အများစု..ဟာ. .ပြန်ဆင်းလာပြီး
3E (တတိယအင်ဂျင်နီယာ) စာမေးပွဲ..ဖြေဘို့..ကြိုးစားကြပါတယ်..။
စနစ်ဟောင်းတုန်းက..
တနာရီ..ရေးဖြေ..ဖြေရပါတယ်..။
မေးခွန်းပုံစံက..(A), (B), (C), (D), Choice ရွေးရတာပါ..။
အောင်ဘို့..လွယ်ပါတယ်..။
သဘောင်္ပေါ်မှာ..ဘာမှ..မလုပ်ခဲ့သူတွေ..၊ အင်္ဂလိပ်စာ..အားနည်းသူတွေလည်း..
ကံကောင်းရင်..အောင်နိုင်တဲ့..အနေအထား..ရှိပါတယ်..။
။။။။။။။။။။။
အဲဒီစနစ်နဲ့..မေးနေတာကို..EU Audit, IMO Audit တွေမှာ. .ထောက်ပြခံခဲ့ရပါတယ်..။
အဲဒါက..လည်း..တစ်ချက်..။
နောက်အရေးကြီးတဲ့..တစ်ချက်က..2010 STCW Manila Amendment အရလည်း..
3E (Marine Engineer Officer Class 3) or (OEW) အတွက်..သင်ကြားရမဲ့..သင်ခန်းစာ..၊ စာသင်ချိန်..များ..သတ်မှတ်ထားတဲ
Model Course 7.04 မှာ..စာသင်ချိန်နာရီ..၊ သင်ကြားရမဲ့.. ဘာသာရပ်တွေ..တော်တော်များများ..ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်..။
။။။။။။။။။။
IMO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့. .မြန်မာနိုင်ငံဟာ.. ကမ္ဘာ့ရေကြောင်းပညာရေးစနစ်..ပြောင်းလဲရာမှာ..လိုက်နာဆောင်ရွက်ရပါတယ်..။
။။။။။။။။။။
3E စာမေးပွဲ..ပုံစံက.. အကြီးတန်း...အင်ဂျင်နီယာစာမေးပွဲများလို..ပြောင်းလဲသွားပါတယ်..
1. General Engineering Knowledge
2. Marine Engineering Knowledge
3. Naval Architecture & Ship Construction
4. Electro-technnology, Electronic, Power Electronic, Control Engineering ဆိုပြိး.
.(၄) ဘာသာ..ကိုရေးဖြေ..ဖြေရပါ့မယ်..။
Essay Type ဖြစ်ပါတယ်..။ (၄)မှတ် (၈)မှတ်၊ (၁၆) မှတ် တန်..မေးခွန်းများ..ဖြစ်ပါတယ်..
။။။။။။။။။။
နံကြား..ထောက်လို့..မရတော့ပါဘူး..။
ကျူရှင်တက်လည်း..မလုံလောက်တော့ပါဘူး..။
အင်္ဂလိပ်စာ..အရေးကြီးလာပါတယ်..။ တော်တော့်ကို..အရေးကြီးလာပါတယ်..။
လုပ်ငန်းခွင်..အတွေ့အကြုံ..များသူများ..က..၊ ဆရာသင်တာကို.လိုက်နိုင်.ပါလိမ့်မယ်..။ စာမေးပွဲမှာ..ရေးနိုင်ဖြေနိုင်ပါလိမ့်မယ်..။
။။။။။။။။။။
လုပ်ငန်းခွင်မှာ..နှပ်ခဲ့ပြီး..လုပ်သက်ကို..ကွက်တိ..ယူလာသူများဟာ..၊ ဆရာသင်တာကို..အင်္ဂါဂြိုလ်က..စကားတွေနဲ့သင်နေတယ်လို့..မြင်ပါလိမ့်မယ်..။ နားလည်မှာ..မဟုတ်ပါဘူး..။
စာမေးပွဲမှာ..ကျဘို့..များပါတယ်..။
။။။။။။။။။
သဘောင်္ပေါ်မှာ..Instruction Manual များ..ဖတ်ထားခြင်း၊ မှတ်ထားခြင်း၊ ကူးထားခြင်း၊ သဘောင်္ပေါ်မှာ..ရှိတဲ့..စက်ယန္တာရားများကို..Maintenance, Repair, Inspection, Survey စတဲ့..လက်တွေ့အလုပ်တွေ..ကြုံတဲ့အခါတိုင်း.. လိုချင်စိတ်နဲ့..လေ့လာထားသူများ..
စာမေးပွဲ..အောင်ဘို့..အလေးသာပါ့မယ်..။
နှပ်သူများ..ကျ..ပါ့မယ်..။
။။။။။။။။။။။
သင်တန်းတက်ရမှာက..တစ်နှစ်ပါ..
စာမေးပွဲ..တစ်ခါကျရင်..ကုန်းပေါ်မှာ..(၄) လ..ထပ်ကြာပါ့မယ်..။
နှစ်ခါကြရင်..(၈)လ..ထပ်ကြာပါ့မယ်..။
အဲဒီ..အခါကျမှ..ခွက်ပျောက်နေပါပြီ..မအော်ကြပါနဲ့..။
ကိုယ့်..အရည်အချင်းကို..ပြည့်ပြီ..ထင်မှ..ဆင်းလာခဲ့ပါ..။ ပြင်ဆင်ပြီးမှ..ဆင်းလာခဲ့ပါ..။
ကောင်းသော..အကြံပေးတာပါ..။ နား..ထဲ..အ၀င်တော့..ဆိုးပါလိမ့်မယ်..။
။။။။။။။။။။
MEO Class I+II တက်မဲ့..Class III အောင်ပြီး..Sea time ယူနေသူများလည်း..။
အလုပ်ခွင်ထဲမှာ..ပညာရပ်ဆိုင်ရာလေ့လာမှု..အင်္ဂလိပ်စာ..ပိုင်းဆိုင်ရာ..လေ့လာမှု..လေ့ကျင့်မှုတွေ..လုပ်သင့်ပါတယ်..။ အရင်..အောင်ခဲ့တဲ့..3E ပုံစံမျိုး..မဟုတ်ဘူး..ဆိုတာကို..သဘောပေါက်ထားရပါ့မယ်..။
။။။။။။။။။။။
အင်္ဂလိပ်စာ..ဆိုတာက..သိပ်အမြင့်ကြီးမဟုတ်ပါဘူး..။ ကိုယ်လုပ်နေတဲ့..အကြောင်းအရာတစ်ခုကို..Simple English နဲ့..တစ်ဘက်သား..နားလည်အောင်..ရေးနိုင်..ပြောနိုင်ရင်..ရပါတယ်..။ Oxford အသံထွက်ထိ..မလိုပါဘူး..။ Sentence ရေးရာမှာလည်း..တော်ယုံတန်ယုံ..grammar အမှားပါတာတောင်..ခွင့်လွှတ်ပါတယ်..။ တစ်ချို့..ကျ..တယ်ဆိုတာက.သူ့.Broken English ..က..တော်ရုံတန်ရုံ..ခြေတစ်ပေါင်ကျိုးလောက်. .ထော့နင်းထော့နင်းလောက်မဟုတ်ပါဘူး..။ ပဒုမ္မ..ပေါင်တိုလို..ခြေနှစ်ဘက်လုံးပြတ်နေလို့..စာစစ်သူက..အမျိုးမျိုး..တွေးဆ..နားလည်ပေးသော်လည်း..အဓိပ္ပါယ်.ဖော်ရန်အင်မတန်ခက်ခဲတဲ့..စစ်ဘက်ထိပ်တန်း..၀ှက်စာလို..၊ ဖြစ်နေလို့..ကျ..ကြတာပါ..။
။။။။။။။။။။။
အင်္ဂလိပ်စာ..အားနည်းသူ..၊ လေ့လာမှု..အားနည်းသူ..၊ အလုပ်ထဲမှာ..အပျင်းခို..ခဲ့သူ..
Engineering Sense လို့ခေါ်တဲ့..အင်ဂျင်နီယာဘာသာရပ်ကို. .နားလည်လွယ်တဲ့.. အသိ မရှိဘဲ..၊ ဒုန်းဝေးသူ...၊
အဲဒီလို..အချက်တွေနဲ့..ပြည့်စုံနေရင်တော့..အကြိမ်..(၂၀) ဖြေလည်း..မအောင်နိုင်ပါ..။
။။။။။။။။။။။
စာမေးပွဲ..ဆိုတာ..အရည်အချင်းစစ်တာပါ..။ အရည်အချင်းမှီသူများကို..အအောင်ပေးပါတယ်..။ မမှီရင်..ကျ.ပါတယ်..။
လက်ရှိအခြေအနေမှာ..
စစ်ပြီးလို့..အရည်အချင်းမမှီသူ..တစ်ချို့ကို..Moderation ထိုင်ပြီး.. အအောင်ထပ်ပေးပါတယ်..။ တစ်ခါတစ်လေ..Moderation ကို အကြိမ်ပေါင်းများစွာ..လုပ်ရပါတယ်..။
။။။။။။။။။။။။။။
ကိုယ့်တာဝန်ချိန်မှာ..ကိုယ်လုပ်တဲ့..အလုပ်ကို..သက်ဆိုင်ရာ Log Book မှာ..ဘယ်လိုရေးရမှန်း..ခုထိ..မသိသေး..မတတ်သေးရင်..
ကိုယ်ကိုင်တွယ်နေရတဲ့..စက်တွေရဲ့..အစိတ်အပိုင်းတွေကို.အင်္ဂလိပ်လို..
.နံမည်.မခေါ်တတ်သေးရင်..မရေးတတ်သေးရင်..၊
အကြံပေးချင်တာက..သဘောင်္ပေါ်မှာ..ဆက်နေပါ..။ ဒါမှမဟုတ်..Sea time ဆက်ယူပါ..။ အတွေ့အကြုံနဲ့..ပိုက်ဆံ..ဆက်စုပါ..။
။။။။။။။။။။
ME Scavenge Fire ဖြစ်ရင်..Watch Keeping Engineer တစ်ယောက်အနေနဲ့..ဘာ Symptom တွေ..တွေ့မလဲဆိုတော့..။ Scavenge Air Temperature တက်လာမယ်..။ Exhaust Temperature လည်းတက်မယ်..။ရုတ်တရက်. Engine RPM ကျလာမယ်..။
Turbocharger Surging လည်းဖြစ်တတ်တယ်..။ တစ်ချို့..အခြေအနေတွေမှာ...Turbocharger Filter ကအငွေ့ထွက်လာတာတွေ..၊ Scavenge Drain က..ဖွင့်စစ်ရင်..အငွေ့တွေ..ထွက်လာတာတွေ..တွေ့ရတတ်ပါတယ်..။
အဲဒီလို..စာသင်ခန်းထဲမှာ..စာသင်တုန်း..ကျောင်းသား..တစ်ယောက်က..ထ..ပြောဘူးပါတယ်..။
ဆရာ..ကျွန်တော်..ဆရာပြောတာ..နားမလည်ပါဘူး..။ ဖြစ်နိုင်ရင်..ဗမာလို..ရှင်းပြပါတဲ့..။
။။။။။။။။။။။။
အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ..Term တွေအားလုံးကို..မင်းနားလည်အောင်..။
ဗမာလို..ပြန်ဘို့..မဖြစ်နိုင်ပါဘူး..။ မင်းလုပ်ရမှာက..နိုင်ငံခြားသားတွေနဲ့..တွဲလုပ်ရမှာမို့..။ လုပ်ငန်းသဘော..အရ..၊ မင်းကဘဲ..Term တွေကို..နားလည်အောင်..လုပ်ရမှာပါ..။ နောက်ပြီး..မင်းက..အင်ဂျင်နီယာဖြစ်ချင်တာ..၊ အရာရှိဖြစ်ချင်တာ..။
အဆင့်မှီအောင်..ကြိုးစားဘို့..မင်းမှာ..တာဝန်အရှိဆုံးပါ..။လို့..ပြောပြခဲ့ရပါတယ်..။
။။။။။။။။။။။။။။။
အဲဒီလို.အခြေခံနဲ့.အင်ဂျင်နီယာ.ပညာသင်မျိုးဟာ..အကြိမ်(၂၀)ဖြေလည်း..စာမေးပွဲမအောင်နိုင်ပါဘူး..။ သူဘာသူ..အရင်က..ဘွဲ့ပဲ..ရခဲ့..ရခဲ့၊ ဒီပလိုမာဘဲ..ရခဲ့..ရခဲ့။
သူတို့က..စာမေးပွဲ..ခက်တယ်လို့..ပြောတတ်ပါတယ်..။ စာမေးပွဲက..မခက်ပါဘူး..။
ဟိုး..အရင်က..အောင်ချက်..၅% ကနေ..၁၅% ကြားမှာ.သာ .ရှိတဲ့. .ရေကြောင်းအင်ဂျင်နီယာစာမေးပွဲတွေဟာ..
အခု..၃၅% နဲ့ ၄၅% တက်လာနေတာ..ဟာ.. ခုခေတ်လူတွေက..အလုပ်ပိုကြိုးစားလို့..အင်္ဂလိပ်စာပိုကောင်းလာလို့..လို့..ထင်ပါသလား..။ လို့..မေးပါရစေ..။
လူငယ်တွေထဲမှာ..ကြိုးစားသူတွေ..တော်သူတွေရှိပါတယ်..။ ဒါပေမဲ့..ကျွန်တော့်အမြင်မှာ..တော့..ရာနှုန်းနည်းနည်းလာပါတယ်..
။။။။။။။။။။။။။။။။
Log Book ထဲမှာ..စာတစ်ကြောင်း..မရေးတတ်သေးရင်
Instruction Manual တစ်အုပ်မှ..မဖတ်ခဲ့ဘူးသေးရင်..
လက်တွေ့..Overhaul လုပ်တဲ့..အခါတိုင်းမှာ. .ဂျွတ်စလေး..ကိုင်ပြီး..အဝေးမှာ..ရှောင်နေတတ်ခဲ့ရင်..
အကြံပေးချင်တာက..ဆက်လက်သင်ယူကြပါဦး..။
စာမေးပွဲ..၀င်သင့်..မ၀င်သင့်..ကိုယ့်ဘာသာ..အရင်စစ်စေ..ချင်ပါတယ်..
။။။။။။။။။။။။။။။။
လေးစားစွာဖြင့်

ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ.
WISE WISH METC

No comments:

Post a Comment